မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အကူအညီယူပါ

အကူအညီယူပါ

ကျောင်းမှာကော လူကြီးဘဝမှာပါ သင့်ကို အကြံပေးတဲ့၊ အကူအညီပေးတဲ့သူတွေ ရှိဖို့လိုတယ်။

ကျောင်းစာလိုက်နိုင်ဖို့ ဘယ်သူတွေက ကူညီပေးနိုင်သလဲ။

မိသားစု။

ဘရာဇီးနိုင်ငံက အသက် ၁၈ နှစ်ရှိပြီဖြစ်တဲ့ မိန်းမငယ်လေး ဘရွန်နာက “အိမ်စာလုပ်နေရင်း နားမလည်တဲ့အခါ အဖေက အကြောင်းအရာကို ရှင်းပြတယ်။ စဉ်းစားဖို့အတွက် မေးခွန်းတွေ မေးတယ်။ အဖြေကိုတော့ ကျွန်မဘာသာ ရှာခိုင်းတယ်။” *

အကြံပြုချက်– သင့်အတွက် ခက်နေတဲ့ ကျောင်းစာကို မိဘတွေ ဘယ်လောက်သိသလဲဆိုတာ မေးကြည့်ပါ။ ကောင်းကောင်းသိတယ်ဆိုရင် သင့်ကို ကူညီပေးနိုင်သူက မိဘတွေ ဖြစ်နိုင်ပါတယ်။

ဆရာ/ဆရာမ။

ကျောင်းသားတစ်ယောက် တကယ်သိချင် တတ်ချင်တဲ့စိတ်ရှိတယ်ဆိုရင် ဆရာ/ဆရာမအများစုက ကူညီပေးချင်ကြပါတယ်။

အကြံပြုချက်– “ဒီသင်ခန်းစာက ကျွန်တော့်အတွက် ခက်နေတယ်။ ကျွန်တော် ကောင်းကောင်း နားလည်ချင်တယ်။ ကျေးဇူးပြု၍ ကူညီပေးနိုင်မလား” လို့ သင့် ဆရာ/ဆရာမကို မေးကြည့်ပါ။

စာပြပေးနိုင်သူ။

သင့်မိသားစုနဲ့ ရင်းနှီးသူ၊ ယုံကြည်ရသူ တစ်ယောက်ယောက်က သင့်ကို ကူညီပေးနိုင်ပါတယ်။ အဲဒီကနေ အကျိုးနှစ်ခု ရရှိတယ်– ပထမ၊ သင် လိုအပ်နေတဲ့ အကူအညီ ရမယ်။ ဒုတိယ၊ အကူအညီ လိုအပ်တဲ့အခါ ကူညီပေးနိုင်သူကို အားကိုးရမယ်ဆိုတာကို သိစေတယ်။ ဒါက သင် အရွယ်ရောက်တဲ့အခါမှာလည်း အထောက်အကူပြုတယ်။ အောင်မြင်မှု အများစုက တစ်ဦးကောင်း တစ်ယောက်ကောင်း လုပ်ဆောင်မှုကြောင့်မဟုတ်ဘဲ အဖွဲ့လိုက်လုပ်ဆောင်လို့ ဖြစ်တယ်။—သု. ၁၅:၂၂

အကြံပြုချက်– သင့်ကို ဘယ်သူ စာပြပေးနိုင်သလဲဆိုတာ မိဘတွေကို မေးကြည့်ပါ။

အဓိကအချက်– အကူအညီ တောင်းခံတာက အမှားမဟုတ်ပါ။

အခုပဲ စလုပ်ဆောင်ကြည့်ပါ။ အကူအညီ တောင်းခံနိုင်တဲ့ သင် စံထားရသူ နှစ်ယောက် သုံးယောက်ကို ချရေးပါ။ သူတို့တွေထဲက ဘယ်သူက သင့်ကျောင်းစာကို ပြပေးနိုင်သလဲ။

^ အပိုဒ်၊ 4 သင့်အစ်ကို၊ အစ်မတွေလည်း သင့်ကို အကူအညီ ပေးနိုင်ပါတယ်။