မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

“စောင့်နေကြလော့!”

“စောင့်နေကြလော့!”

“စောင့်နေကြလော့!”

ယေဟောဝါသက်သေများ၏ ခရိုင်စည်းဝေးကြီး

▪ ထောင်နှင့်ချီသော ဤသုံးရက်ကြာစည်းဝေးကြီးများကို မေ ၂၂-၂၄ သီတင်းပတ်ကုန်ရက်တွင် အမေရိကန်နိုင်ငံ၌အစပြုကျင်းပကာ ယင်းနောက်ပိုင်းလများတွင် ကမ္ဘာတစ်ဝန်းလုံး၌ ဆက်လက်ကျင်းပသွားရန်စီစဉ်ထားသည်။ အစီအစဉ်ပိုင်းများကို နေ့စဉ် နံနက် ၉:၂၀ တွင်တေးသံအစီအစဉ်ဖြင့် အစပြုမည်ဖြစ်သည်။ သောကြာနေ့၏အဓိကအကြောင်းသည် “သင်တို့သည်လည်း အသင့်ရှိနေကြလော့” ဟူသော မဿဲ ၂၄:၄၄ အပေါ်အခြေခံထားသည်။ သဘာပတိဟောပြောချက်ပြီးနောက်တွင် “ဆက်စောင့်နေရန် စည်းဝေးကြီးက ကျွန်ုပ်တို့ကို ကူညီပေး” နှင့် “ယေဟောဝါ—‘အချိန်ကာလနှင့် ဥတုများ’ ၏ဘုရားသခင်” ဟူသော ဟောပြောချက်လိုက်ပါလာမည်။ ထို့နောက် “နိုးနိုးကြားကြားရှိခဲ့ကြသော သစ္စာရှိသူတို့ကိုတုပပါ” ဟူသောအခန်းဆက်တွင် နောဧ၊ မောရှေနှင့် ယေရမိတို့ မည်သို့လုပ်ဆောင်ခဲ့ပုံကို သုံးသပ်ကြမည်။ နံနက်ပိုင်းအစီအစဉ်ကို “‘စောင့်နေ’ ရန် ကျွန်ုပ်တို့အား ယေဟောဝါကူညီပေးပုံ” ဟူသော အဓိကဟောပြောချက်ဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။

မွန်းလွဲပိုင်း၏ ပထမဟောပြောချက်မှာ “‘နောက်ဆုံးသောနေ့ရက်များ’ နှင့်ပတ်သက်သောမေးခွန်းများ၏အဖြေများ” ဖြစ်ပြီး “‘နေ့ရက် အချိန်နာရီကို သင်တို့မသိ’—အဘယ်ကြောင့်နည်း” နှင့် “အဆုံးရောက်လုနီးသည်ကို သိကြလော့” ဟူသောဟောပြောချက်များ ဆက်လိုက်လာမည်ဖြစ်သည်။ နောက်အပိုင်းမှာ အပိုင်းခြောက်ပိုင်းပါသော “ခရစ်ယာန်မိသားစုများအနေနှင့် ‘နိုးကြားလျက် နေကြလော့’” ဟူသောအခန်းဆက်ဟောပြောချက်ဖြစ်သည်။ ပထမ သုံးပိုင်းမှာ လင်ယောက်ျားများ၊ ဇနီးသည်များနှင့် ကလေးများအား ဦးတည်ဟောပြောသည်။ ကျန်သုံးပိုင်း၏ခေါင်းစဉ်များမှာ “သင်၏မျက်စိကို ရိုးရှင်းစေလော့၊” “ဝိညာဏပန်းတိုင်များကို ဆက်၍ မီအောင်လိုက်လော့” နှင့် “မိသားစုဝတ်ပြုမှုညချမ်းကို တည်မြဲအောင်ထိန်းသိမ်းပါ” တို့ဖြစ်သည်။ မွန်းလွဲပိုင်းအစီအစဉ်ကို “‘ကျွန်ုပ်တို့ကြပ်ကြပ်သတိပြုလျက်နေကြ’ ရန်လှုံ့ဆော်ပေးသည့် အပိုဒ်ငယ်များ” ဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။

စနေနေ့၏အဓိကအကြောင်းမှာ “သတိရှိလျက် နိုးကြား နေကြလော့” ဟူသော ၁ ပေတရု ၅:၈ အပေါ်အခြေခံသည်။ “‘အိပ်ပျော်ရာမှနိုးကြ’ရန် လူတို့အားကူညီပေး” ဟူသောအပိုင်းငါးပိုင်းပါ အခန်းဆက်တွင် “ကျွန်ုပ်တို့၏ဓမ္မအမှု—အဘယ်ကြောင့်အလွန်အရေးကြီး၊” “ဓမ္မအမှုတွင် မျက်စိရှင်ရှင်ထားလော့၊” “သင့်စွမ်းရည်တိုးတက်ခြင်းအပေါ် အာရုံစိုက်လော့၊” “သင့်ဆွေမျိုးသားချင်းများအား မမေ့နှင့်၊” နှင့် “သင်၏အရေးတကြီးသဘောထားကို ထိန်းသိမ်းလော့” တို့ပါဝင်သည်။ “သတိနှင့်စောင့်နေသည့် ယေရှု၏ပုံသက်သေကို တုပလော့” နှင့် “ဆုတောင်းခြင်းအမှု၌ နိုးနိုးကြားကြားရှိကြလော့” ဟူသော ဟောပြောချက်များအပြီးတွင် အစီအစဉ်ပိုင်းကို နှစ်ခြင်း ဟောပြောချက်ဖြင့် နိဂုံးချုပ်မည်၊ ထို့နောက် အရည်အချင်းပြည့်မီသူများသည် နှစ်ခြင်းခံသည့်အခွင့်အရေး ရရှိကြမည်ဖြစ်သည်။

စနေနေ့မွန်းလွဲပိုင်းတွင် “မီး၊” “တွင်း၊” “ကျော့ကွင်း၊” “ပိတ်မိစေသောထောင်ချောက်၊” နှင့် “ပျက်စီးစေသောထောင်ချောက်” ဟူသောအပိုင်းငါးပိုင်းပါသည့် “စာတန်၏ထောက်ချောက်များကို သတိပြုလော့” ဟူသော အခန်းဆက်ကို တင်ဆက်မည်ဖြစ်သည်။ ထို့နောက် “ငါသည် သေသည့်တိုင်အောင် ငါ့သမာဓိကို မစွန့် လွှတ်” ဟူသောအထူးတင်ဆက်မှုတစ်ခု လိုက်ပါလာမည်။ နေ့၏အစီအစဉ်ပိုင်းကို “ ‘နောက်သို့’ လှည့်မကြည့်နှင့်” နှင့် “ယေရှု၏တမန် တော်များထံမှ သတိနှင့်စောင့်နေခြင်းကို သင်ယူပါ” ဟူသောဟောပြောချက်များဖြင့် နိဂုံးချုပ်မည်ဖြစ်သည်။

တနင်္ဂနွေနေ့၏အဓိကအကြောင်းသည် “မျှော်လင့်လော့။ နောက်မကျဘဲ . . . ရောက်လိမ့်မည်” ဟူသော ဟဗက္ကုတ် ၂:၃ အပေါ်အခြေခံသည်။ နေ့၏အဓိကအကြောင်းနှင့်သက်ဆိုင်သော ဟောပြောချက်ပြီးနောက် “မမြင်ရသောအရာများကို ကြည့်မှတ်နေလော့” ဟူသောအခန်းဆက်ကို သုံးသပ်မည်ဖြစ်ပြီး ယင်းတွင် “ချိုဆယ်ချောင်းသည် ပြည့်တန်ဆာကို မုန်းလိမ့်မည်၊” “လူမျိုးတို့သည် ယေဟောဝါအား အသိအမှတ်ပြုကြရလိမ့်မည်၊” “‘နိုင်ငံရှိသမျှ’ ချိုးဖဲ့ဖျက်ဆီးခံရလိမ့်မည်၊” “စာတန် ‘အနှစ်တစ်ထောင်ချုပ်နှောင်ခံရ’ လိမ့်မည်၊” “သူတို့သည် အိမ်ဆောက်ခြင်း၊ စပျစ်ဥယျာဉ်စိုက်ခြင်းအမှုကိုပြု၍ နေကြလိမ့်မည်၊” “တောခွေးနှင့် သိုးသငယ် အတူကျက်စားကြလိမ့်မည်၊” “ဘုရားသခင်သည် သူတို့၏မျက်ရည် ရှိသမျှကို အကုန်အစင်သုတ်တော်မူမည်၊” “သင်္ချိုင်းများမှာရှိသော သူအပေါင်းတို့သည် . . . ထွက်ရမည်” နှင့် “ဘုရားသခင်သည် ‘လူတိုင်းအတွက် အလုံးစုံဖြစ်တော်မူမည်’ ” တို့ပါဝင်သည်။ “ကပ်ကမ္ဘာကုန်ဆုံးချိန်တွင် သင် မည်သို့ကယ်တင်ခံရနိုင်သနည်း” ဟူသော လူထုဟောပြောချက်ဖြင့် နံနက်ပိုင်းအစီအစဉ်ကို အဆုံး သတ်မည်ဖြစ်သည်။

တနင်္ဂနွေနေ့မွန်းလွဲပိုင်း၏ အထူးအစီအစဉ်တစ်ခုမှာ ယေရှု၏ ဖြုန်းတီးသောသားပုံဥပမာအပေါ် အခြေခံထားသော “သင်၏ညီ မူကား သေရာမှပြန်ရှင်ပြီ” ဟူသော စိတ်စွဲမှတ်ဖွယ် ခေတ်သစ်ပြဇာတ်ဖြစ်သည်။ ပတ်စဉ် ကင်းမျှော်စင်ကို အကျဉ်းချုပ်လေ့လာပြီးနောက်တွင် “ယေဟောဝါ၏နေ့ကို မျှော်လင့်စောင့်စားလျက်နေကြလော့” ဟူသောဟောပြောချက်ဖြင့် စည်းဝေးကြီးကို နိဂုံးချုပ် မည်ဖြစ်သည်။

တက်ရောက်ရန် ယခုပင် အစီအစဉ်ဆွဲပါလေ။ သင်နှင့်အနီးဆုံး စည်းဝေးကြီးကျင်းပရာနေရာကို သိရှိရန် ဒေသခံယေဟောဝါ သက်သေများ၏ ဘုရားသခင့်နိုင်ငံတော်ခန်းမနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်းထုတ်ဝေသူများထံ စာရေးပါ။ အချို့ဒေသများတွင် လေးရက်ကြာ အပြည်ပြည်ဆိုင်ရာစည်းဝေးကြီးကို ကျင်းပ ပါလိမ့်မည်။ ဤမဂ္ဂဇင်း၏ တွဲဖက်စာစောင်ဖြစ်သော ကင်းမျှော်စင်၊ မတ် ၁ ရက်ထုတ်တွင် မြန်မာနိုင်ငံ၌ ကျင်းပမည့် စည်းဝေးကြီး အားလုံး၏ တည်နေရာများ ပါရှိသည်။