မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အလွန်ကောင်းတဲ့ သွန်သင်ခြင်းကိရိယာတစ်ခုပဲ!”

“အလွန်ကောင်းတဲ့ သွန်သင်ခြင်းကိရိယာတစ်ခုပဲ!”

“အလွန်ကောင်းတဲ့ သွန်သင်ခြင်းကိရိယာတစ်ခုပဲ!”

ယခုအခါ ကမ္ဘာတစ်ဝန်းတွင် ကျမ်းစာသင်အံမှု၌ ကျယ်ပြန့်စွာအသုံးပြုနေသည့် စာမျက်နှာ ၂၂၄ မျက်နှာရှိ၊ ရောင်စုံရုပ်ပုံများပါသော သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း ဟူသည့် စာအုပ်နှင့်ပတ်သက်၍ ပနားမားနိုင်ငံရှိ ယေဟောဝါသက်သေများ၏ အချိန်ပြည့်ခရစ်ယာန်ဓမ္မအမှုဆောင်တစ်ဦးက အထက်ပါအတိုင်း ရေးခဲ့သည်။ “ကျစ်ကျစ်လစ်လစ်၊ အချိတ်အဆက်မိမိနဲ့ ကျိုးကြောင်းညီညွတ်မှုရှိလိုက်ပုံက အံ့ဩစရာပဲ။ ရည်ညွှန်းချက်တွေနဲ့ နောက်ဆက်တွဲတွေကို အသုံးပြုထားတဲ့ပုံစံအသစ်ကြောင့် ဆက်လေ့လာလိုစိတ် ချက်ချင်းပေါ်လာတယ်” ဟုသူရေးသားခဲ့၏။

အမေရိကန်နိုင်ငံ၊ မစ်ဆူရီပြည်နယ်မှ ကျမ်းစာသင်ပေးသူတစ်ဦးက ဤသို့စာရေးခဲ့သည်– “ရိုးရိုးလေးရေးထားတာကို ကျွန်မသဘောကျတယ်။ ကျိုးကြောင်းဆီလျော်မှုအရှိဆုံးနည်းနဲ့ အကြောင်းအရာတွေကို အဆင့်ဆင့်တင်ပြထားတဲ့ ဒီလိုမျိုးစာအုပ်ကို ကျွန်မတစ်ခါမှ မတွေ့ ဖူးဘူး။” သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကိုရသည်နှင့် ကျမ်းစာသင်ပေးသူသည် ကျမ်းစာကို ယခင်က ကြိုးစားလေ့လာခဲ့သော်လည်း စိတ်ဓာတ်ကျသွားသည့် အမျိုးသမီးတစ်ဦးထံသို့ ဤစာအုပ်ကိုယူသွားပေး၏။

“ပထမအခန်းကို သူဖတ်လို့မပြီးခင်မှာပဲ ကျွန်မဆီဖုန်းဆက်ပြီး ဖတ်လို့အရမ်းကောင်းကြောင်း ပြောပြတယ်” ဟု ကျမ်းစာသင်ပေးသူကဆို၏။ ဤစာအုပ်ကို မိမိအတွက်ရေးသားထားသည်ဟု ခံစားရကြောင်း၊ မိမိသည် ကျမ်းစာကို ပြန်လေ့လာလိုစိတ်ပေါ်လာကြောင်း ကျမ်းစာသင်သားဖြစ်ခဲ့သူ ထိုအမျိုးသမီးကပြောပြသည်။ ပထမဆယ်ခန်းကို အတူလေ့လာပြီးနောက် လေ့လာနေသောအရာနှင့်ပတ်သက်၍ ထိုအမျိုးသမီးပျော်ရွှင်နေသည်ကို တွေ့မြင်ရခြင်းက အလွန်ကြည်နူးစရာကောင်းသည်ဟု ကျမ်းစာသင်ပေးသူက မှတ်ချက်ချခဲ့၏။

သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်ကို ရရှိပြီးနောက် နှစ်နှစ်ပင်မပြည့်သေးမီအချိန်တွင် ဘာသာစကား ၁၅၀ ကျော်ဖြင့် အုပ်ရေသန်း ၅၀ ကျော်ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့၍ ဤစာအုပ်ကို သင်မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။