မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

၄။ အပြင်ထွက်စားတဲ့အခါ မျက်စိရှင်ရှင်ထားပါ

၄။ အပြင်ထွက်စားတဲ့အခါ မျက်စိရှင်ရှင်ထားပါ

၄။ အပြင်ထွက်စားတဲ့အခါ မျက်စိရှင်ရှင်ထားပါ

ဂျက်ဖ်လို့ခေါ်တဲ့ ၃၈ နှစ်အရွယ် ကျန်းမာသွက်လက်တဲ့ အမျိုးသားတစ်ယောက်က မိသားစုနဲ့အတူ အမေရိကန်နိုင်ငံ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့နားက စားသောက်ဆိုင်မှာ သွားစားသောက်ခဲ့တယ်။ တစ်လကြာပြီးတဲ့နောက် အသည်းရောဂါအသည်းအသန်ခံစားရပြီး ကွယ်လွန်သွားရှာတယ်။ သူဘာကြောင့် သေဆုံးသွားရတာလဲ။ အဲဒီဆိုင်မှာစားတဲ့ ကြက်သွန်မိတ်ထဲမှာ အသည်းရောင်အသားဝါအေပိုး ပါသွားတဲ့အတွက်ဖြစ်တယ်။

အနောက်နိုင်ငံတစ်နိုင်ငံမှာ အစားအစာအတွက်သုံးတဲ့ငွေ တစ်ဝက်နီးပါးကို စားသောက်ဆိုင်မှာ သုံးကြတယ်။ အဲဒီတိုင်းပြည်မှာပဲ အစာအဆိပ်သင့်မှုဖြစ်ရတဲ့အကြောင်းရင်း တစ်ဝက်လောက်က စားသောက်ဆိုင်ကအစားအစာနဲ့ စပ်ဆက်နေတယ်လို့ မှတ်တမ်းတွေက ဖော်ပြတယ်။

သင်စားသောက်ဆိုင်မှာစားတော့မယ်ဆိုရင် တခြားသူတွေက သင်စားမယ့်အစားအစာအတွက်ဝယ်ခြမ်းမယ်၊ မီးဖိုချောင်ကိုသန့်ရှင်းရေးလုပ်မယ်၊ အစားအစာကို ချက်ပြုတ်မှာဖြစ်တယ်။ ဒါပေမဲ့ ဘယ်မှာစားမယ်၊ ဘာစားမယ်၊ အိမ်ကို ဘယ်လိုသယ်ပြန်မလဲဆိုတာကိုတော့ သင်ကိုယ်တိုင်ဆုံးဖြတ်နိုင်တယ်။

ဆိုင်ကိုအရင်လေ့လာပါ။

“အဲဒီဆိုင်က ကျွန်မအတွက် ပထမဦးဆုံးအကြိမ်ဖြစ်မယ်ဆိုရင် ဆိုင်ထဲကိုအရင်ဝင်ကြည့်လိုက်တယ်။ စားပွဲတွေ၊ စားပွဲခင်းတွေ၊ အိုးခွက်ပန်းကန်တွေနဲ့ စားပွဲထိုးတွေသန့်ရှင်းမှုရှိမရှိ အရင်ကြည့်လိုက်တယ်။ တကယ်လို့ မသန့်ရှင်းဘူးဆိုရင် တခြားဆိုင်မှာစားဖို့ ပြန်ထွက်လာတယ်” လို့ ဘရာဇီးနိုင်ငံက ဒိုင်ယန်းက ပြောတယ်။ တိုင်းပြည်တချို့မှာ ကျန်းမာရေးအရာရှိတွေက စားသောက်ဆိုင်တွေရဲ့ သန့်ရှင်းမှုကို ပုံမှန်စစ်ဆေးပြီး အဆင့်သတ်မှတ်တယ်။ ပြီးတဲ့နောက်အဖြေကို ပြည်သူလူထုသိအောင်ကြေညာပေးကြတယ်။

အစားအစာကို စားသောက်ဆိုင်ကနေ အိမ်ယူပြန်မယ်ဆိုရင် သတိထားပါ။

“[ပတ်ဝန်းကျင်အပူချိန် ၃၂˚ စင်တီဂရိတ်နဲ့အထက် ရှိနေချိန်မှာ] တကယ်လို့ သင်ဟာ နှစ်နာရီအတွင်းအိမ်ပြန်မရောက်ရင် အစားအစာအကျန်ကို အိမ်ပြန်မသယ်ပါနဲ့” ဆိုပြီး အမေရိကန်နိုင်ငံ အစားအစာနဲ့ဆေးဝါးစီမံကွပ်ကဲရေးအဖွဲ့က အကြံပြုတယ်။ တကယ်လို့များ သင်ဟာ စားလို့ကျန်တဲ့အကျန်ကို အိမ်ယူပြန်ချင်တယ်ဆိုရင် စားပြီးတာနဲ့ အိမ်ကိုတိုက်ရိုက်တန်းပြန်ပါ၊ ပြီးတော့ ရေခဲသေတ္တာထဲမှာ သိမ်းဆည်းပါ။

သင်ဟာ ဒီဆောင်းပါးတွဲတွေမှာပြောထားတဲ့ အချက်လေးချက်ကိုလိုက်နာတယ်ဆိုရင် သင့်ရဲ့အစားအစာက ပိုဘေးကင်းလာပါလိမ့်မယ်။

[စာမျက်နှာ ၇ ပါ လေးထောင့်ကွက်/ရုပ်ပုံ]

သင့်ကလေးတွေကို လေ့ကျင့်ပေးပါ– “ကျွန်မတို့ရဲ့ ကလေးတွေကို အန္တရာယ်ရှိနိုင်တဲ့ အစားအစာမစားဖို့ သင်ပေးတယ်။”—ဖိလစ်ပိုင်မှ နေအိုမိ