မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

လျှို့ဝှက်ချက် ၃– ပူးပေါင်းလုပ်ဆောင်မှု

လျှို့ဝှက်ချက် ၃– ပူးပေါင်းလုပ်ဆောင်မှု

လျှို့ဝှက်ချက် ၃– ပူးပေါင်းလုပ်ဆောင်မှု

“လူသည် တစ်ယောက်တည်းထက် နှစ်ယောက်သာ၍ကောင်း၏။ . . . တစ်ယောက်လဲလျှင် တစ်ယောက် ထူလိမ့်မည်။”—ဒေ. ၄:၉၊ ၁၀

ဆိုလိုသည့်အရာ။ အောင်မြင်သောဇနီးမောင်နှံတို့သည် သမ္မာကျမ်းစာတွင် ဖော်ပြထားသည့် ဘုရားသခင့် ဦးစီးမှုဆိုင်ရာအစီအစဉ်ကို လေးစားကြသည်။ (ဧဖက် ၅:၂၂-၂၄) သူတို့သည် မိမိတို့အိမ်ထောင်ကို အဖွဲ့တစ်ဖွဲ့အဖြစ် ရှုမြင်ကြသည်။ ကိုယ်ကြိုက်ရာကိုယ်လုပ်နိုင်သည့် လူနှစ်ဦးအဖြစ် မရှုမြင်ကြပေ။ ထို့ပြင် သူတို့သည် အဖွဲ့တစ်ဖွဲ့အဖြစ် ပူးပေါင်းဆောင်ရွက်သည့်အခါ မိမိတို့ကိုယ်ကို လူလွတ်တစ်ဦးအဖြစ် ရှုမြင်တော့မည်မဟုတ်ပေ။ သူတို့သည် “တစ်သားတစ်ကိုယ်တည်း” ဖြစ်သည်ဟူသော ကျမ်းစာအသုံးအနှုန်းက တည်မြဲပြီး ရင်းနှီးသော အိမ်ထောင်နှောင်ကြိုးကို ဆိုလိုသည်။—ကမ္ဘာဦး ၂:၂၄

အရေးကြီးရသည့်အကြောင်းရင်း။ သင်နှင့်သင့်အိမ်ထောင်ဖက်သည် အဖွဲ့တစ်ဖွဲ့အဖြစ် ပူးပေါင်းမလုပ်ဆောင်သောအခါ အသေးအဖွဲကိစ္စများသည် ကြီးမားသောပြဿနာများ လျင်မြန်စွာဖြစ်သွားနိုင်ပြီး သင်တို့သည် ပြဿနာကိုဖြေရှင်းမည့်အစား တစ်ဦးကိုတစ်ဦး တိုက်ခိုက်လာကြပေမည်။ သို့သော် သင်တို့သည် ပူးပေါင်းလုပ်ဆောင်သောအခါ လေယာဉ်တစ်စင်းတည်းပေါ်မှ အတူတကွပူးပေါင်းလုပ်ဆောင်သည့် လေယာဉ်မှူးနှင့်တွဲဖက်လေယာဉ်မှူးကဲ့သို့ ဖြစ်လာပါလိမ့်မည်။ တိုက်မိနိုင်သည့်လမ်းကြောင်းပေါ်ရှိ လေယာဉ်နှစ်စင်းပေါ်မှ လေယာဉ်မှူးနှစ်ဦးနှင့်တူမည် မဟုတ်ပေ။ ထို့ပြင် သင်တို့ သဘောထားကွဲလွဲသောအခါ တစ်ဦးကိုတစ်ဦး ပြစ်တင်စွပ်စွဲခြင်းဖြင့် တန်ဖိုးရှိသောအချိန်နှင့် စိတ်ဓာတ်အင်အား ကုန်ခန်းစေမည့်အစား လက်တွေ့ကျကျ ဖြေရှင်းကြပေမည်။

ဤအရာကိုကြိုးစားကြည့်ပါ။ အောက်ပါမေးခွန်းများကို ဖြေဆိုခြင်းဖြင့် ပူးပေါင်းလုပ်ဆောင်လိုသည့် သင့်သဘောထားကို ဆန်းစစ်ပါ။

ငါရှာတဲ့ပိုက်ဆံဖြစ်တဲ့အတွက် “အားလုံးက ငါ့ပိုက်ဆံပဲ” လို့ ငါသဘောထားသလား။

ငါ့အိမ်ထောင်ဖက်က သူ့ဆွေမျိုးတွေနဲ့ ရင်းရင်းနှီးနှီးနေပေမဲ့ ငါကတော့ သူတို့နဲ့ ခပ်ခွာခွာပဲနေသလား။

ငါ့အိမ်ထောင်ဖက်နဲ့ဝေးနေမှပဲ ငါကောင်းကောင်းအနားရသလား။

သန္နိဋ္ဌာန်ချထားပါ။ သင့်အိမ်ထောင်ဖက်နှင့် ပို၍ပူးပေါင်းလုပ်ဆောင်နိုင်သည့် နည်းလမ်းတစ်ခုနှစ်ခုကို စဉ်းစားကြည့်ပါ။

သင့်အိမ်ထောင်ဖက် မည်သို့အကြံပြုမည်နှင့်ပတ်သက်၍ သူ့ကို မေးကြည့်ပါ။

[စာမျက်နှာ ၅ ပါ ရုပ်ပုံ]

ပူးပေါင်းလုပ်ဆောင်မှုဟူသည် လေယာဉ်တစ်စင်းတည်းပေါ်ရှိ လေယာဉ်မှူးနှင့် တွဲဖက်လေယာဉ်မှူးကဲ့သို့ အတူတကွလုပ်ဆောင်ခြင်းကိုဆိုလို