မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ငါ သူငယ်ချင်းကောင်းတွေ လိုအပ်သလား

ငါ သူငယ်ချင်းကောင်းတွေ လိုအပ်သလား

လူငယ်များအမေး

ငါ သူငယ်ချင်းကောင်းတွေ လိုအပ်သလား

“ကျွန်မစိတ်ဆိုးနေတယ်ဆိုရင် အဲဒီခံစားချက်ကို တစ်ယောက်ယောက်ကို ပြောပြဖို့လိုတယ်။ ကျွန်မဝမ်းနည်းနေတယ်ဆိုရင် ကျွန်မကို နှစ်သိမ့်ပေးမယ့်သူတစ်ယောက်ယောက်ကို လိုချင်တယ်။ ကျွန်မပျော်နေတယ်ဆိုရင် အဲဒါကို တစ်ယောက်ယောက်နဲ့ဝေမျှချင်တယ်။ ကျွန်မအတွက်ကတော့ သူငယ်ချင်းတွေဆိုတာ မရှိမဖြစ်ပဲ။”—ဘရစ်တနီ။

ကလေးငယ်များ ကစားဖော်လိုသည်၊ ဆယ်ကျော်သက်များ သူငယ်ချင်းလိုသည်ဟု ပြောကြသည်။ ကွာခြားချက်ကားအဘယ်နည်း။

ကစားဖော်တစ်ဦးသည် သင့်ကို အဖော်ပြုပေးသူ တစ်ဦးဖြစ်သည်။

သူငယ်ချင်းတစ်ဦးသည် သင်နှင့်စံနှုန်းချင်းလည်းတူသူ တစ်ဦးဖြစ်သည်။

ထို့ပြင်၊ “အဆွေခင်ပွန်းသည် အခါခပ်သိမ်းချစ်တတ်၏။ ညီအစ်ကိုသည် ဒုက္ခကာလအဖို့ မွေးဖွားလျက်ရှိ၏” ဟုကျမ်းစာကဆိုသည်။ (သု. ၁၇:၁၇) ယင်းအဆိုသည် ကစားကွင်းတွင်တွေ့ရသော မိတ်ဖွဲ့ခြင်းထက် ပိုမိုနက်ရှိုင်းသောမိတ်ဖွဲ့ခြင်းကို ဖော်ပြခြင်းဖြစ်နိုင်ပါသည်။

အဖြစ်မှန်– သင်သည် ရင့်ကျက်ခြင်းသို့ တက်လှမ်းနေသည်နှင့်အမျှ

(၁) အထင်ကြီးလေးစားဖွယ်အရည်အသွေးများရှိသော

(၂) ချီးမွမ်းဖွယ်စံနှုန်းများဖြင့် အသက်ရှင်သော

(၃) သင့်အပေါ် အပြုသဘောသြဇာသက်ရောက်မှုရှိသော သူငယ်ချင်းများ လိုအပ်ပါသည်။

မေးခွန်း– သင့်သူငယ်ချင်းများသည် ယင်းလိုအပ်ချက်များကို ပြည့်မီကြောင်း သင်မည်သို့သိနိုင်သနည်း။ တစ်ကြိမ်လျှင် အကြောင်းရင်းတစ်ခုကို သုံးသပ်ကြည့်ကြစို့။

မိတ်ဖွဲ့ရာတွင် သုံးသပ်စရာ #၁—အထင်ကြီးလေးစားဖွယ်အရည်အသွေးများ

သင်သိထားသင့်ရာ။ လူတိုင်း မိတ်ဆွေစစ်ဖြစ်မလာနိုင်ပါ။ “အပေါင်းအဖော်များသောသူသည် အကျိုးနည်းရှိတတ်၏” ဟုပင် သမ္မာကျမ်းစာကဆိုသည်။ (သု. ၁၈:၂၄) ယင်းသည် အစွန်းရောက်ပုံပေါ်ပေမည်။ သို့သော် ဤအချက်ကို သုံးသပ်ပါ– သင့်အပေါ် အခွင့်အရေးယူသော “သူငယ်ချင်း” တစ်ဦး ရှိခဲ့ဖူးပါသလော။ သင့်နောက်ကွယ်တွင် သင့်အကြောင်းပြောသော သို့မဟုတ် သင်နှင့်ပတ်သက်သည့် မဟုတ်မမှန်ကောလာဟလများဖြန့်သော သူငယ်ချင်းနှင့်ပတ်သက်၍ကော။ ယင်းသို့သော အတွေ့အကြုံများသည် သင့်အား မိတ်ဆွေသူငယ်ချင်းများအပေါ် အယုံအကြည်ကင်းမဲ့စေပါသည်။ * မိတ်ဆွေသူငယ်ချင်းများနှင့်ပတ်သက်လာလျှင် အရေအတွက်ထက် အရည်အသွေးက ပို၍အရေးပါကြောင်း အမြဲသတိရသင့်သည်။

သင်လုပ်ဆောင်နိုင်ရာ။ တုပထိုက်သောအရည်အသွေးများရှိသည့် သူငယ်ချင်းများကို ရွေးချယ်ပါ။

“လူတိုင်းဟာ ကျွန်မရဲ့သူငယ်ချင်း ဖီအိုနာကို အကောင်းမြင်ကြတယ်။ ကျွန်မလည်း သူ့လိုပဲအကောင်းပြောတာခံချင်တယ်။ သူရထားတဲ့နာမည်ကောင်းကို ကျွန်မလည်းလိုချင်တယ်။ ကျွန်မကတော့ အဲဒါကို အထင်ကြီးလေးစားတယ်။”—အီဗတ်၊ ၁၇ နှစ်။

ဤလေ့ကျင့်ခန်းကို ကြိုးစားကြည့်ပါ။

၁။ ဂလာတိ ၅:၂၂-၂၃ ကိုဖတ်ပါ။

၂။ သင့်ကိုယ်သင် ဤသို့မေးပါ– ‘ငါ့သူငယ်ချင်းတွေဟာ “ဘုရားသခင့်စွမ်းအားတော်ကြောင့် ဖြစ်ပေါ်လာသော အရည်အသွေး” တွေကို ရောင်ပြန်ဟပ်နေရဲ့လား။’

၃။ သင့်အရင်းနှီးဆုံး သူငယ်ချင်းများ၏အမည်များကို အောက်တွင်ချရေးပါ။ အမည်တစ်ခုစီ၏ဘေးတွင် သူ၏အကောင်းဆုံး အကျင့်စရိုက်ကို ရေးပါ။

အမည် အကျင့်စရိုက်

․․․․․ ․․․․․

․․․․․ ․․․․․

․․․․․ ․․․․․

အကြံပြုချက်– အပျက်သဘောဆောင်သည့် အကျင့်စရိုက်များသာ စိတ်ထဲတွင် ပေါ်လာသည်ဆိုလျှင် ပို၍ကောင်းသောသူငယ်ချင်းများကို ရှာရမည့်အချိန်ဖြစ်ပေမည်။

မိတ်ဖွဲ့ရာတွင် သုံးသပ်စရာ #၂—ချီးမွမ်းဖွယ်စံနှုန်းများ

သင်သိထားသင့်ရာ။ သင်သည် သူငယ်ချင်းများကို အလွန်အကျွံမက်မောလေ နိမ့်ကျသောစံနှုန်းများကို ပို၍လက်ခံလေ ဖြစ်နိုင်သည်။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “ပညာရှိတို့နှင့် ပေါင်းဖော်သောသူသည် ပညာရှိတတ်၏။ လူမိုက်တို့နှင့် ပေါင်းဖော်သောသူမူကား ပျက်စီးတတ်၏။” (သု. ၁၃:၂၀) “လူမိုက်” ဟူသည့်အသုံးအနှုန်းသည် စဉ်းစားဉာဏ်ကင်းမဲ့သူများကို မဆိုလိုပါ။ ယင်းအစား၊ ခြေမြစ်သောကျိုးကြောင်းဆင်ခြင်မှုများကို လက်မခံသော၊ ကိုယ်ကျင့်တရားလျော့ရဲသည့်လမ်းစဉ်ကို လိုက်လျှောက်သောသူငယ်ချင်းမျိုး သင်မလိုအပ်ပါ။

သင်လုပ်ဆောင်နိုင်ရာ။ သင့်ကိုလက်ခံမည့် မည်သူနှင့်မဆို မိတ်ဖွဲ့မည့်အစား ပိုင်းခြားသိမြင်မှုရှိပါ။ (ဆာလံ ၂၆:၄) ယင်းက သင်သည် ဘက်လိုက်သင့်သည်ဟု ဆိုလိုနေခြင်းမဟုတ်ပါ။ ဤရှေ့နောက်စကားအရ၊ ပိုင်းခြားသိမြင်မှုရှိခြင်းဟူသည် သင်သည် “ဖြောင့်မတ်သောသူ၊ မဖြောင့်မတ်သောသူ၊ ဘုရားသခင်၏အမှုတော်ကိုဆောင်သောသူ၊ မဆောင်သောသူတို့ကို ပိုင်းခြား၍သိ” ရန် အမြော်အမြင်ရှိရမည်ဟု ဆိုလိုခြင်းဖြစ်သည်။—မာလခိ ၃:၁၈

ဘုရားသခင်သည် မျက်နှာမလိုက်ပါ၊ သို့သော် မည်သူ့ကို ‘တဲတော်၌ တည်း’ ခိုခွင့်ပြုမည့်ကိစ္စနှင့်စပ်လျဉ်း၍ ကိုယ်တော် ပိုင်းခြားသိမြင်ခဲ့သည်။ (ဆာလံ ၁၅:၁-၅) သင်လည်း အလားတူလုပ်ဆောင်နိုင်ပါသည်။ ဘုရားသခင်ရေးရာစံနှုန်းများနှင့်အညီ အသက်ရှင်ပါက ထပ်တူအသက်ရှင်ရန် ကြိုးစားနေသူတို့သည် သင့်ကိုရှာတွေ့နိုင်ရန် အကြောင်းပိုများသည်။ အဆုံးတွင် ဘုရားသခင်ရေးရာစံနှုန်းများနှင့်အညီ အသက်ရှင်နေသူတို့သည် မိတ်ဆွေကောင်းများ ဖြစ်လာကြပါလိမ့်မည်။

“ဘုရားသခင်ရေးရာစံနှုန်းတွေနဲ့အညီ အသက်ရှင်တဲ့ ရွယ်တူချင်းတွေရှာတွေ့ဖို့ ကျွန်တော့်ရဲ့မိဘတွေ ကူညီပေးခဲ့တဲ့အတွက် ကျေးဇူးတင်မိတယ်။”—ခရစ္စတိုဖာ၊ ၁၃ နှစ်။

ဤလေ့ကျင့်ခန်းကို ကြိုးစားကြည့်ပါ။

အောက်ပါမေးခွန်းများကို ဖြေဆိုပါ–

▪ သူငယ်ချင်းများနှင့် အတူရှိနေချိန်တွင် မှားသည်ဟု ကျွန်ုပ်သိထားသော အရာတစ်ခုခုကိုပြုလုပ်ဖို့ သူတို့ ဖိအားပေးလာနိုင်ကြောင်း ကျွန်ုပ်စိုးရိမ်လေ့ရှိသလော။

□ စိုးရိမ်သည် □ မစိုးရိမ်ပါ

▪ သူငယ်ချင်းများကို မိဘများ လက်မခံမည်ကို စိုးရိမ်သည့်အတွက် မိဘများနှင့် မိတ်ဆက်ပေးရန် ကျွန်ုပ်တွန့်ဆုတ်နေပါသလော။

□ တွန့်ဆုတ်သည် □ မတွန့်ဆုတ်ပါ

အကြံပြုချက်– သင်သည် အထက်ပါမေးခွန်းများကို ဟုတ်သည်ဟု ဖြေဆိုခဲ့လျှင် မြင့်မားသောစံနှုန်းများရှိသည့် သူငယ်ချင်းများကို ရှာဖွေပါ။ သင့်ထက် အသက်အနည်းငယ်ကြီးပြီး ခရစ်ယာန်အသက်တာတွင် စံနမူနာကောင်းရှိသူတို့နှင့် စတင်မိတ်ဖွဲ့ပါလေ။

မိတ်ဖွဲ့ရာတွင် သုံးသပ်စရာ #၃—အပြုသဘောသြဇာသက်ရောက်မှု

သင်သိထားသင့်ရာ။ သမ္မာကျမ်းစာက ဤသို့ဆိုသည်– “မကောင်းသောအပေါင်းအသင်းတို့သည် ကောင်းသောအကျင့်တို့ကို ပျက်စီးစေတတ်၏။” (၁ ကောရိန္သု ၁၅:၃၃) လော်ရန်ဟုခေါ်သော လူငယ်တစ်ဦး ဤသို့ဆိုသည်– “ကျွန်မအတန်းဖော်တွေဟာ သူတို့လုပ်ခိုင်းတာကို ကျွန်မလုပ်နေသရွေ့ ကျွန်မကို လက်ခံကြတယ်။ ကျွန်မဟာ တစ်ယောက်တည်းဖြစ်နေတဲ့အတွက် သူတို့နဲ့ရောလို့ရအောင် သူတို့လိုပဲ လိုက်လုပ်ဖို့ ကျွန်မဆုံးဖြတ်လိုက်တယ်။” အခြားသူတို့၏စံနှုန်းများနှင့်အညီ ပြုမူသောအခါ သင်သည် ၎င်းတို့၏စစ်တုရင်ခုံပေါ်မှ အရုပ်တစ်ရုပ်ပမာဖြစ်လာနိုင်ပြီး သူတို့သည် သင့်ကို စိတ်ကူးပေါက်ရာ ရွှေ့နေမည်ဖြစ်ကြောင်း လော်ရန်တွေ့ရှိခဲ့သည်။ သင် ထိုသို့အဖြစ်မခံပါနှင့်။

သင်လုပ်ဆောင်နိုင်ရာ။ သူတို့၏ဘဝပုံစံအတိုင်း ပြုမူဖို့ သင့်ကို မရမနေ တောင်းဆိုသူများနှင့် အဆက်အသွယ်ဖြတ်လိုက်ပါ။ ထိုသို့သင်လုပ်ဆောင်လျှင် သင်စိတ်ချမ်းသာလာမည်ဖြစ်ပြီး သင့်အပေါ် အပြုသဘောသြဇာသက်ရောက်မည့် ပို၍ကောင်းသောသူများနှင့် မိတ်ဖွဲ့နိုင်ရန် တံခါးဖွင့်ပေးရာလည်းရောက်သည်။—ရောမ ၁၂:၂

“ကျွန်တော်နဲ့ရင်းနှီးတဲ့သူငယ်ချင်း ကလင့်ဟာ ကောင်းကောင်းချင့်ချိန်ဆုံးဖြတ်တတ်ပြီး တစ်ဖက်သားရဲ့ခံစားချက်ကိုလည်း နားလည်ပေးတယ်၊ ဒါနဲ့ သူဟာ ကျွန်တော့်အတွက် တကယ့်ကို အားပေးမှုဖြစ်ခဲ့တယ်။”—ဂျေစဲန်၊ ၂၁ နှစ်။

ဤလေ့ကျင့်ခန်းကို လုပ်ကြည့်ပါ။

အောက်ပါမေးခွန်းများကို သင့်ကိုယ်သင်မေးပါ–

▪ ကျွန်ုပ်၏သူငယ်ချင်းများကျေနပ်ဖို့ ကျွန်ုပ်၏ဝတ်စားပုံ၊ စကားပြောပုံ သို့မဟုတ် ပြုမူပုံကို ပြောင်းလဲလိုက်သလော။

□ ပြောင်းလဲလိုက်သည် □ မပြောင်းလဲပါ

▪ ကျွန်ုပ်သည် သူငယ်ချင်းများကြောင့်သာမဟုတ်လျှင် ကျွန်ုပ်သွားမည်မဟုတ်သော ကိုယ်ကျင့်တရားဘက်တွင် မေးခွန်းထုတ်စရာရှိနိုင်သည့်နေရာများကို သွားပါသလော။

□ သွားသည် □ မသွားပါ

အကြံပြုချက်– အထက်ပါမေးခွန်းများကို သင်သည် ဟုတ်ကဲ့ဟုဖြေဆိုလျှင် သင့်မိဘများ သို့မဟုတ် ရင့်ကျက်သောလူကြီး နောက်တစ်ဦးထံသွားကာ အကြံဉာဏ်တောင်းခံပါ။ သင်သည် ယေဟောဝါသက်သေတစ်ဦးဖြစ်သည်ဆိုလျှင် ခရစ်ယာန်အကြီးအကဲတစ်ဦးထံ ချဉ်းကပ်နိုင်ပြီး သင့်အပေါ် ပိုကောင်းသောသြဇာသက်ရောက်မည့် သူငယ်ချင်းများကို ရွေးချယ်ရာတွင် အကူအညီရလိုကြောင်း သူ့ကိုပြောပြပါ။

“လူငယ်များအမေး” အခန်းဆက်များမှ ထပ်ဆင့်ဆောင်းပါးများကို www.watchtower.org/ype ဝက်ဘ်ဆိုက်တွင် တွေ့နိုင်ပါသည်

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 14 မှန်ပါသည်၊ လူအားလုံး အမှားများ ပြုလုပ်ကြသည်။ (ရောမ ၃:၂၃) ထို့ကြောင့် သူငယ်ချင်းတစ်ဦးသည် သင့်ကို နာကြည်းအောင်ပြုလုပ်ခဲ့သော်လည်း စစ်မှန်သောနောင်တရကြောင်း တင်ပြသောအခါ “ချစ်ခြင်းမေတ္တာသည် များစွာသောအပြစ်တို့ကို ဖုံးအုပ်တတ်” ကြောင်း သတိရပါ။—၁ ပေတရု ၄:၈

ချင့်တွေးစရာ

▪ သူငယ်ချင်းတစ်ဦး၏ အဘယ်အရည်အသွေးများကို သင်တန်ဖိုးအထားဆုံးနည်း၊ အဘယ်ကြောင့်နည်း။

▪ မိတ်ဖွဲ့ရာတွင် သူငယ်ချင်းကောင်းတစ်ဦးဖြစ်ရန် သင့်တွင် အဘယ်အရည်အသွေးများ လိုအပ်သနည်း။

[စာမျက်နှာ ၁၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ရွယ်တူချင်းများပြောဆိုရာ

“ကျွန်တော့်မိဘတွေက ကျွန်တော့်ကို အုပ်စုတချို့နဲ့ ဝေးဝေးမှာနေဖို့ပြောတဲ့အခါ ကျွန်တော်ပေါင်းချင်တာ သူတို့ပဲရှိတယ်လို့ ကိုယ့်ဘာသာကိုယ်ပြောခဲ့တယ်။ ဒါပေမဲ့ ကျွန်တော့်မိဘတွေအကြံပေးတာ မှန်ပါတယ်၊ သူတို့အကြံပေးတာကို စပြီးစဉ်းစားလိုက်တာနဲ့ ပိုကောင်းတဲ့သူငယ်ချင်းတွေ အများကြီး ရှိတယ်ဆိုတာ ကျွန်တော်သဘောပေါက် လာတယ်။”—ကိုးလ်။

“ကျွန်မအတွက်တော့ ခရစ်ယာန်ဓမ္မအမှုမှာ ပါဝင်လုပ်ဆောင်တာဟာ အသင်းတော်က လူတွေကိုသိကျွမ်းဖို့ အကောင်းဆုံး နည်းလမ်းပဲ။ အသင်းတော်မှာ အသက်အရွယ်အမျိုးမျိုးရှိတဲ့ လူပေါင်းစုံနဲ့ ပေါင်းသင်းခွင့်ရတယ်။ ယေဟောဝါကို ချစ်တဲ့သူတွေနဲ့ ကျွန်မရဲ့အချိန်ကို ကုန်ဆုံးစေတယ်။”—အီဗတ်။

“ကျွန်တော် သူငယ်ချင်းရဖို့ ဆုတောင်းခဲ့တယ်၊ ဒါပေမဲ့ သူငယ်ချင်းတွေရဖို့ ကျွန်တော့်ဘက်က ဘာမှမလုပ်ဆောင်ဘူးဆိုတာ သဘောပေါက်လာတယ်။ ဒါ့ကြောင့် ခရစ်ယာန်အစည်းအဝေးတွေမှာ ကျွန်တော့်ဘက်ကအစပြုပြီး စကားပြောခဲ့တယ်။ မကြာခင်မှာပဲ သူငယ်ချင်းအသစ်တွေ အများကြီးရခဲ့တယ်။ ကျွန်တော် အထီးကျန်တယ်လို့ လုံးဝနီးပါး မခံစားရတော့ဘူး။”—ဆမ်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

ဤအကြံပြုချက်များကို လိုက်လျှောက်ကြည့်ပါ

မိတ်ဆွေဖွဲ့ခြင်းနှင့်ပတ်သက်၍ သင့်မိဘများနှင့် စကားပြောပါ။ သူတို့ သင့်အရွယ်ရှိခဲ့စဉ်က မည်ကဲ့သို့သောသူငယ်ချင်းများရှိခဲ့ကြောင်း သူတို့ ကိုမေးပါ။ သူတို့ရွေးချယ်ခဲ့သည့် အပေါင်းအသင်းများနှင့်ပတ်သက်၍ နောင်တရခဲ့သလော။ ရခဲ့သည်ဆိုပါက အဘယ်ကြောင့်နည်း။ သူတို့ရင်ဆိုင်ခဲ့ရသော ပြဿနာတချို့ကို သင်မည်သို့ရှောင်ရှားနိုင်ကြောင်း သူတို့ကိုမေးပါ။

သူငယ်ချင်းများကို သင့်မိဘများနှင့် မိတ်ဆက်ပေးပါ။ ယင်းသို့ ပြုလုပ်ရန် တွန့်ဆုတ်နေပါက ‘ဘာကြောင့် ဒီလိုဖြစ်နေရတာလဲ’ ဟုသင့်ကိုယ်သင်မေးပါ။ သင့်သူငယ်ချင်းများနှင့်ပတ်သက်၍ သင့်မိဘများလက်ခံမည်မဟုတ်သော အရာတစ်ခုခုရှိကြောင်း သင်သိထားပါသလော။ ထိုသို့ ဖြစ်လျှင် သင်သည် သူငယ်ချင်းများရွေးချယ်ခြင်းနှင့်ပတ်သက်လာလျှင် ပို၍စိစစ်တတ်ဖို့လိုပေမည်။

[စာမျက်နှာ ၁၈ ပါ လေးထောင့်ကွက်]

မိတ်ဆွေကောင်းများရှိရန် နည်းသုံးနည်း

ကောင်းစွာ နားထောင်ပေးသူတစ်ဦးဖြစ်ပါ။ သင့်သူငယ်ချင်း၏ကောင်းကျိုးနှင့် စိုးရိမ်ပူပန်ရာများကို စိတ်ဝင်စားကြောင်းပြပါ။—ဖိလိပ္ပိ ၂:၄

▪ ခွင့်လွှတ်ပါ။ စုံလင်မှုကို မမျှော်လင့်ပါနှင့်။ “ငါတို့ရှိသမျှသည် ကြိမ်ဖန်များစွာ မှားတတ်ကြ၏။”—ယာကုပ် ၃:၂

တစ်ချိန်လုံး တွယ်ကပ်မနေပါနှင့်။ တွယ်ကပ် နေစရာမလိုပါ။ မိတ်ဆွေစစ်များသည် သင် သူတို့ကို လိုအပ်ချိန်တွင် ရှိနေပါလိမ့်မည်။—ဒေ. ၄:၉၊ ၁၀

[စာမျက်နှာ ၁၆ ပါ ရုပ်ပုံ]

သင်သည် အခြားသူတို့၏စံနှုန်းများနှင့်အညီ ပြုမူသောအခါ ၎င်းတို့၏စစ်တုရင်ခုံပေါ်မှ အရုပ်တစ်ရုပ်ပမာဖြစ်လာပြီး သူတို့သည် သင့်ကို စိတ်ကူးပေါက်ရာ ရွှေ့နေမည်ဖြစ်