မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရေးကြီးရာများအတွက် အချိန်ရအောင်လုပ်ခြင်း

အရေးကြီးရာများအတွက် အချိန်ရအောင်လုပ်ခြင်း

အရေးကြီးရာများအတွက် အချိန်ရအောင်လုပ်ခြင်း

“အချိန်အနည်းငယ်သာ ကျန်တော့သည်။”—၁ ကောရိန္သု ၇:၂၉၊ ကဘ။

“ရေထဲတွင် ဟိုဟိုသည်သည်ခုန်ပေါက်ပြီး ရေပက်ဖျန်းနေခြင်းသည် သင်ရေကူးနေခြင်းမဟုတ်ပါ’’ ဟုမိုက်ကယ် လီဘိုဗ်က သူ၏စာအုပ်တစ်အုပ် (Working Smart) တွင် ရေးသားသည်။

တစ်နည်းအားဖြင့်ဆိုလျှင် လှုပ်ရှားနေခြင်းပြုရုံနှင့် အကျိုးရှိသောတစ်စုံတစ်ရာကို တကယ်ပြီးမြောက်ခြင်းတို့စပ်ကြား ကွာခြားမှုရှိနိုင်သည်။ လွန်ခဲ့သောအပတ်ကို ပြန်သုံးသပ်ကြည့်ပါ။ သင် ဘာအတွက် အချိန်ရအောင် လုပ်ခဲ့သနည်း။ ဘာအတွက် အလွန်အလုပ်များခဲ့သနည်း။ သင် တကယ်ဂရုစိုက်ရာများအတွက် အချိန် ပို၍ရအောင်လုပ်ဖို့လိုကြောင်း သိမြင်ပါသလော။

ကျွန်ုပ်တို့၏ အလျင်စလိုဖြစ်နေသောခေတ်ကာလနှင့်ပတ်သက်၍ ယေရှုကြိုပြောခဲ့ရာကို သုံးသပ်ကြည့်ပါ။ ဤအစီအစဉ်စနစ်၏အဆုံးနီးလာပြီး ဘုရားသခင်၏ ဖြောင့်မတ်သော ကမ္ဘာသစ်နီးလာသည်နှင့်အမျှ ကိုယ်တော့်တပည့်တို့သည် အလုပ်များကြမည်ဖြစ်ကြောင်း ကိုယ်တော်မိန့်တော်မူခဲ့၏။ ဘာကို လုပ်ဆောင်နေမည်နည်း။ “[ဘုရားသခင့်] နိုင်ငံတော်နှင့်ဆိုင်သော ဤသတင်းကောင်းကို’’ ဟောပြောခြင်းဖြစ်သည်။ လူအများစုသည် နားမထောင်နိုင်လောက်အောင် အလွန်အလုပ်များ နေကြမည်ဖြစ်ကြောင်းကိုလည်း ယေရှုပြောခဲ့သည်။ သူတို့သည် ဘဝအသက်တာ၏ နေ့စဉ်လုပ်ငန်းဆောင်တာများတွင် နစ်မြုပ်နေကြမည်ဖြစ်သည်။ ဘုရားသခင့်နိုင်ငံတော်သတင်းတရားကို အာရုံမစိုက်နိုင်လောက်အောင် အလုပ်များနေကြသောထိုသူတို့သည် ဖျက်ဆီးခံရကြလိမ့်မည်ဖြစ်ကြောင်း ကိုယ်တော်ထပ်ဆင့်ပြောခဲ့သည်။—မဿဲ ၂၄:၁၄၊ ၃၇-၃၉; လုကာ ၁၇:၂၈-၃၀

ယနေ့ ယေဟောဝါသက်သေများသည် နိုင်ငံပေါင်း ၂၃၀ ကျော်တွင် ဘုရားသခင့်နိုင်ငံတော်သတင်းကောင်းကို ဟောပြောနေကြသည်။ ယေရှုကြိုပြောထားသည့်အတိုင်းမှန်ကန်၏၊ လူများစွာသည် “အလွန်အလုပ်များ” ကြောင်းဖော်ပြခြင်းဖြင့် နားမထောင်လိုကြပါ။ သို့သော် ဘုရားသခင့်နိုင်ငံတော်အကြောင်း သမ္မာကျမ်းစာသွန်သင်ရာကို ဆန်းစစ်ရန် အလုပ်များသောသင့်အသက်တာမှ အချိန်ယူဖို့ သင့်ကို ကျွန်ုပ်တို့ဖိတ်ခေါ်ပါသည်။ လူသားများအတွက် ဘုရားသခင်သိုမှီးထားသော ကောင်းချီးများကို သင်ယူကာ သမ္မာကျမ်းစာ၏သတင်းစကားကို ကြားနာပြီး နာခံလိုက်လျှောက်ခြင်းသည် အမှန်တကယ်အရေးကြီးသည့်၊ အချိန်ရအောင်ပြုလုပ်ထိုက်သည့်အရာဖြစ်ကြောင်း သင်သဘောတူမည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။ *

[အောက်ခြေမှတ်ချက်]

^ အပိုဒ်၊ 6 ပိုမိုသိရှိရန် ဒေသခံယေဟောဝါသက်သေများကို ဆက်သွယ်ပါ သို့မဟုတ် စာမျက်နှာ ၅ တွင် ဖော်ပြထားသော သင့်လျော်သောလိပ်စာသို့ စာရေးပါ သို့မဟုတ် ကျွန်ုပ်တို့၏ဝက်ဆိုက်ဘ် www.watchtower.org ကို ဝင်ရောက်ကြည့်ရှုပါ။