မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ရိုးရှင်းပြီး ဟန်ချက်ညီသည့် အသက်တာဖြင့် အသက်ရှင်ပါ

ရိုးရှင်းပြီး ဟန်ချက်ညီသည့် အသက်တာဖြင့် အသက်ရှင်ပါ

ရိုးရှင်းပြီး ဟန်ချက်ညီသည့် အသက်တာဖြင့် အသက်ရှင်ပါ

ရိုးရှင်းပြီး ဟန်ချက်ညီသည့်အသက်တာဖြင့် အသက်ရှင်ခြင်းသည် အမှန်ပင်အကျိုးရှိ၏။ သို့သော် ယင်းတွင် အဘယ်အရာပါဝင်သနည်း။ ဦးဆုံး သင့်ဦးစားထားရာများကို သုံးသပ်ဖို့လိုပေမည်။ သင် မည်သို့သုံးသပ်နိုင်သနည်း။

မိမိကိုယ်ကို ဤသို့မေးပါ– “ငါ အခုထိ ဘာတွေပြီးမြောက်အောင်မြင်ခဲ့ပြီလဲ။ ဘာတွေလုပ်ဖို့ကျန်သေးလဲ။ အောက်တွင် သင့်အဓိကပန်းတိုင်များကို စာရင်းပြုစုပါ–

၁။ ․․․․․

၂။ ․․․․․

၃။ ․․․․․

ယနေ့လူများစွာသည် ဘဝအသက်တာတွင် ရုပ်ပစ္စည်းအဓိကဖြစ်သော ရေတိုအမြင်ရှိကြသည်။ အမှန်တွင် သူတို့ ဤသို့ပြောနေခြင်းဖြစ်၏– “စားလျက်၊ သောက်လျက်နေကြစို့၊ အကြောင်းမူကား နက်ဖြန်သေကြရမည်။” (၁ ကောရိန္သု ၁၅:၃၂ကဘ) အလုပ်လုပ်ပြီး ငွေရှာကာ ပစ္စည်းဥစ္စာများဝယ်ယူခြင်းသည် လူတစ်ဦး၏ဘ၀ဖြစ်သည်ဟု သူတို့ယုံကြည်ကြသည်။ သို့သော် ယင်းအမြင်ကို သမ္မာကျမ်းစာမထောက်ခံပါ။

ရှာဖွေစုဆောင်းထားသည့် ပစ္စည်းဥစ္စာများဖြင့် မပျော်မွေ့မီမှာပင် သေဆုံးသွားသော လူတစ်ယောက်အကြောင်း မိမိ၏ပုံဥပမာတစ်ခုတွင် ယေရှုပြောပြခဲ့သည်။ “ထို့အတူ ကိုယ့်အတွက် ဘဏ္ဍာကိုစုဆောင်းထားသော်လည်း ဘုရားသခင့်ရှေ့တော်တွင် မကြွယ်ဝသောသူသည် ထိုသူဌေးနှင့်တူ၏။” (လုကာ ၁၂:၁၆-၂၁ကဘ) မိမိကိုယ်ကိုထောက်ပံ့ရန် ထိုသူကြိုးစားအလုပ်လုပ်ခြင်းသည် မှားသလော။ မမှားပါ။ ပြဿနာမှာ ရုပ်ပစ္စည်းအပေါ်တွင်သာ အာရုံစိုက်ထားခြင်းဖြစ်သည်။ ၎င်း၏အစီအစဉ်တွင် ဘုရားသခင်ကို ချန်ထားခဲ့သည်။ ရလဒ်အနေနှင့် သူအလုပ်လုပ်ပြီးရှာဖွေထားသည့် ပိုင်ဆိုင်ရာအားလုံးသည် ရေရှည်တွင် အမှန်တကယ်အကျိုးမဖြစ်စေခဲ့ပါ။ အလွန်ဝမ်းနည်းစရာပင်။—ဒေ. ၂:၁၇-၂၁; မဿဲ ၁၆:၂၆ကဘ။

ယင်းအစား ယေရှုသည် ကျွန်ုပ်တို့အား ထာဝရဆုလာဘ်တစ်ခုအတွက် လုပ်ဆောင်ရန် ဖိတ်ခေါ်ထားသည်။ “ပျက်စီးတတ်သောအစာအတွက်မဟုတ်၊ ထာဝရအသက်ရစေသောအစာအတွက် လုပ်ဆောင်ကြလော့” ဟုကိုယ်တော်တိုက်တွန်းတော်မူ၏။ (ယောဟန် ၆:၂၇ကဘ) ယင်းမတိုင်မီတွင် ကိုယ်တော် ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်ကြောင်း တင်ပြသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်ဘဲ၊ ထာဝရအသက်ကိုရစေရန် ဘုရားသခင်သည် မိမိ၏တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် ဤလောကကို ချစ်တော်မူ၏။” (ယောဟန် ၃:၁၆ကဘ) အလွန်ကောင်းသောဆုကျေးဇူးပင်။

စိုးရိမ်ကြောင့်ကြမှုများကို မည်သို့အောင်မြင်ကျော်လွှားနိုင်သနည်း

ရုပ်ပစ္စည်းနှင့်ပတ်သက်၍ စိုးရိမ်ပူပန်တတ်သည့် လူ့သဘောသဘာဝကို ယေရှုအသိအမှတ်ပြုခဲ့သည်။ ထို့ကြောင့် မိမိတပည့်များကို ကိုယ်တော်ဤသို့တိုက်တွန်းခဲ့သည်– “အဘယ်သို့ စားရမည်နည်း။ အဘယ်သို့ သောက်ရမည်နည်းဟူ၍ စိုးရိမ်ခြင်းမရှိကြနှင့်တော့။ စိုးရိမ်ကြောင့်ကြခြင်း မရှိကြနှင့်တော့။ ထိုအရာများကို လောကသားလူမျိုးခြားတို့သည် ကြိုးစား၍ ရှာဖွေတတ်ကြ၏။ ထိုအရာများကို သင်တို့လိုအပ်ကြောင်း သင်တို့၏အဖသိတော်မူ၏။ သို့ဖြစ်၍ ကိုယ်တော်၏နိုင်ငံတော်ကို ရှာလျက်နေကြလော့။ နောက်မှ ထိုအရာများကို ထပ်၍ပေးတော်မူလိမ့်မည်။”—လုကာ ၁၂:၂၉-၃၁ကဘ။

ယင်းအားပေးမှုဖြစ်စေသောစကားများက ခရစ်ယာန်များစွာအား သူတို့၏အသက်တာကိုရိုးရှင်းစေရန် လှုံ့ဆော်မှုဖြစ်စေခဲ့သည်။ မလေးရှားတွင်နေထိုင်သူဂျူလီးယက် ဤသို့ပြန်ပြောသည်– “ကျွန်မရဲ့အလုပ်ကြောင့် ပင်ပန်းနွမ်းနယ်ပြီး စိတ်ပျက်ရတယ်။ ဒါကြောင့် ကျွန်မတို့ရဲ့အသက်တာကို ရိုးရှင်းစေဖို့ ယေဟောဝါဆီ ကျွန်မနဲ့ကျွန်မခင်ပွန်း ဆုတောင်းကြတယ်။ ကျွန်မတို့ရဲ့ဆုတောင်းချက်ကို ကိုယ်တော် ချက်ချင်းဖြေကြားပေးတယ်။ မသန်စွမ်းတဲ့ကလေးတွေကို စာသင်ပေးရတဲ့အချိန်ပိုင်းအလုပ်ကို တစ်လအတွင်းမှာ ရလိုက်တယ်။” ဩစတြေးလျမှ အိမ်ခေါင်မိုးလုပ်ငန်းကန်ထရိုက်တာတစ်ဦးဖြစ်သူ စတိဗ်သည် ဘုရားသခင်ရေးရာလုပ်ငန်းများလုပ်ရာတွင် သူ့မိသားစုနှင့်အတူ အချိန်ပိုသုံးရန် သူ့အလုပ်ကို ချိန်ညှိပြုပြင်ခဲ့သည်။ သူ့ဇနီး မော်ရင်း ဤသို့ရှင်းပြသည်– “အခု သူအရမ်းပျော်နေတယ်၊ ကျွန်မတို့လည်း ထပ်တူပဲ။ ကလေးတွေနှစ်သက်တယ်၊ ကျွန်မလည်း နှစ်သက်တယ်။ ရိုးရှင်းစွာအသက်ရှင်မယ်ဆိုရင် မိသားစုတစ်ခုလုံး အကျိုးခံစားရမယ်။”

သို့သော် သင်အလုပ်လက်မဲ့ဖြစ်သွား၍ သင့်အိမ်ဆုံးရှုံးတော့မည်ဆိုပါက ယေရှု၏တိုက်တွန်းချက်ကိုလိုက်နာရန် ယုံကြည်ခြင်းများစွာ လိုအပ်သည်။ သို့တိုင် ဘုရားသခင်ရေးရာများကို ဦးစားထားကာ ကိုယ်တော်ကိုယုံကြည်ကိုးစားခြင်းဖြင့် သင်လည်း ရိုးရှင်းပြီး ဟန်ချက်ညီသောဘ၀ဖြင့် အသက်ရှင်နိုင်ပါသည်။ ယင်းသို့နေထိုင်ခြင်းက ဖြောင့်မတ်ခြင်းတရားတည်နေရာ ဘုရားသခင့်ကမ္ဘာသစ်တွင် ထာ၀စဉ်အသက်ရှင်ခွင့်တည်းဟူသော “စစ်မှန်သောအသက်” ကိုရရှိခံစားစေမည်ဖြစ်ပြီး ယင်းကမ္ဘာသစ်တွင် အလုပ်မှန်သမျှ ပျော်ရွှင်ဖွယ်ကောင်းပြီး ကြိုးစားအားထုတ်မှုမှန်သမျှ အချည်းအနှီးဖြစ်မည်မဟုတ်။—၁ တိမောသေ ၆:၁၇-၁၉ကဘ; ဟေရှာယ ၆၅:၂၁-၂၃

သမ္မာကျမ်းစာတွင် ကတိပေးထားသည့် ဤ “စစ်မှန်သောအသက်” နှင့်ပတ်သက်၍ သင်ပိုမိုသိလိုပါသလော။ သိလိုပါက ဒေသခံယေဟောဝါသက်သေများနှင့် ဆက်သွယ်ပါ သို့မဟုတ် ဤမဂ္ဂဇင်း၏စာမျက်နှာ ၅ ပါသင့်လျော်ရာလိပ်စာသို့ စာရေးပါ။

[စာမျက်နှာ ၉ ပါ အကျဉ်းဖော်ပြချက်]

ဘုရားသခင့်ကမ္ဘာသစ်တွင် အလုပ်မှန်သမျှ ပျော်ရွှင်ဖွယ်ကောင်းပြီး လုပ်ရကျိုးနပ်ပါလိမ့်မည်

[စာမျက်နှာ ၈ ပါ လေးထောင့်ကွက်]

အိမ်ပြင်ပအလုပ် သင်ဖန်တီးနိုင်သလော

ကမ္ဘာ့ဒေသအချို့တွင် အလုပ်လက်မဲ့ပြဿနာဖြစ်နေချိန်အတွင်း အထောက်အကူပြုမည့်အကြံဉာဏ်တချို့ကို ဤတွင်ဖော်ပြထားသည်–

● အိမ်စောင့်ပေးခြင်း (လူတို့သည် စီးပွားရေးကြောင့် သို့မဟုတ် အားလပ်ရက်ဖြင့် တခြားနေရာသွားကြသောအခါ သူတို့အိမ်ကို စောင့်ကြည့်ပေးစေလိုကြသည်)

● သန့်ရှင်းရေး– စတိုးဆိုင်များ။ ရုံးများ။ လုံးချင်းအိမ်နှင့်တိုက်ခန်းများ ဆောက်လုပ်ပြီးနောက်၊ မီးလောင်ပြီးနောက်၊ ယင်းတို့ရှိလူများ ပြောင်းရွှေ့သွားပြီးနောက်။ အိမ်မှုကိစ္စ (အခြားသူတို့၏အိမ်များတွင်)။ ပြတင်းပေါက်များ (ဆိုင်များနှင့် အိမ်များ)

● ပြုပြင်မှုများ– စက်ဘီးများ။ အသုံးအဆောင်အမျိုးမျိုး (စာကြည့်တိုက်များတွင် မိမိဘာသာအလွယ်တကူပြုပြင်နိုင်ရန် “မည်သို့ ... ပြုပြင်တပ်ဆင်နိုင်ပုံ” စာအုပ်များရှိသည်)

● တောက်တိုမည်ရအလုပ်များ– အိမ်အပြင်ဘက်ပြုပြင်မွမ်းမံခြင်း။ အဆင့်ပါသောဗီရိုများ၊ တံခါးများ၊ ဆင်ဝင်များဆောက်လုပ်ပေးခြင်း။ ဆေးသုတ်ခြင်း။ ခြံစည်းရိုးခတ်ခြင်း။ အိမ်အမိုးမိုးခြင်း

● ခြံလုပ်ငန်း– ကောက်ပဲသီးနှံများစိုက်ပျိုးခြင်း၊ သစ်သီးများဆွတ်ခူးခြင်း၊ ရိတ်သိမ်းခြင်း

● ဥယျာဉ်တွင်း အလှဆင်မှုနှင့် အပင်စောင့်ရှောက်မှု– ရုံးများ၊ ဘဏ်များ၊ ဧည့်ခန်းများ၊ ဈေးရုံပလာဇာများ

● အိမ်ရာဆောက်အအုံ စီမံအုပ်ချုပ်မှု– အစောင့်များ၊ ကြီးကြပ်သူ (တစ်ခါတစ်ရံ အခမဲ့နေထိုင်စရာနေရာရရှိသည်)

● ကော်ဇောနှင့် အထပ်သားကြမ်းခင်း တပ်ဆင်ခြင်း၊ သန့် ရှင်းရေးလုပ်ခြင်း

● သတင်းစာပေးပို့ခြင်း (လူကြီးများနှင့် ကလေးများ) နှင့် အခြားပေးပို့ခြင်းလုပ်ငန်းများ– စည်ပင်သာယာရေးအဖွဲ့များအတွက် ကြော်ငြာပေးခြင်း၊ ကျသင့်ငွေစာရင်းပေးပို့ခြင်း

● ထုပ်ပိုးရွှေ့ပြောင်းပေးခြင်း၊ သိုလှောင်ပေးခြင်း

● ဥယျာဉ် အလှဆင်ခြင်း၊ သစ်ပင်သပ်ရပ်အောင်တိခြင်း၊ မြက်ရိတ်ခြင်း၊ သစ်ခုတ်ခြင်း

● ကျောင်းကားမောင်းခြင်း

● ဓာတ်ပုံရိုက်ခြင်း (လူနှင့် လူထုဆိုင်ရာအဖြစ်အပျက်များ)

● တံငါသည်များထံ ငါးစာရောင်းခြင်း

● အလုပ်ဖလှယ်ခြင်း– ကားပြင်ပေးသည့်အတွက် လျှပ်စစ်ဆိုင်ရာ များကို ပြန်လည်ပြုပြင်ပေးခြင်း၊ ရေပိုက်ပြင်ပေးသည့်အတွက် ပြန်လည်အဝတ်ချုပ်လုပ်ပေးခြင်း

ထပ်ဆင့်အချက်အလက်များအတွက် ၁၉၉၆၊ မတ်လထုတ် နိုးလော့! [လိပ်] စာမျက်နှာ ၃-၁၁ ကိုကြည့်ပါ။

[စာမျက်နှာ ၉ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

အိမ်၌ အလုပ်ဖန်တီးရာတွင် ရွေးချယ်စရာများ

သင့်အိမ်နီးနားချင်းတို့၏ လိုအပ်ရာများကို လေ့လာပါ။ အိမ်နီးချင်းများကို မေးပါ။ အစပြုလုပ်ဆောင်ပါ။

● ကလေးထိန်းပေးခြင်း

● ခြံထွက်သီးနှံများ သို့မဟုတ် ပန်းများ။ သစ်သီးရည်များရောင်းခြင်း

● စက်ချုပ်ခြင်း၊ အဝတ်အစားများကို ပြုပြင်ခြင်း

● ကုန်ထုတ်လုပ်သူများအတွက် ပုတ်ပြတ်လုပ်ခြင်း

● မုန့်ဖုတ်ခြင်းနှင့် အစားအစာပြင်ဆင်ခြင်း

● ဂွမ်းစောင်ချုပ်ခြင်း၊ ဇာတစ်ချောင်းထိုး၊ နှစ်ချောင်းထိုးထိုးခြင်း။ အိတ်များထိုးရက်ခြင်း၊ အိုးခွက်လုပ်ခြင်း။ အခြားလက်မှုပညာများ

● ကူရှင်ချုပ်လုပ်ခြင်း

● စာရင်းကိုင်၊ (လက်နှိပ်စက်၊ ကွန်ပျူတာ) ရိုက်ခြင်း၊ အိမ်သုံးကွန်ပျူတာတပ်ဆင်ပေးခြင်း

● အများသုံးတယ်လီဖုန်းလုပ်ငန်း

● ဆံပင်အလှပြင်ခြင်း

● အခန်းငှားပေးခြင်း

● စာအိတ်များထဲ ကြော်ငြာစာထည့်ကာ လိပ်စာတပ်ပေးခြင်း

● ကားများ ဆေးကြောခြင်းနှင့် ဖယောင်းဖြင့်အရောင်တင် ပေးခြင်း (ကားကို သင့်အိမ်သို့ယူလာသည်)

● အိမ်မွေးတိရစ္ဆာန်များကို သန့်စင်ပေးခြင်းနှင့် လေ့ကျင့်ပေးခြင်း

● သော့ပြင်ခြင်းနှင့် သော့ပြုလုပ်ခြင်း (အိမ်ဆိုင်)

ဤလုပ်ငန်းများအတွက် ကြော်ငြာများကို သတင်းစာ၊ ဂျာနယ်ပါ အခမဲ့ကြော်ငြာကဏ္ဍများတွင်ဖြစ်စေ၊ အဖိုးနည်းနည်းဖြင့် စာစောင်များတွင်ဖြစ်စေ၊ ကုန်ပဒေသာတိုက်ကြော်ငြာသင်ပုန်းများ၌ ကြော်ငြာနိုင်သည်။