မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | အဖြစ်ဆိုး ကြုံရတဲ့အခါ ဘယ်လို ကိုင်တွယ်ဖြေရှင်းနိုင်မလဲ

ပိုင်ဆိုင်ရာရှိသမျှ ဆုံးၡုံးသွားတဲ့အခါ

ပိုင်ဆိုင်ရာရှိသမျှ ဆုံးၡုံးသွားတဲ့အခါ

၂၀၁၁ ခုနှစ်၊ မတ်လ ၁၁ ရက်၊ သောကြာနေ့မှာ ၉.၀ ပြင်းအားရှိတဲ့ ငလျင်တစ်ခု ဂျပန်နိုင်ငံမှာ လှုပ်ခတ်သွားတယ်။ အဲဒီအခါ လူပေါင်း ၁၅,၀၀၀ ကျော် သေဆုံးသွားပြီး ဆုံးၡုံးမှုတန်ဖိုးက အမေရိကန်ဒေါ်လာ ၂၀၀ ဘီလီယံ ကျော် ရှိတယ်။ ဆူနာမီရေလှိုင်းကြီးတွေလာတော့မယ်လို့ သတိပေးထားတဲ့အချိန်မှာ အသက် ၃၂ နှစ်အရွယ်ရှိ ခေးက ဘေးအန္တရာယ်ကနေ လွတ်နိုင်ဖို့ ကုန်းမြင့်တစ်ခုပေါ် တက်ပြီး ခိုအောင်းနေခဲ့တယ်။ “နောက်တစ်နေ့ မနက်မှာ ပစ္စည်းတွေ စုသိမ်းဖို့ အိမ်ပြန်လာခဲ့တယ်။ ဒါပေမဲ့ ကျွန်တော်ရဲ့အိမ်ခန်းရော ပစ္စည်းတွေအားလုံးပါ ရေထဲ မျောပါသွားတယ်။ အုတ်မြစ်ပဲ ကျန်ခဲ့တော့တယ်။

“ကျွန်တော့်ရဲ့ဆုံးၡုံးမှုတွေ ဘယ်လောက်များတယ်ဆိုတာ ချက်ချင်း မရိပ်မိဘူး။ ပတ်ဝန်းကျင်တစ်ခုလုံး ပျောက်ဆုံးသွားတာ။ ကျွန်တော်ရဲ့ကား၊ လုပ်ငန်းသုံးကွန်ပျူတာတွေ၊ စားပွဲ၊ ကုလားထိုင်၊ ဆိုဖာခုံတွေ၊ ကီးဘုတ်၊ ဂီတာ၊ ဟာဝိုင်ယီဂီတာလေး၊ ပလွေ၊ ပန်းချီဆွဲဖို့သုံးတဲ့ ရေဆေး၊ ဆီဆေး၊ ရောင်စုံခဲတံ၊ ပန်းချီကားချပ်တွေ တစ်ခုမကျန် မျောပါသွားပြီ” လို့ ခေး ပြောပြတယ်။

အဖြစ်ဆိုးကို ကိုင်တွယ်ဖြေရှင်းခြင်း

ဆုံးၡုံးသွားတဲ့အရာတွေကို အာရုံစိုက်မနေဘဲ ကျန်ရှိနေသေးတဲ့ပိုင်ဆိုင်ရာ တွေကိုသာ အာရုံစိုက်ဖို့ ကြိုးစားပါ။ သမ္မာကျမ်းစာမှာ ဒီလိုပြောထားပါတယ်– “လူတစ်ဦးသည် စည်းစိမ်ကြွယ်ဝသော်လည်း သူ၏စည်းစိမ်၌ အသက်မတည်။” (လုကာ ၁၂:၁၅) ခေးက သူ့အခြေအနေကို သတိရပြီး ဒီလိုပြောတယ်– “အစပိုင်းမှာ ကျွန်တော်လိုအပ်မယ် ထင်တဲ့အရာအားလုံးကို စာရင်းလုပ်တယ်။ ဒါပေမဲ့ အဲဒါက ရေထဲမျောပါသွားတာတွေကို ပြန်သတိရစေတယ်။ ဒါနဲ့ ကျွန်တော် တကယ်လိုအပ်မယ့် အရာတွေလောက်ပဲ စာရင်းလုပ်ဖို့ ဆုံးဖြတ်လိုက်တယ်။ လိုအပ်တဲ့ပစ္စည်းတွေ ရတာနဲ့ စာရင်းကနေ ဖျက်ပစ်လိုက်တယ်။ ဒီလိုနဲ့ ကျွန်တော့်ဘဝ ပြန်ထူထောင်နိုင်ခဲ့တယ်။”

ကိုယ့်ကိုယ်ကိုယ် အာရုံစိုက်နေမယ့်အစား ကိုယ့်ရဲ့အတွေ့အကြုံကိုသုံးပြီး တခြားသူတွေကို နှစ်သိမ့်ကူညီပေးပါ။ “လူမှုကယ်ဆယ်ရေးအဖွဲ့နဲ့ မိတ်ဆွေတွေဆီကနေ ကျွန်တော် အကူအညီအများကြီး ရခဲ့တယ်။ ဒါပေမဲ့ တခြားသူတွေဆီကနေ အကူအညီရဖို့ပဲ စောင့်မျှော်နေတော့ ကျွန်တော့်မှာ သိက္ခာမရှိတော့ဘူး။ ဒီအခါ ‘ခံယူခြင်းထက် ပေးကမ်းခြင်း၌ သာ၍ပျော်ရွှင်သည်’ လို့ ဆိုထားတဲ့ တမန်တော် ၂၀:၃၅ ပါ ကျမ်းစကားကို သတိရလိုက်တယ်။ တခြားသူတွေကို ပေးဖို့ ပစ္စည်း မရှိတဲ့အတွက် တခြားဒုက္ခသည်တွေဆီ သွားပြီး နှစ်သိမ့်ပေးခဲ့တယ်။ အဲဒီလို လုပ်ခဲ့လို့ ကျွန်တော် အကျိုးအများကြီး ရတယ်။”

ကိုယ့်ရဲ့အခက်အခဲတွေကို ဖြေရှင်းဖို့ လက်တွေ့ကျဉာဏ်ပညာရဖို့ ဘုရားသခင်ဆီ ဆုတောင်းပါ။ ဘုရားသခင်က ‘ကိုးကွယ်ရာမဲ့သောသူတို့၏ဆုတောင်းခြင်းကို နားညောင်းတော်မူသည်’ ဆိုတဲ့ အာမခံချက်ကို ခေး ယုံကြည်စိတ်ချခဲ့တယ်။ (ဆာလံ ၁၀၂:၁၇သမ္မာ) သင်လည်း အလားတူ လုပ်ဆောင်နိုင်ပါတယ်။

ဒီအချက်ကို သိပါသလား– သသာဝဘေးကျရောက်လို့ ပိုင်ဆိုင်ရာတွေဆုံးၡုံးသွားမှာကို ဘယ်သူမှ စိတ်ပူစရာမလိုတော့တဲ့အချိန် ရောက်လာတော့မယ်ဆိုတာ သမ္မာကျမ်းစာမှာ ကြိုပြောထားတယ်။ *ဟေရှာယ ၆၅:၂၁-၂၃

^ စာပိုဒ်၊ 9 ကမ္ဘာမြေနဲ့ပတ်သက်တဲ့ ဘုရားသခင်ရဲ့ရည်ရွယ်ချက်ကို ပိုသိချင်တယ်ဆိုရင် ယေဟောဝါသက်သေတွေထုတ်ဝေထားတဲ့ သမ္မာကျမ်းစာ အမှန်တကယ် သွန်သင်ရာက ဘာလဲ စာအုပ်ရဲ့ အခန်း ၃ မှာ ကြည့်ပါ။ ဒါကို www.pr418.com/mya မှာလည်း ဖတ်ရှုနိုင်ပါတယ်။