မိသားစု အတူတကွလေ့လာရန်
မိသားစု အတူတကွလေ့လာရန်
သူတို့ဆီက ဘာသင်ခန်းစာ ရသလဲ—အာဒံနဲ့ဧဝ
သင်မပိုင်တဲ့အရာတစ်ခုခုကိုယူဖို့ ဆွဲဆောင်ခံရဖူးလား။
• ရုပ်ပုံတွေကို အရောင်ခြယ်ပါ။ • ကျမ်းချက်တွေကို ဖတ်ပါ၊ ရှင်းပြပါ၊ စကားပြောခန်းတွေကို ရေးပါ။ • ဒါတွေကို တွေ့အောင်ရှာပါ—(၁) လိပ်တစ်ကောင် (၂) ဖားတစ်ကောင်။
နောက်တော့၊ အဲဒီအပင်ရဲ့အသီးကို စားလိုက်သလားဆိုပြီး ဘုရားသခင် မေးတယ်။—ကမ္ဘာဦး ၃:၁၁
အာဒံနဲ့ ဧဝက ဘုရားသခင်ဆီကနေ ခိုးယူခဲ့တဲ့အတွက် ဘုရားသခင်က သူတို့ကို ဥယျာဉ်ကနေ မောင်းထုတ်ခဲ့တယ်၊ နောက်ဆုံး သူတို့ သေဆုံးခဲ့ရတယ်။—ကမ္ဘာဦး ၃:၁၄-၂၄
အာဒံနဲ့ဧဝဟာ ဘုရားသခင်စကားနားထောင်ခြင်းအားဖြင့် ဘုရားသခင်ကိုလေးစားကြောင်း ပြသင့်တယ်၊ ဘာကြောင့်လဲ။
သဲလွန်စ– ဗျာ. ၄:၁၁။
သူတို့ ခိုးခဲ့တဲ့အတွက် ဘာရလဒ် ထွက်ပေါ်လာသလဲ။
သဲလွန်စ– ရောမ ၅:၁၂။
ဒီမှတ်တမ်းကနေ ဘာသင်ခန်းစာရသလဲ။
သင် ဘယ်လိုထင်ပါသလဲ။
မြွေကို စကားပြောအောင်လုပ်တာ ဘယ်သူလဲ။
သဲလွန်စ– ဗျာ. ၁၂:၉။
စုထားပါ၊ သင်ယူပါ
ဖြတ်ယူထားပြီး ခေါက်ချိုးခေါက်ကာ သိမ်းထားပါ
ကျမ်းစာ ကတ်နံပါတ် ၂ ယောရှိ
မေးခွန်းများ
က။ ယောရှိ ဘုရင်ဖြစ်လာချိန်မှာ သူ့ အသက်ဘယ်လောက်လဲ၊ သူ ဘယ်နှစ်,နှစ် အုပ်ချုပ်ခဲ့သလဲ။
ခ။ ယောရှိအပေါ် ကောင်းတဲ့သြဇာသက်ရောက်ခဲ့တဲ့ ပရောဖက်နှစ်ယောက်က ဘယ်သူတွေလဲ။
ဂ။ ယောရှိက အလုပ်သမားတွေကို ‘ယေဟောဝါရဲ့ အိမ်တော်’ ကိုပြုပြင်စေတုန်းက ယဇ်ပုရောဟိတ်ဟိလခိ ဘာကို တွေ့ရှိခဲ့သလဲ။
[ဇယား]
ဘီစီ ၄၀၂၆ အာဒံကိုဖန်ဆင်းခဲ့
ဘီစီ ၆၅၀ လောက်မှာ အသက်ရှင်ခဲ့
အေဒီ ၁
အေဒီ ၉၈ သမ္မာကျမ်းစာရဲ့ နောက်ဆုံး ကျမ်းစောင်ကို ရေးသားပြီးစီးခဲ့
[မြေပုံ]
ဒီမျိုးနွယ်တွေရဲ့ မြို့တွေမှာရှိတဲ့ ရုပ်ပုံတွေကို ဖျက်ဆီးခဲ့။—၆ ရာ. ၃၄:၆၊ ၇
နဿလိ
မနာရှေ
ဧဖရိမ်
ရှိမောင်
ယောရှိ
ကိုယ်ရေးအကျဉ်း–
ဖခင်ဖြစ်သူ အာမုန်က ဆိုးတဲ့သူဖြစ်ပေမဲ့ ယောရှိဟာ “ယေဟောဝါရှေ့မှာ မှန်ရာ” ကို ပြုလုပ်ခဲ့တယ်။ (၆ ရာ. ၃၄:၂၊ ကဘ) မကောင်းတဲ့အပေါင်းအသင်းတွေရဲ့ စကားထက် ဘုရားသခင်ကို ချစ်တဲ့သူတွေရဲ့စကားကို နားထောင်ဖို့ သူ ရွေးချယ်ခဲ့တယ်။ နှိမ့်ချမှုရှိပြီး စစ်မှန်တဲ့ဝတ်ပြုရေးကို တန်ဖိုးထားတဲ့အတွက် သူဟာ ဘုရားသခင့်မျက်နှာသာကို ရရှိခဲ့တယ်။—၄ ရာ. ၂၂:၁၉; ၂၃:၂၄၊ ၂၅။
အဖြေများ
က။ ၈၊ ၃၁။—၆ ရာ. ၃၄:၁။
ခ။ ယေရမိနဲ့ ဇေဖနိ။—ယေရမိ ၁:၁၊ ၂; ဇေဖနိ ၁:၁။
ဂ။ မောရှေရေးသားတဲ့ ‘ယေဟောဝါရဲ့ ပညတ္တိကျမ်းစာစောင်။’—၆ ရာ. ၃၄:၁၄-၁၈။
ညီအစ်ကို၊ ညီအစ်မတွေနဲ့ သူတို့နေထိုင်တဲ့ဒေသတွေ
၃။ ကျွန်တော့်နာမည်က ဆရှ် ဖြစ်ပြီး အသက် ၉ နှစ်ပါ။ ကျွန်မနာမည်ကတော့ ရိုဇက်ဖြစ်ပြီး အသက် ၈ နှစ်ပါ။ ကျွန်မတို့ ရဝမ်ဒါမှာ နေထိုင်ပါတယ်။ ရဝမ်ဒါမှာ ယေဟောဝါသက်သေ ဘယ်နှစ်ယောက်ရှိတယ်ဆိုတာ သိပါသလား။ ၁၉,၀၀၀ လား၊ ၄၇,၅၀၀ လား ဒါမှမဟုတ် ၇၇,၅၀၀ လား။
၄။ ကျွန်တော်တို့ နေတဲ့နေရာကို ထောက်ပြနိုင်မလား။ အဲဒီနေရာကို ဝိုင်းပြပါ။ သင်နေတဲ့နေရာကို အစက်တစ်ခုချပြီး ရဝမ်ဒါနဲ့ သင်တို့အကွာအဝေးကို ကြည့်ပါ။
က
ခ
ဂ
ဃ
ကလေးတွေ ရုပ်ပုံရှာကြည့်ပါ
ဒီရုပ်ပုံတွေက ဒီစာစောင်ရဲ့ ဘယ်နေရာမှာ ပါသလဲ။ ရုပ်ပုံတစ်ခုချင်းစီကို ကိုယ်ပိုင်စကားနဲ့ ရှင်းပြပါ။
“မိသားစု အတူတကွလေ့လာရန်” အတွက် နောက်ထပ်အကြောင်းအရာတွေကို www.pr418.com ကနေ ကူးယူနိုင်ပါတယ်။
● “မိသားစု အတူတကွလေ့လာရန်” အတွက် အဖြေတွေ စာမျက်နှာ ၉ မှာပါတယ်
စာမျက်နှာ ၃၀ နဲ့ ၃၁ အတွက် အဖြေများ
၁။ လိပ်က ရုပ်ပုံ ၆။
၂။ ဖားက ရုပ်ပုံ ၁။
၃။ ၁၉,၀၀၀။
၄။ ခ။