မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ယေဟောဝါ၏ ဝိညာဉ်တော် ဦးဆောင် နေသော ဘုရင်မှတစ်ဆင့် ကောင်းချီးများ ခံစားပါလေ”

“ယေဟောဝါ၏ ဝိညာဉ်တော် ဦးဆောင် နေသော ဘုရင်မှတစ်ဆင့် ကောင်းချီးများ ခံစားပါလေ”

“ယေဟောဝါ၏ ဝိညာဉ်တော် ဦးဆောင် နေသော ဘုရင်မှတစ်ဆင့် ကောင်းချီးများ ခံစားပါလေ”

“မိမိအကျိုးပျက်အောင် တစ်ယောက်ကိုတစ်ယောက် အုပ်စိုး” ကြ၏။ သမ္မာကျမ်းစာ၏ ဒေ. ၈:၉ တွင် လူ့အုပ်ချုပ်မှုသမိုင်းကို အထက်ပါအတိုင်း သင့်လျော်စွာ ဖော်ပြထား၏။ ပိုမိုကောင်းမွန်အောင် ကျွန်ုပ်တို့ လုပ်ဆောင်နိုင်ပါသလော။ သို့မဟုတ် အနာဂတ်တွင်လည်း ဤအတိုင်းပင် ဖြစ်နေဦးမည်လော။ ဤမေးခွန်းများ၏အဖြေကို ၂၀၀၈/၂၀၀၉ ခုနှစ်တွင်ကျင်းပမည့် “ဘုရားသခင့်ဝိညာဉ်တော် ဦးဆောင်လမ်းပြမှု” ဟူသော ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီးများတွင်ဟောပြောမည့် လူထုဟောပြောချက်၌ ဆွေးနွေးသွားပါမည်။ “ယေဟောဝါ၏ဝိညာဉ်တော် ဦးဆောင်နေသော ဘုရင်မှတစ်ဆင့် ကောင်းချီးများ ခံစားပါလေ” ခေါင်းစဉ်ရှိ ဟောပြောချက်က ကျွန်ုပ်တို့အကျိုးအတွက် အသက်စွန့်ခဲ့သော ယေရှုခရစ်သည် စစ်မှန်သောတရားမျှတမှုနှင့် မေတ္တာဖြင့် အုပ်စိုးသွားမည့်ပုဂ္ဂိုလ်ဖြစ်ကြောင်း အာရုံစိုက်ဆွေးနွေးသွားပါမည်။—မဿဲ ၂၀:၂၈

အဘယ်အရာက ယေရှုအား အခြားအုပ်စိုးရှင်အားလုံးနှင့် ခြားနားစေသနည်း။ ဘုရားသခင့်ပရောဖက်ဟေရှာယက ဤသို့အဖြေပေးသည်– ‘ယေဟောဝါဘုရားသခင်၏ ဝိညာဉ်တော်တည်းဟူသော ဉာဏ်ပညာကိုပေးသောဝိညာဉ်၊ ကြံစည်တတ်စွမ်းနိုင်သော သတ္တိကိုပေးသောဝိညာဉ်၊ ထာဝရဘုရားသခင်ကိုသိ၍ ကြောက်ရွံ့သောသဘောကိုပေးသော ဝိညာဉ်တော်သည် ထိုသူအပေါ်မှာ ကျိန်းဝပ်တော်မူလိမ့်မည်။ ထိုသူသည် ထာဝရဘုရားသခင်ကိုကြောက်ရွံ့ခြင်း၌ မွေ့လျော်သည်ဖြစ်၍ မိမိမျက်စိမြင်သည်အတိုင်း တရားမစီရင်၊ မိမိနားကြားသည်အတိုင်း မဆုံးဖြတ်ဘဲ ဆင်းရဲသားတို့၏အမှုကို တရားတော်အတိုင်းစီရင်၍ နှိမ့်ချသောမြေကြီးသားတို့ဘက်၌နေလျက် ဖြောင့်မတ်စွာဆုံးဖြတ်လိမ့်မည်။’—ဟေရှာယ ၁၁:၂-၄

ဤဖော်ပြချက်ကို သင်နှစ်သက်ပါသလော။ နှစ်သက်သည်ဆိုလျှင် ဤလမှစ၍ ကမ္ဘာတစ်ဝန်းလုံးတွင် ကျင်းပသွားမည့် ရာနှင့်ချီသော ခရိုင်စည်းဝေးကြီးများအနက် စည်းဝေးကြီးတစ်ခု၌ တင်ဆက်သွားမည့် လူထုဟောပြောချက်ကို တက်ရောက်နားထောင်ရန် သင့်အား ဖိတ်ကြားပါသည်။ သင်နှင့်အနီးဆုံး တည်နေရာကို သိရှိရန် သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ဖော်ပြထားသော ထုတ်ဝေသူများ၏လိပ်စာတစ်ခုသို့ စာရေးပါ။ ကျွန်ုပ်တို့၏တွဲဖက်မဂ္ဂဇင်းဖြစ်သော ကင်းမျှော်စင် မတ် ၁၊ ၂၀၀၈ တွင် မြန်မာနိုင်ငံ၌ကျင်းပမည့် စည်းဝေးကြီးလိပ်စာများကို ဖော်ပြထားပါသည်။