သင်မည်သို့ဖြေဆိုမည်နည်း
သင်မည်သို့ဖြေဆိုမည်နည်း
ဤပုံတွင် အဘယ်အရာ လိုနေသနည်း
တမန်တော် ၅:၁-၅ ကိုဖတ်ပါ။ ယခု ရုပ်ပုံကိုကြည့်ပါ။ အဘယ်အရာများလိုနေသနည်း။ သင့်အဖြေများကို အောက်ဖော်ပြပါလိုင်းများတွင်ရေးကာ လိုနေသောအရာများကို ပုံဆွဲ၍အရောင်ခြယ်ပါ။
၁။ ․․․․․
၂။ ․․․․․
ဆွေးနွေးရန်–
အာနနိ အဘယ်ကြောင့် လိမ်ညာခဲ့သည်ဟု သင်ထင်သနည်း။ ဤမှတ်တမ်းမှ အဘယ်သင်ခန်းစာများရရှိသနည်း။
ဤစာစောင်မှ
အောက်ပါမေးခွန်းများကိုဖြေဆိုပြီး လပ်နေသော ကျမ်းချက်(များ)ကိုဖြည့်ပါ။
စာမျက်နှာ ၁၁ ပြစ်မှားသောစိုးလ်သည် အဘယ်သို့ဖြစ်သွားသနည်း။ ယေဇကျေလ ၁၈:________
စာမျက်နှာ ၁၁ လူသေတို့၏သတိမှာ မည်သို့ရှိသနည်း။ ဒေ. ၉:________
စာမျက်နှာ ၁၆ ကျွန်ုပ်တို့အားလုံးသည် အဘယ်အရာကို ကြိမ်ဖန်များစွာ ပြုလုပ်ကြသနည်း။ ယာကုပ် ၃:________
စာမျက်နှာ ၁၆ သင်သည် အဘယ်အရာများကို သင့်ထံမှ ဖယ်ရှားသင့်သနည်း။ ဧဖက် ၄:________
ကလေးများ၏ရုပ်ပုံရှာဖွေမှု
ဤစာစောင်တွင် ဤရုပ်ပုံများကို ရှာတွေ့နိုင်သလော။ ရုပ်ပုံတစ်ပုံစီတွင် အဘယ်အရာဖြစ်ပျက်နေသည်ကို သင့်ကိုယ်ပိုင်စကားဖြင့် ဖော်ပြပါ။
တရားသူကြီးဗာရက်အကြောင်း သင် အဘယ်အရာသိရှိသနည်း
တရားသူကြီး ၄:၁-၂၄ ကိုဖတ်ပါ။ ယခု အောက်ပါမေးခွန်းများကို ဖြေပါ။
၃။ ․․․․․
သူ့အား ကူညီခဲ့သည့် ပရောဖက်မမှာ မည်သူနည်း။
၄။ ․․․․․
သူသည် အစ္စရေးလူမျိုးကို မည်သည့်ခါနာန်ဘုရင်လက်မှ ကယ်တင်ခဲ့သနည်း။
၅။ ․․․․․
မှန် သို့မဟုတ် မှား။ ဗာရက်သည် ယောရှုနောက်ပိုင်းတွင် အသက်ရှင်ခဲ့သည်။
ဆွေးနွေးရန်–
ခါနာန်လူမျိုးများအပေါ် အစ္စရေးလူမျိုးများ အနိုင်ရခဲ့သည့် အောင်ပွဲတွင် အမျိုးသမီးများသည် အဘယ်အခန်းကဏ္ဍမှ ပါဝင်ခဲ့သနည်း။ ယနေ့ ဘုရားသခင်အား အမှုဆောင်ရာတွင် အမျိုးသမီးများသည် အဘယ်အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်သနည်း။
▪ စာမျက်နှာ ၁၃ တွင်အဖြေများရှိသည်
စာမျက်နှာ ၂၃ မှအဖြေများ
၁။ အာနနိလက်ထဲတွင် ငွေမရှိပါ။
၂။ ပုံတွင် တမန်တော်ပေတရု လိုနေသည်။
၃။ ဒေဗောရ။—တရားသူကြီး ၄:၄-၉။
၄။ ယာဘိန်။—တရားသူကြီး ၄:၂။
၅။ မှန်။