မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆယ်ကျော်သက် စိတ်ဓာတ်ကျဆင်းမှုကို အောင်မြင်ကျော်လွှားခြင်း

ဆယ်ကျော်သက် စိတ်ဓာတ်ကျဆင်းမှုကို အောင်မြင်ကျော်လွှားခြင်း

ဆယ်ကျော်သက် စိတ်ဓာတ်ကျဆင်းမှုကို အောင်မြင်ကျော်လွှားခြင်း

မက္ကဆီကိုတွင် အင်္ဂလိပ်စာသင်တန်းတက်နေသော ကျောင်းသားများသည် မိမိတို့နှစ်သက်ရာ အကြောင်းအရာတစ်ခုကို ပြင်ဆင်၍ ဟောပြောရန် တောင်းဆိုခံရသည်။ မာရီဇာက ဤသို့ရှင်းပြသည်– “အချိန်ကာလတစ်ခုအထိ ကျွန်မ စိတ်ဓာတ်ကျခဲ့ဖူးတယ်။ ဩဂုတ် ၈၊ ၂၀၀၂ ထုတ်နိုးလော့! မှာပါတဲ့ ‘စိတ်ဓာတ်ကျနေသော ဆယ်ကျော်သက်များအတွက် အကူအညီ’ ဆိုတဲ့ ဆောင်းပါးတွဲများက ကျွန်မအတွက် အထောက်အကူဖြစ်ခဲ့တယ်။ ဒါကြောင့် မဂ္ဂဇင်းမှာပါတဲ့ အချက်အလက်တွေကို ကျွန်မ အသုံးပြုခဲ့တယ်၊ ကျွန်မရဲ့ ဟောပြောချက်က အမှတ်ကောင်းကောင်းရခဲ့တယ်။ ပြီးတဲ့နောက် ကျွန်မဟာ ကျောင်းသားတွေနဲ့ ဆရာမတွေအတွက် အဲဒီဆောင်းပါးတွဲတွေကို မိတ္တူကူးပေးခဲ့တယ်။”

နှစ်နှစ်ကြာပြီးနောက် မာရီဇာသည် ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်နေစဉ် အင်္ဂလိပ်စာသင်တန်း အတူတူတက်ခဲ့ကြသော ကျောင်းသူတစ်ဦးထံ လည်ပတ်ခဲ့သည်။ ဤကျောင်းသူသည် ဆယ်ကျော်သက်စိတ်ဓာတ်ကျဆင်းမှုအကြောင်း နိုးလော့!ဆောင်းပါးတွဲမိတ္တူတစ်စောင်ကို မိမိအား ပြရာ မာရီဇာအံ့သြသွားခဲ့သည်။ ဆရာမသည် ယင်းဆောင်းပါးတွဲများကို အလွန်တန်ဖိုးထားပြီး မိမိ၏ကျောင်းသူကျောင်းသားများအား မိတ္တူတစ်စောင်စီ ပေးခဲ့ဟန်တူသည်။

လူငယ်များအမေး—တာသွားသည့်အဖြေ စာအုပ်တွင် ဆယ်ကျော်သက်စိတ်ဓာတ်ကျမှုနှင့်ပတ်သက်သော ထပ်ဆင့်အချက်အလက်များကို ရနိုင်ပါသည်။ ၎င်းတွင် “ငါ့ကိုငါ ဘာကြောင့်မကြိုက်တာလဲ၊” “ငါဘာကြောင့် ဒီလောက်တောင် စိတ်ညှိုးငယ်ရတာလဲ” နှင့် “အထီးကျန်စိတ်ကို ဘယ်လို ဖျောက်ဖျက်ရပါလိမ့်” ဟူသောအခန်းများပါဝင်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ ၍ ဤစာအုပ်ကို မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။