မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကျင့်ဆိုးကို အောင်မြင်နိုင်အောင် ဒီစာအုပ်က ကျွန်မကို ထောက်ကူ

အကျင့်ဆိုးကို အောင်မြင်နိုင်အောင် ဒီစာအုပ်က ကျွန်မကို ထောက်ကူ

အကျင့်ဆိုးကို အောင်မြင်နိုင်အောင် ဒီစာအုပ်က ကျွန်မကို ထောက်ကူ

● ပြီးခဲ့တဲ့နှစ်က လူငယ်များအမေး—တာသွားသည့်အဖြေ အတွဲ ၁ ကို ထုတ်ဝေခဲ့ပါတယ်။ အဲဒီစာအုပ်ရဲ့ စာမျက်နှာ ၁၈၀ မှာ ဖြောင့်မတ်သောသူဟာ ခုနစ်ကြိမ်လဲပေမဲ့ ပြန်ထလိမ့်မယ်ဆိုတဲ့ ကျမ်းချက်ကို ရှင်းပြထားတယ်။ (သု. ၂၄:၁၆) ဒါက လူငယ်တစ်ဦးကို များစွာ အကူအညီဖြစ်စေခဲ့တယ်။ သူဒီလိုပြောတယ်– “အဲဒီစာမျက်နှာမှာပါတဲ့ရုပ်ပုံက ကျွန်မရဲ့တိုးတက်မှုကို ဘုရားသခင် သတိပြုမိတယ်ဆိုတာ သိရှိစေတယ်။ ကျွန်မရဲ့ ဆုတောင်းချက်ကို သတ်သတ်မှတ်မှတ်ဖြစ်စေနိုင်တယ်၊ ငါဟာတန်ဖိုးမရှိဘူးဆိုတဲ့ ခံစားချက်ကို တိုက်ထုတ်ရာမှာ ဘုရားသခင့်အကူအညီ တောင်းခံနိုင်တယ်ဆိုတာတွေကို ဒီစာအုပ်ကြောင့် ကျွန်မ သဘောပေါက်လာတယ်။ ဒီလိုနည်းအားဖြင့် သွေးဆောင်မှုကို အလျှော့မပေးလိုက်ခင် ဆုတောင်းနိုင်လာပြီး ကျွန်မရဲ့ အကျင့်ဆိုးကို အောင်မြင်လာတယ်။

“နှစ်တွေတစ်လျှောက် လဲကျခဲ့တဲ့အကြိမ်က ၇၇ ကြိမ်တောင်မကပေမဲ့ ကျွန်မ အောင်မြင်နိုင်မယ်ဆိုတာ ယုံကြည်တယ်။ ကမ္ဘာပေါ်မှာ ကျွန်မဟာ အဆိုးရွားဆုံးအပြစ်သားဖြစ်တယ်ဆိုပြီး မခံစားရတော့ဘူး။”

ဒီစာအုပ်ကိုရချင်တယ်ဆိုရင် ဒီမှာပါတဲ့ ကူပွန်ကို ဖြည့်စွက်ပြီး ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၅ မှာပါတဲ့ သင့်တော်ရာလိပ်စာကိုပေးပို့ မှာယူနိုင်ပါတယ်။

□ ဒီမှာပြထားတဲ့စာအုပ်ကို မေတ္တာလက်ဆောင် ရယူလိုပါတယ်။

□ အခမဲ့ကျမ်းစာလေ့လာမှုအတွက် ကျွန်ုပ်နဲ့ ဆက်သွယ်ပေးပါ။