မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သူတို့အား ပို၍အဓိပ္ပာယ်ပြည့်ဝသည့် အသက်တာရရှိစေရန် ယင်းကကူညီပေး

သူတို့အား ပို၍အဓိပ္ပာယ်ပြည့်ဝသည့် အသက်တာရရှိစေရန် ယင်းကကူညီပေး

သူတို့အား ပို၍အဓိပ္ပာယ်ပြည့်ဝသည့် အသက်တာရရှိစေရန် ယင်းကကူညီပေး

“လာ၍ ငါ့နောက်သို့လိုက်လော့” စာအုပ်သည် ယင်းစာအုပ်ကို ဖတ်ရှုခဲ့သူများစွာအပေါ် အလွန်အကျိုးသက်ရောက်ခဲ့ပါသည်။ “ယေရှုဟာ ကျွန်မအတွက် တကယ့်ပုဂ္ဂိုလ်ဖြစ်လာတယ်။ ယေရှုရဲ့အခန်းကဏ္ဍကို ကျွန်မ ပိုပြီးနားလည်လာတယ်။ အခု ကျွန်မ ပိုပြီးအဓိပ္ပာယ်ပြည့်ဝတဲ့အသက်တာနဲ့ အသက်ရှင်ချင်လာပြီး လူသားတွေ အရမ်းလိုအပ်နေတဲ့ သတင်းကောင်းဟောပြောခြင်းလုပ်ငန်းမှာ ပါဝင်ချင်လာတယ်” ဟုအမျိုးသမီးတစ်ဦးကပြောခဲ့၏။

ဖခင်တစ်ဦးက ဤသို့ရေးသည်– “ဒီစာအုပ်က ယေရှုထားခဲ့တဲ့ အကောင်းဆုံးပုံသက်သေကို တုပဖို့အရေးကြီးတယ်ဆိုတာ ကျွန်တော့်ကို သဘောပေါက်စေခဲ့တယ်။ . . . ဒီစာအုပ်ထဲမှာ ယေရှုရဲ့သွန်သင်ချက်တွေနဲ့ ကမ္ဘာပေါ်ရှိစဉ် ပြသခဲ့တဲ့ နှိမ့်ချမှု၊ မေတ္တာ၊ စိတ်ရှည်မှု၊ နာခံမှုနဲ့ ဇွဲရှိမှုစတဲ့ အရည်အသွေးတွေကို စဉ်းစားဆင်ခြင်ဖို့ သင်ယူသိရှိခဲ့ရတယ်။ ယေရှုထားခဲ့တဲ့ အထူးကောင်းမွန်လှတဲ့ပုံသက်သေက ကျွန်တော့်ကို ဆက်ပြီးလုပ်ဆောင်ဖို့ အားပေးခဲ့တယ်။”

နောက်ထပ်စာဖတ်သူတစ်ဦးက စာအုပ်၏နောက်ကျောဖုံးတွင် ဖော်ပြထားသည့်အချက်ကို အပြည့်အဝသဘောတူကြောင်း ဖော်ပြခဲ့သည်၊ တစ်စိတ်တစ်ပိုင်းအနေနှင့် ဤသို့ဆိုသည်– “ယေရှုခရစ်သည် လူသားတိုင်းလိုအပ်သော ဘုရားသခင်ခန့်အပ်ထားသည့် ခေါင်းဆောင်ဖြစ်သည်။ . . . ဤစာအုပ်သည် ယေရှုအား ပို၍တရင်းတနှီးသိရှိလာစေရန်နှင့် ကိုယ်တော့်နောက်သို့ ပို၍အနီးကပ်လိုက်လျှောက်ရန် ကူညီပေးပါလိမ့်မည်။” ထို့နောက် စာဖတ်သူက “ဒီစာအုပ်က ယေရှုကို ချစ်မြတ်နိုးဖို့၊ ကိုယ်တော်ကို ယုံကြည်ကြောင်းတင်ပြဖို့၊ နာခံဖို့နဲ့ ကိုယ်တော့်နောက်လိုက်ဖို့ ကျွန်တော်တို့ကို တကယ်ကူညီပေးတယ်” ဟုပြောခဲ့သည်။

၁၉၂ မျက်နှာရှိ “လာ၍ ငါ့နောက်သို့လိုက်လော့” စာအုပ်ထဲတွင် ယေရှု၏မြေကြီးအသက်တာကို ဘက်ပေါင်းစုံမှဖော်ပြထားသော စာမျက်နှာပြည့်ရောင်စုံရုပ်ပုံ ၁၃ ပုံပါဝင်သည်။ ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်ပေါ်တွင်ဖော်ပြထားသည့်လိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ ၍ အင်္ဂလိပ်ဘာသာဖြင့် ဤစာအုပ်ကို သင် မှာယူနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။