မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ဘာတွေ ပြောင်းလဲရမလဲ

ဘာတွေ ပြောင်းလဲရမလဲ

ဘာတွေ ပြောင်းလဲရမလဲ

“အစိုးရက ပြဿနာကိုမဖြေရှင်းပေးနိုင်ဘူး။ တကယ်တော့ အစိုးရကိုယ်၌က ပြဿနာပါ။” —ဒီစကားတွေကို အမေရိကန်ရဲ့ ၄၀ ယောက်မြောက်သမ္မတ ရော်နယ် ဒဗလျူ. ရီဂင်က သမ္မတအဖြစ်ပထမဆုံးပြောတဲ့ မိန့်ခွန်းမှာ ပြောခဲ့တာဖြစ်တယ်။

ရော်နယ်ရီဂင် အဲဒီစကားတွေကို ပြောခဲ့တာ နှစ်ပေါင်းသုံးဆယ်ကျော် ကြာခဲ့ပါပြီ။ အဲဒီတုန်းက အမေရိကန်ဟာ ဆိုးရွားတဲ့စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်နေရတယ်။ သူဒီလိုဆိုတယ်– “ဒီလောက် ကြာရှည်ဆိုးရွားတဲ့ ငွေကြေးဖောင်းပွမှုကို ကျွန်တော်တို့နိုင်ငံရဲ့ သမိုင်းမှာ တစ်ခါမှမကြုံဖူးဘူး။ . . . လိုငွေပြနေတာက ဆယ်စုနှစ်နဲ့ချီနေပြီ။ ကျွန်တော်တို့ဟာ လောလောဆယ်အဆင်ပြေဖို့ ကျွန်တော်တို့ရဲ့အနာဂတ်၊ ကျွန်တော်တို့ကလေးတွေရဲ့အနာဂတ်ကို ရောင်းစားနေတာပဲ။ ဒီလိုသာဆက်သွားမယ်ဆိုရင် လူမှုရေး၊ ယဉ်ကျေးမှု၊ နိုင်ငံရေးနဲ့ စီးပွားရေး ကမောက်ကမဖြစ်မှုတွေကို မလွဲမသွေ ကြုံရလိမ့်မယ်။”

ရီဂင်ရဲ့အမြင်က အပျက်သဘောဆောင်လွန်းတယ်လို့ထင်ရပေမဲ့ သူဟာ အဆိုးမြင်သမားတစ်ယောက် မဟုတ်ပါဘူး။ သူအခုလိုဖော်ပြတယ်– “ကျွန်တော်တို့ကြုံနေရတဲ့ စီးပွားရေးပြဿနာက ဆယ်စုနှစ်ချီကြာပြီ။ ဒါကြောင့် ရက်ပိုင်း၊ လပိုင်းအတွင်း ပြေလည်သွားမှာမဟုတ်ဘူး။ ဒါပေမဲ့ ဒီပြဿနာတွေ ပြေလည်သွားပါလိမ့်မယ်။”

ဒီနေ့အချိန်မှာကော အခြေအနေ ဘယ်လိုရှိပါသလဲ။ အမေရိကန် အိုးအိမ်နဲ့မြို့ပြဖွံ့ဖြိုးရေးဌာနရဲ့ ၂၀၀၉ ခုနှစ်စစ်တမ်းတစ်ခုက အခုလို ဖော်ပြတယ်– “ရေမီးလျှပ်စစ်တွေကို အလွန်အကျွံသုံးစွဲသူ၊ သင့်တော်တဲ့နေအိမ်မရှိသူ၊ ခေတ်နောက်ကျနေတဲ့ ကျန်းမာရေးစောင့်ရှောက်မှုကိုသာ ရရှိသူ များသထက်များလာတယ်။ ဘယ်လောက်ထိအောင်လည်းဆိုရင် အမေရိကန်အစိုးရဌာနတစ်ခုရဲ့ ခန့်မှန်းချက်အရ လာမယ့်အနှစ်သုံးဆယ်အတွင်း လူသုံးယောက်မှာတစ်ယောက်က လူနေမှုဘဝတိုးတက်မယ့်ကိန်း လုံးလုံးမရှိတဲ့အခြေအနေနဲ့ နေရလိမ့်မယ်၊ ဆိုလိုတာက မိလ္လာစနစ်နဲ့ သန့်ရှင်းတဲ့ရေမရှိဘဲ နေရမှာဖြစ်တဲ့အပြင် ပြောင်းလဲနေတဲ့ရာသီဥတုရဲ့ ဒဏ်ကို ခံစားရမှာဖြစ်တယ်။ အဲဒါကြောင့် ရောဂါတွေပိုပျံ့နှံ့လာနိုင်ပြီး ကပ်ရောဂါအသွင်တောင် ဖြစ်လာနိုင်တယ်။”

ကမ္ဘာတစ်ဝန်းအခြေအနေ

သင် ဘယ်မှာပဲနေနေ ဒီမေးခွန်းတွေကို စဉ်းစားကြည့်ပါ–

● လွန်ခဲ့တဲ့ဆယ်နှစ်ကထက်စာရင် အခုအချိန်မှာ ငွေရေးကြေးရေးအတွက်စိုးရိမ်ပူပန်မှုတွေ ပိုလျော့နည်းလာတယ်လို့ ခံစားရသလား။

● သင်နဲ့ သင့်မိသားစုအတွက် ကျန်းမာရေးစောင့်ရှောက်မှုတွေကို စိတ်ကျေနပ်လောက်တဲ့အထိ ရနေပါသလား။

● ပိုသန့်ရှင်းလာတဲ့၊ ပိုကောင်းလာတဲ့ သဘာဝပတ်ဝန်းကျင်ကို သင် မြင်တွေ့ရပါသလား။

● အနာဂတ်ကို စဉ်းစားကြည့်ပါ၊ လာမယ့် ၁၀ နှစ်၊ အနှစ် ၂၀၊ အနှစ် ၃၀ အတွင်း တိုးတက်ကောင်းမွန်လာနိုင်မယ့် အခြေအနေတွေကို သင် မြင်သလား။

လူထုနဲ့ သဘောတူညီချက်

အစိုးရများစွာမှာ အုပ်စိုးသူနဲ့ နိုင်ငံသားကြား ရေးသားထားတဲ့ ဒါမှမဟုတ် သဘောတူထားတဲ့ သဘောတူညီချက် ရှိကြတယ်။ အဲဒီသဘောတူညီချက်မှာ နှစ်ဖက်စလုံးရဲ့ ရပိုင်ခွင့်နဲ့ တာဝန်တွေကို ဖော်ပြထားတယ်။ ဥပမာ၊ ယေဘုယျအနေနဲ့ဆိုရင် အဲဒီသဘောတူညီချက်ထဲမှာ နိုင်ငံရဲ့ဥပဒေတွေကို လိုက်နာဖို့၊ အခွန်ပေးဖို့၊ အန္တရာယ်ကင်းတဲ့ဝန်းကျင်ဖြစ်အောင် ပူးပေါင်းဆောင်ရွက်ဖို့ နိုင်ငံသားတွေကို တောင်းဆိုထားတယ်။ အုပ်စိုးသူတွေဘက်က ကျန်းမာရေးစောင့်ရှောက်မှု၊ သာတူညီမျှဖြစ်မှု၊ ငွေကြေးဖူလုံစေမယ့်အလုပ်အကိုင် စတာတွေကိုရရှိစေမယ်လို့ ကတိပေးတတ်ကြတယ်။

အဲဒီကဏ္ဍသုံးခုမှာ ကမ္ဘာတစ်ဝန်းကအစိုးရတွေရဲ့လုပ်ဆောင်မှု ဘယ်လိုရှိပါသလဲ။ နောက်စာမျက်နှာသုံးခုပါ အထောက်အထားတွေကို သုံးသပ်ကြည့်ပါ။

ကျန်းမာရေးစောင့်ရှောက်မှု

လူတွေဖြစ်စေချင်ရာ– ထိရောက်ပြီး လက်လှမ်းမီနိုင်တဲ့ ဆေးကုသမှုတွေ ရချင်တယ်။

အမှန်တကယ်ဖြစ်ပျက်နေရာ–

● ကမ္ဘာ့ဘဏ်ကထုတ်ပြန်တဲ့ ရေဆိုးစွန့်စနစ်နဲ့ သန့်ရှင်းရေးအကြောင်း မှတ်တမ်းတစ်ခုက အခုလို ဖော်ပြတယ်– “သင့်တော်တဲ့ ရေဆိုးစွန့်စနစ်မရှိတာ၊ တစ်ကိုယ်ရေနဲ့ပတ်ဝန်းကျင် သန့်ရှင်းမှုမရှိတာ၊ သန့်ရှင်းတဲ့ရေ မရတာတွေနဲ့ဆက်စပ်တဲ့ ရောဂါတွေကြောင့် နေ့တိုင်း ကလေးငယ်ပေါင်း ၆,၀၀၀ လောက် သေဆုံးနေတယ်။ ဝမ်းပျက်ဝမ်းလျှောတစ်ခုတည်းကြောင့်တောင် စက္ကန့် ၂၀ တိုင်းမှာ ကလေးတစ်ယောက်နှုန်း သေဆုံးနေတယ်။”

● ကမ္ဘာ့ကျန်းမာရေးအဖွဲ့က “ချမ်းသာတဲ့နိုင်ငံနဲ့ ဆင်းရဲတဲ့နိုင်ငံ” တွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံကို ကျယ်ကျယ်ပြန့်ပြန့် လေ့လာဆန်းစစ်ပြီးနောက် “ဆိုးဆိုးရွားရွားကို မမျှမတဖြစ်နေတယ်။ . . . တစ်ဦးချင်းစီရဲ့လိုအပ်ရာကို ဂရုစိုက်တာ၊ လူအားလုံးကို မျှမျှတတ ဂရုစိုက်တာ၊ စျေးသိပ်မကြီးဘဲ ထိရောက်တာလိုမျိုး လူတွေမျှော်လင့်ထားတဲ့ ကျန်းမာရေးစောင့်ရှောက်မှုပုံစံမျိုးလည်း မဟုတ်ဘူး” ဆိုပြီး ၂၀၀၈ ခုနှစ်မှာ မှတ်ချက်ချခဲ့တယ်။

နှစ်နှစ်ကြာပြီးနောက်မှာ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ကပဲ ခုလို တွေ့ရှိပြန်တယ်– “ကမ္ဘာတစ်ဝန်းက အစိုးရတွေဟာ ကျန်းမာရေးစောင့်ရှောက်ပေးမှုမှာ ကျရှုံးနေပုံရတယ်။ လူတွေ အသက်ကြီးလာကြတာနဲ့အမျှ၊ နာတာရှည်ရောဂါခံစားရသူတွေ တိုးတိုးလာတာနဲ့အမျှ၊ ဆန်းသစ်ပြီးစျေးကြီးတဲ့ကုသမှုတွေ ပေါ်လာတာနဲ့အမျှ ကျန်းမာရေးအတွက် ကုန်ကျစရိတ်တွေက တစ်ဟုန်ထိုးမြင့်တက်လာတယ်။”

● အခြေအနေကိုပိုဆိုးရွားစေတဲ့ အပြောင်းအလဲတွေကိုလည်း တွေ့နေရတယ်။ အရင်တုန်းက နတ်ဆေးလို့တင်စားရလောက်တဲ့ ဆေးစွမ်းကောင်းတွေတောင် မထိရောက်တော့ဘူး။ ဟိုးအရင်က သန်းနဲ့ချီတဲ့လူတွေရဲ့အသက်ကို ချွေယူခဲ့တဲ့ အနာကြီးရောဂါ၊ တီဘီရောဂါ စတာတွေကို ၁၉၄၀ ပြည့်လွန်နှစ်တွေကစပြီး ထိန်းချုပ်နိုင်ခဲ့ပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်နဲ့ပတ်သက်ပြီး ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ မှတ်တမ်း (World Health Day 2011) က ခုလိုဖော်ပြတယ်– “ဆေးဝါးဒဏ်ခံနိုင်တဲ့ ရောဂါပိုးတွေ ပေါ်လာပြီး အလျင်အမြန်ပျံ့ပွားနေတယ်။ အရေးပါတဲ့ဆေးဝါးတစ်ခုပြီးတစ်ခုဟာ မထိရောက်တော့ဘူး။ ရောဂါတွေကိုတိုက်ထုတ်နိုင်တဲ့ ဆေးဝါးလက်နက်ကောင်းတွေ တဖြည်းဖြည်းချည့်နဲ့လာပြီ။”

ပြောင်းလဲရမယ့်အရာ– “ဘယ်ပြည်သူပြည်သားကမှ ‘ငါ နေမကောင်းဘူး’ လို့ပြောမှာမဟုတ်ဘူး” ဆိုတဲ့ သမ္မာကျမ်းစာကြိုဟောချက် ပြည့်စုံလာတာကို ကျွန်ုပ်တို့ တွေ့မြင်ဖို့လိုတယ်။—ဟေရှာယ ၃၃:၂၄ကဘ။

တရားမျှတမှုနဲ့ သာတူညီမျှဖြစ်မှု

လူတွေဖြစ်စေချင်ရာ– လူမျိုး၊ နိုင်ငံ၊ ယဉ်ကျေးမှုပေါ်မူတည်ပြီး ခွဲခြားဖိနှိပ်ဆက်ဆံတာ၊ အမျိုးသမီးတွေကို မတော်မတရားဆက်ဆံတာတွေကို ပပျောက်စေချင်တယ်။ ဆင်းရဲချမ်းသာကွာဟမှုကြီးကို ညီမျှစေချင်တယ်။

အမှန်တကယ်ဖြစ်ပျက်နေရာ–

● မှတ်တမ်းတစ်ခုမှာ ခုလို ဖော်ပြထားတယ်– “လူမျိုး၊ ဘာသာ၊ ကျား/မ၊ နိုင်ငံသားအပေါ်မူတည်တဲ့ မလိုမုန်းထားစိတ်ကြောင့် လူတွေ၊ ဝတ်ပြုရာနေရာတွေ၊ အသင်းအဖွဲ့တွေကို အကြမ်းဖက်တာတွေ အမေရိကန်မှာ ပိုများလာခဲ့ပြီး ဆိုးရွားတဲ့ပြဿနာအဖြစ် ဆက်တည်ရှိနေတယ်။”—Leadership Conference on Civil Rights Education Fund.

● “ကမ္ဘာတစ်ဝန်းက အမျိုးသမီးသန်းပေါင်းများစွာက အိမ်မှာ၊ အလုပ်မှာ၊ အများသူငါကြားမှာ မတရားမှု၊ အကြမ်းဖက်မှုနဲ့ မမျှမတဆက်ဆံမှုတွေကို ကြုံနေရတယ်” လို့ မှတ်တမ်းတစ်ခု (Progress of the World’s Women: In Pursuit of Justice) အပေါ်အခြေပြုပြီး ကုလသမဂ္ဂက ထုတ်ပြန်ခဲ့တယ်။ ဥပမာ၊ အာဖဂန်နစ္စတန်မှာ အမျိုးသမီး ၈၅ ရာခိုင်နှုန်းလောက်က ကလေးမွေးဖွားတဲ့အခါ ဆေးဝါးအကူအညီမရကြဘူး။ ယီမင်နိုင်ငံမှာ အိမ်တွင်းအကြမ်းဖက်မှုကနေ ကာကွယ်ပေးတဲ့ ဥပဒေမရှိဘူး။ ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံမှာ ပျမ်းမျှအားဖြင့် နေ့စဉ် အမျိုးသမီးတစ်ထောင်လောက်က မုဒိမ်းကျင့်ခံနေရတယ်။

● ၂၀၁၁ အောက်တိုဘာလမှာ ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်းက အခုလိုပြောခဲ့တယ်– “ကျွန်တော်တို့ရဲ့ကမ္ဘာကြီးက ဆိုးဆိုးရွားရွားကို ဟန်ချက်ပျက်နေပါတယ်။ ကမ္ဘာပေါ်မှာ အစားအသောက် အလျှံပယ်ထွက်နေပေမဲ့ လူသန်းပေါင်းတစ်ထောင်လောက်က ငတ်မွတ်နေကြတယ်။ လူအနည်းငယ်အတွက် ဘဝဟာ လိုတရဖြစ်နေပေမဲ့ များပြားလှတဲ့လူတွေကတော့ ဆင်းရဲမွဲတေနေကြတယ်။ ဆေးပညာဘက်မှာ အကြီးအကျယ်တိုးတက်နေပေမဲ့ ကလေးမွေးဖွားရင်းသေဆုံးသွားတဲ့ မိခင်တွေ နေ့စဉ်ရှိနေတယ်။ . . . ငွေကြေးသန်းပေါင်းများစွာကို လူတွေအကျိုးအတွက် သုံးမယ့်အစား လူတွေကိုသတ်ဖြတ်မယ့် လက်နက်တွေအတွက် သုံးနေကြတယ်။”

ပြောင်းလဲရမယ့်အရာ– “မတရားသဖြင့်” ဆက်ဆံတာတွေ ပျောက်သွားပြီး လူမျိုး၊ နိုင်ငံ၊ ယဉ်ကျေးမှုကွဲတဲ့သူတွေနဲ့ အမျိုးသမီးတွေအပေါ် မျှမျှတတဆက်ဆံတာကို တွေ့ရဖို့လိုတယ်။—ဟေရှာယ ၁၀:၁၊ ၂

ငွေကြေးဖူလုံစေမယ့်အလုပ်အကိုင်

လူတွေဖြစ်စေချင်ရာ– အားလုံးအတွက် အလုပ်အကိုင်နဲ့ ငွေကြေးဖူလုံမှု ရှိစေချင်တယ်။

အမှန်တကယ်ဖြစ်ပျက်နေရာ-

● ကမ္ဘာ့အခြေအနေ စောင့်ကြည့်လေ့လာရေးအဖွဲ့က ခုလိုဆိုတယ်– “စီးပွားရေးတိုးချဲ့ဖို့ ကမ္ဘာတစ်ဝန်းမှာ အလုပ်လုပ်နိုင်သူတွေ အများကြီးရှိပါတယ်။ ဒါပေမဲ့ သူတို့အားလုံးအတွက် အလုပ်အကိုင် လုံလုံလောက်လောက်မရှိဘူး။ လက်ရှိ စီးပွားရေးကျဆင်းမှုနဲ့ပတ်သက်လို့ အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ရဲ့ ခန့်မှန်းချက်အရ ၂၀၁၀ ပြည့်နှစ်မှာ အလုပ်လက်မဲ့ဦးရေ သန်းပေါင်း ၂၅၀ အထိရှိခဲ့တယ်။”

● ဘီဘီစီ သတင်းတစ်ခုမှာ ခုလိုဖော်ပြတယ်– “ကမ္ဘာ့စီးပွားရေးအခြေအနေအရ အလုပ်အကိုင် ပိုရှားပါးလာနိုင်တဲ့အတွက် ဆူပူအုံကြွမှုတွေဖြစ်ပေါ်လာနိုင်တယ်လို့ အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က သတိပေးခဲ့ပြီးဖြစ်တယ်။ . . . မကြာသေးခင်က စီးပွားရေးတိုးတက်မှုနှေးကွေးခဲ့တာကြောင့် လိုအပ်တဲ့အလုပ်အကိုင်ရဲ့ တစ်ဝက်ကိုသာ ဖန်တီးပေးနိုင်ခဲ့တယ်။ . . . အလုပ်လက်မဲ့ကြောင့် လူတွေမကျေမနပ်ဖြစ်တာနဲ့ စီးပွားရေးအကျပ်အတည်းကိုဖြေရှင်းရာမှာ တချို့တွေ ပူးပေါင်းဆောင်ရွက်မှုမရှိခြင်းအပေါ် လူတွေဒေါသထွက်တာကို အပြည်ပြည်ဆိုင်ရာအလုပ်သမားရေးရာအဖွဲ့က လေ့လာခဲ့တယ်။ တွေ့ရှိချက်အရ နိုင်ငံတော်တော်များများ၊ အထူးသဖြင့် ဥရောပသမဂ္ဂနိုင်ငံတွေနဲ့ အာရပ်ဒေသတွေမှာ ဆူပူအုံကြွမှုတွေ ဖြစ်လာနိုင်စရာအကြောင်း ရှိတယ်။”

● အမေရိကန်မှာ “အကြွေးဝယ်ကတ် တစ်ခုစီဟာ ပျမ်းမျှ ဒေါ်လာ ၁၁,၀၀၀ လောက် အကြွေးတင်နေပြီ။ ဒါဟာ ၁၉၉၀ ပြည့်နှစ်ကပမာဏရဲ့ သုံးဆဖြစ်တယ်” ဆိုပြီး ၂၀၀၉ ခုနှစ်မှာထုတ်ဝေတဲ့ စာအုပ်တစ်အုပ်က ဖော်ပြတယ်။ (The Narcissism Epidemic) လူများစွာက ချမ်းသာကြွယ်ဝတဲ့ပုံစံဖမ်းဖို့ကြိုးစားရင်းနဲ့ အကြွေးတင်သွားတာဖြစ်တယ်လို့ စာရေးဆရာက အခိုင်အမာဆိုတယ်။ “တောက်ပနေတဲ့ ကားနဲ့ အဝတ်စားတွေကိုတွေ့ရင် ဒီလူဟာ ချမ်းသာတဲ့သူပဲ ဖြစ်ရမယ်လို့ အမေရိကန်လူမျိုးတွေ ယူမှတ်တတ်ကြတယ်။ တကယ်တော့ သူဟာ အကြွေးနွံနစ်နေသူဖြစ်ရမယ်လို့ ယူဆရင် ပိုမှန်ကန်ပါလိမ့်မယ်” ဆိုပြီး အဲဒီစာအုပ်က ဆက်ဖော်ပြတယ်။

ပြောင်းလဲရမယ့်အရာ– လူအားလုံးအတွက် အလုပ်အကိုင်ရှိသင့်သလို လူတွေဘက်ကလည်း သုံးဖြုန်းတာနဲ့ပတ်သက်လို့ မှန်ကန်တဲ့ရှုမြင်ပုံ ရှိရပါလိမ့်မယ်။ ‘ငွေသည် ကွယ်ကာတတ်၏’ လို့ ကျမ်းစာကဖော်ပြထားပေမဲ့ “ငွေကိုတပ်မက်ခြင်းသည် အကျိုးပျက်စေသောအရာအမျိုးမျိုး၏ မူလအမြစ်ဖြစ်၏” ဆိုပြီးတော့လည်း သတိပေးထားတယ်။—ဒေ. ၇:၁၂; ၁ တိမောသေ ၆:၁၀

စာမျက်နှာ ၄ ကနေ ၈ မှာဖော်ပြထားတဲ့အချက်အလက်တွေကို သုံးသပ်ကြည့်တဲ့အခါ အနာဂတ်အတွက် မျှော်လင့်ချက်ရောင်ခြည် အနည်းငယ်သာရှိပုံရတယ်။ လူ့ကြိုးပမ်းမှုက ရေရှည်တည်မြဲတဲ့ တိုးတက်ပြောင်းလဲမှုကို မဆောင်ကြဉ်းပေးနိုင်ဘူး။ ဒါပေမဲ့ မျှော်လင့်စရာတော့ ရှိပါတယ်။ ကျွန်ုပ်တို့ရဲ့ကမ္ဘာကြီးက ပြောင်းလဲတိုးတက်လာပါလိမ့်မယ်။ ဘာတွေ ပြောင်းလဲလာမလဲ။

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ဇယား]

ကမ္ဘာကြီးကို ဘာတွေ ပြောင်းလဲစေချင်သလဲလို့ လူငယ်တွေကိုမေးကြည့်တဲ့အခါ သူတို့ ဘယ်လိုပြန်ဖြေကြပါသလဲ။ 4children.org ဝက်ဘ်ဆိုက်ရဲ့ အဆိုအရ၊ ဗြိတိန်နိုင်ငံက အသက် ၄ နှစ်ကနေ ၁၄ နှစ်ကြားမှာရှိတဲ့ ကလေး ၂,၀၀၀ လောက်ကို မေးကြည့်တဲအခါ သူတို့ ဒီလိုဖြေကြတယ်–

[ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၁၀၀%

ငတ်မွတ်မှုမရှိစေချင်ဘူး

စစ်မှုပပျောက်သွားစေချင်တယ်

ဆင်းရဲမွဲတေမှု မရှိစေချင်ဘူး

၇၅%

လူအားလုံးတန်းတူဆက်ဆံ ခံရစေချင်တယ်

ကမ္ဘာချီပူနွေးလာမှု မရှိစေချင်ဘူး

၅၀%

၂၅%

၀%

[စာမျက်နှာ ၅ ပါ လေးထောင့်ကွက်/ဇယား]

ဂျာမနီနိုင်ငံက အသက် ၁၄ နှစ်ကနေ ၁၈ နှစ်ကြား လူငယ် ၅၀၀ လောက်ရဲ့ အစိုးရိမ်ဆုံးအရာဟာ ဘာလဲဆိုတာကို အကျိုးအမြတ်မယူတဲ့အဖွဲ့အစည်းတစ်ခုက လေ့လာဆန်းစစ်ခဲ့တယ်။

သိပ်အရေးမကြီးဘူးလို့ သူတို့ယူဆတဲ့ ပြဿနာတွေထဲမှာ အကြမ်းဖက်တိုက်ခိုက်မှုနဲ့ လူဦးရေတိုးများလာမှုတို့ ပါဝင်တယ်။ စီးပွားရေးအကျပ်အတည်းကတောင် သူတို့အတွက် ပြဿနာကြီးမဟုတ်ဘူး။ ဒီလိုဖြစ်ရတဲ့အကြောင်းရင်းက သူတို့ရဲ့လက်တွေ့ဘဝမှာ ဒီပြဿနာတွေကို မကြုံဖူးသေးလို့ဖြစ်မယ်လို့ အဲဒီအဖွဲ့အစည်းက ကောက်ချက်ချခဲ့တယ်။

[ဇယား]

(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြည့်ပါ)

၁၀၀%

၇၅%

ဆင်းရဲမွဲတေမှု

ရာသီဥတုပြောင်းလဲမှုနဲ့ သဘာဝပတ်ဝန်းကျင် ပျက်စီးနေမှု

အစားအစာနဲ့သောက်ရေ ရှားပါးမှု

ကမ္ဘာချီကူးစက်ရောဂါနဲ့ ဖျားနာမှု

၅၀%

၂၅%

၀%