မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မည်သို့ဖြေဆိုမည်နည်း

သင်မည်သို့ဖြေဆိုမည်နည်း

သင်မည်သို့ဖြေဆိုမည်နည်း

ဤပုံတွင် အဘယ်အရာလိုနေသနည်း

တောလည်ရာ ၂၂:၂၁-၂၇ ကိုဖတ်ပါ။ ယခု ရုပ်ပုံကိုကြည့်ပါ။ သင့်အဖြေများကို အောက်ဖော်ပြပါလိုင်းများတွင်ရေးကာ လိုနေသောအရာများကို ပုံဆွဲ၍ အရောင်ခြယ်ပါ။

၁။ ․․․․․

၂။ ․․․․․

၃။ ․․․․․

ဆွေးနွေးရန်–

ဗာလမ်သည် အဘယ်ကြောင့် ဒေါသထွက်ခဲ့သနည်း။ မြည်းမအား ဗာလမ်ဆက်ဆံပုံနှင့်ပတ်သက်၍ သင်မည်သို့ခံစားရသနည်း၊ အဘယ်ကြောင့် သင်ထိုသို့ခံစားရသနည်း။

ဤစာစောင်မှ

အောက်ပါမေးခွန်းများကိုဖြေဆိုပြီး လပ်နေသော ကျမ်းချက်(များ)ကိုဖြည့်ပါ။

စာမျက်နှာ ၇-၈ လူကိုကြောက်ရွံ့ခြင်းသည် အဘယ်အရာဖြစ်နိုင်သနည်း။ သု. ၂၉:․․․

စာမျက်နှာ ၇ မိုက်သောသူသည် အဘယ်အရာ၌ ကျင်လည်တတ်သနည်း။ ဒေ. ၂:․․․

စာမျက်နှာ ၇ လုံ့လဝီရိယပြုသောသူ၏ အကြံအစည်သည် အဘယ်အရာဖြစ်စေသနည်း။ သု. ၂၁:․․․

စာမျက်နှာ ၁၆ လူသေတို့၏ သတိမည်သို့ရှိသနည်း။ ဒေ. ၉:․․․

ကလေးများ၏ ရုပ်ပုံရှာဖွေမှု

ဤစာစောင်တွင် ဤရုပ်ပုံကို ရှာတွေ့နိုင်သလော။ ရုပ်ပုံတွင် အဘယ်အရာ ဖြစ်ပျက်နေသည်ကို သင့်ကိုယ်ပိုင်စကား ဖြင့် ဖော်ပြပါ။

ပရောဖက်များအကြောင်း သင်အဘယ်အရာသိရှိသနည်း

ယေရမိ ၃၈:၁-၁၃; ၃၉:၁၅-၁၈ တို့ကိုဖတ်ပါ။ ထို့နောက် အောက်ပါမေးခွန်းများကိုဖြေပါ။

၄။ ․․․․․

ယေရမိအားကယ်တင်ခဲ့သူမှာ မည်သူနည်း၊ သူသည် အဘယ်ကြောင့် ဤအန္တရာယ်များသောအလုပ်ကို လုပ်ခဲ့သနည်း။

၅။ ․․․․․

နောက်ပိုင်းတွင် ယေရမိသည် ထိုသူအား အဘယ်အရာပြောခဲ့သနည်း။

ဆွေးနွေးရန်–

အန္တရာယ်ရှိသော်လည်း ယေရမိသည် အဘယ်ကြောင့် ယေဟောဝါ၏သတင်းစကားကို ကြေညာခဲ့သနည်း။ အကယ်၍ သင်သည် ယေရမိကဲ့သို့ ယေဟောဝါ၏အမှုကို ထမ်းဆောင်ပါက သင့်အတွက် ယေဟောဝါဘာလုပ်ပေးမည်ဟု သင်ယုံကြည်စိတ်ချနိုင်သနည်း။

▪ စာမျက်နှာ ၁၁ တွင်အဖြေများရှိသည်

စာမျက်နှာ ၂၃ မှအဖြေများ

၁။ မြည်းမ။

၂။ ဗာလမ်၏လက်ထောက်။

၃။ ယေဟောဝါ၏ကောင်းကင်တမန်။

၄။ ဧဗဒမေလက်။ ယေရမိသည် ယေဟောဝါ၏ပရောဖက်ဖြစ်ကာ မသေထိုက်ကြောင်း ဧဗဒမေလက်သိသည်။

၅။ ယေရုရှလင်မြို့ဖျက်ဆီးခံရချိန်တွင် ဧဗဒမေလက်အား ယေဟောဝါကာကွယ်လိမ့်မည်။