မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဘုရားသခင်မှာ နာမတော်ရှိတယ်ဆိုတာ ကျွန်မ,မသိခဲ့ဘူး”

“ဘုရားသခင်မှာ နာမတော်ရှိတယ်ဆိုတာ ကျွန်မ,မသိခဲ့ဘူး”

“ဘုရားသခင်မှာ နာမတော်ရှိတယ်ဆိုတာ ကျွန်မ,မသိခဲ့ဘူး”

သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာ အဘယ်နည်း စာအုပ်ကို ဖတ်ပြီးနောက် အမျိုးသမီးတစ်ဦးက ထိုစကားများကို ပြောခဲ့သည်။ “ဘုရားသခင်မှာ နာမတော်တစ်ခုရှိတာ ယုတ္တိရှိပါတယ်” ဟုသူမဆက်ပြောသည်။ “ကျွန်မရဲ့သမ္မာကျမ်းစာထဲမှာ ဘုရားသခင်ရဲ့နာမတော်ကို ရှာကြည့်တဲ့အခါ တကယ်ရှိနေတယ်။ အရမ်းအကျိုးရှိပြီး နားလည်ရလွယ်တဲ့ ကျမ်းစာနဲ့ပတ်သက်တဲ့စာအုပ်ကို ကျွန်မတစ်ခါမှ မဖတ်ဖူးဘူး!” ဟုသူက ရှင်းပြခဲ့သည်။

သမ္မာကျမ်းစာသွန်သင်ရာစာအုပ်သည် ကမ္ဘာမြေကြီးအတွက် ဘုရားသခင်၏မူလရည်ရွယ်ချက်မှာ သာယာလှပသည့် ပရဒိသုတစ်ခုဖြစ်စေရန်ဖြစ်ကြောင်း ဖော်ပြသည်သာမက ထိုရည်ရွယ်ချက်ကို မည်သို့ ပြည့်စုံစေမည်ကိုပါ ရှင်းလင်းစွာဖော်ပြသည်။ ထိုစာအုပ်သည် ဖော်ပြပါရည်ရွယ်ချက်ကို ပြီးမြောက်အောင်မြင်စေမည့် ဘုရားသခင့်သားတော် ယေရှုခရစ်၏ အရေးပါသောအခန်းကဏ္ဍကို ထုတ်ဖော်ပြသည်။ ကျွန်ုပ်တို့ အဘယ်ကြောင့် အိုမင်း၍သေဆုံးရကြောင်း၊ ဆင်းရဲဝေဒနာများကို ဘုရားသခင် အဘယ်ကြောင့်ခွင့်ပြုထားကြောင်းနှင့် ဘုရားသခင့်နိုင်ငံတော်သည် ဆင်းရဲဝေဒနာအားလုံးမှ မည်သို့ လွတ်ကင်းစေမည်ဖြစ်ကြောင်း ကျမ်းစာရှင်းပြချက်ကို ထိုစာအုပ်က သိရှိစေသည်။

သမ္မာကျမ်းစာသွန်သင်ရာစာအုပ်ကို ရရှိခဲ့သည်မှာ သုံးနှစ်မျှသာရှိသေးသော်လည်း ဘာသာစကားပေါင်း ၂၂၀ ဖြင့် စောင်ရေ ၇၉ သန်းကျော် ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ ၍ ဤစာအုပ်ကို သင် မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။