မိသားစု အတူတကွလေ့လာရန်
မိသားစု အတူတကွလေ့လာရန်
ဒီပုံမှာ လိုနေတဲ့အရာက ဘာလဲ
၅ ရာ. ၁၆:၁၊ ၂၊ ၄-၁၀ ကိုဖတ်ပါ။ ဖတ်ပြီးတဲ့အခါ ရုပ်ပုံကိုကြည့်ပါ။ ပုံမှာ ဘာတွေလိုနေသလဲ။ အောက်မှာပါတဲ့ မျဉ်းကြောင်းတွေမှာ အဖြေတွေကို ချရေးပါ။ ရုပ်ပုံအပြည့်အစုံဖြစ်သွားအောင် အစက်တွေကို နံပါတ်အစဉ်လိုက် မျဉ်းဆွဲပါ။ ပြီးရင် အရောင်ခြယ်ပါ။
၁ ․․․․․
၂ ․․․․․
၃ ․․․․․
[ပုံကြမ်း]
(စာစောင်တွင်ကြည့်ပါ)
ဆွေးနွေးရန်–
ယေဟောဝါဘုရားသခင်ကို ကျွန်ုပ်တို့၀တ်ပြုတဲ့အခါ တေးဂီတ၊ တေးသီချင်းတွေသုံးတာကို ကိုယ်တော် နှစ်သက်လက်ခံပါသလား။ သင် ဘာလို့ အဲဒီလိုဖြေတာလဲ။
သဲလွန်စ– ၆ ရာ. ၅:၁၃၊ ၁၄; ဧဖက် ၅:၁၉ တို့ကိုဖတ်ပါ။
စစ်မှန်တဲ့ဝတ်ပြုရေးမှာ သီချင်းဆိုတာပါတဲ့အကြောင်း ဖော်ပြထားတဲ့ တခြားကျမ်းစာမှတ်တမ်းတွေကို ပြောပြနိုင်မလား။
သဲလွန်စ– ထွက်မြောက်ရာ ၁၅:၁-၂၀; မာကု ၁၄:၂၆; တမန်တော် ၁၆:၂၅ တို့ကိုဖတ်ပါ။
သင်ဟာ ရှက်တတ်သူဖြစ်ရင် ဒါမှမဟုတ် တခြားသူတွေက သင့်ထက် သီချင်းပိုဆိုတတ်တယ်လို့ ခံစားနေရရင်တောင် ယေဟောဝါကို သီချင်းဆိုချီးမွမ်းဖို့ ဘယ်သဘောထားက အထောက်အကူပြုနိုင်သလဲ။
သဲလွန်စ– ဆာလံ ၃၃:၁-၃ ကိုဖတ်ပါ။
မိသားစု လုပ်ဆောင်နိုင်ရာ–
မိသားစုဝင်တစ်ဦးစီက ယေဟောဝါကို ချီးမွမ်းသီချင်းဆိုဖို့ မိမိတို့နှစ်သက်တဲ့ သီချင်းတစ်ပုဒ်စီရွေးပါ။ အဲဒီသီချင်းတွေကို ကောင်းကောင်းဆိုတတ်လာတဲ့အထိ မိသားစုလိုက် လေ့ကျင့်ပါ။
စုထားပါ၊ သင်ယူပါ
ဖြတ်ယူထားပြီး ခေါက်ချိုးခေါက်ကာ သိမ်းထားပါ
ကျမ်းစာ ကတ်နံပါတ် ၁ ယောန
မေးခွန်းများ
က။ ယောနဟောပြောဖို့ စေလွှတ်ခံရတဲ့ မြို့အမည်ကဘာလဲ၊ လူဦးရေ ဘယ်လောက်ရှိသလဲ။
ခ။ ယောနဟာ ပထမတော့ သူ့ရဲ့တာဝန်ကနေ ရှောင်ပြေးခဲ့ပေမဲ့လည်း တခြားသူတွေရဲ့အသက်ကို ကယ်တင်ဖို့ သတ္တိရှိကြောင်း ဘယ်လိုဖော်ပြခဲ့သလဲ။
ဂ။ ဒီကျမ်းစာသားကို ပြည့်စုံအောင်ဖြည့်ပါ– “ယောနသည် ငါး၏ဝမ်းထဲမှာ . . . ။”
[ဇယား]
ဘီစီ ၄၀၂၆ အာဒံကို ဖန်ဆင်းခဲ့
ဘီစီ ၈၄၀ လောက်မှာ အသက်ရှင်ခဲ့
အေဒီ ၁
အေဒီ ၉၈ သမ္မာကျမ်းစာရဲ့ နောက်ဆုံးကျမ်းစောင်ကို ရေးသားပြီးစီးခဲ့
[မြေပုံ]
ဂါသေဖာမြို့ကနေ တာရှုမြို့ကို ထွက်ပြေး
ဂါသေဖာမြို့
တာရှုမြို့
နိနေဝေမြို့
ယောန
ကိုယ်ရေးအကျဉ်း
ဘုရင်ယေရောဗောင် ၂ အုပ်ချုပ်ချိန် အတွင်းမှာ ယေဟောဝါရဲ့ပရောဖက်တစ်ဦးအဖြစ် အမှုဆောင်ခဲ့သူဖြစ်တယ်။ (၄ ရာ. ၁၄:၂၃-၂၅) ယေဟောဝါက ယောနကို မိမိကိုယ်ကိုယ်အာရုံမစိုက်ဘဲ တခြားသူရဲ့ လိုအပ်ရာတွေကို ဂရုစိုက်ဖို့ သင်ပေးခဲ့တယ်။ (ယောန ၄:၆-၁၁) ယေဟောဝါဟာ အပြစ်ရှိတဲ့လူသားတွေအပေါ် အလွန်တရာစိတ်ရှည်တယ်၊ သနားကြင်နာတယ်ဆိုတာကို ယောနရဲ့အဖြစ်ကနေ သိရှိရပါတယ်။
အဖြေများ
က။ နိနေဝေမြို့၊ ၁၂၀,၀၀၀။—ယောန ၁:၁၊ ၂; ၄:၁၁။
ခ။ သူ့ကို ပင်လယ်ထဲပစ်ချလိုက်ရင် ပင်လယ်လှိုင်းတွေငြိမ်သွားလိမ့်မယ်လို့ သင်္ဘောသားတွေကို သူပြောခဲ့တယ်။—ယောန ၁:၃၊ ၉-၁၆။
ဂ။ “. . . သုံးရက်ပတ်လုံးနေရ၏။” —ယောန ၁:၁၇။
ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ
၄။ ကျွန်မနာမည်က မယ်လီစာဖြစ်ပြီး အသက်က ၉ နှစ်ပါ။ ကျွန်တော့်နာမည်ကတော့ အယ်ဒီလိုဖြစ်ပြီး အသက်က ၇ နှစ်ပါ။ ကျွန်တော်တို့ ကျူးဘားမှာ နေထိုင်ပါတယ်။ ကျူးဘားမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၅၁,၀၀၀ လား၊ ၉၁,၀၀၀ လား ဒါမှမဟုတ် ၁၃၁,၀၀၀ လား။
၅။ ကျွန်မတို့ နေတဲ့နေရာကို ထောက်ပြနိုင်မလား။ အဲဒီနေရာကို ဝိုင်းပြပါ၊ သင်နေတဲ့နေရာကို အစက်တစ်ခုချပြီး ကျူးဘားနဲ့ သင်တို့အကွာအဝေးကို ကြည့်ပါ။
က
ခ
ဂ
ဃ
ကလေးတွေ ရုပ်ပုံရှာကြည့်ပါ
ဒီရုပ်ပုံတွေက ဒီစာစောင်ရဲ့ ဘယ်နေရာမှာ ပါသလဲ။ ရုပ်ပုံတစ်ခုချင်းစီကို သင့်ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။
“မိသားစု အတူတကွလေ့လာရန်” အတွက် နောက်ထပ်အကြောင်းအရာတွေကို www.pr418.com ကနေ ကူးယူနိုင်ပါတယ်။
● “မိသားစု အတူတကွလေ့လာရန်” အတွက် အဖြေတွေ စာမျက်နှာ ၁၀ မှာပါတယ်
စာမျက်နှာ ၃၀ နဲ့ ၃၁ အတွက် အဖြေများ
၁။ သေတ္တာတော်ထားတဲ့တဲတော်။
၂။ စောင်း။
၃။ တံပိုး။
၄။ ၉၁,၀၀၀။
၅။ ဂ။