မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“အရမ်းဟောင်းနွမ်းနေတဲ့ စာအုပ်တစ်အုပ်” ကြောင့် ရောဂါပျောက်သွား

“အရမ်းဟောင်းနွမ်းနေတဲ့ စာအုပ်တစ်အုပ်” ကြောင့် ရောဂါပျောက်သွား

“အရမ်းဟောင်းနွမ်းနေတဲ့ စာအုပ်တစ်အုပ်” ကြောင့် ရောဂါပျောက်သွား

▪ တောင်အမေရိကရှိ ဘရာဇီးနိုင်ငံမှ ယေဟောဝါသက်သေတစ်ဦးသည် လူတို့၏အိမ်များသို့ လည်ပတ်စဉ် မိမိ၏ ယောက္ခမသည် စာအုပ်တစ်အုပ်ကြောင့် ရောဂါပျောက်သွားသည်ဟု ပြောပြသည့် အမျိုးသမီးတစ်ဦးနှင့် တွေ့ဆုံခဲ့သည်။ သက်သေခံက သိလိုစိတ်ဖြင့် အဘယ်စာအုပ်နည်းဟု မေးခဲ့သည်။ အမျိုးသမီးက “အရမ်းဟောင်းနွမ်းနေတဲ့ စာအုပ်တစ်အုပ်ပါ” ဟုဆိုကာ သူ့သား၏ စုတ်ပြဲနေသော ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို ယူလာသည်။

မိမိ၏ယောက္ခမသည် စိတ်ကျဝေဒနာခံစားနေရပြီး သေရမည်ကို အလွန်ကြောက်ကာ မှောင်နေပါက အိပ်ရာမှမခွာကြောင်း အမျိုးသမီးကပြောပြသည်။ အမျိုးသမီး၏သားဖြစ်သူသည် ကျမ်းစာပုံပြင်စာအုပ်ရလာပြီး သူ့အဘွားအား စတင်ဖတ်ပြသည်။ အဘွားသည် မြေးဖြစ်သူ ဖတ်ပြရာများကြောင့် အလွန်အားရှိလာပြီး သူ၏အခက်အခဲမှ လွတ်မြောက်ခဲ့သည်။

သက်သေခံက ဤသို့ပြန်ပြောပြသည်– “အဲဒီစာအုပ်က သက်သေခံတွေ ရေးသားပုံနှိပ်ထုတ်ဝေတာလို့ ကျွန်မကပြောပြပြီး စာအုပ်အသစ်ယူလာပေးမယ်လို့ပြောတော့ သူက သူ့ယောက္ခမအတွက်တစ်အုပ်နဲ့ သူ့အတွက်တစ်အုပ် စုစုပေါင်း နှစ်အုပ်ယူလာပေးဖို့ ပြောခဲ့တယ်။ ကျွန်မသူ့ဆီ စာအုပ်သွားပို့ပေးတဲ့အခါ ထပ်တောင်းတယ်။ နောက်ဆုံးမှာ တခြားမိတ်ဆွေတွေအတွက်ပါ တောင်းလို့ ၁၆ အုပ်ဖြစ်သွားတယ်။”

သမ္မာကျမ်းစာမှလူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များကို ဆွေးနွေးထားကာ ပုံပြင် ၁၁၆ ပုဒ်ပါရှိသော ကျွန်ုပ်၏ကျမ်းစာပုံပြင်စာအုပ်ကို သင်တောင်းဆိုနိုင်ပါသည်။ ဤစာအုပ်ကို ထုတ်ဝေခဲ့သည့် လွန်ခဲ့သော အနှစ် ၃၀ မှစ၍ အုပ်ရေ ၇၂ သန်းကျော် ပုံနှိပ်ထုတ်ဝေပြီးဖြစ်သည်။ ဤစာအုပ်တစ်အုပ်ရရန် ပူးတွဲပါကူပွန်ကိုဖြည့်၍ ကူပွန်ပါလိပ်စာ သို့မဟုတ် စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာတစ်ခုခုသို့ ပေးပို့ရုံသာဖြစ်သည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။