မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားလား

ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားလား

ဘာသာတရားက ငြိမ်းချမ်းရေးအတွက် တွန်းအားလား

ရစ်ယာန်ဘောင်ရဲ့ အသန့်ရှင်းဆုံးချာ့ခ်ျလို့ တချို့ချီးကျူးဂုဏ်ပြုကြတဲ့ ဂျေရုဆလင်မြို့က သန့်ရှင်းသောဂူဗိမာန်ချာ့ခ်ျဟာလည်း ဘာသာရေးဆိုင်ရာတိုက်ခိုက်ရန်လိုမှုရဲ့ အမှတ်သင်္ကေတတစ်ခုဖြစ်လာတယ်။ ဓလေ့ထုံးစံအရ အဲဒီချာ့ခ်ျဟာ “ခရစ်တော်သေဆုံးပြီး ပြန်ထလာတယ်လို့ယူဆရ” တဲ့နေရာမှာရှိတယ်။ ဒါပေမဲ့ အဲဒီအထွတ်အမြတ်နေရာက အကြမ်းဖက်မှုများစွာရဲ့စစ်မြေပြင်လည်း ဖြစ်လာနေတယ်။ “ခရစ်ယာန်” ဂိုဏ်းဂဏခွဲခြောက်ခုက ခရစ်ယာန်ဘုန်းတော်ကြီးတွေဟာ ချာ့ခ်ျအသုံးပြုခွင့်အတွက် တစ်ဦးနဲ့တစ်ဦး တိုက်ခိုက်နေကြတယ်။ မကြာသေးခင်နှစ်တွေမှာ ယှဉ်ပြိုင်မှုတွေ ပိုပြင်းထန်လာတယ်။ ဒါ့ကြောင့် ရိုင်ဖယ်လက်နက်ကိုင် အဓိကရုဏ်းနှိမ်နင်းရေးရဲတွေ ကြားဝင်ဖြေရှင်းပေးခဲ့ရပြီး ချာ့ခ်ျကို ယာယီထိန်းချုပ်ပေးခဲ့ရတယ်။

အကြမ်းဖက်မှုပြည့်နေသော နောက်ကြောင်း

သန့်ရှင်းသောဂူဗိမာန်ချာ့ခ်ျရှိဖြစ်ရပ်တွေဟာ ဘာသာရေးစိတ်ထက်သန်မှုနဲ့ဆက်နွှယ်တဲ့ သွေးသွန်းသတ်ဖြတ်မှုသမိုင်းကြောင်းရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်။ ကမ္ဘာ့ဒေသအသီးသီးရှိ မကြာသေးခင်ကဖြစ်တဲ့ ပဋိပက္ခတွေကို ထောက်ရှုပြီး စာအုပ်တစ်အုပ် (Violence in God’s Name) က ဒီလိုဖော်ပြတယ်– “အင်ဒိုနီးရှားမှ မြောက်အိုင်ယာလန်၊ အရှေ့အလယ်ပိုင်းမှ ကက်ရှ်မီးယား၊ အိန္ဒိယမှ နိုင်ဂျီးရီးယား၊ ဘော်လ်ကန်မှ သီရိလင်္ကာအထိ ခရစ်ယာန်၊ ဗုဒ္ဓဘာသာ၊ ဂျူး၊ မွတ်ဆလင်နဲ့ ဆစ်ခ်ဘာသာဝင်များသည် အကြမ်းဖက်ပြီးသွေးမြေကျရခြင်းက ၎င်းတို့၏ဘာသာရေးသရုပ်သကန်နှင့် အကျိုးစီးပွားကိုကာကွယ်ဖို့အတွက်ပါဟူ၍ အကြောင်းပြကြသည်။”

ဘာသာတရားအများစုက ငြိမ်းချမ်းမှုနဲ့ အသင့်အတင့်ရှိမှုကို အဓိကအယူဝါဒအဖြစ် လက်ကိုင်ပြုကြတယ်။ ခေတ်တစ်လျှောက် ဘာသာတရားက အိမ်နီးချင်းကိုချစ်ဖို့၊ လူ့အသက်ကို အလေးအမြတ်ထားဖို့လိုမျိုး ကိုယ်ကျိုးမဖက်တဲ့မူတွေကို ထက်ထက်သန်သန် အားပေးအားမြှောက်ပြုကြတယ်။ ဘာသာတရားက ငြိမ်းချမ်းမှုရှိဖို့ကြွေးကြော်တယ်ဆိုရင် ငြိမ်းချမ်းမှုရှိအောင် ဦးဆောင်ဦးရွက်မပြုလုပ်သင့်ဘူးလား။ စိတ်ရင်းမှန်တဲ့ဝတ်ပြုကိုးကွယ်သူတွေက ဒီမေးခွန်းကို စဉ်းစားသုံးသပ်သင့်ပါတယ်။