မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

မျက်နှာဖုံးအကြောင်းအရာ | သမ္မာကျမ်းစာဟာ ဒီနေ့ခေတ်မှာ လက်တွေ့ကျသေးရဲ့လား

ခေတ်ကုန်သွားခြင်းမရှိဘဲ အမြဲလက်တွေ့ကျနေတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ—သစ္စာရှိခြင်း

ခေတ်ကုန်သွားခြင်းမရှိဘဲ အမြဲလက်တွေ့ကျနေတဲ့ ကိုယ်ကျင့်တရားစံနှုန်းများ—သစ္စာရှိခြင်း

ကျမ်းစာလမ်းညွှန်ချက်– “လူအပေါင်းတို့ရှေ့တွင် မင်္ဂလာဆောင်ခြင်းအမှုကို ဂုဏ်အသရေရှိစေလော့။ မင်္ဂလာအိပ်ရာကို မညစ်ညူးစေနှင့်။”—ဟေဗြဲ ၁၃:၄

အကျိုးကျေးဇူး– အဲဒီကျမ်းစကားဟာ ဘိုးဘွားလက်ထက်က စကားပါလို့ တချို့ပြောကြတယ်။ အဲဒီလိုပြောမယ်ဆိုရင် အမှားကြီးမှားသွားပါလိမ့်မယ်။ ကျမ်းစာရေးသားတဲ့အချိန်တုန်းကလိုပဲ အခုအချိန်မှာလည်း သစ္စာမဲ့တာက အကြီးအကျယ် ထိခိုက်နာကျင်စေတယ်။—သုတ္တံ ၆:၃၄၊ ၃၅

ဂျက်စီဟာ ခင်ပွန်းသည်လည်းဖြစ်၊ ဖခင်တစ်ယောက်လည်းဖြစ်တယ်။ သူဒီလိုရေးတယ်– “အိမ်ထောင်မှာ တစ်ယောက်ကိုတစ်ယောက် သစ္စာရှိတာက ကိုယ့်ဇနီးကို ပိုတွယ်တာစေပြီး အိမ်ထောင်ကိုလည်း သာယာချမ်းမြေ့စေတယ်။ တစ်ယောက်ကိုတစ်ယောက် ယုံကြည်စိတ်ချတာဟာ အိမ်ထောင်သည်တွေအတွက် မရှိမဖြစ်လိုအပ်တယ်။ သစ္စာမဲ့တာက ယုံကြည်မှုကို ပျက်ပြားစေတယ်။” သားသမီးတွေကိုလည်း ထိခိုက်နစ်နာစေတယ်။

လီဂါယာ *က သူ့အိမ်ထောင်ကို သူ ဖြိုဖျက်သလိုဖြစ်ခဲ့တယ်။ သူ ဒီလိုပြောပြတယ်– “ကျွန်မက အကျင့်ပျက်တဲ့လူတွေနဲ့ ပေါင်းသင်းတယ်။ ဒီလိုနဲ့ နိုက်ကလပ်တွေတက်လာတယ်၊ ယောက်ျားအပေါ်မှာလည်း သစ္စာမဲ့လာတယ်။” အဲဒီလိုလုပ်လို့ သူပျော်ရွှင်ခဲ့သလား။ သူတို့လင်မယား တကျက်ကျက် စကားများကြတယ်။ သူ့မှာ စိတ်ဆင်းရဲနေရတယ်။ သူ ဒီလိုထပ်ပြောသေးတယ်– “ကျွန်မဘဝ ဘယ်လောက်ပျက်စီးနေတယ်ဆိုတာကို ကြည့်လိုက်တော့ မိဘတွေပြောတဲ့ ‘မကောင်းတဲ့ အပေါင်းအသင်းက ကောင်းတဲ့အကျင့်တွေကို ပျက်စီးစေတယ်’ ဆိုတာ မှန်လိုက်တာ။”—၁ ကောရိန္သု ၁၅:၃၃

လီဂါယာ ဆက်ပြောပြတာက– “အခြေအနေအရမ်းမဆိုးခင် ကျွန်မ အကျင့်ပြောင်းရမယ်၊ ကျမ်းစာဖတ်ရမယ်၊ ဒီတစ်ခါတော့ အဲဒီအတိုင်းကျင့်ရမယ်ဆိုပြီး ဆုံးဖြတ်လိုက်တယ်။” ဒါနဲ့ ဘာဆက်ဖြစ်သလဲ။ သူ အိမ်ထောင်ပြန်သာယာအောင် လုပ်နိုင်ခဲ့တယ်။ ခင်ပွန်းသည်ကလည်း သူ့ကို လေးလေးစားစား ကြင်ကြင်နာနာနဲ့ ပြန်ဆက်ဆံလာတယ်။ “သမ္မာကျမ်းစာကပဲ ကျွန်မဘဝကို ပြောင်းလဲစေခဲ့တာ။ လမ်းစဉ်ဟောင်းကို စွန့်ပြီး မကောင်းတဲ့ အပေါင်းအသင်းတွေနဲ့ အဆက်ဖြတ်လိုက်တာကို ကျွန်မ လုံးဝ ဝမ်းမနည်းဘူး။”

^ စာပိုဒ်၊ 6 နာမည်တချို့ကို ပြောင်းထားပါတယ်။