သင့်ကလေးကို ဘယ်အချိန်မှာ အစပြု သင်ကြားပေးသင့်သလဲ
သင့်ကလေးကို ဘယ်အချိန်မှာ အစပြု သင်ကြားပေးသင့်သလဲ
● အမေရိကန်ပြည်ထောင်စု၊ ကယ်ရိုလိုင်းနားတောင်ပိုင်း ဆမ်မာဗီလာမြို့က အမျိုးသားတစ်ဦးက စာရေးပြောပြတယ်။ သူက ဇနီးကိုယ်ဝန်သုံးလရှိတဲ့အချိန်ကစပြီး ညတိုင်း ဇနီးသည်နားမှာလှဲလျောင်းကာ ကျမ်းစာလေ့လာရာမှာ အထောက်အကူပြုစာအုပ်ဖြစ်တဲ့ ကျွန်ုပ်၏ ကျမ်းစာပုံပြင်စာအုပ်ကို ဖတ်ပြခဲ့တယ်။ “သမီးလေး ဘက်သီယာမွေးလာပြီးနောက်မှာလည်း ဒီလိုပဲတစ်ညကိုတစ်ခန်း ဆက်ဖတ်ပြခဲ့တာ စာအုပ်အစကနေအဆုံးအထိ သုံးကြိမ်ဖတ်ပြီးခဲ့တယ်” လို့ ဖခင်ဖြစ်သူပြောတယ်။
“ဘက်သီယာ လမ်းလျှောက်တတ်ခါစအရွယ်မှာ စာအုပ်ထဲက ကျမ်းစာဇာတ်ကောင်တော်တော်များများကို သိနေပြီဖြစ်တဲ့အပြင် ကျမ်းစာမှတ်တမ်းတော်တော်များများကို သရုပ်ဆောင်တတ်နေပြီ။ ကျမ်းစာပုံပြင်တော်တော်များများကိုလည်း အလွတ်ပြောပြတတ်နေပြီ” လို့ ဆက်ဖော်ပြထားတယ်။
ဒီစာအုပ်က ကျမ်းစာပါအဖြစ်အပျက် ၁၁၆ ခုကို လှပတဲ့ရုပ်ပုံတွေနဲ့သရုပ်ဖော်ထားတဲ့ စာအုပ်ကြီးဖြစ်ပြီး ကျမ်းစာဇာတ်ကောင်တွေအသက်ရှင်ခဲ့တဲ့ သက္ကရာဇ်စဉ်အလိုက် ဖော်ပြထားတဲ့အတွက် စာဖတ်သူ ကျမ်းစာရာဇဝင်ကို သိမြင်လာစေတယ်။ ၂၅၆ မျက်နှာပါတဲ့ ဒီစာအုပ်ကို ရလိုတယ်ဆိုရင် ပူးတွဲပါကူပွန်ကိုဖြည့်ပြီး ဒီမဂ္ဂဇင်းရဲ့ စာမျက်နှာ ၅ မှာဖော်ပြထားတဲ့ သင့်လျော်ရာလိပ်စာကို ပို့ပါ။
□ ဒီမှာဖော်ပြထားတဲ့စာအုပ်ကို မေတ္တာလက်ဆောင်ရလိုပါတယ်။
□ အခမဲ့ကျမ်းစာသင်အံမှုပြုလိုတဲ့အတွက် ကျေးဇူးပြု၍ ကျွန်ုပ်နဲ့ဆက်သွယ်ပါ။