မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

ကမ္ဘာ့ဖြစ်ရပ်အကဲခတ် | မိသားစု

မိသားစုနဲ့ပတ်သက်ပြီး သတိပြုမိရာ

မိသားစုနဲ့ပတ်သက်ပြီး သတိပြုမိရာ

မိသားစုတွေဟာ အခက်အခဲများစွာ ရင်ဆိုင်နေရတယ်။ အချိန်တိုင်း အသုံးဝင်တဲ့ ကျမ်းစာပါ ပညာရှိစကားတွေက အခက်အခဲတွေကို အောင်မြင်စွာ ဖြေရှင်းပြီး ပျော်ရွှင်သာယာတဲ့ မိသားစုဘဝဖြစ်ဖို့ ကူညီပေးတယ်။

အာဖရိက

မိခင်တွေဟာ ကလေးမွေးပြီး တစ်နာရီအတွင်း ကလေးကို နို့တိုက်သင့်သလို မိခင်နို့တစ်မျိုးတည်းကိုပဲ ခြောက်လဆက်ပြီး တိုက်သင့်တယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ရဲ့ အဆိုအရ သိရတယ်။ ဒါပေမဲ့ “နို့မှုန့်တွေဟာ မိခင်နို့လိုပဲ အစွမ်းအာနိသင်ရှိတယ်” ဆိုပြီး မဟုတ်မမှန်ကြော်ငြာနေကြတယ်လို့ ယူနီဆက်ဖ် အာဖရိက အရှေ့ပိုင်းနဲ့ တောင်ပိုင်းဒေသ အာဟာရအကြံပေးအဖွဲ့က ဖော်ပြခဲ့တယ်။

သမ္မာကျမ်းစာပြောဆိုရာ– ‘ရိုးအတဲ့ သူက ပြောသမျှ ယုံတတ်တယ်။ အမြော်အမြင်ရှိသူကတော့ ခြေလှမ်းတိုင်းကို စဉ်းစားဆင်ခြင်တတ်တယ်။’ —သုတ္တံ ၁၄:၁၅ကဘ။

ကနေဒါ

တင်းကျပ်တဲ့စည်းမျဉ်းတွေထုတ်ပြီး သားသမီးတွေကို ချစ်ကြောင်းမပြတဲ့ မိဘတွေရဲ့ သားသမီးတွေဟာ ချစ်မြတ်နိုးမှုပြပြီး မျှမျှတတ ဆုံးမသွန်သင်တဲ့ မိဘတွေရဲ့ သားသမီးတွေထက် သုံးဆယ်ရာခိုင်နှုန်းကျော် အဝလွန်နိုင်ခြေရှိတယ်လို့ မွန်ထရီရယ်လ်မြို့က သုတေသီတွေ ခန့်မှန်းကြတယ်။

သင်သိပါသလား။ သားသမီးတွေကို အကောင်းဆုံး ပြုစုပျိုးထောင်နည်းအကြောင်း ကျမ်းစာထဲမှာ ရေးသားဖော်ပြထားပါတယ်။—ကောလောသဲ ၃:၂၁

နယ်သာလန်

မိဘနှစ်ပါးစလုံးအလုပ်လုပ်တဲ့ ဒတ်ခ်ျမိသားစုဝင်တချို့ကို လေ့လာမှုပြုလုပ်ခဲ့တယ်။ အလုပ်နဲ့ မိသားစုတာဝန်ကို သီးသန့်ခွဲထားတဲ့ မိဘတွေဟာ အလုပ်နဲ့ မိသားစုတာဝန်ကို ရောထွေးထားတဲ့ မိဘတွေထက် သားသမီးတွေနဲ့ ကောင်းတဲ့ ပြောဆိုဆက်သွယ်မှုရှိတယ်ဆိုပြီး တွေ့ရှိခဲ့ကြတယ်။ ဥပမာ၊ အလုပ်ချိန်ပြီးနောက် အလုပ်နဲ့ဆိုင်တဲ့ ဖုန်းတွေခေါ်ဆိုတဲ့အခါ သားသမီးတွေလိုအပ်တဲ့ အချိန်နဲ့ ဂရုစိုက်မှုမပေးနိုင်တော့ဘူး။

စဉ်းစားစရာ– “ခပ်သိမ်းသောအမှုအရာတို့သည် မိမိတို့အချိန်ရှိ၏။” —ဒေသနာ ၃:၁