မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်လိုအပ်ရာသည် သမ္မာကျမ်းစာထဲတွင်ရှိသည်

သင်လိုအပ်ရာသည် သမ္မာကျမ်းစာထဲတွင်ရှိသည်

သင်လိုအပ်ရာသည် သမ္မာကျမ်းစာထဲတွင်ရှိသည်

▪ ယေဟောဝါသက်သေများဖြစ်သော ပြင်သစ်စကားပြောဇနီးမောင်နှံသည် မြေထဲပင်လယ်မှ ကော်စီကာကျွန်းရှိ အေဂျာစီအိုမြို့၏ တိုက်ခန်းအဆောက်အဦတစ်ခုသို့ ဝင်ရောက်ခဲ့သည်။ ယူရို ၄၀၀ ပါသော နာမည်နှင့်လိပ်စာမတပ်ထားသည့် စာအိတ်တစ်အိတ်ကို ကြမ်းပြင်တွင် သူတို့တွေ့ ရှိခဲ့သည်။ ဇနီးသည်က သူတို့ဆက်လုပ်ရာကို ဤသို့ရှင်းပြသည်– “စာအိတ်ကျပျောက်သွားသူသည် ကျွန်ုပ်တို့၏ဤဖုန်းနံပါတ်ကို ခေါ်ဆိုနိုင်ပါသည်လို့ရေးထားတဲ့ စာတိုလေးတစ်စောင်ကို ဧည့်ခန်းရှိ လူထုကြော်ငြာသင်ပုန်းမှာ ကျွန်မတို့ကပ်ထားခဲ့တယ်။”

နောက်နေ့ညနေတွင် အမျိုးသမီးတစ်ဦး ဖုန်းဆက်လာသည်။ သူသည် ပိုက်ဆံပျောက်သွားသူဖြစ်ကြောင်း သက်သေပြပြီးနောက် သက်သေခံဇနီးမောင်နှံနှင့်တွေ့ဆုံရန် စီစဉ်ခဲ့သည်။ တစ်ဦးဦးက သူ့ပိုက်ဆံပြန်ပေးမည်ကို အလွန်အံ့အားသင့်သွားကာ ပန်းတစ်စည်းဖြင့် ရောက်ရှိလာခဲ့သည်။ သူပျောက်သွားသည့် စာအိတ်ထဲတွင် သူ့လုပ်အားခများ ပါသွားသည်၊ နောက်နေ့တွင် သူသည် တစ်လကြာ အားလပ်ရက်ခွင့်ယူ၍ ထွက်သွားသည်။

ငွေပြန်ပေးသည့် သက်သေခံဇနီးမောင်နှံ၏ကြင်နာမှုအတွက် ထပ်မံကျေးဇူးတင်သည့်အနေနှင့် သူအဝေးတွင်ရောက်နေစဉ် ပို့စ်ကတ်တစ်ခု ပို့ပေးခဲ့သည်။ အမျိုးသမီး အားလပ်ရက်ခွင့်ယူရာမှပြန်ရောက်လာသောအခါ သက်သေခံနှစ်ဦးသည် သူ့ထံလည်ပတ်ကာ မိသားစုဘ၀တွင်နှင့် နေ့စဉ်ကျင့်ကြံပြုမူပုံတို့တွင် ကျမ်းစာ၏လက်တွေ့ကျတန်ဖိုးနှင့်ပတ်သက်၍ ပြောဆိုဆွေးနွေးခဲ့ကြပြီး ယင်းအကြောင်းအရာများက သူ့အားစိတ်ဝင်စားစေခဲ့သည်။

မောင်နှံစုံသည် သမ္မာကျမ်းစာ အမှန်တကယ်သွန်သင်ရာမှာအဘယ်နည်း စာအုပ်ကိုသုံးကာ “သင့်မိသားစုဘ၀ကို ပျော်ရွှင်စေနိုင်ပုံ” အခန်းမှ အချက်အနည်းငယ်ကို ဆွေးနွေးရန် အခွင့်အရေးယူခဲ့သည်။ အမျိုးသမီးသည် စွဲမှတ်သွားပြီး အံ့အားသင့်သွားကာ ဤသို့ပြောခဲ့သည်- “အံ့သြဖို့ကောင်းလိုက်တာ၊ ကျွန်မလိုအပ်တာအားလုံး ကျမ်းစာထဲမှာ ရှိနေတယ်။” ထို့နောက် အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှုကို လက်ခံခဲ့သည်။

သမ္မာကျမ်းစာသွန်သင်ရာ စာအုပ်တွင် မိသားစုအသက်တာအကြောင်းသာမက ဘုရားသခင်၊ ယေရှုခရစ်နှင့်ပတ်သက်သည့်အမှန်တရား၊ သေဆုံးသွားသောသူများ မည်သည့်နေရာတွင်ရောက်ရှိနေကြသနည်း၊ ဘုရားသခင်သည် ဆင်းရဲဒုက္ခကို ဘာကြောင့်ခွင့်ပြုထားသနည်းနှင့် လူတို့စိတ်ဝင်စားသော အခြားအကြောင်းအရာများစွာကို ဆွေးနွေးထားသည်။ အောက်ပါကူပွန်ကိုဖြည့်ပြီး ယင်းတွင်ဖော်ပြထားသော သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ တွင် ဖော်ပြထားသော သင့်တော်ရာလိပ်စာသို့ ပေးပို့ပြီး ယင်းစာအုပ်ကို တောင်းခံနိုင်ပါသည်။

□ ဤတွင်ဖော်ပြထားသောစာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါသည်။

□ အခမဲ့အိမ်တွင်းကျမ်းစာသင်အံမှု ပြုလိုပါသဖြင့် ကျေးဇူးပြု၍ ကျွန်ုပ်နှင့်ဆက်သွယ်ပါ။