မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“ဤကပ်ကမ္ဘာအဆုံးတွင် သင်မည်သို့ ကယ်တင်ခံရနိုင်သနည်း”

“ဤကပ်ကမ္ဘာအဆုံးတွင် သင်မည်သို့ ကယ်တင်ခံရနိုင်သနည်း”

“ဤကပ်ကမ္ဘာအဆုံးတွင် သင်မည်သို့ ကယ်တင်ခံရနိုင်သနည်း”

▪ သမ္မာကျမ်းစာတွင် ကပ်ကမ္ဘာအဆုံး သို့မဟုတ် လက်ရှိ လောကစနစ်၏အဆုံး ဟုဆိုရာ၌ အဘယ်အရာကို ဆိုလိုသနည်း။ လူ့အသက်အားလုံးကို သေဆုံးစေနိုင်သည့် ကမ္ဘာချီနျူကလီးယားစစ်ပွဲတစ်ပွဲလော။ သို့မဟုတ် ဂြိုဟ်တစ်လုံးနှင့် တိုက်မိခြင်းကဲ့သို့သော သဘာဝဖြစ်ရပ်ဆန်းတစ်ခုကို ရည်ညွှန်းနေခြင်းလော။ စိတ်ဝင်စားစရာမှာ “လူအုပ်ကြီး” သည် ကမ္ဘာကုန်ဆုံးချိန်တွင် ကပ်ကျော်မည်ဟု သမ္မာကျမ်းစာ၌ ဖော်ပြထားသည်။ (ဗျာ. ၇:၉၊ ၁၀၊ ၁၄) ၎င်းတို့ကား မည်သူများနည်း။ သူတို့ အထဲတွင် အသင်ပါဝင်နိုင်မည်လော။

ထိုအရေးကြီးသောမေးခွန်းများကို “ဤကပ်ကမ္ဘာအဆုံးတွင် သင်မည်သို့ ကယ်တင်ခံရနိုင်သနည်း” ဟူသောလူထုဟောပြောချက်က ဖြေဆိုပါလိမ့်မည်။ ယင်းကို မေလမှစ၍ အမေရိကန် နိုင်ငံတွင် အစပြုကျင်းပကာ ကမ္ဘာတစ်ဝန်းလုံး၌ ဆက်လက် ကျင်းပသွားမည့် ယေဟောဝါသက်သေများ၏ “စောင့်နေကြလော့” စည်းဝေးကြီးများ၌ တင်ဆက် ပါလိမ့်မည်။ သင်နှင့်အနီးဆုံးစည်းဝေးကြီးကို တက်ရောက်ရန် သင့်အား လှိုက်လှဲစွာ ဖိတ်ခေါ်အပ်ပါသည်။ သင့်ဒေသရှိ ယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါ။ ကျွန်ုပ်တို့၏ တွဲဖက်မဂ္ဂဇင်းဖြစ်သော ၂၀၀၉၊ မတ် ၁ ရက်ထုတ် ကင်းမျှော်စင်တွင် မြန်မာနိုင်ငံ၌ကျင်းပမည့် စည်းဝေးကြီးနေရာအားလုံးကို ဖော်ပြထားပါသည်။