မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

▪ လွန်ခဲ့သော ခြောက်နှစ်တွင် “လူ ၁၀၀,၀၀၀ နီးပါးသည် . . . အမေရိကန်၌ အသတ်ခံခဲ့ရသည်။” —The New York Times, အမေရိကန်။

▪ အင်တာနက် လူမှုဆက်ဆံရေးကွန်ရက်တစ်ခုတွင် ယင်းဝန်ဆောင်မှုကို အသုံးပြုသည့် လိင်ဆိုင်ရာပြစ်မှုကျူးလွန်သူ ၂၉,၀၀၀ ၏ကိုယ်ရေးရာဇဝင်ကို ဖျက်ပစ်ခဲ့ပြီဖြစ်သည်။ “[ဝက်ဘ်ဆိုက်] ပေါ်တွင် လိင်ဆိုင်ရာပြစ်မှုကျူးလွန်သူများ၏ ကိုယ်ရေးရာဇဝင်များ ရုတ်တရက်တိုးများလာသောကြောင့် ယင်းသို့ အလျင်အမြန် ပြုလုပ်လိုက်ရသည်” ဟုကော်နက်တီကပ်ပြည်နယ်မှ ရှေ့နေချုပ် ရစ်ချက် ဘလူမန်တယ်လ်က ပြောခဲ့သည်။ —ရိုက်တာသတင်းဌာန၊ အမေရိကန်။

▪ “တရုတ်ပြည်သည် အမည်ရှားပါးခြင်းပြဿနာနှင့် ရင်ဆိုင်နေရသည်။ . . . ၂၀၀၆ ခုနှစ်တွင် ပြုလုပ်ခဲ့သော နိုင်ငံလုံးဆိုင်ရာ လေ့လာမှုတစ်ခုက တရုတ်လူဦးရေ ၁.၄ ဘီလီယံ၏ ၈၅ ရာခိုင်နှုန်းခန့်သည် . . . မျိုးရိုး အမည် ၁၀၀ ကိုသာ ပေါင်း၍ သုံးစွဲနေရကြောင်း ဖော်ပြသည်။”—China Daily, တရုတ်။

▪ တစ်မိုင်မောင်းနှင်တိုင်း “မော်တော်ဆိုင်ကယ်သမားများသည်” ကားအတွင်းတွင် ရှိနေသူများထက် ယာဉ်မတော်တဆမှုကြောင့် “သေဆုံးနိုင်ခြေ ၃၂ ဆ ပိုများသည်။”—Uc Berkeley Wellness Letter, အမေရိကန်။

တူရကီတွင် ယေဟောဝါသက်သေများ မှတ်ပုံတင်ခွင့်ရ

ဇူလိုင် ၃၁၊ ၂၀၀၇ တွင် တူရကီရှိ ယေဟောဝါသက်သေများသည် ဘာသာရေးဆိုင်ရာ တရားဝင်အသင်းအဖွဲ့တစ်ခုအဖြစ် မှတ်ပုံတင်ခြင်းခံရပြီဖြစ်ကြောင်း တရားဝင်အကြောင်းကြားစာကို လက်ခံရရှိခဲ့ကြသည်။ ယင်းကြောင့် သူတို့သည် မြေရာအဆောက်အဦ ဝယ်ယူပိုင်ဆိုင်ခွင့်၊ အစည်းအဝေးနေရာများ ငှားရမ်းခွင့်၊ အလှူငွေလက်ခံခွင့်နှင့် လိုအပ်လာလျှင် တရားရုံးတွင် ဥပဒေကြောင်းအရ ထုချေကာကွယ်ခွင့်များကို ရရှိကြမည်ဖြစ်သည်။

“အရှက်အကြောက် နည်းစေ” သောအင်တာနက်

အိမ်ထောင်ရေးဖောက်ပြန်သူအချင်းချင်းကို ရှာဖွေရာတွင် အကူအညီဖြစ်စေရန် စီမံထားသည့် ဂျာမန်ဝက်ဘ်ဆိုက်တစ်ခုကို အသုံးပြုသူ ၃၁၀,၀၀၀ ရှိပြီး နေ့စဉ် စာရင်းသွင်းသူအသစ် ၁,၀၀၀ ရှိသည်ဟု သတင်းစာတစ်စောင်ကဆို၏။ အေဂျင်စီသည် “၁၀၀ ရာခိုင်နှုန်း အမည်လျှို့ဝှက်ထားနိုင်သည့်” အိမ်ထောင်ရေးဖောက်ပြန်သော တိတ်တိတ်ပုန်းအချစ်ဇာတ်လမ်းများကို စီမံပေးနိုင်မှုအတွက် ဂုဏ်ယူခဲ့သည်။ ဒါရိုက်တာတစ်ဦးက “အမည်လျှို့ဝှက်ထားနိုင်သော အင်တာနက်ဟာ အရှက်အကြောက်နည်းစေပြီး လွတ်လပ်ပွင့်လင်းတဲ့ ဆက်ဆံရေးရရှိစေတယ်” ဟုပြောခဲ့သည်။ အခြားဒါရိုက်တာတစ်ဦးက အင်တာနက်သည် အိမ်ထောင်ရေးဖောက်ပြန်မှုကို ပို၍လူကြိုက်များစေလိမ့်မည်ဟု အခိုင်အမာပြောဆိုခဲ့သည်။

ပြဿနာတက်စေသော ရုပ်ကြွင်းများ

သိပ္ပံပညာရှင်များသည် “လူသားဆင့်ကဲဖြစ်စဉ်” ၏နောက်ဆုံး “အဆင့်များ” ကို ဟိုမိုဟဲဘလစ်မှ ဟိုမိုအီရက်တပ်စ်သို့၊ ဟိုမိုအီရက်တပ်စ်မှ “ခေတ်သစ်လူသား” ဟိုမိုဆေပီရန်သို့ အဆင့်ဆင့် ပြောင်းလဲလာသည်ဟု ဖော်ပြလေ့ရှိ၏။ သို့သော် ကင်ညာနိုင်ငံရှိ တစ်နေရာမှ တစ်နေရာသို့ လမ်းလျှောက်၍သွားနိုင်သည့် အကွာအဝေးတွင်ရှိသော နေရာနှစ်နေရာ၌ တွေ့ရှိရသည့် လူသားတို့၏ဘိုးဘေးများအဖြစ်ယူဆရသော ကျောက်ဖြစ်ရုပ်ကြွင်းနှစ်ခု ဟိုမိုဟဲဘလစ်နှင့် ဟိုမိုအီရက်တပ်စ်တို့သည် တစ်ချိန်တည်းတွင် အသက်ရှင်ခဲ့သည်ဟု သိပ္ပံပညာရှင်တချို့ ယခုနားလည်လာကြပြီဖြစ်သည်။ “၎င်းတို့ တစ်ချိန်တည်းတွင် တည်ရှိခဲ့ခြင်းက ဟိုမိုဟဲဘလစ်မှ ဟိုမိုအီရက်တပ်စ်သို့ ဆင့်ကဲပြောင်းလဲလာသည်ဟူသောအဆိုကို မဖြစ်နိုင်ပုံ ပေါက်စေ၏” ဟုစာရေးဆရာတစ်ဦးက ဆိုသည်။

သီတင်းပတ်ကုန်ရက်များအတွင်း ရာသီဥတု ပိုဆိုးရွားသလော

အလုပ်,လုပ်ရက်များတွင်ထက် သီတင်းပတ်ကုန်ရက်များတွင် ရာသီဥတုပိုဆိုးရွားသည်ဟု ဂျာမန်အများစုက သံသယဝင်ကြသည်။ ဂျာမနီနိုင်ငံ၏ ဒေသအသီးသီးမှ ရာသီဥတုဆိုင်ရာအချက်အလက်များကို ၁၅ နှစ်ကြာ ဆန်းစစ်လေ့လာမှုပြုလုပ်ခဲ့ရာ သူတို့၏ယူဆချက်မှာ မှန်ကန်ပေမည်ဟု မဂ္ဂဇင်းတစ်စောင် (Der Spiegel) ကဆိုသည်။ အပူနွေးဆုံးနေ့သည် ဗုဒ္ဓဟူးနေ့ဖြစ်ပြီး အအေးဆုံးနေ့သည် စနေနေ့ဖြစ်သည်။ စနေနေ့များသည် ၁၅ ရာခိုင်နှုန်း မိုးပိုရွာပြီး အခြောက်သွေ့ဆုံးနေ့ဖြစ်သည့် တနင်္လာနေ့များထက် ၁၀ ရာခိုင်နှုန်း မိုးပိုရွာလေ့ရှိသည်။ အင်္ဂါနေ့များသည် စနေနေ့များထက် ပျမ်းမျှ ၁၅ မိနစ် နေပိုပူသည်။ သီတင်းပတ်အတွင်းမှ လူတို့၏ဓာတ်ငွေ့ထုတ်လွှတ်မှုများသည် သီတင်းပတ်ကုန်ရက်များတွင် စုပုံလာပြီး နေရောင်ခြည်ကိုတန်ပြန်ကာ ငွေ့ရည်ဖွဲ့ ၍ တိမ်များဖြစ်ပေါ်စေသည်ဟု လေ့လာသူများက ယူဆကြ၏။