မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သဘာ၀ လက်ဦးမှုရထား

သဘာ၀ လက်ဦးမှုရထား

သဘာ၀ လက်ဦးမှုရထား

‘ကြားတတ်သောနားကိုလည်းကောင်း၊ မြင်တတ်သော မျက်စိကိုလည်းကောင်း ယေဟောဝါဖန်ဆင်းတော်မူပြီ။’—နယပုံပြင် ၂၀:၁၂

သင့်မျက်စိများသည် ရုပ်မြင်သံကြားစက်ထဲမှ သေးငယ်သည့်ကင်မရာများနှင့်တူသည်။ မျက်စိများသည် ပုံရိပ်များကို လျှပ်စစ်အချက်ပြလှိုင်းများ (electrical signals) အဖြစ်သို့ပြောင်းလဲစေပြီး ယင်းအချက်ပြလှိုင်းများကို မျက်စိဆိုင်ရာနဗ်ကြောများမှတစ်ဆင့် တကယ့်ပုံရိပ်စစ်ကိုမြင်စေသော သင့်ဦးနှောက်အနောက်ဘက်ပိုင်းသို့ ပို့လွှတ်လိုက်သည်။

မျက်စိသည် အလွန်သေးငယ်သော်လည်း အံ့သြဖွယ်ရာတစ်ခုဖြစ်သည်။ မျက်စိ၏အချင်းမှာ တစ်လက်မသာရှိပြီး အလေးချိန်မှာ တစ်အောင်စ၏လေးပုံတစ်ပုံသာရှိကာ လက်ရာမြောက်သည့် ဖန်တီးမှုတစ်ခုဖြစ်သည်။ ဥပမာ၊ မျက်စိတွင် မှေးမှိန်သည့်အလင်းနှင့် တောက်ပသည့်အလင်းအတွက် သီးခြားစနစ်များရှိသည့်အတွက် အမှောင်ခန်းတစ်ခန်းသို့ဝင်ပြီးနောက် မိနစ် ၃၀ အကြာတွင် သင့်မျက်စိများသည် အလင်းရောင်ကို အဆ ၁၀,၀၀၀ ပို၍ အာရုံခံလွယ်လာနိုင်သည်။

ပုံမှန်အလင်းရောင်တွင် ရှင်းလင်းသည့်ရုပ်ပုံတစ်ခုကို အဘယ်အရာကဖြစ်စေသနည်း။ သင့်မျက်စိရှိ အလင်းရောင်အာရုံခံဆဲလ်များ (ပုံရိပ်ထင်စေသောအစက်အပြောက်များ) သည် ဗီဒီယိုကင်မရာအများစုတွင်ရှိသည်ထက် အဆ ၁၀၀ ကျော်ပို၍များသည်။ ထို့ပြင်၊ ယင်းဆဲလ်အများစုသည် ဖိုဘီရာ (fovea) ဟုခေါ်သည့် မြင်လွှာ၏အလယ်ဗဟိုရှိ အစက်ငယ်တစ်စက်တွင် ပြွတ်သိပ်နေပြီး ယင်းအစက်ငယ်က မြင်ကွင်းကို အကြည်လင်ဆုံးဖြစ်စေသည်။ သင့်အကြည့်ကို တစ်စက္ကန့်တွင် အကြိမ်ကြိမ်ပြောင်းလိုက်ပြီးနောက် မြင်ကွင်းတစ်ခုလုံးကြည်လင်ပြတ်သားသွားပုံရသည်။ ထူးခြားသည်မှာ၊ သင့်မျက်စိရှိ ဖိုဘီရာသည် .၃ မီလီမီတာအရွယ်ခန့်သာရှိသည်။

အလင်းရောင်အာရုံခံဆဲလ်များမှ လျှပ်စစ်အချက်ပြလှိုင်းများသည် မျက်စိဆိုင်ရာနဗ်ကြောများသို့ဦးတည်၍ နဗ်ကြောဆဲလ်တစ်ခုမှ အခြားတစ်ခုသို့ဖြတ်သန်းသွားသည်။ သို့သော်၊ နဗ်ကြောဆဲလ်များသည် အချက်ပြလှိုင်းများကို ပေးပို့ဖြတ်သန်းသွားစေရုံထက်မက ပိုမိုလုပ်ဆောင်သည်။ ယင်းဆဲလ်များသည် အချက်ပြလှိုင်းများကို ကြိုတင်ပြုပြင်စီမံလိုက်ပြီး အရေးကြီးအချက်အလက်များကို တိုးမြင့်ပေးကာ မလိုအပ်သောအသေးစိတ်အချက်အလက်များကို ချေဖျက်ပေးသည်။

သင့်ဦးနှောက်ရှိ အမြင်အာရုံဆိုင်ရာအပြင်ဘက်လွှာသည် အဆင့်မြင့် ဗွီဒီယိုဖမ်းစက်တစ်ခုနှင့်တူသည်။ ယင်းအပြင်ဘက်လွှာသည် အနားသတ်များကို ကြည်လင်စေပြီး အာရုံခံလွယ်ဆဲလ်များမှ အချက်ပြလှိုင်းများကို အနီရောင်၊ အစိမ်းရောင်၊ အပြာရောင်တို့နှင့် နှိုင်းယှဉ်ပေးခြင်းဖြင့် ပုံရိပ်များကို ပြတ်သားစေသည်၊ ယင်းကြောင့် အရောင်သန်းပေါင်းများစွာကို သင်ခွဲခြားနိုင်သည်။ သင့်ဦးနှောက်သည် မျက်စိနှစ်လုံးစပ်ကြားမြင်တွေ့ရာများ၏ သေးငယ်သည့်ကွဲပြားခြားနားမှုများကို နှိုင်းယှဉ်ပေးခြင်းဖြင့်လည်း အကွာအဝေးကို သိရှိနိုင်စေသည်။

သင့်မျက်စိများသည် အဝေးမှလူအုပ်တစ်အုပ်ထဲရှိ မျက်နှာများကို စေ့စေ့ကြည့်ရှုပြီး သင့်ဦးနှောက်ထံ လျှပ်စစ်လှုံ့ဆော်လှိုင်းများပို့လွှတ်လိုက်သည်၊ ဦးနှောက်က ယင်းလှိုင်းများကို ကြည်လင်ပြတ်သားသည့်ပုံရိပ်များအဖြစ်သို့ ပြောင်းလဲပေးသည်ကိုသုံးသပ်ကြည့်ပါ။ သင့်မိတ်ဆွေကို ချက်ချင်းမှတ်မိရန်အလို့ငှာ သိသိသာသာမသဲကွဲသည့် မျက်နှာပုံပန်းသွင်ပြင်များကို သင့်မှတ်ဉာဏ်ထဲရှိသူများ၏မျက်နှာနှင့်နှိုင်းယှဉ်လိုက်ပုံကိုလည်း စဉ်းစားကြည့်ပါ။ ယင်းဖြစ်စဉ်များသည် အလွန်အံ့သြဖွယ်မကောင်းပေလော။

[စာမျက်နှာ ၇ ပါ ရုပ်ပုံ]

မျက်စိသည် အချက်အလက်များကိုစီမံဆောင်ရွက်ပုံမှာ လက်ရာမြောက်သည့် ဖန်တီးမှုဖြစ်ကြောင်း ခိုင်လုံသည့်အထောက်အထားဖြစ်