မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဆင့်ကဲဖြစ်စဉ်လော၊ ဖန်ဆင်းခြင်းလော အဘယ်အရာနည်း

ဆင့်ကဲဖြစ်စဉ်လော၊ ဖန်ဆင်းခြင်းလော အဘယ်အရာနည်း

ဆင့်ကဲဖြစ်စဉ်လော၊ ဖန်ဆင်းခြင်းလော အဘယ်အရာနည်း

▪ မက္ကဆီကိုမှ အက်စ်ပန်အမည်ရှိ မိန်းကလေးတစ်ဦးသည် အသက် ၁၂ နှစ်အရွယ်ရှိစဉ်က သူ၏ဇီဝဗေဒဆရာမမှ သူ့အား အဘယ်ကြောင့် ဆင့်ကဲဖြစ်စဉ်အစား ဖန်ဆင်းခြင်းကို ယုံကြည်ကြောင်း သတ္တမတန်းစာသင်ခန်းတွင် ရှင်းပြရန် တောင်းဆိုခဲ့သည်။ မိမိအဘယ်ကြောင့် ဖန်ဆင်းခြင်းကို ယုံကြည်ကြောင်း၊ သက်ရှိတိုင်းတွင် ပုံစံပြုရှင်နှင့် ဖန်ဆင်းရှင်ရှိကြောင်း သက်သေပြသည့် အလွန်ကောင်းမွန်သော ဒီဇိုင်းပုံစံရှိကြောင်း အက်စ်ပန်က ကောင်းစွာရှင်းပြခဲ့သည်။ အက်စ်ပန်၏မိဘများသည် ဘူမိဗေဒပညာရှင်များဖြစ်ကြောင်းကို သိထားရာ ဆရာမက ရုပ်ကြွင်းမှတ်တမ်းများသည် ဖန်ဆင်းခြင်းကို ထောက်ခံခြင်းရှိမရှိနှင့်ပတ်သက်သည့် အကြောင်းအရာကို ပြင်ဆင်ကာ တင်ပြရန် ပြောခဲ့သည်။

နောက်တစ်နေ့တွင် အက်စ်ပန်သည် ရုပ်ကြွင်းနမူနာတချို့ကို ကျောင်းသို့ယူသွားကာ ရုပ်ကြွင်းမှတ်တမ်းများသည် အဆင့်ဆင့်ပြောင်းလဲမှုကို သက်သေမပြကြောင်း ပြောပြခဲ့သည်။ ဘူမိသက်တမ်းတစ်ခုစီမှ ရုပ်ကြွင်းအုပ်စုတစ်ခုစီသည် ကမ္ဘာဦးကျမ်းမှတ်တမ်းပါ ဖန်ဆင်းရာနေ့များကို ထောက်ခံကြောင်းလည်း သူရှင်းပြခဲ့သည်။

ယင်းပြောဆိုချက်ကို ကျောင်းအုပ်ကြီးလည်း လာရောက်နားထောင်ခဲ့ရာ အက်စ်ပန်၏ ယုံကြည်ချက်နှင့် ဖန်ဆင်းခြင်းဘက်မှ ကာကွယ်ပြောဆိုမှုကို နှစ်ထောင်းအားရကြောင်း ဂုဏ်ပြုပြောဆိုခဲ့သည်။ ဆင့်ကဲဖြစ်စဉ်က သံသယများစွာကို ဖြစ်ပေါ်စေသော်လည်း ဖန်ဆင်းခြင်းက အရာခပ်သိမ်းကို ရှင်းလင်းစေသည်ဟု ဇီဝဗေဒဆရာမက မှတ်ချက်ချခဲ့သည်။ ထို့နောက် အက်စ်ပန်သည် သူ၏ဆရာမ၊ အတန်းဖော်များနှင့် ကျောင်းအုပ်ကြီးအတွက် ဖန်ဆင်းခြင်းကို ထောက်ခံသောသိပ္ပံပညာအကြောင်း ဖော်ပြထားသည့် စာပေများ ပေးခဲ့သည်။

ဖန်ဆင်းရှင်တည်ရှိကြောင်း ခိုင်လုံသော သိပ္ပံဆိုင်ရာအချက်အလက်များက အထောက်အထားဖော်ပြသလော၊ ဖန်ဆင်းရှင်ရှိသည်ဆိုလျှင် ကျွန်ုပ်တို့အား ဂရုစိုက်သည်ဟု ယုံကြည်ရန် အကြောင်းရှိ၏လော ဆိုသည်ကို သင်စဉ်းစားဖူးပါသလော။ အောက်တွင်ဖော်ပြထားသည့် ၂၅၆-မျက်နှာရှိ အာရုံဖမ်းစားနိုင်သော အသက်—ဤတွင်မည်သို့ရောက်ရှိခဲ့သနည်း။ ဆင့်ကဲဖြစ်စဉ်အားဖြင့်လော၊ ဖန်ဆင်းခြင်း အားဖြင့်လောစာအုပ်ကိုဖတ်ရှုရန် သင့်အား ဖိတ်ခေါ်ပါသည်။

သင်သည် ပူးတွဲပါကူပွန်ကိုဖြည့်စွက်ကာ အောက်တွင်ဖော်ပြထားသောလိပ်စာ သို့မဟုတ် ဤမဂ္ဂဇင်း၏ စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ ပေးပို့နိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။