မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူ၏ဆရာမ ယင်းစာအုပ်ကို ထောက်ခံခဲ့

သူ၏ဆရာမ ယင်းစာအုပ်ကို ထောက်ခံခဲ့

သူ၏ဆရာမ ယင်းစာအုပ်ကို ထောက်ခံခဲ့

▪ လူငယ်များသည် ယုံကြည်စိတ်ချရသော လမ်းညွှန်ချက်များကို အဘယ်နေရာတွင် ရှာတွေ့နိုင်သနည်း။ အီတလီမှ ဆယ့်သုံးနှစ်အရွယ် ကာရင်သည် လူငယ်များအမေးတာသွားသည့်အဖြေ စာအုပ်ကို နှစ်သက်ခဲ့သည်။ မကြာသေးခင်က သူသည် အတန်းဖော်များအား မိမိ၏စိတ်အားထက်သန်မှုကို ဝေမျှဖို့အခွင့်အရေး ရရှိခဲ့သည်။

“ကျွန်မဟာ အဋ္ဌမတန်းကျောင်းသူပါ၊ ဆယ်ကျော်သက်တွေအတွက် တစ်မူထူးတဲ့ ပြဿနာတွေကို အတန်းထဲမှာ ကျွန်မတို့ဆွေးနွေးခဲ့ကြတယ်” ဟု သူ ရှင်းပြသည်။ တစ်နေ့တွင် ဆရာမသည် ကျွန်မအနားသို့ကပ်လာပြီး လူငယ်များအတွက် ကျွန်မတို့၏စာပေများသည် အထောက်အကူပေးသည်ဟု သူကြားသိခဲ့ရကြောင်း ပြောပြသည်။ စာအုပ်တချို့ ရနိုင်မည်လောဟု သူ ကျွန်မကို မေးခဲ့သည်။ ထို့ကြောင့် လူငယ်များအမေး စာအုပ်ကို သူ့အားပေးခဲ့သည်။

“ရက်အနည်းငယ်ကြာပြီးတဲ့နောက် သူဟာ အဲဒီစာအုပ်ကို အသုံးပြုပြီး ‘ရုပ်ဆင်းရူပကာ ဘယ်လောက်အရေးပါသလဲ’ လို့ခေါင်းစဉ်တပ်ထားတဲ့ အခန်း ၁၀ ကိုအာရုံစိုက် ဆွေးနွေးခဲ့ကြတယ်။ အခန်းရဲ့အဆုံးမှာရှိတဲ့ ‘ဆွေးနွေးရန်မေးခွန်းများ’ ကို အခြေခံပြီး အိမ်စာလုပ်လာဖို့တောင် တာဝန်ပေးလိုက်တယ်။ ‘ဒီစာအုပ်ထဲမှာ ရေးထားတာအရမ်းကောင်းတယ်၊ မင်းတို့အားလုံးမှာ တစ်အုပ်စီမရှိဘူးဆိုတာ ဝမ်းနည်းစရာပဲ’ ဟုပြောခဲ့သည်။

“စိတ်ဝင်စားတဲ့သူ ဘယ်သူ့ကိုမဆို အဲဒီစာအုပ် ပေးမယ်လို့ ကျွန်မပြောခဲ့တယ်၊ အဲဒီအတွက် အတန်းဖော် ၁၆ ယောက် လာတောင်းကြတယ်။ စာအုပ်တွေကို ကျွန်မပေးနေတဲ့အချိန်မှာ အစတုန်းက စိတ်မဝင်စားဘူးလို့ ပြောခဲ့တဲ့ကျောင်းသားတွေတောင်မှ သဘောထားတွေ ပြောင်းလဲသွားပြီး အခုတော့ လိုချင်နေကြပြီ။”

“ငါဘာကြောင့် ဒီလောက်တောင်စိတ်ညှိုးငယ်ရသလဲ”၊ “အချစ်စစ် အချစ်မှန်ဖြစ်မှန်း ငါဘယ်လိုလုပ် သိနိုင်မလဲ”၊ “မူးယစ်ဆေးဝါးကို အဘယ်ကြောင့် ငြင်းပယ် သင့်သနည်း”၊ “တီဗွီကြည့်တဲ့အကျင့်ကို ငါဘယ်လိုထိန်းချုပ်နိုင်မလဲ” ကဲ့သို့သော အခန်းများလည်း လူငယ်များအမေး စာအုပ်တွင် ပါဝင်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ ၍ ဤစာအုပ်ကို မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ ရလိုသည့်ဘာသာစကားကို ဖော်ပြပါ။