ကင်းစောင့်နှင့်အတူ အမှုထမ်းခြင်း
ကင်းစောင့်နှင့်အတူ အမှုထမ်းခြင်း
“သခင် [“အို၊ ယေဟောဝါ၊” ကဘ]၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာအစဉ်ရပ်၍၊ တစ်ညဉ့်လုံး၌လည်း ကင်းစောင့်လျက်နေပါ၏။”—ဟေရှာယ ၂၁:၈။
၁။ ယေဟောဝါကိုယ်တော်တိုင်သည် အဘယ်ထူးမြတ်သောကတိတော်များ၏ သက်သေဖြစ်သနည်း။
ယေဟောဝါသည် ကြီးမြတ်သောရည်ရွယ်တော်မူရှင်ဖြစ်၏။ စာတန်ဖြစ်လာသော ပုန်ကန်သူကောင်းကင်တမန်သည် ကိုယ်တော်၏နာမတော် သန့်ရှင်းမြင့်မြတ်စေရန်နှင့် မြေကြီးပရဒိသုပေါ် ဘုန်းရှိသောဘုရားသခင့်နိုင်ငံတော်အုပ်ချုပ်မှု တည်ထောင်ရန် ကိုယ်တော်၏မဟာရည်ရွယ်တော်မူချက်ကို ဟန့်တားရန် အလျှင်းမတတ်နိုင်ပါ။ (မဿဲ ၆:၉၊ ၁၀) ထိုအုပ်ချုပ်မှုအောက်တွင် လူသားတို့ အမှန်ကောင်းချီးခံစားရလိမ့်မည်။ ဘုရားသခင်သည် “သေခြင်းကိုလည်း နစ်မွန်းဆုံးရှုံးစေတော်မူလိမ့်မည်။ အရှင်ထာဝရဘုရားသည်လည်း၊ ခပ်သိမ်းသောမျက်နှာတို့မှ မျက်ရည်ကိုသုတ်တော်မူလိမ့်မည်။” စည်းလုံးပျော်ရွှင်သောလူသားတို့သည် ငြိမ်းချမ်းသာယာဝပြောမှုကို ထာဝစဉ်ခံစားရကြမည်။ (ဟေရှာယ ၂၅:၈; ၆၅:၁၇-၂၅) ယေဟောဝါကိုယ်တော်တိုင်သည် ဤထူးမြတ်သောကတိတော်များ၏ သက်သေဖြစ်တော်မူ၏!
၂။ အဘယ်လူသားသက်သေများကို ယေဟောဝါပေါ်ထွန်းစေခဲ့သနည်း။
၂ သို့သော် ကြီးမြတ်သောဖန်ဆင်းရှင်၌ လူသားသက်သေများလည်း ရှိတော်မူ၏။ ခရစ်ယာန်ခေတ်မတိုင်မီက အာဗေလမှအစပြုသည့် “များစွာသောသက်သေအပေါင်း” တို့သည် အခက်အခဲများစွာကို မကြာခဏရင်ဆိုင်ရလျက် ခံနိုင်ရည်ပြေးပွဲကိုပြေးခဲ့ကြရသည်။ သူတို့၏အထူးကောင်းမွန်သောပုံသက်သေများက မျက်မှောက်ခေတ်သစ္စာရှိခရစ်ယာန်များကို အားတက်စေသည်။ ယေရှုခရစ်သည် ရဲရင့်သောသက်သေတစ်ဦးအဖြစ် အကောင်းဆုံးပုံသက်သေဖြစ်တော်မူ၏။ (ဟေဗြဲ ၁၁:၁–၁၂:၂) သာဓကအနေနှင့် ပုန္တိပိလတ်မင်းရှေ့ ကိုယ်တော်၏နောက်ဆုံးသက်သေထွက်ဆိုချက်ကို ပြန်အမှတ်ရပါ။ ယေရှုက “[အမှန်] တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ” ဟုကြေညာခဲ့သည်။ (ယောဟန် ၁၈:၃၇) စီ.အီး. ၃၃ မှဤစီ.အီး. ၂၀၀၀ ပြည့်နှစ်အထိ ဇွဲရှိသောခရစ်ယာန်များသည် ယေရှု၏ပုံသက်သေကိုလိုက်ခဲ့ကြပြီး “ဘုရားသခင်၏ အံ့ဖွယ်သောအမှုတို့ကို” ရဲရင့်စွာကြေညာလျက် ဆက်၍သက်သေခံခဲ့ကြပြီ။—တမန်တော် ၂:၁၁။
ဗာဗုလုန်ဆိုင်ရာဂိုဏ်းကွဲခြင်းဝါဒ
၃။ ယေဟောဝါနှင့်ကိုယ်တော်၏အလိုတော်အကြောင်း သက်သေခံချက်ကို စာတန်မည်သို့ဆန့်ကျင်ခဲ့သနည်း။
၃ ထောင်စုနှစ်များတစ်လျှောက် ရန်သူကြီးစာတန်သည် ဆိုးညစ်စွာဖြင့် ဘုရားသခင့်သက်သေများ၏ ထွက်ဆိုချက်ကို သံသယဝင်စေဖို့ကြိုးပမ်းခဲ့ပြီ။ ဤ “ရှေးမြွေဟောင်း . . . နဂါးကြီး” သည် “မုသာ၏အဘ” အဖြစ် “ဤလောကတစ်နိုင်ငံလုံးကိုလှည့်ဖြား” ခဲ့ပြီ။ အထူးသဖြင့် ဤနောက်ဆုံးကာလတွင် “ဘုရားသခင်၏ပညတ်တော်တို့ကိုစောင့်ရှောက်” သူတို့ကို မရပ်မနားတိုက်ခိုက်ခဲ့ပြီ။—ယောဟန် ၈:၄၄; ဗျာဒိတ် ၁၂:၈၊ ၉၊ ၁၇။
၄။ မဟာဗာဗုလုန် မည်သို့ဖြစ်ပေါ်လာခဲ့သနည်း။
၄ လွန်ခဲ့သောအနှစ် ၄,၀၀၀ ခန့်၊ နောဧခေတ်ရေလွှမ်းမိုးဘေးပြီးနောက်တွင် စာတန်သည် “ထာဝရဘုရားရှေ့မှာ အားကြီးသောမုဆိုး” နိမ်ရောဒကိုပေါ်ထွန်းစေခဲ့သည်။ (ကမ္ဘာဦး ၁၀:၉၊ ၁၀) နိမ်ရောဒ၏မြို့တော်ကြီး ဗာဗုလုန် (ဘေဘဲလ်) သည် နတ်ဆိုးဝတ်ပြုသောဘာသာတရား၏ အချက်အချာဖြစ်လာခဲ့သည်။ ဘေဘဲလ်မျှော်စင်များဆောက်လုပ်သူတို့၏ ဘာသာစကားကို ယေဟောဝါရှုပ်ထွေးစေသောအခါ လူတို့သည် ဗာဗုလုန်ဘာသာတရားကို သယ်ဆောင်လျက် ကမ္ဘာတစ်ဝန်းသို့ပျံ့နှံ့သွားခဲ့သည်။ ဤနည်းဖြင့်ဗာဗုလုန်သည် ဗျာဒိတ်ကျမ်း၌ မဟာဗာဗုလုန်ဟုအမည်ရှိသော ကမ္ဘာချီဗာဗုလုန်ဘာသာရေးအင်ပါယာ၏ ရင်းမြစ်ဖြစ်လာ၏။ ထိုကျမ်းစောင်က ဤရှေးခေတ်ဘာသာရေးစနစ်၏ ပျက်စီးခြင်းဘေးကို ကြိုဟောထားသည်။—ဗျာဒိတ် ၁၇:၅; ၁၈:၂၁။
သက်သေခံ လူမျိုးတစ်မျိုး
၅။ ယေဟောဝါသည် အဘယ်လူမျိုးကို မိမိ၏သက်သေအဖြစ်ဖွဲ့စည်းခဲ့သနည်း၊ သို့သော် အဘယ်ကြောင့်ပြည်နှင်ခံများ ဖြစ်ခွင့်ပေးခဲ့သနည်း။
၅ နိမ်ရောဒခေတ်ပြီးနောက် အနှစ် ၅၀၀ ခန့်တွင် ယေဟောဝါသည် ကိုယ်တော်၏မြေကြီးပေါ်ရှိ သက်သေအဖြစ် အမှုထမ်းရန် သစ္စာရှိအာဗြဟံ၏ သားစဉ်မြေးဆက်များကို ဣသရေလလူမျိုးအဖြစ်ဖွဲ့စည်းခဲ့သည်။ (ဟေရှာယ ၄၃:၁၀၊ ၁၂) ထိုလူမျိုးမှ လူများစွာ သည် ယေဟောဝါအား သစ္စာရှိရှိ အမှုထမ်းခဲ့ကြ၏။ သို့သော် ရာစုနှစ်များတစ်လျှောက် အိမ်နီးချင်းနိုင်ငံများမှ မှားသောယုံကြည်ချက်များက ဣသရေလလူမျိုးကို ဖောက်ပြန်စေခဲ့ရာ ယေဟောဝါနှင့် ပဋိညာဉ်ဖွဲ့ထားသောလူမျိုးသည် ဗာဗုလုန်ဘုရားများကိုကိုးကွယ်ရန် သွေဖည်သွားခဲ့သည်။ ထို့ကြောင့် နေဗုခဒ်နေဇာမင်းကြီးဦးဆောင်သော ဗာဗုလုန်၏ စစ်တပ်များသည် ဘီ.စီ.အီး. ၆၀၇ တွင်ယေရုရှလင်မြို့နှင့် ယင်း၏ဗိမာန်တော်ကိုဖျက်ဆီးကာ ဂျူးအများစုကို ဗာဗုလုန်နိုင်ငံသို့ ပြည်နှင်ခံများအဖြစ် ခေါ်ဆောင်သွားခဲ့ကြသည်။
၆။ ယေဟောဝါ၏ပရောဖက်ပြုချက်ဆိုင်ရာကင်းစောင့်သည် အဘယ်သတင်းကောင်းကိုကြေညာခဲ့ပြီး ၎င်းသည် အဘယ်အချိန်၌ပြည့်စုံခဲ့သနည်း။
၆ ဗာဗုလုန်ဘာသာရေးအတွက် အောင်ပွဲပါတကား! သို့သော် ဗာဗုလုန်၏သြဇာအရှိန်အဝါသည် ကြာရှည်မခံခဲ့ပါ။ ထိုသို့မဖြစ်မီ အနှစ် ၂၀၀ ခန့်က ယေဟောဝါဤသို့မိန့်ဆိုခဲ့၏– “သင်သွား၍ကင်းစောင့်ကိုထားလော့။ မြင်သည်အတိုင်းပြောစေလော့။” ဤကင်းစောင့်သည် အဘယ်သတင်းများကို ကြေညာရမည်နည်း။ ‘ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ရုပ်[ပုံ] . . . ရှိသမျှတို့သည် မြေပေါ်မှာကျိုးပဲ့လျက်ရှိကြပါသည်။’ (ဟေရှာယ ၂၁:၆၊ ၉) ဘီ.စီ.အီး. ၅၃၉ တွင် ထိုပရောဖက်ပြုချက်ဆိုင်ရာကြေညာချက်သည် အမှန်ပင်ဖြစ်ပျက်လာသည်။ တန်ခိုးကြီးဗာဗုလုန်နိုင်ငံပြိုလဲခဲ့ပြီး ဘုရားသခင့်ပဋိညာဉ်ဆိုင်ရာလူမျိုးတော်သည် မကြာမီ မိမိတို့မွေးရပ်မြေသို့ပြန်နိုင်ခဲ့ကြသည်။
၇။ (က) ယေဟောဝါ၏ပဲ့ပြင်ဆုံးမခြင်းမှ ဂျူးများ အဘယ်အရာကိုသင်ယူခဲ့ကြသနည်း။ (ခ) ပြည်နှင်ခံခဲ့ရသောဂျူးများသည် အဘယ်ထောင်ချောက်များထဲသို့ ကျခဲ့ကြပြီး ရလဒ်ကားအဘယ်နည်း။
၇ ရုပ်ပုံကိုးကွယ်ခြင်းနှင့် နတ်ဝိဇ္ဇာအတတ်ကိုစွန့်လွှတ်ရန် ပြည်တော်ပြန်ဂျူးများသည် သင်ခန်းစာကောင်းစွာရရှိခဲ့ကြသည်။ သို့သော် သူတို့သည် နှစ်များတစ်လျှောက်အတွင်း အခြားထောင်ချောက်များထဲသို့ ကျခဲ့ကြသည်။ အချို့တို့သည် ဂရိအတွေးအခေါ်ပညာ၌ ကျော့မိခဲ့ကြသည်။ အခြားသူတို့မှာ ဘုရားသခင့်နှုတ်မြွက်စကားတော်ထက် လူ့ထုံးတမ်းစဉ်လာများကို အလေးပေးခဲ့ကြသည်။ အခြားသူတို့မူ အမျိုးသားရေးဝါဒ၏ ဖြားယောင်းမှုကိုခံကြရသည်။ (မာကု ၇:၁၃; တမန်တော် ၅:၃၇) ယေရှုမွေးဖွားခဲ့ချိန်တွင် ထိုလူမျိုးသည် စစ်မှန်သောဝတ်ပြုရေးမှ တစ်ဖန်သွေဖည်ပြန်သည်။ ယေရှုကြေညာသောသတင်းကောင်းကို ဂျူးတစ်ဦးချင်းစီအနေနှင့် တုံ့ပြန်ခဲ့ကြသော်လည်း လူမျိုးတစ်မျိုးအနေဖြင့် ကိုယ်တော်အားငြင်းပယ်ခဲ့ကြသဖြင့် ဘုရားသခင်ကလည်း သူတို့ကိုငြင်းပယ်ခဲ့၏။ (ယောဟန် ၁:၉-၁၂; တမန်တော် ၂:၃၆) ဣသရေလလူမျိုးသည် ဘုရားသခင့်သက်သေမဟုတ်တော့ဘဲ စီ.အီး. ၇၀ တွင် ယေရုရှလင်မြို့နှင့် ဗိမာန်တော်သည် ရောမစစ်တပ်ဖြင့် ဖျက်ဆီးခံရပြန်သည်။—မဿဲ ၂၁:၄၃။
၈။ မည်သူသည် ယေဟောဝါ၏သက်သေဖြစ်လာပြီး ၎င်းသက်သေအား ပေါလုပေးသောသတိပေးချက်သည် အဘယ်ကြောင့်အချိန်မီဖြစ်ခဲ့သနည်း။
၈ ထိုအတောအတွင်း ခရစ်ယာန်ဖြစ်သော “ဘုရားသခင်၏ဣသရေလ” မွေးဖွားခဲ့ပြီး ၎င်းသည် လူမျိုးအပေါင်းရှေ့ ဘုရားသခင်၏သက်သေအဖြစ် အမှုထမ်းလေသည်။ (ဂလာတိ ၆:၁၆) စာတန်သည် အလွန်လျင်မြန်စွာဖြင့် ဤဝိညာဉ်ရေးရာလူမျိုးအသစ်ကို ဖျက်ဆီးရန်ကြံစည်ခဲ့သည်။ ပထမရာစုအကုန်ပိုင်းတွင် အသင်းတော်များ၌ ဂိုဏ်းဂဏလွှမ်းမိုးမှုများကိုတွေ့ခဲ့ရသည်။ (ဗျာဒိတ် ၂:၆၊ ၁၄၊ ၂၀) ပေါလု၏ဤသတိပေးချက်သည် အချိန်သင့်အခါသင့်ဖြစ်ခဲ့သည်– “ခရစ်တော်၏တရားကိုမလိုက်၊ လူအဆက်ဆက်ခံသောနည်းဥပဒေသနှင့် လော[က]တရားနုကိုလိုက်၍၊ လော[က]ပညာနှင့်အချည်းနှီးသောပရိယာယ်အားဖြင့် သင်တို့ကို အဘယ်သူမျှမလုမယူမဖျက်ဆီးစေခြင်းငှာ သတိပြုကြလော့။”—ကောလောသဲ ၂:၈။
၉။ ပေါလုသတိပေးခဲ့သည့်အတိုင်း အဘယ်ဖြစ်ပေါ်လာမှုက ခရစ်ယာန်ဘောင်တည်ရှိလာစေသနည်း။
၉ အဆုံး၌ ဂရိအတွေးအခေါ်၊ ဗာဗုလုန်ဘာသာရေးအယူအဆများနှင့် နောင်တွင် ဆင့်ကဲသီအိုရီနှင့် တန်းမြင့်ဝေဖန်ချက်များစသည့် လူ့ “ဉာဏ်ပညာ” တို့သည် ခရစ်ယာန်အခေါ်ခံသူများစွာတို့၏ ဘာသာတရားကို ညစ်ညမ်းစေခဲ့သည်။ “ငါမရှိသည်နောက်၊ ကြမ်းတမ်းသောတောခွေးတို့သည် သိုးများကိုမသနားဘဲ သင်တို့အထဲသို့ဝင်တမန်တော် ၂၀:၂၉၊ ၃၀) ဤအယူဖောက်ပြန်မှုကြောင့် ခရစ်ယာန်ဘောင်တည်ရှိလာခြင်းဖြစ်သည်။
မည်ကိုလည်းကောင်း၊ တပည့်တော်များကိုသွေးဆောင်ခြင်းငှာ၊ မှားသောစကားကိုပြောတတ်သောလူတို့သည် သင်တို့အထဲ၌ပေါ်လာမည်ကိုလည်းကောင်း ငါသိ၏” ဟုပေါလုကြိုပြောခဲ့သည့်အတိုင်းပင်ဖြစ်သည်။ (၁၀။ ခရစ်ယာန်ဘောင်၏ယိုယွင်းသောဝတ်ပြုမှု၌ လူတိုင်းမပါဝင်ကြောင်း အဘယ်ဆောင်ရွက်ချက်များက ထင်ရှားစေခဲ့သနည်း။
၁၀ မှန်သောဝတ်ပြုရေးကို အမှန်ချစ်မြတ်နိုးသူတို့သည် “သန့်ရှင်းသူတို့၌ အထက်ကအပ်ပေးခဲ့ပြီးသော ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်” ခဲ့ကြရသည်။ (ယုဒ ၃) မှန်သောဝတ်ပြုရေးနှင့် ယေဟောဝါ၏သက်သေသည် ဤလောကမှပျောက်လွင့်သွားမည်လော။ မပျောက်လွင့်ပါ။ သူပုန်စာတန်နှင့် သူ၏လုပ်ဆောင်မှုမှန်သမျှကို ဖျက်ဆီးချိန်နီးလာစဉ် ခရစ်ယာန်ဘောင်လောကရှိ ဖောက်ပြန်သည့်ဝတ်ပြုမှု၌ လူတိုင်းမပါဝင်ခဲ့ကြောင်း ထင်ရှားလာသည်။ ၁၉ ရာစုနှောင်းပိုင်းတွင် ယူ.အက်စ်.အေ၊ ပဲင်စီလ်ဘေးနီးယားပြည်နယ်၊ ပစ္စဘတ်မြို့၌ စိတ်ရင်းမှန်သည့် ကျမ်းစာကျောင်းသားအုပ်စုတစ်စုကို ဖွဲ့စည်းခဲ့ကြပြီး ဘုရားသခင့် မျက်မှောက်ခေတ်သက်သေအတန်းအစား၏မဏ္ဍိုင်ဖြစ်လာလေသည်။ ဤခရစ်ယာန်များသည် လက်ရှိအစီအစဉ်၏ဆုံးခန်းနီးပြီဟူသော ကျမ်းစာအထောက်အထားများကို အာရုံစိုက်စေခဲ့ကြသည်။ ကျမ်းစာပရောဖက်ပြုချက်နှင့်အညီ ကမ္ဘာ၏ “အဆုံး” သည် ၁၉၁၄ ခုနှစ်တွင်စတင်ခဲ့ပြီး ပထမကမ္ဘာစစ်ဖြစ်ပွားခြင်းဖြင့် မှတ်သားခံခဲ့ရ၏။ (မဿဲ ၂၄:၃၊ ၇၊ သမ) ထိုနှစ်နောက်ပိုင်းတွင် စာတန်နှင့်သူ၏နတ်ဆိုးအုပ်များ ကောင်းကင်မှနှင်ချခံခဲ့ရကြောင်း ခိုင်လုံသောအထောက်အထားရှိသည်။ စာတန်လှုပ်ရှားနေကြောင်းနှင့် ယေရှုသည် ဘုရင်အဖြစ် ကောင်းကင်နိုင်ငံတော်တန်ခိုးဖြင့် ရောက်ရှိခြင်း၏နိမိတ် ထူးခြားစွာပြည့်စုံနေကြောင်း ဆင်းရဲခက်ခဲလှသော ၂၀ ရာစုက အထင်အရှားဖော်ပြသည်။—မဿဲ အခန်းကြီး ၂၄ နှင့် ၂၅; မာကု အခန်းကြီး ၁၃; လုကာ အခန်းကြီး ၂၁; ဗျာဒိတ် ၁၂:၁၀၊ ၁၂။
၁၁။ စာတန်သည် အဘယ်အရာကိုပြုဖို့ကြိုးပမ်းခဲ့သနည်း၊ သို့သော် သူ၏ကြိုးပမ်းမှု မည်သို့ရှုံးနိမ့်ခဲ့သနည်း။
၁၁ ၁၉၁၈၊ ဇွန်လတွင် စာတန်သည် ဒေါသပြင်းစွာဖြင့် ထိုစဉ်က နိုင်ငံအတော်များများတွင် ဟောပြောလျက်ရှိကြသော ကျမ်းစာကျောင်းသားများကို သုတ်သင်ပစ်ရန်ကြိုးပမ်းခဲ့သည်။ ကင်းမျှော်စင်သမ္မာကျမ်းစာနှင့်ဝေစာအသင်းဟူသော သူတို့၏တရားဝင်ကော်ပိုရေးရှင်းကို ဖျက်ဆီးဖို့လည်း သူကြိုးစားခဲ့သည်။ အသင်းမ၏တာဝန်ခံအမှုထမ်းများသည် အကျဉ်းချခံခဲ့ကြရပြီး ပထမရာစုတွင် ယေရှုခံခဲ့ရသကဲ့သို့ သူတို့သည် ပုန်ကန်ရန်လှုံ့ဆော်ပေးကြသည်ဟု မတရားစွပ်စွဲခံခဲ့ရကြ၏။ (လုကာ ၂၃:၂) သို့သော် ၁၉၁၉ ခုနှစ်တွင် ဤအမှုထမ်းများသည် လွတ်မြောက်လာခဲ့ကြရာ သူတို့၏အမှုတော်ကို ဆက်ဆောင်ရွက်နိုင်ခဲ့ကြသည်။ နောက်ပိုင်းတွင် ပြစ်မှုမှလုံးဝလွတ်ကင်းခဲ့ကြသည်။
စောင့်ကြပ်လျက်ရှိသော “ကင်းစောင့်” တစ်ဦး
၁၂။ ယေဟောဝါ၏ကင်းစောင့်အတန်းအစား သို့မဟုတ် “ကင်းစောင့်” ကို ယနေ့ အဘယ်သူများနှင့်ဖွဲ့စည်းထားပြီး သူတို့၌အဘယ်သဘောထားရှိခဲ့ပြီနည်း။
၁၂ ထို့ကြောင့် “အမှုကုန်သောကာလ” စတင်သောအခါ ရည်ရွယ်တော်မူချက်များ ပြည့်စုံသည့်ဖြစ်ရပ်များကို လူတို့သိရှိစေရန် ကင်းစောင့်တစ်ဦးကို ယေဟောဝါခန့်အပ်ပြန်သည်။ (ဒံယေလ ၁၂:၄; ၂ တိမောသေ ၃:၁) ထိုကင်းစောင့်အတန်းအစား—ဘုရားသခင့်ဣသရေလလူမျိုး၊ ဘိသိက်ခံခရစ်ယာန်များ—သည် ပရောဖက်ပြုချက်ဆိုင်ရာကင်းစောင့်နှင့်ပတ်သက်သော ဟေရှာယ၏ ဤဖော်ပြချက်နှင့်အညီ ယနေ့တိုင်အောင် လုပ်ဆောင်လျက်ရှိသည်– “ကင်းစောင့်သည်လည်း . . . သတိနှင့်စေ့စေ့ကြည့်ရှုနားထောင်ပြီးလျှင်၊ ‘သခင် [“အို၊ ယေဟောဝါ၊” ကဘ]၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာအစဉ်ရပ်၍၊ တစ်ညဉ့်လုံး၌လည်း ကင်းစောင့်လျက်နေပါ၏’ . . . ဟုခြင်္သေ့ကဲ့သို့ကြွေးကြော်ရ၏။” (ဟေရှာယ ၂၁:၇-၉) မိမိ၏တာဝန်ကို အလေးအနက်ထားသောကင်းစောင့်ပါတကား!
၁၃။ (က) ယေဟောဝါ၏ကင်းစောင့်သည် အဘယ်သတင်းကိုကြေညာခဲ့သနည်း။ (ခ) အဘယ်နည်းဖြင့် မဟာဗာဗုလုန်ပြိုလဲပြီဟုဆိုနိုင်သနည်း။
၁၃ ၎င်းကင်းစောင့်သည် အဘယ်အရာကိုမြင်သနည်း။ ယေဟောဝါ၏ကင်းစောင့်ဖြစ်သော ကိုယ်တော်၏သက်သေအတန်းအစားက ‘ဗာဗုလုန်မြို့ပြိုလဲပြီ၊ ပြိုလဲပြီ၊ သူ၏ရုပ်တုရှိသမျှတို့သည် မြေပေါ်မှာကျိုးပဲ့လျက်ရှိကြပါသည်’ ဟုတစ်ဖန်ကြေညာပြန်သည်။ (ဟေရှာယ ၂၁:၉) ဤတစ်ကြိမ်တွင် ပထမကမ္ဘာစစ်ပြီးသည့်နောက် မဟာဗာဗုလုန်တည်းဟူသော မှားယွင်းသောဘာသာရေးကမ္ဘာ့အင်ပါယာသည် အာဏာကျသွားခဲ့သည်။ (ယေရမိ ၅၀:၁-၃; ဗျာဒိတ် ၁၄:၈) ယင်းကြောင့်ပင် စစ်ပွဲကြီးဟုထိုစဉ်ကခေါ်ခဲ့သော စစ်သည် ခရစ်ယာန်ဘောင်တွင် စတင်ခဲ့ရခြင်းမှာမဆန်းပေ! ထိုအခါက စစ်တိုက်ဖက်နှစ်ဖက်စလုံးမှဓမ္မဆရာများသည် မိမိတို့၏လက်ရွေးစင်လူငယ်များကို စစ်ထဲဝင်ရန်ဟောပြောလှုံ့ဆော်ခြင်းဖြင့် စစ်မီးကူးစက်တောက်လောင်သွားစေခဲ့သည်။ ရှက်ဖွယ်ကောင်းလိုက်လေခြင်း! ၁၉၁၉ ခုနှစ်တွင် မဟာဗာဗုလုန်သည် ထိုစဉ်အခါက ကျမ်းစာကျောင်းသားများဟု လူတို့သိကြသည့် ယေဟောဝါသက်သေများကို မလှုပ်ရှားသည့်အခြေအနေမှ လွတ်မြောက်လာပြီး ဆောင်ရွက်ဆဲဖြစ်သည့် ကမ္ဘာချီဟောပြောခြင်းကင်ပိန်းစတင်ခြင်းတို့မှ မတားဆီးနိုင်ခဲ့ချေ။ (မဿဲ ၂၄:၁၄) ယင်းသည် ဘီ.စီ.အီး. ခြောက်ရာစုတွင် ဣသရေလလူမျိုးလွတ်မြောက်ခဲ့ခြင်းက ရှေးခေတ်ဗာဗုလုန်ကျဆုံးခြင်းကို အချက်ပြသကဲ့သို့ မဟာဗာဗုလုန်ကျဆုံးခြင်းကို အချက်ပြသည်။
၁၄။ ယေဟောဝါ၏ကင်းစောင့်အတန်းအစားသည် အဘယ်မဂ္ဂဇင်းကိုအဓိကအသုံးပြုခဲ့ကြပြီး ယင်းကိုအသုံးပြုခြင်းအပေါ် ယေဟောဝါမည်သို့ကောင်းချီးပေးခဲ့သနည်း။
ဟေရှာယ ၂၁:၁၁။” ဟူသောစကားပါရှိခဲ့သည်။ * ကင်းမျှော်စင်သည် အနှစ် ၁၂၀ တိုင်တိုင် ကမ္ဘာ့ဖြစ်ရပ်များနှင့် ပရောဖက်ပြုချက်ဆိုင်ရာအဓိပ္ပာယ်ကို သစ္စာရှိစွာဖြင့် မျက်ခြည်မပြတ်စောင့်ကြည့်ခဲ့ပြီ။ (၂ တိမောသေ ၃:၁-၅၊ ၁၃) ဘုရားသခင့်ကင်းစောင့်အတန်းအစားနှင့် ယင်း၏အပေါင်းအဖော် “အခြားသိုး” တို့သည် ခရစ်တော်၏နိုင်ငံတော်အားဖြင့် ယေဟောဝါ၏အကြွင်းမဲ့ပိုင်သအုပ်စိုးခွင့်ကို သင်္ကာယနကင်းရှင်းစေလုပြီဖြစ်ကြောင်း ဤမဂ္ဂဇင်းကိုအသုံးပြု၍ လူတို့အား အားတက်သရောကြေညာခဲ့ကြပြီ။ (ယောဟန် ၁၀:၁၆) ဤသက်သေသည် ယေဟောဝါ၏ကောင်းချီးကို ခံစားခဲ့ရပြီလော။ ၁၈၇၉ ခုတွင် ဦးဆုံးထုတ်ဝေခဲ့သော စောင်ရေ ၆,၀၀၀ မှယခုဘာသာစကား ၁၃၂ ဘာသာဖြင့် ကမ္ဘာတစ်ဝန်းတွင် စောင်ရေ ၂၂,၀၀၀,၀၀၀ ကျော်အထိထုတ်ဝေနေကာ—ယင်းမှ ၁၂၁ ကို တစ်ပြိုင်တည်းထုတ်ဝေလျက်ရှိသည်။ ကမ္ဘာပေါ်တွင် အကျယ်ပြန့်ဆုံးဝေငှရသော ဘာသာရေးမဂ္ဂဇင်းသည် မှန်သောဘုရားသခင်ယေဟောဝါ၏အမည်ကို ချီးမြှောက်သည့်မဂ္ဂဇင်းဖြစ်ရခြင်းကား လျော်ကန်လိုက်လေခြင်း!
၁၄ ကင်းစောင့်အတန်းအစားသည် မိမိ၏တာဝန်ကို ဇွဲနှင့် မှန်ရာကိုပြုလိုသည့်စိတ်ဇောဖြင့် အစဉ်သဖြင့်ဆောင်ရွက်ခဲ့သည်။ ၁၈၇၉၊ ဇူလိုင်လတွင် ကျမ်းစာကျောင်းသားများသည် ထိုစဉ်က ဇိအုန်ကင်းမျှော်စင်နှင့် ခရစ်တော်ရောက်ရှိခြင်းသံတော်ဆင့်ဟုလူတို့သိကြသော ဤမဂ္ဂဇင်းကို စတင်ထုတ်ဝေခဲ့သည်။ ၁၈၇၉ မှ ၁၉၃၈ ဒီဇင်ဘာ ၁၅ အထိ စာစောင်တိုင်း၏မျက်နှာဖုံးတွင် “‘အိုကင်းစောင့်၊ ညဉ့်အမှုကားအဘယ်သို့နည်း’—တိုးတက်လာသည့်သန့်စင်မှု
၁၅။ ၁၉၁၄ မတိုင်မီကပင် အဘယ်အဆင့်ဆင့်သန့်စင်မှုစတင်ခဲ့သနည်း။
၁၅ ၁၉၁၄ ခုနှစ်တွင် ခရစ်တော်၏ကောင်းကင်အုပ်ချုပ်မှုစတင်ချိန်အထိ အနှစ် ၄၀ ခန့်အတွင်း ကျမ်းစာကျောင်းသားများသည် နို့စို့ကလေးငယ်ကိုနှစ်ခြင်းပေးခြင်း၊ မသေနိုင်သောလူ့ဝိညာဉ်စိုးလ်၊ ငရဲကလေး၊ မီးငရဲဖြင့်ညှဉ်းဆဲခြင်းနှင့် သုံးပါးပေါင်းတစ်ဆူဘုရားသခင်အစရှိသော ကျမ်းစာတွင်မပါသည့် ခရစ်ယာန်ဘောင်၏အယူဝါဒများစွာမှ လွတ်မြောက်ခဲ့ကြသည်။ သို့သော် အယူအဆမှားတို့မှကင်းစင်ရန် အချိန်ပိုကြာခဲ့သည်။ သာဓကအနေနှင့် ၁၉၂၀ ပြည့်လွန်နှစ်များတွင် ကျမ်းစာကျောင်းသားများစွာတို့သည် လက်ဝါးကပ်တိုင်နှင့်သရဖူတံဆိပ်ရင်ထိုးများကို တပ်ဆင်ခဲ့ကြပြီး ခရစ္စမတ်နှင့် အခြားအယူမှားပွဲနေ့များကို ကျင်းပခဲ့ကြသည်။ သို့သော် ဝတ်ပြုရေးစင်ကြယ်ဖို့ရန် ရုပ်ပုံကိုးကွယ်ခြင်းဆိုင်ရာ အစအနရှိရှိသမျှကို စွန့်ပစ်ကြရပေမည်။ ခရစ်ယာန်ယုံကြည်ခြင်းနှင့် ဘဝလမ်းစဉ်၏ တစ်ခုတည်းသောအခြေခံမှာ ဘုရားသခင့်နှုတ်မြွက်စကားတော်၊ သမ္မာကျမ်းစာဖြစ်ရမည်။ (ဟေရှာယ ၈:၁၉၊ ၂၀; ရောမ ၁၅:၄) ဘုရားသခင့်နှုတ်မြွက်စကားတော်ထဲ တစ်စုံတစ်ရာထပ်သွင်းခြင်း သို့မဟုတ် ထုတ်ပယ်ခြင်းသည်မှား၏။—တရားဟောရာ ၄:၂; ဗျာဒိတ် ၂၂:၁၈၊ ၁၉။
၁၆၊ ၁၇။ (က) ကင်းစောင့်အတန်းအစားသည် အဘယ်မှားယွင်းသောအယူအဆကို ဆယ်စုနှစ်အနည်းငယ်ကြာ ဆုပ်ကိုင်ခဲ့ကြသနည်း။ (ခ) “အီဂျစ်ပြည်” မှ “ယဇ်ပလ္လင်” နှင့် “ကျောက်တိုင်” တို့၏ရှင်းပြချက်အမှန်ကား အဘယ်နည်း။
၁၆ အဆိုပါမူသည် မည်မျှအရေးကြီးကြောင်းကို သာဓကတစ်ခုက ဖော်ပြပါမည်။ ၁၈၈၆ ခုနှစ်တွင် ခေတ်များတစ်လျှောက် ဘုရားသခင့်အစီအစဉ် [လိပ်] ဟုခေါ်ခဲ့ကြသောစာအုပ်ကို စီ.တီ. ရပ်စယ်လ်ထုတ်ဝေသောအခါ ၎င်းတွင် လူသားခေတ်ကို အီဂျစ်ပြည်၏မဟာပိရမစ်နှင့်ဆက်စပ်ထားသော ဇယားကွက်တစ်ခုပါရှိသည်။ ဖာရောကူဖူးကိုအမှတ်ရစေသည့် ၎င်းပိရမစ်သည် ဟေရှာယ ၁၉:၁၉၊ ၂၀ ၌ရည်ညွှန်းထားသောမှတ်တိုင်ဖြစ်သည်ဟု ယူဆခဲ့ကြသည်– “ထိုကာလ၌ အဲဂုတ္တုပြည်အလယ်တွင်၊ ထာဝရဘုရားကိုပူဇော်ရာယဇ်ပလ္လင်ရှိလိမ့်မည်။ ပြည်စွန်းနားတွင်လည်း ထာဝရဘုရားအဖို့မှတ်တိုင်ရှိလိမ့်မည်။ ထိုမှတ်တိုင်သည် အဲဂုတ္တုပြည်တွင် နိမိတ်လက္ခဏာဖြစ်လိမ့်မည်။ ကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား၏ သက်သေလည်းဖြစ်လိမ့်မည်။” ပိရမစ်နှင့် သမ္မာကျမ်းစာသည် အဘယ်ဆက်စပ်မှုရှိနိုင်သနည်း။ ဥပမာအနေနှင့် မဟာပိရမစ်ရှိ အချို့သောစင်္ကြံများ၏အလျားက မဿဲ ၂၄:၂၁ မှထိုစဉ်ကနားလည်ခဲ့သည့် “ကြီးစွာသော [ဆင်းရဲခြင်း]” စတင်ချိန်ကိုဖော်ပြသည်ဟု ယူဆခဲ့ကြသည်။ ကျောင်းစာကျောင်းသားအချို့သည် ကောင်းကင်တက်မည့်နေ့အစရှိသော ကိစ္စရပ်များကိုပိုင်းဖြတ်ရန် ပိရမစ်၏အသွင်အပြင်အမျိုးမျိုးကို တိုင်းတာခြင်း၌ အာရုံစိုက်ခဲ့ကြသည်!
ဗျာဒိတ် ၁၁:၈ အရ ‘အီဂျစ်’ သည်စာတန့်လောကကိုပုံဆောင်သည်။ ’ယေဟောဝါအားပူဇော်ရာယဇ်ပလ္လင်’ မှာ ဤလောက၌ ဧည့်သည်အာဂန္တုများဖြစ်နေကြစဉ် ဘိသိက်ခံခရစ်ယာန်များပူဇော်သည့် ဘုရားသခင်လက်ခံနိုင်ဖွယ်ယဇ်များကို အမှတ်ရစေသည်။ (ရောမ ၁၂:၁; ဟေဗြဲ ၁၃:၁၅၊ ၁၆) “[အီဂျစ်ပြည်၏] ပြည်စွန်းနား” တွင်ရှိသောမှတ်တိုင်မှာ ‘အမှန်တရား၏အမှီတံကဲနှင့် တည်ရာ’ ဘိသိက်ခံခရစ်ယာန်များ၏အသင်းတော်ဖြစ်ပြီး သူတို့ထွက်ခွာတော့မည့်လောကဖြစ်သော ‘အီဂျစ်ပြည်’ ၌သက်သေအဖြစ်တည်ရှိသည်ဟု ညွှန်ပြသည်။—၁ တိမောသေ ၃:၁၅။
၁၇ ၁၉၂၈၊ နိုဝင်ဘာ ၁၅ နှင့် ဒီဇင်ဘာ ၁ ရက်ထုတ်ကင်းမျှော်စင် စာစောင်များက ယေဟောဝါသည် ကျမ်းစာ၌ဖော်ပြသော သက်သေကိုထောက်ခံရန် . . . ဖာရောမင်းများတည်ဆောက်၍ နက္ခတ်ဗေဒင်ပညာဆိုင်ရာ နတ်ဆိုးအမှတ်လက္ခဏာများပါသည့် ကျောက်တိုင်မလိုအပ်ကြောင်း ရှင်းလင်းဖော်ပြချိန်အထိ ကျောက်ထွင်းကျမ်းစာဟုခေါ်ဆိုကြသော ၎င်းပိရမစ်ကို ဆယ်စုနှစ်အနည်းငယ်တိုင် ကြည်ညိုလေးစားခဲ့ကြသည်။ ယင်းအစား ဟေရှာယ၏ပရောဖက်ပြုချက်သည် ဝိညာဉ်ရေးအရသက်ဆိုင်ပုံရှိသည်ဟုမြင်လာကြ၏။၁၈။ (က) စိတ်ရင်းမှန်သောကျမ်းစာကျောင်းသားများအတွက် ကိစ္စရပ်များကို ယေဟောဝါမည်သို့ဆက်ရှင်းခဲ့သနည်း။ (ခ) ကျမ်းစာရှင်းလင်းချက်တစ်ခုကို ခရစ်ယာန်တစ်ဦးနားလည်ရခက်ပါက အဘယ်ပညာရှိသဘောထားရှိရမည်နည်း။
၁၈ ယေဟောဝါသည် နှစ်များကုန်လွန်သည်နှင့်အလျောက် ကိုယ်တော်၏ပရောဖက်ပြုချက်ဆိုင်ရာစကားတော်ကို တိုး၍နားလည်လာခြင်းအပါအဝင် အမှန်တရားဆိုင်ရာထပ်ဆင့်ရှင်းလင်းချက်ကို ဆက်၍ပေးတော်မူ၏။ (သု. ၄:၁၈) မကြာသေးမီနှစ်များအတွင်း—အကြောင်းများစွာအနက်—အဆုံးမလာမီ ကုန်လွန်မသွားမည့်လူမျိုးဆက်၊ သိုးနှင့်ဆိတ်ပုံဥပမာ၊ ရွံရှာဖွယ်အရာနှင့် သန့်ရှင်းသောအရပ်၌ ၎င်းစိုက်နေမည့်အချိန်၊ ပဋိညာဉ်သစ်၊ ကိုယ်ယောင်ထွန်းလင်းခြင်းနှင့် ယေဇကျေလကျမ်းမှ ဗိမာန်တော်အဆင်းအာရုံအကြောင်းများကို တိုးသိနားလည်မှုဖြင့်ပြန်လည်သုံးသပ်ရန် ကျွန်ုပ်တို့တိုက်တွန်းခံခဲ့ကြပြီ။ တစ်ခါတစ်ရံ ဤနောက်ဆုံးရှင်းပြချက်များကို နားလည်ရန်ခက်မည်ဖြစ်သော်လည်း အချိန်တန်သောအခါ အကြောင်းရင်းများကိုသဘောပေါက်လာသည်။ ကျမ်းချက်တစ်ချက်၏ ရှင်းပြချက်အသစ်ကို ခရစ်ယာန်တစ်ဦးသည် အပြည့်အဝနားမလည်ပါက ပရောဖက်မိက္ခာ၏ ဤစကားများကို နှိမ့်ချစွာဖြင့် ပဲ့တင်ထပ်ပြောသင့်သည်– “ငါမူကား၊ ထာဝရဘုရားကိုမျှော်လင့်မည်။”—မိက္ခာ ၇:၇။
၁၉။ ဤနောက်ဆုံးကာလတွင် ဘိသိက်ခံအကြွင်းအကျန်နှင့် သူတို့၏အပေါင်းပါအခြားသိုးတို့သည် ခြင်္သေ့ကဲ့သို့ရဲရင့်ကြောင်း မည်သို့ပြခဲ့ကြသနည်း။
ဟေရှာယ ၂၁:၈၊ ၉) ဘိသိက်ခံအကြွင်းအကျန်သည် မှားယွင်းသောဘာသာတရားကိုဖော်ထုတ်ခြင်းနှင့် လွတ်မြောက်ရာလမ်းကို လူတို့အားဖော်ပြခြင်းအမှုတွင် ခြင်္သေ့ကဲ့သို့သောရဲရင့်ခြင်းကို ပြသခဲ့ကြပြီ။ (ဗျာဒိတ် ၁၈:၂-၅) “သစ္စာနှင့်လည်းကောင်း၊ သတိပညာနှင့်လည်းကောင်း ပြည့်စုံသောကျွန်” အနေနှင့် သူတို့သည် သမ္မာကျမ်းစာများ၊ မဂ္ဂဇင်းများနှင့် ဘာသာစကားမြောက်မြားစွာဖြင့် အခြားစာအုပ်စာတမ်းများကို ထောက်ပံ့ပေးခဲ့ကြပြီ။ (မဿဲ ၂၄:၄၅) သူတို့သည် ‘အသီးသီးဘာသာစကားကိုပြောသော လူအမျိုးအနွယ်ခပ်သိမ်းတို့အထဲမှ . . . လူအုပ်ကြီး’ ကိုစုသိမ်းခြင်း၌ ဦးဆောင်ခဲ့ကြသည်။ သူတို့သည်လည်း ယေရှု၏ရွေးနုတ်ခြင်းအသွေးတော်အားဖြင့် သန့်စင်ခံခဲ့ရကြပြီး ဘုရားသခင်၏ “ဝတ်ကိုနေ့ညဉ့်မပြတ်” ရဲရင့်စွာပြုကြောင်း တင်ပြနေကြသည်။ (ဗျာဒိတ် ၇:၉၊ ၁၄၊ ၁၅) ယေဟောဝါ၏ဘိသိက်ခံသက်သေများမှ ကျန်ကြွင်းသောအုပ်စုငယ်နှင့် သူတို့၏အပေါင်းပါများဖြစ်သည့်လူအုပ်ကြီးတို့သည် လွန်ခဲ့သောနှစ်တွင် အဘယ်အသီး,သီးခဲ့ပြီနည်း။ နောက်ဆောင်းပါးက ပြောပြပါမည်။
၁၉ ကင်းစောင့်က ‘“သခင် [“အို၊ ယေဟောဝါ၊” ကဘ]၊ ကျွန်တော်သည် နေ့အချိန်၌ ကင်းမျှော်စင်ပေါ်မှာအစဉ်ရပ်၍၊ တစ်ညဉ့်လုံး၌လည်း ကင်းစောင့်လျက်နေပါ၏” . . . ဟုခြင်္သေ့ကဲ့သို့ကြွေးကြော်’ သည်ကိုပြန်အမှတ်ရပါ။ ([အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 14 ၁၉၃၉၊ ဇန်နဝါရီလမှစ၍ ယင်းကို ‘ “ငါသည်ယေဟောဝါဖြစ်ကြောင်းကို သိရကြလိမ့်မည်”—ယေဇကျေလ ၃၅:၁၅၊ ကဘ။’ သို့ပြောင်းခဲ့ကြသည်။
သင်မှတ်မိသလော
• နှစ်များတစ်လျှောက် အဘယ်သက်သေများကို ယေဟောဝါပေါ်ထွန်းစေခဲ့သနည်း။
• မဟာဗာဗုလုန်၏မူလအစကား အဘယ်နည်း။
• မိမိ၏သက်သေခံလူမျိုးတော်၏မြို့တော်၊ ယေရုရှလင်မြို့ကို ဘီ.စီ.အီး. ၆၀၇ နှင့် စီ.အီး. ၇၀ တွင် ယေဟောဝါအဘယ်ကြောင့်ပျက်စီးစေခဲ့ရသနည်း။
• ယေဟောဝါ၏ကင်းစောင့်အတန်းအစားနှင့် သူတို့၏အပေါင်းပါများသည် အဘယ်သဘောထားကိုတင်ပြခဲ့ကြသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
‘အိုယေဟောဝါ၊ ကျွန်တော်သည် ကင်းမျှော်စင်ပေါ်မှာ အစဉ်ရပ်နေပါ၏’
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ယေဟောဝါ၏ကင်းစောင့်အတန်းအစားသည် မိမိတို့၏တာဝန်ကိုအလေးအနက်ထားဆောင်ရွက်