မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

ကမ္ဘာ့ဖြစ်ရပ်အကဲခတ်

အီကွေဒေါ

၂၀၀၇ ခုနှစ်မှာ အီကွေဒေါနိုင်ငံဟာ အမေဇုန်မိုးသစ်တောထဲက ၄,၀၀၀ စတုရန်းမိုင်နီးပါးရှိတဲ့နေရာမှာ ရေနံတူးတာတွေမလုပ်ဘဲ မူလအတိုင်း ထိန်းသိမ်းကာကွယ်မယ့် အစီအစဉ်ကို ထုတ်ပြန်ကြေညာခဲ့တယ်။ နိုင်ငံတကာရဲ့ ငွေကြေးထောက်ပံ့မှု မရရှိခဲ့တဲ့အတွက် အဲဒီအစီအစဉ် မဖြစ်မြောက်ခဲ့ဘူး။ အဲဒီအမေဇုန်မိုးသစ်တောနေရာဟာ သက်ရှိမျိုးစိတ်မျိုးကွဲတွေ အများဆုံးရှိတဲ့ ကမ္ဘာ့ဒေသတစ်ခုဖြစ်တယ်။

ဂျပန်

သွေးနမူနာတွေထဲမှာ ရောဂါပိုးရှိမရှိ စစ်ဆေးဖို့ အရမ်းခက်ခဲကြောင်း ဂျပန်သတင်းဌာနက ထုတ်ပြန်တယ်။ ၂၀၁၃ ခုနှစ် မှာထုတ်ပြန်တဲ့ နောက်ဆက်တွဲသတင်းအရ အသက် ၆၀ ကျော် အမျိုးသားတစ်ယောက်ဟာ သွေးသွင်းရာကနေ HIV ရောဂါပိုး ကူးစက်ခံခဲ့ရတယ်။ သွေးလှူတဲ့သူဟာ HIV ရောဂါပိုးရှိနေပြီဖြစ်ပေမဲ့ ရောဂါရှိကြောင်း စစ်လို့မပေါ်သေးတဲ့အချိန်မှာ လှူခဲ့တဲ့သွေးကြောင့် ဖြစ်တယ်။

ဇင်ဘာဘွေ

ဇင်ဘာဘွေနိုင်ငံနဲ့ မိုဇမ်ဘစ်နိုင်ငံ နယ်စပ်တစ်လျှောက်မှာ ပြောက်ကျားစစ်တိုက်ခိုက်မှု ရပ်စဲခဲ့တာ နှစ် ၃၀ ကျော်ပြီဖြစ်ပေမဲ့ မြေမြှုပ်မိုင်းတွေကြောင့် လူတွေသေဆုံးဆဲ၊ ဒဏ်ရာရနေဆဲပဲ။ “၁၉၈၀ ပြည့်နှစ်ကနေ အခုအချိန်အထိ လူပေါင်း ၁,၅၀၀ ကျော်၊ ခြံမွေးတိရစ္ဆာန်ပေါင်း ၁၂၀,၀၀၀ ကျော်သေဆုံးခဲ့ပြီး နယ်စပ်နားမှာ နေထိုင်တဲ့ ဇင်ဘာဘွေနိုင်ငံသား ၂,၀၀၀ ဟာ ဒုက္ခိတတွေ ဖြစ်ခဲ့ကြရတယ်” ဆိုပြီး အပြည်ပြည်ဆိုင်ရာ ကြက်ခြေနီအသင်းက သတင်း ထုတ်ပြန်တယ်။

ဩစတြေးလျ

စစ်တမ်းကောက်ယူမှုတစ်ခုအရ ခွဲနေကြတဲ့ မောင်နှံစုံတွေဟာ သူတို့ရဲ့ အိမ်မွေးတိရစ္ဆာန်တွေကို ကြည့်ရှုစောင့်ရှောက်တဲ့ ကိစ္စနဲ့ အငြင်းပွားမှုတွေ ပိုပိုများလာနေတယ်လို့ သိရတယ်။ အိမ်မွေးတိရစ္ဆာန် နေဖို့နေရာ၊ အကုန်အကျနဲ့ ကိုယ်ရေး ကိုယ်တာ ထိခိုက်မှုတွေကြောင့် အဓိကအငြင်းပွားကြတာဖြစ်တယ်။