သင်မည်သို့ဖြေဆိုမည်နည်း
သင်မည်သို့ဖြေဆိုမည်နည်း
ယင်းတို့သည် မည်သည့်နေရာတွင် ဖြစ်ပျက်ခဲ့သနည်း
မဿဲ ၂:၁-၁၆ ပါသမ္မာကျမ်းစာမှတ်တမ်းကိုဖတ်၍ အောက်ပါမေးခွန်းများကို ဖြေပါ။
၁။ အစပိုင်းတွင် ကြယ်သည် နက္ခတ်ဗေဒင်ဆရာများအား မည်သည့်မြို့သို့ လမ်းပြသနည်း။
သင်၏အဖြေကို မြေပုံပေါ်တွင် ဝိုင်းပြပါ။
ယေရုရှလင်
ယေရိခေါ
ဗေသနိ
ဗက်လင်
◆ ဟေရုဒ်မင်းသည် နက္ခတ်ဗေဒင်ဆရာများအား အဘယ်အရာ ပြုလုပ်စေလိုသနည်း။
․․․․․
◆ ယေရှုအား မည်သည့်နေရာ၌ တွေ့ရှိနိုင်သည်ကို ဟေရုဒ်မင်း အဘယ်ကြောင့်သိလိုသနည်း။
․․․․․
▪ ဆွေးနွေးရန်– သမ္မာကျမ်းစာမှတ်တမ်းနှင့် ခရစ္စမတ်ရိုးရာပုံပြင်များ မည်သို့ ခြားနားကြောင်း သင်သတိပြုမိသနည်း။
သမိုင်းတွင် အဘယ်အချိန်၌ ဖြစ်ပျက်ခဲ့သနည်း
အောက်ပါကျမ်းစောင်များ၏ ကျမ်းရေးသူအမည်(များ)ကိုဖော်ပြပြီး ကျမ်းစောင်မှ ယင်းရေးသားပြီးစီးသည့် အနီးစပ်ဆုံးနှစ်သို့ မျဉ်းကြောင်းဆွဲပါ။
အေဒီ ၅၀ အေဒီ ၆၅ အေဒီ ၇၇ အေဒီ ၉၆ အေဒီ ၉၈
၂။ ၁ ယောဟန်
၃။ ယုဒ
၄။ ဗျာ. ကျမ်း
ကျွန်ုပ်မည်သူနည်း
၅။ ကျွန်ုပ်၏ဧည့်ဝတ်ကျေပွန်မှုနှင့် ချစ်ခြင်းမေတ္တာကြောင့် ကျွန်ုပ်အား ယောဟန်ချီးမွမ်းခဲ့သည်။
ကျွန်ုပ်မည်သူနည်း
၆။ ကျွန်ုပ်သည် အာဒံမှ ခုနစ်ဆက်မြောက်သောသူဖြစ်သော်လည်း ကျွန်ုပ်၏ ပရောဖက်ပြုချက်များကို ယုဒကျမ်းတွင် မှတ်တမ်းတင်ထားသည်။
ဤစာစောင်မှ
မေးခွန်းများကိုဖြေဆိုပြီး လပ်နေသောကျမ်းစာအခန်းငယ်(များ) ကိုဖြည့်ပါ။
စာမျက်နှာ ၄ သေလွန်သူများသည် အဘယ်အရာများကို မသိတော့သနည်း။ (ဒေ. ၉:—)
စာမျက်နှာ ၈ သေခြင်းကို ဘုရားသခင် မည်သို့ ပြုလုပ်မည်နည်း။ (ဟေရှာယ ၂၅:—)
စာမျက်နှာ ၁၂ အပြာစာပေရုပ်ပုံများကြည့်ရှုခြင်းကို ရှောင်ကြဉ်ဖို့ သင် အဘယ်အရာပြုလုပ်ရန် သင်ယူရမည်နည်း။ (ဆာလံ ၉၇:—)
စာမျက်နှာ ၁၄ ကမ္ဘာမြေကြီးကိုဖျက်ဆီးသူများအား ဘုရားသခင် အဘယ်အရာ ပြုလုပ်မည်နည်း။ (ဗျာ. ၁၁:—)
ကလေးများ၏ ရုပ်ပုံရှာဖွေမှု
ဤစာစောင်တွင် ဤရုပ်ပုံများကို ရှာတွေ့နိုင်သလော။ ရုပ်ပုံတစ်ပုံစီတွင် အဘယ်အရာဖြစ်ပျက်နေသည်ကို သင့်ကိုယ်ပိုင်စကားဖြင့် ဖော်ပြပါ။
(စာမျက်နှာ ၁၄ တွင် အဖြေများရှိသည်)
စာမျက်နှာ ၂၃ မှအဖြေများ
၁။ ယေရုရှလင်။
◆ သူငယ်အားရှာ၍ မိမိထံ သတင်းပြန်ပို့ရန်။
◆ သူငယ်အား သတ်ပစ် နိုင်မည်။
၂။ တမန်တော်ယောဟန်၊ အေဒီ ၉၈။
၃။ ယေရှု၏မိတူဖကွဲညီ ယုဒ၊ အေဒီ ၆၅။
၄။ တမန်တော် ယောဟန်၊ အေဒီ ၉၆။
၅။ ဂါယု။—၃ ယောဟန် ၁၊ ၃-၆။
၆။ ဧနောက်—ယုဒ ၁၄။