မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျှပ်စစ်စွမ်းအားမှ ဝိညာဉ်ရေးအလင်းဆီသို့

လျှပ်စစ်စွမ်းအားမှ ဝိညာဉ်ရေးအလင်းဆီသို့

လျှပ်စစ်​စွမ်းအား​မှ ဝိညာဉ်​ရေး​အလင်း​ဆီ​သို့

အီတလီ​နိုင်ငံ​မှ နိုးလော့! စာရေးသူ ပေး​ပို့​သည်

▪ ၁၉၀၀ ပြည့်လွန်​နှစ်များ​အစောပိုင်းက အီတလီ​နိုင်ငံ၊ ပီ​စ​တိုရာ​ဒေသ​ရှိ တောင်တန်း​များ​တွင် စက်​မှု​လုပ်ငန်းများ တိုးတက်​ထွန်းကား​ခဲ့​သည်။ ကုန်​ကြမ်း​များနှင့် ကုန်​ချော​များ​ကို သယ်ယူ​ပို့ဆောင်​ရန် လျှပ်စစ်မီး​ရထားလမ်း​တစ်ခု​ကို ဖောက်​လုပ်ခဲ့ကြ​၏။ ၁၉၂၆၊ ဇွန်လ ၂၁ ရက်​နေ့တွင် အခမ်းအနား​ဖြင့်​ဖွင့်လှစ်​ခဲ့​သော ကျဉ်း​မြောင်း​သည့်​ရထားလမ်း​သည် တောင်ကုန်း​များနှင့် တောင်တန်း​များ​အပေါ် ဆယ်​မိုင်​ခန့် ကွေ့ပတ်​သွား​သည်။

မီး​ရထား​သည် လျှပ်စစ်​ဓာတ်အား​ကို ဓာတ်အား​ခွဲ​ရုံ​တစ်ခု (အပေါ်​ဘယ်ဘက်​ပုံ) မှ​ရရှိ​၏။ သို့သော် စီးပွား​ဖြစ်​ကုန်ကူး​မှု တဖြည်းဖြည်း​ကျဆင်း​လာ​ခြင်း​က မီး​ရထား​လုပ်ငန်း​ကို ပျက်ပြား​စေ​ခဲ့​ရာ ၁၉၆၅ ခုနှစ်​တွင် သံ​လမ်းကို ပိတ်​လိုက်ရ​လေ​သည်။ သို့သော် မီး​ရထား​သံ​လမ်းတစ်လျှောက်​တွင် တည်ဆောက်​ထားသော အဆောက်အအုံ​များ​တွင် မည်သည့်​အရာ​ဖြစ်ပျက်​ခဲ့​သနည်း။ အဆောက်အအုံ​တချို့​သည် ပစ်ထား​ခံရ​သဖြင့် ယိုယွင်း​ပျက်စီး​သွား​၏။ အခြား​အဆောက်အအုံ​များ​မှာ တဖြည်းဖြည်း အရက်​ဆိုင်​များ၊ ဘတ်စကား​ဝင်း​များ​အဖြစ် ပြောင်းလဲ​သွားခဲ့သည်။

လျှပ်စစ်​ဓာတ်အား​ခွဲ​ရုံ​ကို​မူ ပြန်လည်​ပြင်ဆင်​မွမ်းမံ​ခဲ့​ကြသည်။ ၁၉၉၇ ခုနှစ်​တွင် ယင်း​စက်ရုံ​ကို ယေဟောဝါသက်သေ​များ​၏ ဆန်​မာ​ဆဲ​လို ပီ​စ​တို​ယေ​ဇီ အသင်း​အဖွဲ့က ဝယ်ယူ​ခဲ့​ပြီး တပ်​စ်​ကာ​နီ​ဒေသ​ရှိ အထူးခြားဆုံး ဘုရားသခင့်​နိုင်ငံတော်​ခန်းမ​များ​အနက် တစ်ခု​အဖြစ်သို့ ပြောင်းလဲ​လိုက်​လေ​သည် (အောက်​ဘယ်ဘက်​ပုံ)။ ယခင်​က ဓာတ်အား​ခွဲ​ရုံ​ဖြစ်​ခဲ့​သော ဤ​ခန်းမ​တွင် တွေ့ဆုံ​ကြ​သည့် အသင်းတော်​သားများ​သည် ဤ​တောင်တန်း​ဒေသ​များ​၌ ‘အလင်း​အိမ်များ​ကဲ့သို့ ထွန်းလင်းခြင်း၊’ ဘုရားသခင့်​နိုင်ငံတော်​သတင်းကောင်း ဟောပြောခြင်း​တို့​တွင် အလုပ်များ​နေကြ၏။ (ဖိလိပ္ပိ ၂:၁၅သမ္မာ; မဿဲ ၂၄:၁၄) မူလ​က ပကတိ​ဓာတ်အား​ခွဲ​ဝေပေး​ရန် အသုံးပြု​ခဲ့​သော ဤ​အဆောက်အအုံ​ကို ယခု​အခါ ဝိညာဉ်​ရေး​အလင်း​ပေး​ရန် အသုံးပြု​နေပါ​သည်။—မဿဲ ၅:၁၄-၁၆; ၂၈:၁၉၊ ၂၀