မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

‘အရင်တုန်းက ဖြစ်ခဲ့တာတွေ စိတ်နှလုံးထဲမှာ ပေါ်လာတော့မှာ မဟုတ်’

‘အရင်တုန်းက ဖြစ်ခဲ့တာတွေ စိတ်နှလုံးထဲမှာ ပေါ်လာတော့မှာ မဟုတ်’

‘အရင်တုန်းက ဖြစ်ခဲ့တာတွေ စိတ်နှလုံးထဲမှာ ပေါ်လာတော့မှာ မဟုတ်’

ကျွန်ုပ်တို့ရဲ့ ဖန်ဆင်းရှင်ဘုရားသခင်က အနာဂတ်မှာ ဘာလုပ်ဆောင်မယ်ဆိုတဲ့အကြောင်း ဖော်ပြတယ်။ ကိုယ်တော် ဒီလိုပြောတယ်-

“ငါက ကောင်းကင်သစ်နဲ့ မြေကြီးသစ်ကို ဖန်ဆင်းနေတယ်။ အရင်တုန်းကဖြစ်ခဲ့တာတွေကို သတိရတော့မှာမဟုတ်သလို အဲဒါတွေက စိတ်နှလုံးထဲမှာလည်း ပေါ်လာတော့မှာ မဟုတ်ဘူး။” —ဟေရှာယ ၆၅:၁၇ကဘ။

‘စိတ်နှလုံးထဲ ပေါ်လာတော့မှာမဟုတ်တဲ့’ “အရင်တုန်းကဖြစ်ခဲ့တာတွေ” က ဘာတွေလဲ။ ကျမ်းချက်ရဲ့ရှေ့နောက်စကားအရ မတရားမှု၊ ဖျားနာမှု၊ ဆင်းရဲခက်ခဲမှုနဲ့ လူသားတွေကိုထိခိုက်နာကျင်စေတဲ့ တခြားအရာတွေဖြစ်တယ်။ အဲဒီအရာတွေက ဘယ်လိုနည်းနဲ့ ပျောက်ကွယ်သွားမှာလဲ။ အဖြေက တင်ကြိုဟောချက်ထဲမှာပါတဲ့ “ကောင်းကင်သစ်၊” “မြေကြီးသစ်” နဲ့ ချိတ်ဆက်နေတယ်။

စိတ်ဝင်စားဖွယ်ကောင်းတဲ့ အဲဒီအသုံးအနှုန်းတွေနဲ့ အဲဒါတွေရဲ့ အဓိပ္ပာယ်ကို ‘အရင်တုန်းကဖြစ်ခဲ့တာတွေ စိတ်နှလုံးထဲမှာ ပေါ်လာတော့မှာ မဟုတ်’ ခေါင်းစဉ်ရှိတဲ့ လူထုဟောပြောချက်မှာ ရှင်းပြသွားမှာဖြစ်တယ်။ ဒီဟောပြောချက်ကို ယေဟောဝါသက်သေတွေရဲ့ ‘သင့်စိတ်နှလုံးကို ကာကွယ်စောင့်ရှောက်ပါ’ ခရိုင်စည်းဝေးကြီးမှာ ဟောပြောမှာ ဖြစ်ပါတယ်။ ဒီအစည်းအဝေးကြီးကို အမေရိကန်ပြည်ထောင်စုမှာ မေလကနေ စတင်ကျင်းပပြီး ကမ္ဘာတစ်ဝန်းလုံးမှာ ဆက်လက်ကျင်းပသွားမှာဖြစ်တယ်။

သင်နဲ့အနီးဆုံး အစည်းအဝေးကြီးကို တက်ရောက်ဖို့ လှိုက်လှဲစွာဖိတ်ခေါ်ပါတယ်။ အသေးစိတ်အချက်အလက်တွေ သိနိုင်ဖို့ သင့်ဒေသက ယေဟောဝါသက်သေတွေကို ကျေးဇူးပြု၍ ဆက်သွယ်ပါ၊ ဒါမှမဟုတ် ဒီမဂ္ဂဇင်းကို ထုတ်ဝေသူတွေဆီ စာရေးပါ။ ကနေဒါနဲ့ အမေရိကန်ပြည်ထောင်စုမှာ ကျင်းပမယ့် အစည်းအဝေးကြီးနေရာ စာရင်းကို www.pr418.com မှာ ဖော်ပြထားပါတယ်။