ရာဇဝတ်မှုဆိုင်ရာပြဿနာကို ဖြေရှင်း၍ရနိုင်သလော
ရာဇဝတ်မှုဆိုင်ရာပြဿနာကို ဖြေရှင်း၍ရနိုင်သလော
“ရာဇဝတ်မှုအကြိမ်ကြိမ် ကျူးလွန်သူ အများစုသည် ထောင်မှထွက်လာပြီးနောက်၌ပင် လူ့အဖွဲ့အစည်းအတွင်း ရာဇဝတ်မှု ဆက်ကျူးလွန်ကြမည်ဖြစ်ရာ ငွေကြေးတစ်ခုတည်းဖြင့် တိုင်းတာ၍မရနိုင်သော ဆုံးရှုံးမှုများမှာ အတိုင်းထက်အလွန် ဆက်၍များပြားနေမည်ဖြစ်ကြောင်း လေ့လာမှုများက ဖော်ပြ၏။” —ဒေါက်တာ စတန်တန် အီး. ဆမ်မနို ရေးသားသော Inside the Criminal Mind.
သင်သည် မည်သည့်အရပ်တွင်ပင် နေထိုင်ပါစေ ထိတ်လန့်ဖွယ်ကောင်းသော ရာဇဝတ်မှုများသည် နေ့စဉ်ပင် ပုံစံသစ်များဖြင့် ဖြစ်ပွားနေပုံရ၏။ ထို့ကြောင့် ပြင်းထန်သောပြစ်ဒဏ်များ၊ ထောင်ဒဏ်များစသည့် လက်ရှိအဟန့်အတားများသည် ထိရောက်မှုရှိသလောဟူ၍ မေးခြင်းက သင့်တော်ပါသည်။ အကျဉ်းထောင်သည် ရာဇဝတ်သားများ၏အကျင့်ကို ပြုပြင်ပြောင်းလဲပေးပါသလော။ ပို၍အရေးကြီးသည်ကား၊ လူ့ဘောင်အဖွဲ့အစည်းသည် ရာဇဝတ်မှုကိုဖြစ်စေသည့် အဓိကအကြောင်းရင်းနှင့် ဆက်စပ်မှုရှိပါသလော။
လက်ရှိအဟန့်အတားများနှင့်စပ်လျဉ်း၍ ဒေါက်တာ စတန်တန် အီး. ဆမ်မနိုက ဤသို့ရေးသည်– “ထောင်ကျပြီးသည့်နောက် [ရာဇဝတ်သား] သည် ပို၍ပါးနပ်ကျင်လည်လာပြီး ပို၍သတိရှိလာပေမည်၊ သို့သော် အခြားသူများအပေါ် ဆက်၍အမြတ်ထုတ်ကာ ရာဇဝတ်မှုများကို ကျူးလွန်လေသည်။ ယခင်လမ်းစဉ်ဟောင်းသို့ ပြန်ရောက်သွားသူတို့နှင့်ပတ်သက်သည့် စာရင်းအင်းမှာ နည်းပါးလွန်းသည်။ အကြောင်းမှာ အမှန်တကယ် ပြန်အဖမ်းခံရသူများကိုသာ စာရင်းတွင် ဖော်ပြသောကြောင့်ဖြစ်၏။ ရာဇဝတ်သားသည် သတိလက်လွတ်နေမှသာ [နောက်တစ်ဖန်] ပြန်အဖမ်းခံရသည်။ သို့သော် ထောင်မှလွတ်လာပြီးနောက် ရာဇဝတ်သားအချို့သည် ပြန်အဖမ်းမခံရရန် ကောင်းစွာရှောင်ရှားနိုင်ကြသည်။” အမှန်မှာ အကျဉ်းထောင်များသည် ရာဇဝတ်သားများအား လူ့အကျိုးစီးပွားကိုဆန့်ကျင်သောစွမ်းရည်များ ထက်မြက်လာစေရန် သင်ကြားပေးသည့် သင်တန်းကျောင်းများနှင့်တူနိုင်ပါသည်။—စာမျက်နှာ ၇ မှ “ရာဇဝတ်မှုအတွက် သင်တန်းကျောင်းလော” လေးထောင့်ကွက်ကိုရှု။
ထို့ပြင် ရာဇဝတ်မှုများစွာမှာ အရေးယူမခံရသည့်အတွက် ရာဇဝတ်မှုကို အကျိုးရှိသောလုပ်ရပ်အဖြစ် ရာဇဝတ်သားများက ယူမှတ်ကြ၏။ ယင်းသို့ယူမှတ်ခြင်းက မိမိတို့၏လမ်းစဉ်အတိုင်း ဇောက်ချလုပ်ကိုင်သွားရန် ၎င်းတို့အား ပို၍အတင့်ရဲလာစေနိုင်သည်။ တစ်ခါက ပညာရှိသောအုပ်စိုးရှင်တစ်ပါး ဤသို့ရေးသားခဲ့သည်– “ဆိုးသောအမှု၌ စီရင်ချက်အတိုင်း အလျင်အမြန်ဒဏ်မပေးသောကြောင့် လူသားတို့သည် ဆိုးသောအမှုကိုပြုခြင်းငှာ ခိုင်မာစွာသဘောထားကြ၏။”—ဒေ. ၈:၁၁၊ သမ္မာ။
အဘယ်ကြောင့် ရာဇဝတ်သားများဖြစ်လာကြ
ရာဇဝတ်မှုသည် လူတချို့အတွက် အသက်ရှင်ရပ်တည်နိုင်ရန် တစ်ခုတည်းသော ရွေးချယ်စရာလော။ “ရုန်းထွက်လို့မရအောင် ဆင်းရဲတွင်းနက်မှု၊ မတည်ငြိမ်မှုနဲ့ မျှော်လင့်ချက်မဲ့မှုတွေက [ရာဇဝတ်သားတွေရဲ့] ဘဝမှာ ထိုးဖောက်စိမ့်ဝင်နေတော့ ရာဇဝတ်မှုဆိုတာ သာမန်လိုဖြစ်နေပြီး လက်ခံလောက်တဲ့ အကြောင်းပြချက်တစ်ခုလို့လည်း ကျွန်တော်ယူဆခဲ့မိတယ်” ဟုဆမ်မနိုက ဝန်ခံသည်။ သို့သော် ကျယ်ကျယ်ပြန့်ပြန့် သုတေသနပြုပြီးသည့်နောက် သူ၏သဘောထား ပြောင်းသွားသည်။ “ရာဇဝတ်သားတွေဟာ ရာဇဝတ်မှုကျူးလွန်ဖို့ ရွေးချယ်ကြတာ။ ရာဇဝတ်မှု . . . ဆိုတာ [လူတစ်ယောက်] ရဲ့ပတ်ဝန်းကျင်ကြောင့်မဟုတ်ဘဲ သူ့ရဲ့စဉ်းစားပုံကြောင့် ‘ဖြစ်လာ’ တာ” ဟုသူကောက်ချက်ချလိုက်၏။ ဆမ်မနိုက ဤသို့ထပ်ဆိုသည်– “အပြုအမူဟာ အဓိကအားဖြင့် လူတစ်ယောက်ရဲ့တွေးခေါ်ပုံကြောင့် ဖြစ်လာတာ။ ကျွန်တော်တို့လုပ်မယ့်အရာ၊ လုပ်နေတဲ့အရာနဲ့ လုပ်ပြီးသွားတဲ့အရာတွေအတွက် ကြိုတင်စဉ်းစားပြီးသားဖြစ်တယ်။” သို့ဖြစ်၍ ရာဇဝတ်သားများကို ဝန်းကျင်ကြောင့် စတေးခံရသူများဟု ယူမှတ်မည့်အစား “သူတို့ဟာ တခြားသူတွေအပေါ် မတရားအနိုင်ကျင့်နေတဲ့သူတွေဖြစ်ပြီး သူတို့ရဲ့ဘဝလမ်းစဉ်ကို တမင်တကာ ရွေးချယ်ကြတဲ့သူတွေဖြစ်” သည်ဟု သူကောက်ချက်ချခဲ့သည်။ *
အရေးကြီးသောစကားလုံးမှာ “ရွေးချယ်” ဟူသည့်စကားလုံးဖြစ်၏။ အမှန်ဆိုရလျှင် မကြာသေးမီက ဗြိတိသျှသတင်းစာတစ်စောင်၏ ခေါင်းကြီးပိုင်းတွင် ဤသို့ဖော်ပြထား၏– “မိမိတို့အခြေအနေကို တိုးတက်စေလိုသော မြို့ပြအမျိုးသားလူငယ်များ ရွေးချယ်သည့် အလုပ်အကိုင်မှာ ရာဇဝတ်မှုဖြစ်သည်။” လူသားတို့တွင် လွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိရာ ခက်ခဲသောအခြေအနေများအောက်၌ပင် မိမိတို့ကြိုက်ရာလမ်းစဉ်ကို ရွေးချယ်နိုင်ကြသည်။ မငြင်းနိုင်ဖွယ်ရာမှာ သန်းပေါင်းများစွာသောသူတို့သည် လူမှုရေးမမျှတမှုနှင့် ဆင်းရဲမွဲတေမှုတို့ကို နေ့စဉ် ရင်ဆိုင်နေကြရခြင်းဖြစ်သည် သို့မဟုတ် တစ်ဦးကိုတစ်ဦး ချစ်ခင်လေးစားမှုမရှိသည့် မိသားစုများတွင် နေထိုင်ကြရခြင်းဖြစ်၏။ သို့သော် ထိုသူတို့သည် ဆိုးသွမ်းသောရာဇဝတ်ကောင်များ ဖြစ်မလာကြပါ။ “ရာဇဝတ်သားတွေကြောင့် ရာဇဝတ်မှုဖြစ်လာတယ်၊ ဆိုးသွမ်းတဲ့အိမ်နီးချင်းတွေ၊ ချို့ငဲ့တဲ့မိဘတွေ . . . ဒါမှမဟုတ် အလုပ်လက်မဲ့ဆိုတဲ့ လူမှုရေးအခြေအနေတွေကြောင့် ရာဇဝတ်မှုဖြစ်လာတာမဟုတ်ဘဲ အဲဒါက လူ့စိတ်ထဲမှာ ကိန်းအောင်းနေတဲ့အရာဖြစ်တယ်” ဟုဆမ်မနိုကဆိုသည်။
စိတ်ထဲမှစတင်လာသော ရာဇဝတ်မှု
အပြစ်ကျူးလွန်ရခြင်း၏အကြောင်းရင်းမှာ လူတစ်ဦး၏အခြေအနေကြောင့်မဟုတ်ဘဲ စိတ်ဓာတ်ကြောင့်ဖြစ်သည်ဟု သမ္မာကျမ်းစာက ထောက်ပြ၏။ ယာကုပ် ၁:၁၄၊ ၁၅ က ဤသို့ဆိုသည်– ‘မိမိတပ်မက် သောစိတ် ဆွဲငင်ဖြားယောင်းခြင်းကို ခံသောသူမည်သည်ကား အပြစ်သွေးဆောင်ခြင်းသို့ရောက်တတ်၏။ တပ်မက်သောစိတ်သည် . . . မကောင်းမှုကိုဖွားတတ်၏။’ ဆိုးညစ်သောအကြံအစည်များကို လူတစ်ဦးတွေးတောသည့်အခါ မှားယွင်းသောဆန္ဒများ သူ့စိတ်တွင်ရှိနေပြီဖြစ်သည်။ တစ်ဖန် ယင်းတို့က ထိခိုက်စေသည့်လုပ်ရပ်များသို့ ဦးတည်သွားပေမည်။ ဥပမာ၊ အပြာစာပေရုပ်ပုံကို ရံဖန်ရံခါ ကြည့်ရှုခြင်းက စိတ်တွင် ဖျောက်ဖျက်၍မရအောင် စွဲလမ်းလာစေပြီး တဖြည်းဖြည်း မိမိစိတ်ကူးထားသည်အတိုင်း ဥပဒေနှင့်ဆန့်ကျင်သောနည်းဖြင့်ပင် ပြုမူလုပ်ဆောင်ရန် တွန်းအားပေးလာပေမည်။
နောက်သုံးသပ်ရမည့် အကြောင်းရင်းတစ်ခုမှာ ဤလောကသည် ကိုယ်ကျိုး၊ ငွေ၊ အပျော်အပါးနှင့် လတ်တလောလိုဘပြည့်ရေးကိုသာ အဓိကထားခြင်းဖြစ်၏။ ကျွန်ုပ်တို့၏ခေတ်နှင့်စပ်လျဉ်း၍ သမ္မာကျမ်းစာက ဤသို့ကြိုပြောခဲ့လေသည်– “နောက်ဆုံးသောနေ့ရက်များ၌ . . . လူတို့သည် ကိုယ်ကိုချစ်သောသူ၊ ငွေကိုတပ်မက်သောသူ၊ . . . ကြမ်းကြုတ်သောသူ၊ အကောင်းကိုမုန်းသောသူ၊ . . . [နှင့်] ဘုရားသခင်ကိုနှစ်သက်သည်ထက် ပျော်မွေ့ ခြင်းကို သာ၍နှစ်သက်သောသူ . . . ဖြစ်ကြလိမ့်မည်။” (၂ တိမောသေ ၃:၁-၅၊ သမ္မာ) ဝမ်းနည်းစရာမှာ ဤလောကသည် ရုပ်ရှင်၊ ဗီဒီယိုဂိမ်းများ၊ စာပေနှင့် စံနမူနာမကောင်းသောသူများကို အသုံးပြု၍ အထက်ပါစရိုက်ဆိုးများကို အားပေးအားမြှောက်ပြုခြင်းဖြစ်သည်။ ယင်းစရိုက်ဆိုးများကသာ ရာဇဝတ်မှုကို တိုး၍ဖြစ်ပေါ်စေ၏။ သို့သော် တစ်ဦးချင်းစီအနေနှင့်မူ အဆိုပါလွှမ်းမိုးမှုများကို လက်လျှော့အရှုံးပေးဖို့မလိုပေ။ အမှန်ဆိုလျှင် ယခင်က အရှုံးပေးခဲ့မိသူတချို့သည် မိမိတို့၏အမြင်နှင့်ဘဝပုံစံကို လုံးဝပြောင်းလဲလိုက်ကြပြီဖြစ်သည်။
လူတို့ ပြောင်းလဲနိုင်ကြ
ရာဇဝတ်သားတစ်ဦးဖြစ်ခဲ့သူသည် အမြဲထိုသို့ဖြစ်နေမည်ဟု မဆိုလိုပါ။ Inside the Criminal Mind ဟူသောစာအုပ်တွင် လူတစ်ဦးသည် ရာဇဝတ်သားဘဝကို ရွေးချယ်ခဲ့ခြင်းဖြစ်နိုင်သကဲ့သို့ သူသည် “ဦးတည်ချက်အသစ်ဖြင့် ရွေးချယ်မှုများ ပြုလုပ်နိုင်ပြီး ရိုးသားဖြောင့်မတ်၍ အကျိုးရှိသောဘဝဖြင့် အသက်ရှင်နေထိုင်တတ်ရန် သင်ယူနိုင်သည်” ဟုဖော်ပြထားသည်။
နောက်ခံအမျိုးမျိုးမှလူတို့ ပြောင်းလဲနိုင်ကြကြောင်း တွေ့ကြုံမှုများကဖော်ပြခဲ့၏။ * လိုအပ်သည့်အရာမှာ လူတစ်ဦး၏သဘောထားများ၊ စိတ်လှုံ့ဆော်မှုများနှင့် တွေးခေါ်ပုံများကို ပြုပြင်ပြောင်းလဲလိုစိတ်ရှိခြင်းဖြစ်သည်။ သို့မှသာ လူသားတို့၏ ပြောင်းလဲနေသော စံနှုန်းများကိုမဟုတ်ဘဲ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ တည်မြဲသောစံနှုန်းများကို လိုက်နာနိုင်မည်ဖြစ်သည်။ သို့ဆိုလျှင် မည်သူသည် ကျွန်ုပ်တို့အကြောင်းကို ကိုယ်တော်ထက် ပို၍သိရှိပါမည်နည်း။ ထို့ ပြင် ဘုရားသခင်၌ လူ့မိသားစုအတွက် အကောင်းနှင့်အဆိုး ဆုံးဖြတ်ပိုင်ခွင့် ရှိသည်မဟုတ်ပေလော။ မိမိ၏စံနှုန်းများကို သိရှိစေရန် ဘုရားသခင်သည် မိမိအားကြောက်ရွံ့သည့် လူအယောက် ၄၀ ခန့်ကို သန့်ရှင်းသောသမ္မာကျမ်းစာဟု ယနေ့ ကျွန်ုပ်တို့သိရှိကြသည့်စာအုပ်ကို ရေးသားရန် လှုံ့ဆော်ပေးတော်မူခဲ့၏။ အဆိုပါအံ့ဖွယ်စာအုပ်ကို ပျော်ပျော်ရွှင်ရွှင်နှင့် ရည်ရွယ်ချက်ရှိရှိ အသက်ရှင်နေထိုင်ရေးအတွက် လူသားတို့၏လက်စွဲစာအုပ်ဟု သင့်လျော်စွာခေါ်ဆိုနိုင်ပါသည်။—၂ တိမောသေ ၃:၁၆၊ ၁၇။
ဘုရားသခင်နှစ်သက်သော ပြောင်းလဲမှုများကို ပြုလုပ်ရန်မှာ လွယ်ကူမည်မဟုတ်ချေ။ အကြောင်းမှာ ကျွန်ုပ်တို့၏အပြစ်ပြုလိုသည့်စိတ်ကို တွန်းလှန်နေရသောကြောင့်ဖြစ်၏။ အမှန်မှာ ကျမ်းရေးသူတစ်ဦးက ၎င်း၏အတွင်းပိုင်းပဋိပက္ခကို ‘စစ်ပွဲ’ တစ်ပွဲအဖြစ် ဖော်ပြခဲ့သည်။ (ရောမ ၇:၂၁-၂၅) အဆိုပါတိုက်ပွဲတွင် သူအနိုင်ရရှိခဲ့၏။ အကြောင်းမှာ သူသည် မိမိ၏အစွမ်းခွန်အားကို အားမကိုးဘဲ ‘အသက်ရှင်၍ တန်ခိုးနှင့်ပြုပြင်တတ်’ သည့်နှုတ်မြွက်စကားတော်ကို ရေးသားစေရန် မှုတ်သွင်းခဲ့သည့်အရှင် ဘုရားသခင်အား ယုံကြည်ကိုးစားခဲ့သောကြောင့်ဖြစ်၏။—ဟေဗြဲ ၄:၁၂။
အာဟာရရှိသောအစာကို စားသုံးခြင်း၏တန်ဖိုး
ကျွန်ုပ်တို့၏ကိုယ်ခန္ဓာ ကျန်းမာသန်စွမ်းလာစေရန် အာဟာရရှိသောအစာကို စားသုံးဖို့လိုပေသည်။ ထို့ ပြင် အစာကို ကျေကျေညက်ညက် ဝါးစားရန်နှင့် အစာချေရန် အချိန်နှင့်အားထုတ်မှုလို၏။ ထိုနည်းတူ၊ ကျွန်ုပ်တို့သည် ဝိညာဉ်ရေးတွင် ကျန်းမာသန်စွမ်းလာစေရန် ဘုရားသခင့်မိန့်တော်မူချက်များကို အလေးအနက် ဆင်ခြင်တွေးတောဖို့လိုပေသည်။ သို့မှသာ ယင်းတို့သည် ကျွန်ုပ်တို့၏စိတ်နှလုံးထဲ ရောက်ရှိသွားပေမည်။ (မဿဲ ၄:၄) သမ္မာကျမ်းစာက ဤသို့ဆို၏– ‘မှန်ကန်သောအရာ၊ အလေးအနက်ထားရသောအရာ၊ စင်ကြယ်သောအရာ၊ ချစ်ဖွယ်ကောင်းသောအရာ၊ အသရေရှိသောအရာ၊ မွန်မြတ်သောအရာ၊ ချီးမွမ်းဖွယ်ဖြစ်သောအရာတို့ကို ဆက်လက်ဆင်ခြင်သုံးသပ်လျှင် ငြိမ်သက်ခြင်း၏အရှင် ဘုရားသခင်သည် သင်တို့နှင့်အတူ ရှိတော်မူလိမ့်မည်။’—ဖိလိပ္ပိ ၄:၈၊ ၉၊ ကဘ။
ကျွန်ုပ်တို့၏စရိုက်ဟောင်းများကို စရိုက်သစ်များဖြင့် အစားထိုးလိုလျှင် ဘုရားသခင့်အတွေးအခေါ်ကို “ဆက်လက်ဆင်ခြင်သုံးသပ်” ရမည်ဖြစ်ကြောင်း သတိပြုပါ။ ဝိညာဉ်ရေးတိုးတက်မှုမှာ နေ့ချင်းညချင်း မဖြစ်လာနိုင်သောကြောင့် စိတ်ရှည်ဖို့လိုပေသည်။—ကောလောသဲ ၁:၉၊ ၁၀; ၃: ၈-၁၀။
၂ ကောရိန္သု ၃:၁၇ [ကဘ] သည် သူနှစ်သက်သည့် ကျမ်းချက်များအနက် တစ်ခုဖြစ်၏။ သူသည် ချုပ်နှောင်ခံနေရဆဲဖြစ်သော်လည်း တစ်ခါမျှ မခံစားခဲ့ရဖူးသည့်နည်းဖြင့် လွတ်လပ်ပျော်ရွှင်နေသည်။
ကလေးဘဝက လိင်ဆိုင်ရာမတော်မတရားပြုခံခဲ့ရသော အမျိုးသမီးတစ်ဦး၏ပုံနမူနာကို သုံးသပ်ကြည့်ပါ။ သူသည် မူးယစ်ဆေးဝါး၊ အရက်သေစာနှင့် ဆေးရွက်ကြီး သုံးစွဲခဲ့၏။ ယခု သူသည် ရာဇဝတ်မှုများစွာကျူးလွန်ခဲ့ခြင်းကြောင့် ထောင်ဒဏ်တစ်သက်တစ်ကျွန်း ကျခံနေရသည်။ ထောင်ကျနေစဉ် သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာ စလေ့လာပြီး သိရှိခဲ့သောအမှန်တရားများကို လက်တွေ့ကျင့်သုံးခဲ့သည်။ ရလဒ်ကား အဘယ်နည်း။ သူသည် ဥပဓိရုပ်ဟောင်းကိုချွတ်ပယ်၍ ခရစ်တော်ကဲ့သို့သော ဥပဓိရုပ်သစ်ကို တဖြည်းဖြည်း ပြောင်းလဲဝတ်ဆင်ခဲ့သည်။ ယခု သူသည် အပျက်သဘောထားနှင့် အကျင့်ဆိုးများ၏ လွှမ်းမိုးမှုကို မခံတော့ချေ။ ‘ယေဟောဝါဘုရားသခင်သည် ဝိညာဉ်ဖြစ်တော်မူ၏။ ယေဟောဝါဘုရားသခင်၏စွမ်းအားတော်ရှိရာအရပ်တွင် လွတ်လပ်ခြင်း ရှိတတ်၏’ ဟုဖော်ပြထားသောဘုရားသခင်သည် ချစ်သနားခြင်း မေတ္တာနှင့် ပြည့်စုံတော်မူ
ယေဟောဝါဘုရားသခင်၏ မျက်မှောက်တော်တွင် မည်သူမျှ မိမိဘာသာ အလိုအလျောက်ပြောင်းလဲနိုင်စွမ်းမရှိချေ။ * ဘုရားသခင့်သားတော်၊ ယေရှုခရစ်က ဤသို့မိန့်ဆိုခဲ့သည်– “ဖြောင့်မတ်သောသူတို့ကိုခေါ်ရန် ငါလာသည်မဟုတ်။ အပြစ်သားများကို နောင်တရစေရန် ငါလာ၏။” (လုကာ ၅:၃၂၊ ကဘ) သမ္မာကျမ်းစာစံနှုန်းများနှင့်အညီ အသက်ရှင်နေထိုင်ရန် ပြုပြင်ပြောင်းလဲခြင်းက ခက်ခဲမည်မှာ မှန်ပါသည်။ သို့သော် စိတ်ရှည်သူတို့နှင့် ဝိညာဉ်ရေးစိတ်ဓာတ်ရှိသော ခရစ်ယာန်များ၏ မေတ္တာပြည့်ဝသည့် အကူအညီများအပါအဝင် ဘုရားသခင်ပေးတော်မူသော အကူအညီကို လက်ခံသူတို့မှာမူ အောင်မြင်နိုင်ကြပါသည်။ (လုကာ ၁၁:၉-၁၃; ဂလာတိ ၅:၂၂၊ ၂၃) ထိုသို့ဖြစ်စေရန် ကမ္ဘာတစ်ဝန်းရှိ ယေဟောဝါသက်သေများသည် ရာဇဝတ်မှုအမျိုးမျိုး ကျူးလွန်ခဲ့ကြသည့် စိတ်ရင်းမှန်သော အမျိုးသားအမျိုးသမီးများနှင့် အခမဲ့ကျမ်းစာသင်အံမှုများကျင်းပဖို့ အကျဉ်းထောင်များသို့ မှန်မှန်လည်ပတ်ကြသည်။ * အကျဉ်းထောင်အတော်များများတွင် သက်သေခံများသည် ပတ်စဉ်ခရစ်ယာန်အစည်းအဝေးများကိုလည်း ကျင်းပကြသည်။—ဟေဗြဲ ၁၀:၂၄၊ ၂၅။
ယခင်က ဆိုးသွမ်းခဲ့သူအချို့သည် မိမိတို့၏လမ်းစဉ်ဟောင်းကို စွန့်လွှတ်ခဲ့ကြပြီး စစ်မှန်သောခရစ်ယာန်များ ဖြစ်လာကြသော်လည်း “မတရားသောအမှုတို့သည် တိုးပွား” လာနေကြောင်း သမ္မာကျမ်းစာက ပွင့်ပွင့်လင်းလင်းဆို၏။ (မဿဲ ၂၄:၁၂၊ ကဘ) နောက်ဆောင်းပါးတွင် ကျွန်ုပ်တို့တွေ့ရှိရမည့်အတိုင်း ထိုအဆိုသည် အလွန်နှစ်သက်ဖွယ်ကောင်းသော သတင်းအချို့ပါဝင်သည့် ပို၍ကြီးကျယ်သော တင်ကူးဟောချက်၏ အစိတ်အပိုင်းဖြစ်သည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 7 ရာဇဝတ်မှုတချို့တွင် စိတ်ရောဂါသည် အဓိကအကြောင်းရင်းတစ်ခု ဖြစ်ပေမည်။ အထူးသဖြင့် စိတ်ဝေဒနာရှင်များ လက်နက်ကိုင်ပြီး လျှောက်သွားနေခွင့်ရရှိသည့် နိုင်ငံများတွင်ဖြစ်သည်။ သို့သော် ဤဆောင်းပါးသည် ယင်းရှုပ်ထွေးသော အကြောင်းအရာကို အဓိကအာရုံမစိုက်ချေ။
^ အပိုဒ်၊ 14 ကျမ်းစာအမှန်တရားကြောင့် ရာဇဝတ်သားဘဝကိုစွန့်လွှတ်ရန် လှုံ့ဆော်ခံခဲ့ရသူတို့၏အကြောင်းကို ဤမဂ္ဂဇင်းနှင့် ယင်း၏တွဲဖက်ဖြစ်သော ကင်းမျှော်စင် စာစောင်တွင် မကြာခဏ ဖော်ပြပေးခဲ့ပါသည်။ ဇူလိုင် ၂၀၀၆၊ နိုးလော့! စာမျက်နှာ ၁၁-၁၃ နှင့် အောက်တိုဘာ ၈၊ ၂၀၀၅ စာမျက်နှာ ၂၀-၁ [အင်္ဂလိပ်]; ဇန်နဝါရီ ၁၊ ၂၀၀၀ ကင်းမျှော်စင်၊ စာမျက်နှာ ၄-၅; အောက်တိုဘာ ၁၅၊ ၁၉၉၈ စာမျက်နှာ ၂၇-၉ နှင့် ဖေဖော်ဝါရီ ၁၅၊ ၁၉၉၇ စာမျက်နှာ ၂၁-၄ တို့ကိုရှု။
^ အပိုဒ်၊ 21 စာမျက်နှာ ၁၀ ရှိ “သမ္မာကျမ်းစာရှုထောင့်– ကြီးလေးသောအပြစ်များကို ဘုရားသခင် ခွင့်လွှတ်သလော” ဟူသည့်ဆောင်းပါးကိုရှု။
^ အပိုဒ်၊ 21 စာမျက်နှာ ၉ ရှိ “အကျဉ်းသားများအတွက် ဝိညာဉ်ရေးအကူအညီ” လေးထောင့်ကွက်ကိုရှု။
[စာမျက်နှာ ၅ ပါ အကျဉ်းဖော်ပြချက်]
ဆင်းရဲတွင်းနက်သည့် သန်းပေါင်းများစွာသောသူတို့သည် ရာဇဝတ်မှုကျူးလွန် သူများ မဟုတ်ကြချေ
[စာမျက်နှာ ၆ ပါ လေးထောင့်ကွက်]
“နှစ်နှစ်အတွင်း ထောင်ပြန်ကျ”
အင်္ဂလန်နိုင်ငံ၊ လန်ဒန်ထုတ် The Times သတင်းစာ၏ အဆိုပါခေါင်းကြီးပိုင်းအောက်တွင် ဗြိတိန်နိုင်ငံ၌ ဖောက်ထွင်းမှုနှင့်ခိုးမှုတို့ကြောင့် ပြစ်ဒဏ်ကျခဲ့သူ ၇၀ ရာခိုင်နှုန်းကျော်သည် နှစ်နှစ်အတွင်း ပြစ်ဒဏ်ပြန်ချခံရကြောင်း ဖော်ပြထားသည်။ မူးယစ်ဆေးစွဲနေသူတို့သည် အကုန်အကျများ၍ ကိုယ့်ကိုယ်ကိုပျက်စီးစေသည့်အကျင့်အတွက် ပေးဆပ်ရန် ငွေရဖို့ ကြံရာမရသည့်အဆုံး၌ ရာဇဝတ်မှုများစွာ ကျူးလွန်ကြတော့သည်။
[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်]
“ရာဇဝတ်မှုအတွက် သင်တန်းကျောင်းလော”
“အကျဉ်းထောင်များသည် ရာဇဝတ်မှုအတွက် သင်တန်းကျောင်းများ ဖြစ်ကြသည်” ဟုပါမောက္ခ ဂျော်န်ဘရေ့ဝေ့တ်က Ucla Law Review တွင် ရေးသားထား၏။ Inside the Criminal Mind ဟူသောစာအုပ်တွင် ဒေါက်တာ စတန်တန် အီး. ဆမ်မနိုက “ရာဇဝတ်သားအများစုသည် အတွေ့အကြုံမှ သင်ယူကြ” သော်လည်း လူ့အဖွဲ့အစည်းက သင်ယူစေလိုသောအရာများကို သင်ယူခြင်းကား မဟုတ်ကြောင်း ပြောပြသည်။ “အကျဉ်းထောင်တွင် လူတစ်ဦးသည် ပို၍အောင်မြင်သောရာဇဝတ်သားတစ်ဦး ဖြစ်နိုင်ပုံနှင့်ပတ်သက်၍ သင်ယူနိုင်သည့် အခွင့်အရေးနှင့်အချိန် များစွာရ၏။ . . . အမှန်မှာ တချို့သည် ပို၍အောင်မြင်သော ရာဇဝတ်သားများဖြစ်လာကာ ရာဇဝတ်မှုများတွင် အပြည့်အဝပါဝင်လာကြသည့်အပြင် အဖမ်းမခံရအောင်လည်း အရှောင်အတိမ်းကျွမ်းကျင်လာကြသည်” ဟုလည်းရေးသားထားသည်။
စာအုပ်၏နောက်ပိုင်းအခန်းတစ်ခန်းတွင် ဆမ်မနိုက ဤသို့ဖော်ပြထားသည်– “ထောင်ချခြင်းက ရာဇဝတ်သားတစ်ဦး၏ ပင်ကိုစရိုက်ကို မပြောင်းလဲပေးချေ။ ထောင်ထဲတွင်ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ သူသည် အဆက်အသွယ်များရှိပြီး ပါးနပ်သောနည်းသစ်များကိုသင်ယူကာ အခြားရာဇဝတ်သားများကိုလည်း လက်ဆင့်ကမ်းပေးလေသည်။” လူငယ်ရာဇဝတ်သားတစ်ဦးက ဤသို့ဆိုခဲ့၏– “အကျဉ်းထောင်က ကျွန်တော့်ကို ရာဇဝတ်မှုမှာ ဆရာတစ်ဆူဖြစ်လာဖို့ အရည်အချင်းရှိလာစေတယ်။”