မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘ကမ္ဘာ့ဘာသာတရားတွေအကြောင်း ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်’

‘ကမ္ဘာ့ဘာသာတရားတွေအကြောင်း ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်’

‘ကမ္ဘာ့ဘာသာတရားတွေအကြောင်း ဖော်ပြထားတဲ့ အကောင်းဆုံးစာအုပ်’

▪ ကနေဒါမှ အထက်တန်းပြဆရာမတစ်ဦးသည် ကျောင်းသားများအား မိမိ၏ဒေသတွင်ရှိသော ဘာသာကွဲအတော်များများ၏ ယုံကြည်ချက်များအကြောင်း သင်ကြားရာတွင် အခက်တွေ့ ခဲ့သည်။ ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ်ကို ဖတ်ပြီးနောက် သူမက “ကမ္ဘာ့ဘာသာတရားတွေအကြောင်း ကျွန်မဖတ်ခဲ့ဖူးသမျှ စာအုပ်တွေထဲမှာ ဒီစာအုပ်က အကောင်းဆုံးပဲ” ဟုပြောခဲ့သည်။ ဆရာမသည် စာအုပ်ကို အလွန်ကြိုက်နှစ်သက်သွားပြီး စာသင်ခန်းတွင် ယင်းကိုအသုံးပြုရန် ကျောင်းဘုတ်အဖွဲ့ထံ ခွင့်ပြုချက်တောင်းခံခဲ့ရာ ခွင့်ပြုချက်ရရှိခဲ့သည်။

ယေဟောဝါသက်သေများ၏ ကနေဒါဌာနခွဲရုံးမှ အုပ်ရေ ၄၀ ကိုရယူရန် မိုင် ၃၀၀ ကျော်ဝေးသော ခရီးကိုသွားလိုကြောင်း ဆရာမက ပြောခဲ့သည်။ သို့သော် သူမ၏ဒေသရှိသက်သေခံများက ထိုစာအုပ်များကို သူမထံ ဝမ်းမြောက်ဝမ်းသာ ပေးပို့ခဲ့ကြသည်။ သူမ၏အတန်းထဲမှ ကျောင်းသားအများစုသည် ယင်းစာအုပ်ကို အလွန်ကြိုက်နှစ်သက်ကြသောကြောင့် ကိုယ်ပိုင်ရရှိရန် တောင်းခံခဲ့ကြသည်။

ဤစာအုပ်က သင့်ဒေသရှိလူတို့၏ ယုံကြည်ချက်များကို သိနားလည်ရန် သင့်ကိုလည်း ကူညီပေးနိုင်ကြောင်း တွေ့ရှိပေမည်။ ယင်းတွင် ဟင်ဒူ၊ ဗုဒ္ဓ၊ တာအို၊ ကွန်ဖြူးရှပ်၊ ရှင်တို၊ ဂျူး၊ အစ္စလာမ်နှင့် ခရစ်ယာန်အပါအဝင် ကမ္ဘာ့အဓိကဘာသာကြီးလေးခုတို့၏ ဇာစ်မြစ်၊ သမိုင်းကြောင်းနှင့် အဆုံးအမများအကြောင်း ရှင်းပြထားသည်။

သင်သည် ပူးတွဲပါကူပွန်ကို ဖြည့်စွက်ကာ ကူပွန်တွင် ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ တွင်ပါသော သင့်လျော်ရာလိပ်စာသို့ စာတိုက်မှပေးပို့ ၍ ရောင်စုံရုပ်ပုံများပါရှိပြီး ၃၈၄ မျက်နှာရှိသည့် ဘုရားသခင်ကိုလူသားများရှာပုံတော်စာအုပ် (အင်္ဂလိပ်၊ တမီလ်၊ တရုတ်) ကိုမှာယူနိုင်ပါသည်။

□ ဘုရားသခင်ကို လူသားများရှာပုံတော် စာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။