မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင့်ဝိညာဉ်တော် ဦးဆောင်လမ်းပြမှု”

“ဘုရားသခင့်ဝိညာဉ်တော် ဦးဆောင်လမ်းပြမှု”

“ဘုရားသခင့်ဝိညာဉ်တော် ဦးဆောင်လမ်းပြမှု”

ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီး

▪ ထောင်နှင့်ချီသော ဤသုံးရက်ကြာ စည်းဝေးကြီးများကို မေ ၂၃-၂၅၊ သီတင်းပတ်ကုန်ရက်များတွင် အမေရိကန်နိုင်ငံ၌ စတင်ကျင်းပမည်ဖြစ်ပြီး ယင်းနောက်ပိုင်းလများတွင် ကမ္ဘာတစ်ဝန်းရှိ ထောင်နှင့်ချီသော မြို့ကြီးများ၌ ဆက်လက်ကျင်းပပါလိမ့်မည်။ ၂၀၀၇ ခုနှစ်၌ ဤသို့သောစည်းဝေးကြီးပေါင်း ၃,၂၀၀ ကျော်တွင် လူပေါင်း ၁၂ သန်းကျော် တက်ရောက်ခဲ့ကြသည်။

ဤနှစ် နေရာအတော်များများ၌ စည်းဝေးအစီအစဉ်ကို နေ့စဉ် နံနက် ၉:၂၀ နာရီတွင် တေးသံသာဖြင့် စတင်ပါမည်။ သောကြာနေ့၏ အဓိကအကြောင်းသည် ယောဟန် ၁၆:၁၃ အပေါ်အခြေခံသည့် ‘ဝိညာဉ်တော်သည် . . . သင့်အား အမှန်တရားကို အကြွင်းမဲ့ပြသလိမ့်မည်’ ဖြစ်သည်။ ပထမဆုံး ဟောပြောချက်များတွင် “အဘယ်ကြောင့် ‘ဘုရားသခင့်ဝိညာဉ်တော် ဦးဆောင်လမ်းပြမှု’ လိုအပ်သနည်း” နှင့် “သန့်ရှင်းသောဝိညာဉ်တော်—ဖန်ဆင်းခြင်းတွင်” စသည်တို့ပါဝင်သည်။ “ရှေးခေတ်သစ္စာရှိပုဂ္ဂိုလ်များ—ဘုရားသခင့်ဝိညာဉ်တော် လမ်းညွှန်မှုခံယူ” ဟူသောအခန်းဆက်၌ “မောရှေခေတ်တွင်၊” “တရားသူကြီးများခေတ်တွင်” နှင့် “ပထမရာစုတွင်” ဟူသောအပိုင်းများပါဝင်ပေမည်။ “ယေဟောဝါ၏ရည်ရွယ်ချက် ပြည့်စုံရေးတွင် သန့်ရှင်းသောဝိညာဉ်တော်၏ အခန်းကဏ္ဍ” ဟူသော အဓိကဟောပြောချက်ဖြင့် နံနက်ပိုင်းအစီအစဉ်ကို နိဂုံးချုပ်မည်ဖြစ်သည်။

သောကြာနေ့ မွန်းလွဲပိုင်း၏ ပထမပိုင်းမှာ “သန့်ရှင်းသောဝိညာဉ်တော်နှင့်ပတ်သက်သော မေးခွန်းများ၏ အဖြေ” ဖြစ်ပြီး ၎င်းနောက်တွင် “ဝိညာဉ်တော်သည် ဘုရားသခင့်နက်နဲသောအရာတို့ကို . . . စစ်တော်မူ” နှင့် “ဘုရားသခင့်နှုတ်မြွက်တော်ကို နားထောင်၍ ကျင့်သူများဖြစ်ကြလော့” ဟူသောဟောပြောချက်များ လိုက်ပါလာမည်။ “လူငယ်များ—သန့်ရှင်းသောဝိညာဉ်တော် လမ်းညွှန်မှုအတိုင်း လျှောက်လှမ်းကြလော့” ဟူသောအခန်းဆက်၌ “ကျောင်းတွင်၊” “အလုပ်တွင်၊” “မိသားစုတွင်၊” “အသင်းတော်တွင်၊” “လူမှုရေးလှုပ်ရှားမှုတွင်” နှင့် “တစ်ကိုယ်တည်းရှိနေချိန်တွင်” စသောအပိုင်းများပါဝင်သည်။ အစီအစဉ်ကို စည်းဝေးကြီး ပေါ်လွင်ချက်ဖြစ်သည့် “လူငယ်များ—ယေဟောဝါနှင့် သင့်ဆက်ဆံရေးကို ကာကွယ်လော့” ဟူသောဟောပြောချက်ဖြင့်နိဂုံးချုပ်မည်ဖြစ်ပြီး ၎င်းက လူငယ်များအား ထိုသို့ပြုလုပ်ရန် ကူညီပေးပါလိမ့်မည်။

စနေနေ့အစီအစဉ်၏ အဓိကအကြောင်းသည် ‘ဝိညာဉ်တော်အတွက် မျိုးစေ့ကြဲခြင်း’ ဖြစ်ပြီး ဂလာတိ ၆:၈ ပေါ်အခြေခံသည်။ နံနက်ပိုင်းအစီအစဉ်၌ “ကျွန်ုပ်တို့၏ခရစ်ယာန်ဓမ္မအမှုတွင် ဘုရားသခင့်ဝိညာဉ်တော် ညွှန်ကြားမှုကို ခံယူခြင်း” ဟူသော အပိုင်းသုံးပိုင်းပါသည့် အခန်းဆက် ဟောပြောချက်ပါရှိပါမည်။ နံနက်ပိုင်းအစီအစဉ်ကို နှစ်ခြင်းဟောပြောချက်ဖြင့် နိဂုံးချုပ်မည်ဖြစ်ပြီး ၎င်းနောက် အရည်အချင်းပြည့်မီသူများသည် နှစ်ခြင်းခံကြပါလိမ့်မည်။

စနေနေ့ မွန်းလွဲပိုင်း၏ ပထမဆုံးဟောပြောချက်မှာ “ကျမ်းရေးသူများ—‘သန့်ရှင်းသောဝိညာဉ်တော်၏ တိုက်တွန်းတော်မူခြင်းကိုခံရ’ ” ဖြစ်ပြီး နောက်ဆက်လိုက်လာမည့်ဟောပြောချက်မှာ “သန့်ရှင်းသောဝိညာဉ်တော်၏တန်ခိုးဖြင့်” “သွေးဆောင်မှုများကို တိုက်လှန်ခြင်း၊” “မောပန်းမှုနှင့် စိတ်ဓာတ်ကျမှုကို ဖြေရှင်းခြင်း၊” “နှိပ်စက်ညှဉ်းပန်းမှုကို ခံရပ်ခြင်း၊” “အန္တရာယ်ရှိသော ရွယ်တူချင်းဖိအားကို တွန်းလှန်ခြင်း” နှင့် “ဆင်းရဲခက်ခဲမှုကို ခံရပ်ခြင်း” ဟူသော အပိုင်းငါးပိုင်းပါသည့် အခန်းဆက်ဟောပြောချက်ဖြစ်သည်။ ယင်းနေ့ကို စည်းဝေးကြီး၏ နောက်ပေါ်လွင်ချက်တစ်ခုဖြစ်သော “ဘုရားသခင့်မေတ္တာတော်၌ တည်နေကြလော့” ဟူသော ဟောပြောချက်ဖြင့် နိဂုံးချုပ်မည်။

တနင်္ဂနွေနေ့ နံနက်ပိုင်းအစီအစဉ်တွင် ဂလာတိ ၅:၁၆ ကိုအခြေခံသော ‘ဝိညာဉ်တော်ဖြင့် လျှောက်လှမ်းနေလော့’ ဟူသည့်အဓိကအကြောင်းကို တင်ပြသွားမည်။ “‘ဘုရားသခင်ထံမှရသော အရည်အသွေးများ’ ကိုမွေးမြူလော့” ဟူသောအပိုင်းကိုးပိုင်းပါသည့် အခန်းဆက်တွင် ဂလာတိ ၅:၂၂၊ ၂၃ တွင်ဖော်ပြထားသော အရည်အသွေးတစ်ခုစီအကြောင်းကို ဆွေးနွေးသွားပါမည်။ “ယေဟောဝါ၏ဝိညာဉ်တော်ဦးဆောင်မှုခံယူသော ဘုရင်အားဖြင့် ကောင်းချီးများ ခံစားရခြင်း” ဟူသောလူထုဟောပြောချက်ဖြင့် နံနက်ပိုင်းအစီအစဉ်ကို နိဂုံးချုပ်ပါမည်။ “ယခင်ကရှိခဲ့သော ချစ်ခြင်းမေတ္တာ မပျောက်ဆုံးစေနှင့်” ဟူသောဝတ်စုံပြည့်ပြဇာတ်သည် မွန်းလွဲပိုင်း၏ အထူးအစီအစဉ်ဖြစ်သည်။ ယင်းသည် ပထမရာစုအကုန်ပိုင်းမှ ခရစ်ယာန်များအကြားတွင် ရှိကောင်းရှိမည်ဖြစ်သည့် သဘောထားများနှင့် အခြေအနေများကို သရုပ်ဖော်ထားသည်။ “ယေဟောဝါ၏ဝိညာဉ်တော် ညွှန်ကြားနေသော အဖွဲ့အစည်းနှင့်အတူ သစ္စာရှိစွာအမှုဆောင်ခြင်း” ဟူသောဟောပြောချက်ဖြင့် ခရိုင်စည်းဝေးကြီးကို နိဂုံးချုပ်မည်ဖြစ်သည်။

တက်ရောက်ရန် ယခုပင် အစီအစဉ်ဆွဲပါလေ။ သင်နှင့်အနီးဆုံး စည်းဝေးကြီးကျင်းပရာနေရာကို သိရှိရန် ဒေသခံယေဟောဝါသက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါ။ ဤမဂ္ဂဇင်း၏ တွဲဖက်စာစောင်ဖြစ်သော ကင်းမျှော်စင်၊ မတ် ၁ ရက်ထုတ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် စည်းဝေးကြီးအားလုံး၏ တည်နေရာများ ပါရှိသည်။