မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘယ်အရုပ်တွေထက်မဆို ပိုကြိုက်တယ်

ဘယ်အရုပ်တွေထက်မဆို ပိုကြိုက်တယ်

ဘယ်အရုပ်တွေထက်မဆို ပိုကြိုက်တယ်

ကလေးငယ်များသည် အရုပ်များထက် စာအုပ်တစ်အုပ်ကို ပိုကြိုက်နိုင်ပါသလော။ အကယ်၍ မိဘများသည် ကလေးအား မွေးကင်းစမှစ၍ စာအုပ်များနှင့် ရင်းနှီးကျွမ်းဝင်စေပါက အမှန်ပင် ထိုသို့ ဖြစ်နိုင်ပါသည်။ အမေရိကန်နိုင်ငံ၊ ကယ်လီဖိုးနီးယားပြည်နယ်မှ မောင်နှံစုံဖြစ်သော မီဘရာတူနှင့် အင်ဂျယ်လာတို့သည် ၎င်းတို့၏ သမီးအား ဆေးရုံမှအိမ်သို့ခေါ်လာချိန်မှစ၍ ကြီးမြတ်သောဆရာထံမှ သင်ယူလော့ စာအုပ်ကို ဖတ်ပြခဲ့သည်။

“ရလဒ်ကတော့ သမီးလေးဟာ ဆရာ စာအုပ်ကို ကြိုက်လာတယ်။ ၁၂ လအရွယ်ပဲ ရှိသေးတဲ့ သမီးဟာ ယေရှုစာအုပ်လို့ သူခေါ်တဲ့ စာအုပ်ကို စကားနဲ့တောင်းတတ်လာတယ်။ အခု ဂျူလီယာနာဟာ အသက်သုံးနှစ်ရှိပြီး ဖေဖေမေမေတို့နဲ့အတူ ရင်းရင်းနှီးနှီးနေရမယ့်အချိန်ကို နေ့စဉ် စိတ်အားထက်သန်စွာ စောင့်မျှော်နေတတ်တယ်။ ကျွန်တော်တို့ရဲ့ သမီးလေးဟာ ဘယ်အရုပ်တွေထက်မဆို ဒီစာအုပ်ကို ပိုကြိုက်တယ်လို့ ပြောတာဟာ အပိုပြောနေတာမဟုတ်ပါဘူး။ ရုပ်ပုံတွေနဲ့ သရုပ်ဖော်ပုံတွေ ကိုယ်နှိုက်က အထောက်အကူပြု သွန်သင်ခြင်းကိရိယာတွေဖြစ်တယ်။ မိဘတွေဖြစ်တဲ့ ကျွန်တော်တို့လည်း အများကြီး သင်ယူကြတယ်” ဟုမိဘများက စာရေးခဲ့သည်။

စာမျက်နှာ ၂၅၆ မျက်နှာရှိ လှပသောရုပ်ပုံများပါသည့် ဤမဂ္ဂဇင်းနှင့် အရွယ်အစားတူသော အဆိုပါစာအုပ်ကို သင်လည်း တောင်းခံနိုင်ပါသည်။ ပူးတွဲပါကူပွန်ကိုဖြည့်၍ ဖော်ပြပါလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါလိပ်စာသို့ စာတိုက်မှပို့လိုက်ပါ။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။