မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အရေးအကြီးဆုံးမေးခွန်း

အရေးအကြီးဆုံးမေးခွန်း

အရေးအကြီးဆုံးမေးခွန်း

လူသားတွေမေးခဲ့သမျှမေးခွန်းထဲမှာ ‘ဘုရားသခင်ရှိသလား’ ဆိုတဲ့မေးခွန်းထက် ပိုအရေးကြီးတဲ့မေးခွန်း ရှိနိုင်ပါအုံးမလား” ဆိုပြီး မျိုးရိုးဗီဇပညာရှင် ဖရန့်စ္စ ကော်လင်းစ်က မေးလိုက်တယ်။ သူက တကယ့်အရေးကြီးတဲ့ ဒီအချက်တစ်ချက်ကို ဖော်ပြလိုက်တာဖြစ်တယ်။ တကယ်လို့ ဘုရားသခင်သာမရှိဘူးဆိုရင် ကိုယ်ကျင့်တရားစံနှုန်းတွေကို ချမှတ်ပေးနိုင်မယ့် လူ့ထက်ထူးမြတ်တဲ့ပုဂ္ဂိုလ်လည်း ရှိမှာမဟုတ်ဘူး။

ဘုရားသခင်မရှိဘူးလို့ တချို့လူတွေသံသယရှိရတဲ့အကြောင်းရင်းက ဘုရားသခင်ကို သိပ္ပံပညာရှင်များစွာက မယုံကြည်ကြလို့ပဲ။ ဒါပေမဲ့ လူအများနှစ်သက်တဲ့အယူအဆဟာ တစ်ခါတလေမှာ လုံးလုံးမှားယွင်းနေနိုင်တယ်၊ အဲဒါကို နောက်ဆောင်းပါးမှာ ဖော်ပြပါလိမ့်မယ်။

ဝမ်းနည်းစရာက၊ ကမ္ဘာ့ဘာသာရေးခေါင်းဆောင်တွေဟာ ခိုင်လုံတဲ့သိပ္ပံဆိုင်ရာအသိပညာနဲ့ဆန့်ကျင်တဲ့အရာတွေကို သွန်သင်ပေးကြတဲ့အတွက် ဘုရားသခင်ရှိသလားဆိုတဲ့မေးခွန်းက ပိုဖြေရခက်သွားတယ်။ ထင်ရှားတဲ့ဥပမာတစ်ခုကတော့ ဘုရားသခင်က ကမ္ဘာကို လွန်ခဲ့တဲ့နှစ်ထောင်ပေါင်းအနည်းငယ်က ၂၄ နာရီရှိတဲ့ ခြောက်ရက်အတွင်း ဖန်ဆင်းခဲ့တယ်ဆိုတဲ့ ကျမ်းစာနဲ့မကိုက်ညီတဲ့ အယူအဆပဲ။

သီအိုရီတွေ၊ အယူအဆတွေဟာ တစ်ခုနဲ့တစ်ခု သဟဇာတမဖြစ်တာကို လူအတော်များများ တွေ့လာရတဲ့အခါ ဘုရားသခင်တည်ရှိခြင်းနဲ့ပတ်သက်တဲ့အမှန်တရားကို သူတို့ ဆက်မလေ့လာချင်ကြတော့ဘူး။ ဒါပေမဲ့ လူတစ်ယောက်အတွက် အဲဒီအကြောင်းကို သိရှိနားလည်တာထက် ပိုအရေးကြီးတဲ့အရာ၊ ပိုအကျိုးရှိတဲ့အရာ မရှိနိုင်တော့ဘူး။ အမှန်ပါပဲ၊ ကျွန်တော်တို့တစ်ယောက်မှ ဘုရားသခင်ကို မမြင်ဖူးကြသလို စကြဝဠာနဲ့ အသက်စတင်ဖြစ်လာတုန်းကလည်း မရှိခဲ့ကြဘူး။ ဒါကြောင့် ဘုရားသခင်ကို ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ ကျွန်တော်တို့ရဲ့ခံယူချက်တွေမှာ ယုံကြည်ခြင်းက အတိုင်းအတာတစ်ခုအထိ ပါဝင်ပတ်သက်နေတယ်။ ဒါပေမဲ့ ဘယ်လိုယုံကြည်ခြင်းမျိုးလဲ။

စစ်မှန်တဲ့ယုံကြည်ခြင်းက ခိုင်လုံတဲ့အထောက်အထားအပေါ် အခြေခံ

ယုံကြည်ခြင်းဟာ ကျွန်တော်တို့အသက်တာရဲ့ အရေးကြီးတဲ့အပိုင်းအဖြစ် အနည်းဆုံးတော့ အတိုင်းအတာတစ်ခုအထိ ပါဝင်နေတယ်။ လခရမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကျွန်တော်တို့အလုပ်လုပ်ကြတယ်။ မျိုးစေ့တွေကနေ အညှောက်တွေထွက်လာမယ်ဆိုတဲ့ ယုံကြည်ချက်နဲ့ ကောက်ပဲသီးနှံတွေကို ကျွန်တော်တို့ စိုက်ပျိုးကြတယ်။ ကျွန်တော်တို့ဟာ မိတ်ဆွေတွေကို ယုံကြည်စိတ်ချကြတယ်။ ပြီးတော့ စကြဝဠာကိုထိန်းချုပ်တဲ့နိယာမတရားတွေ ရှိတယ်ဆိုတာကိုလည်း ယုံကြည်ကြတယ်။ ဒီယုံကြည်ချက်တွေဟာ အထောက်အထားတွေပေါ် အခြေခံထားတဲ့အတွက် ခြေမြစ်ခိုင်လုံတဲ့ယုံကြည်ချက်ဖြစ်တယ်။ အလားတူပဲ ဘုရားသခင်ရှိတယ်ဆိုတဲ့ ယုံကြည်ချက်ဟာလည်း အထောက်အထားတွေပေါ် အခြေခံထားတယ်။

ဟေဗြဲ ၁၁:၁ မှာ ဒီလိုဖော်ပြထားတယ်– “ယုံကြည်ခြင်းသည် . . . မမြင်ရသေးသော်လည်း အမှန်တည်ရှိသောအရာတို့၏ ထင်ရှားသောသက်သေဖြစ်၏။” နောက်ဘာသာပြန်ကျမ်းတစ်စောင်က ဒီလိုဖော်ပြတယ်– “ယုံကြည်ခြင်းသည် . . . မမြင်သေးသောအရာများနှင့်စပ်ဆိုင်၍ စိတ်ချခြင်းဖြစ်၏။” (သမ္မာကျမ်း) ဥပမာအနေနဲ့ သင်ဟာ ကမ်းခြေတစ်လျှောက် လမ်းလျှောက်နေစဉ် ရုတ်တရက် မြေငလျင်လှုပ်တာကို သိရှိခံစားလိုက်ရတယ်။ ဒီနောက် ရေတွေလည်း ပင်လယ်ထဲ လျော့ကျသွားတာ မြင်လိုက်တယ်။ ဒီဖြစ်ရပ်တွေက ဆူနာမီလာတော့မယ့်လက္ခဏာဆိုတာ သင်သိသွားပြီ။ ဒီကိစ္စမှာ ရိုက်ခတ်လာတော့မယ့် လှိုင်းလုံးတွေကိုမမြင်ရသေးပေမဲ့ မြေငလျင်နဲ့ လျော့ကျသွားတဲ့ရေတွေဟာ မမြင်ရသေးတဲ့အဖြစ်မှန်ရဲ့ “ထင်ရှားသောသက်သေ” ဖြစ်တယ်။ အထောက်အထားအပေါ်အခြေပြုတဲ့ သင့်ယုံကြည်ချက်က အန္တရာယ်ကင်းအောင် မြင့်တဲ့နေရာကို ထွက်ပြေးဖို့ သင့်ကို လှုံ့ဆော်ပေးမှာဖြစ်တယ်။

ဘုရားသခင်ကိုယုံကြည်တယ်ဆိုတာလည်း အထောက်အထားအပေါ်အခြေခံတဲ့ ယုံကြည်ခြင်းမျိုးဖြစ်သင့်တယ်။ ဒါမှသာ ဘုရားသခင်ဟာ သင့်အတွက် ‘မမြင်ရပေမဲ့ တကယ်တည်ရှိတဲ့ပုဂ္ဂိုလ်’ ဖြစ်လာနိုင်ပါလိမ့်မယ်။ အဲဒီအထောက်အထားတွေကို ဆန်းစစ်ဖို့နဲ့ ချင့်ချိန်ဖို့ သင်ဟာ သိပ္ပံပညာရှင်တစ်ဦးဖြစ်ဖို့လိုသလား။ “ဘုရားသခင်၊ ဘာသာရေး၊ သေပြီးနောင်ဘဝနဲ့ပတ်သက်လာရင် နိုဘယ်လ်ဆုရှင်တွေဟာ တခြားလူတွေထက် ပိုမသိပါဘူး” လို့ နိုဘယ်ဆုရှင် ဗလာဒီမာ ပရီလော့ဂ် ကပြောတယ်။

စိတ်ရိုးဖြောင့်ပြီး အမှန်တရားသိချင်သူဆိုရင် အထောက်အထားတွေကို ဘက်လိုက်မှုမရှိဘဲ ဆန်းစစ်သင့်တယ်၊ အဲဒီအထောက်အထားတွေက အကျိုးသင့်အကြောင်းသင့်ရှိတဲ့ကောက်ချက်ချနိုင်ဖို့ သင့်ကို အကူအညီဖြစ်စေပါလိမ့်မယ်။ ဒါဆိုရင် လေ့လာဆန်းစစ်ဖို့ ဘာအထောက်အထားတွေရှိသလဲ။

[စာမျက်နှာ ၃ ပါ ရုပ်ပုံ]

မျိုးစေ့တွေဟာ အညှောက်ပေါက်လာပြီး ကြီးထွားလာမယ်ဆိုတာကို လယ်သမားတစ်ဦး ယုံကြည်စိတ်ချ