‘နှစ်သက်ဖွယ်ရာများ’ ယေဟောဝါ၏အိမ်တော်ကိုဖြည့်နေ
‘နှစ်သက်ဖွယ်ရာများ’ ယေဟောဝါ၏အိမ်တော်ကိုဖြည့်နေ
“လူမျိုးအပေါင်းတို့ကိုလည်း ငါ [ယေဟောဝါ] လှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည်။”—ဟဂ္ဂဲ ၂:၇။
၁။ အရေးပေါ်အချိန်တွင် ကျွန်ုပ်တို့ချစ်မြတ်နိုးရသူများကို အဘယ်ကြောင့် ဦးဆုံးသတိရကြသနည်း။
သင့်အိမ်တွင် အဘယ်နှစ်သက်ဖွယ်ရာများ ပြည့်နေသနည်း။ သင့်မှာ ဇိမ်ခံပရိဘောဂ၊ ခေတ်အမီဆုံးကွန်ပျူတာ၊ မော်တော်ကားရုံတွင် ကားအသစ်တစ်စီးရှိပါသလော။ ဤအရာအားလုံး သင့်မှာရှိသည့်တိုင် သင့်အိမ်တွင် အဖိုးအတန်ဆုံးအရာများမှာ လူများ—သင့်မိသားစုဝင်များ—ဖြစ်သည်ကို သင်သဘောတူမည်မဟုတ်လော။ ညတစ်ညတွင် မီးခိုးနံ့ရ၍ သင်အိပ်ရာမှနိုးလာသည် ဆိုပါစို့။ သင့်အိမ်မီးလောင်နေပြီး ထွက်ပြေးရန် မိနစ်အနည်းငယ်သာရှိတော့သည်! သင်ဦးဆုံးစိုးရိမ်သည့်အရာမှာ အဘယ်နည်း။ သင့်ပရိဘောဂလော။ သင့်ကွန်ပျူတာအတွက်လော။ သင့်ကားအတွက်လော။ ၎င်းအစား သင်ချစ်မြတ်နိုးရသူများကို ပို၍သတိရမည် မဟုတ်ပေလော။ ပစ္စည်းဥစ္စာများထက် လူသည် ပို၍တန်ဖိုးရှိသောကြောင့် သူတို့အတွက် သင်အမှန်စိုးရိမ်လိမ့်မည်။
၂။ ယေဟောဝါ၏ဖန်ဆင်းခြင်းသည် အဘယ်အတိုင်းအတာအထိရှိသနည်း၊ ယင်းမှ အဘယ်အရာကို ယေရှုအနှစ်သက်ဆုံးဖြစ်သနည်း။
၂ ယခု ယေဟောဝါဘုရားသခင်နှင့် ကိုယ်တော်၏သားတော် ယေရှုခရစ်တို့ကို စဉ်းစားကြည့်ပါ။ ယေဟောဝါသည် “ကောင်းကင်၊ မြေကြီး၊ သမုဒ္ဒရာမှစ၍ ထိုအရပ်တို့၌ရှိသမျှတို့ကို ဖန်ဆင်းတော်မူသော ဘုရားသခင်ဖြစ်တော်မူ၏။” (တမန်တော် ၄:၂၄) ကိုယ်တော်၏သားတော်၊ “လုပ်သားချုပ်” သည်အခြားအရာခပ်သိမ်းကို ယေဟောဝါဖန်ဆင်းရာတွင် အသုံးခံခဲ့ရသော ကိုယ်စားလှယ်ဖြစ်ခဲ့သည်။ (သု. ၈:၃၀၊ ၃၁၊ ကဘ; ယောဟန် ၁:၃; ကောလောသဲ ၁:၁၅-၁၇) ယေဟောဝါနှင့် ယေရှုနှစ်ပါးစလုံးသည် ဖန်ဆင်းရာအားလုံးကို အမှန်တန်ဖိုးထားသည်။ (ကမ္ဘာဦး ၁:၃၁ နှိုင်းယှဉ်။) သို့သော် ဖန်ဆင်းခြင်းမှ အဘယ်အရာက ၎င်းတို့အတွက် အရေးအပါဆုံးဖြစ်မည်ဟု သင်ထင်သနည်း—အရာဝတ္တုများလော၊ လူများလော။ ဉာဏ်ပညာ၏ပြယုဂ်ဖြစ်သူ ယေရှုကဤသို့ဆိုသည်– “လူသားတို့နှင့်ပေါင်းဖော်၍ ပျော်ပါးလျက်နေ၏။” ယင်းကို ဝီလျံ အက်ဖ်. ဘက်ခ်၏ဘာသာပြန်ကျမ်းဆိုသည်ကား ယေရှုသည် “လူသားများနှင့်ပေါင်းဖော်ခြင်းကို အထူးနှစ်မြို့” ခဲ့သည်ဟူ၏။
၃။ ယေဟောဝါသည် ဟဂ္ဂဲမှတစ်ဆင့် အဘယ်ပရောဖက်ပြုချက်ကို မိန့်တော်မူခဲ့သနည်း။
၃ ယေဟောဝါသည် လူများကို အမှန်ပင် အလွန်တန်ဖိုးထားသည်။ ယင်းကို ဘီ.စီ.အီး. ၅၂၀ တွင်ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ကိုယ်တော်မိန့်တော်မူခဲ့သော ပရောဖက်ပြုချက်စကားများတွင် တွေ့ရှိရသည်။ ယေဟောဝါက ဤသို့ကြေညာတော်မူခဲ့သည်– “လူမျိုးအပေါင်းတို့ကိုလည်း ငါလှုပ်ဦးမည်။ လူမျိုးအပေါင်းတို့ နှစ်သက်ဖွယ်သောအရာသည်ရောက်၍ ဤအိမ်ကို ဘုန်းနှင့်ငါပြည့်စုံစေမည်။ . . . နောက်တည်သောဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်။”—ဟဂ္ဂဲ ၂:၇၊ ၉။
၄၊ ၅။ (က) ‘နှစ်သက်ဖွယ်ရာများ’ ဟူသည့်အဆိုသည် ခမ်းနားထည်ဝါမှုကို ရည်ညွှန်းသည်ဟုယူမှတ်ခြင်းသည် အဘယ်ကြောင့်မဖြစ်နိုင်သနည်း။ (ခ) ‘နှစ်သက်ဖွယ်ရာများ’ ကို သင်မည်သို့ရှင်းပြမည်နည်း၊ အဘယ်ကြောင့်နည်း။
၄ ယေဟောဝါ၏အိမ်တော်တွင် အဘယ် ‘နှစ်သက်ဖွယ်ရာများ’ ပြည့်နေလိမ့်မည်ဖြစ်ပြီး မရှိခဲ့ဖူးသောအတိုင်းအတာအထိ ဘုန်းထင်ရှားစေမည်နည်း။ ရက်ရောစွာဆင်ယင်ထားသော အသုံးအဆောင်များနှင့် အဆင်တန်ဆာများလော။ ရွှေ၊ ငွေနှင့် ကျောက်မျက်ရတနာများလော။ ဖြစ်နိုင်စရာအကြောင်းမရှိချေ။ လွန်ခဲ့သောငါးရာစုနှစ်ခန့်က ဆောက်လုပ်ခဲ့သည့် ယခင်ဗိမာန်တော်သည် ဒေါ်လာသန်းပေါင်းများစွာတန်သော အဆောက်အဦကြီးတစ်ခုဖြစ်သည်ကို သတိရပါလေ! * ဤပြည်တော်ပြန်ဂျူးလူနည်းစု တည်ဆောက်သည့်ဗိမာန်တော်သည် ရှောလမုန်၏ဗိမာန်ထက် သာ၍ခမ်းနားထည်ဝါမည်ဟု ယေဟောဝါမျှော်လင့်မည်မဟုတ်သည်မှာ သေချာပါသည်!
သု. ၂၇:၁၁; ၁ ကောရိန္သု ၁၀:၂၆) မှန်ပါသည်၊ ယေဟောဝါနှစ်သက်သည့်နည်းအတိုင်း ဝတ်ပြုကိုးကွယ်သည့် ယောက်ျား၊ မိန်းမနှင့် ကလေးများအားလုံးကို ကိုယ်တော်တန်ဖိုးထားတော်မူသည်။ (ယောဟန် ၄:၂၃၊ ၂၄) သူတို့သည် ‘နှစ်သက်ဖွယ်ရာများ’ ဖြစ်ကြပြီး ရှောလမုန်ဗိမာန်တော်တွင် တန်ဆာဆင်ထားသည့် အဆင်အယင်အားလုံးထက် ယေဟောဝါအတွက် ပို၍အဖိုးထိုက်ပေသည်။
၅ သို့ဆိုလျှင် ယေဟောဝါ၏အိမ်တော်တွင်ပြည့်နေမည့် ‘နှစ်သက်ဖွယ်ရာများ’ ကားအဘယ်နည်း။ ရှင်းနေသည်မှာ လူများဖြစ်ရပေမည်။ အမှန်မှာ၊ ယေဟောဝါ၏နှလုံးကိုရွှင်လန်းစေသည်မှာ ငွေရွှေမဟုတ်ဘဲ ကိုယ်တော့်အမှုကိုမေတ္တာဖြင့် ဆောင်ရွက်ကြသည့် လူများဖြစ်သည်။ (၆။ ဘုရားသခင့် ရှေးဗိမာန်တော်သည် အဘယ်ရည်ရွယ်ချက်ကို အထမြောက်စေသနည်း။
၆ အစဉ်ပြင်းထန်သည့် ဆန့်ကျင်မှုများရှိလင့်ကစား ဗိမာန်တော်ကို ဘီ.စီ.အီး. ၅၁၅ တွင်ပြီးစီးခဲ့သည်။ ယေရှု၏ယဇ်သကာပူဇော်သည့်အချိန်အထိ ယေရုရှလင်ဗိမာန်တော်သည် ဇာတိဂျူးများနှင့် ဘာသာဝင်တစ်ပါးအမျိုးသား ‘နှစ်သက်ဖွယ်ရာများ’ အတွက် စစ်မှန်သောဝတ်ပြုရေး၏ဗဟိုဖြစ်ခဲ့သည်။ သို့သော် ဗိမာန်တော်သည် သာ၍ကြီးမြတ်သောအရာကို ကိုယ်စားပြုကြောင်း ကျွန်ုပ်တို့တွေ့မြင်ရကြမည်ဖြစ်သည်။
ပထမရာစုပြည့်စုံချက်
၇။ (က) ယေရုရှလင်ရှိ ဘုရားသခင့်ရှေးဗိမာန်တော်သည် အဘယ်အရာ၏ရှေ့ပြေးအရိပ်ဖြစ်သနည်း။ (ခ) အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီး၏ လုပ်ဆောင်မှုများကို ဖော်ပြပါ။
၇ ယေရုရှလင်ဗိမာန်တော်သည် ဝတ်ပြုရေးအတွက် သာ၍ကြီးမြတ်သော အစီအစဉ်တစ်ခု၏ ရှေ့ပြေးအရိပ်ဖြစ်ခဲ့သည်။ ၎င်းမှာ စီ.အီး. ၂၉ တွင် ယဇ်ပုရောဟိတ်မင်းကြီးအဖြစ် ယေရှုကိုခန့်အပ်ကာ ယေဟောဝါတည်တောင်ခဲ့သည့် ဘုရားသခင့်ဝိညာဉ်ရေးဗိမာန်တော်ဖြစ်သည်။ (ဟေဗြဲ ၅:၄-၁၀; ၉:၁၁၊ ၁၂) ဣသရေလယဇ်ပုရောဟိတ်မင်းကြီး၏ တာဝန်များနှင့် ယေရှုပြုမူဆောင်ရွက်ချက်များ၏ တူညီချက်တစ်ခုကို သုံးသပ်ကြည့်ပါ။ နှစ်စဉ်အပြစ်ဖြေရာနေ့တွင် ယဇ်ပုရောဟိတ်မင်းကြီးသည် ဗိမာန်တော်ရင်ပြင်တွင်ရှိသော ယဇ်ပလ္လင်သို့ချဉ်းကာ ယဇ်ပုရောဟိတ်များ၏အပြစ်ကိုဖြေရန် နွားထီးတစ်ကောင်ကို ပူဇော်ရသည်။ ထို့နောက် နွားထီး၏အသွေးကိုယူကာ ဗိမာန်တော်ထဲဝင်ပြီး သန့်ရှင်းရာအရပ်နှင့် ရင်ပြင်ကိုခွဲခြားထားသည့်တံခါးများကိုဖြတ်ကျော်၍ သန့်ရှင်းရာအခန်းနှင့် အသန့်ရှင်းဆုံးအခန်းကို ခွဲခြားထားသည့် ကန့်လန့်ကာအတွင်းသို့ဝင်ရသည်။ အသန့်ရှင်းဆုံးအခန်းတွင် ယဇ်ပုရောဟိတ်မင်းကြီးသည် ပဋိညာဉ်သေတ္တာရှေ့၌ အသွေးကိုဖျန်းရသည်။ ထို့နောက် ယဇ်ပုရောဟိတ်မဟုတ်သော ဣသရေလ ၁၂ နွယ်၏အပြစ်ကိုဖြေရန် ဤနည်းအတိုင်းပင် ဆိတ်တစ်ကောင်ကို ပူဇော်ရသည်။ (ဝတ်ပြုရာ ၁၆:၅-၁၅) ဤစောင့်ထိန်းမှုသည် ဘုရားသခင့်ဝိညာဉ်ရေးဗိမာန်နှင့် မည်သို့သက်ဆိုင်သနည်း။
၈။ (က) စီ.အီး. ၂၉ မှစတင်၍ ယေရှုသည် အဘယ်သဘောမျိုးဖြင့် ပူဇော်ခံခဲ့ရသနည်း။ (ခ) မြေကြီးပေါ်တွင် ယေရှုဓမ္မအမှုဆောင်စဉ်တစ်လျှောက်လုံး ယေဟောဝါနှင့် အဘယ်အထူးဆက်ဆံရေး၌ ပျော်မွေ့ခဲ့သနည်း။
၈ တစ်နည်းအားဖြင့်ဆိုလျှင် ယေရှုသည် စီ.အီး. ၂၉ ခုနှစ်တွင် နှစ်ခြင်းခံပြီး ဘုရားသခင့်သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဘိသိက်ခံရသည့်အချိန်တွင် ဘုရားသခင့်အလိုတော်ယဇ်ပလ္လင်ပေါ်တွင် ပူဇော်ခံခဲ့ရသည်။ (လုကာ ၃:၂၁၊ ၂၂) ဤအဖြစ်အပျက်က သုံးနှစ်ခွဲကြာသော ယေရှု၏ ယဇ်သကာအသက်တာလမ်းစဉ်၏အစကို မှတ်သားသည်။ (ဟေဗြဲ ၁၀:၅-၁၀) ထိုအချိန်အတွင်း ယေရှုသည် ဘုရားသခင်နှင့် ဝိညာဉ်တော်ဖွားဆက်ဆံရေးတွင် မွေ့လျော်ခဲ့သည်။ ယေရှုနှင့် ကိုယ်တော့်ကောင်းကင်ခမည်းတော်စပ်ကြားရှိ ဤထူးခြားသောအနေအထားကို အခြားလူများ အပြည့်အဝသဘောမပေါက်နိုင်ကြပါ။ တဲတော်ရင်ပြင်တွင်ရှိသူများ၏အမြင်မှ သန့်ရှင်းရာအရပ်ကိုကာထားသည့် ကန့်လန့်ကာကဲ့သို့ပင် သူတို့၏ပိုင်းခြားသိမြင်မှုကို ကာထားသကဲ့သို့ဖြစ်ခဲ့သည်။—ထွက်မြောက်ရာ ၄၀:၂၈။
၉။ ယေရှုသည် လူသားတစ်ဦးအဖြစ် ကောင်းကင်ထဲသို့ အဘယ်ကြောင့်မဝင်နိုင်သနည်း၊ ဤအခြေအနေကို မည်သို့ဖြေရှင်းခဲ့သနည်း။
၉ ဘုရားသခင့် ဝိညာဉ်တော်ဘိသိက်ခံသားတစ်ဦးဖြစ်သော်လည်း လူသားယေရှုသည် ကောင်းကင်တွင်အသက်မရှင်နိုင်ပါ။ အဘယ်ကြောင့်နည်း။ အကြောင်းမှာ အသွေးအသားသည် ဘုရားသခင့်ကောင်းကင်နိုင်ငံတော်ကို အမွေမခံနိုင်ပါ။ (၁ ကောရိန္သု ၁၅:၄၄၊ ၅၀) ယေရှု၏လူ့အသားသည် အတားအဆီးဖြစ်နေရာ ဘုရားသခင့်ရှေးဗိမာန်တော်တွင် သန့်ရှင်းရာအခန်းနှင့် အ သန့်ရှင်းဆုံးအခန်းကို ခွဲခြားထားသည့် ကန့်လန့်ကာက ယင်းကို ကောင်းစွာပုံဆောင်ပါသည်။ (ဟေဗြဲ ၁၀:၂၀) သို့သော် ကိုယ်တော်သေဆုံးပြီး သုံးရက်မြောက်နေ့တွင် ယေရှုကို နာမ်ဝိညာဉ်သားတစ်ဦးအဖြစ် ဘုရားသခင် ထမြောက်စေတော်မူခဲ့သည်။ (၁ ပေတရု ၃:၁၈) သို့ဖြင့် ကိုယ်တော်သည် ဘုရားသခင့်ဝိညာဉ်ရေးဗိမာန်တော်၏ အသန့်ရှင်းဆုံးအခန်း—ကောင်းကင်ကိုယ်ထဲသို့ ဝင်နိုင်ခဲ့လေသည်။ ဤသို့ပင် အတိအကျဖြစ်ပျက်ခဲ့၏။ ပေါလုကဤသို့ရေးသားသည်– “မှန်သောသန့်ရှင်းရာဌာနတို့၏ပုံဖြစ်သော၊ လူတို့လက်ဖြင့်လုပ်သော သန့်ရှင်းရာဌာန [အသန့်ရှင်းဆုံးကို ရည်ညွှန်းကြောင်းထင်ရှား] ထဲသို့ ခရစ်တော်သည်မဝင်ဘဲ၊ ငါတို့အတွက်ကြောင့် ယခု ဘုရားသခင်၏ရှေ့တော်၌ ကိုယ်ကိုပြခြင်းငှာ ကောင်းကင်ကိုယ်ထဲသို့ ဝင်တော်မူပြီ။”—ဟေဗြဲ ၉:၂၄။
၁၀။ ယေရှုသည် ကောင်းကင်သို့ပြန်ရောက်သွားသောအခါ အဘယ်အရာကိုပြုလုပ်ခဲ့သနည်း။
၁၀ ကောင်းကင်တွင် ယေရှုသည် ယေဟောဝါထံ မိမိ၏အသက်သွေး၏ ရွေးနုတ်ဖိုးတန်ဖိုးကို ဆက်သခြင်းအားဖြင့် ပူဇော်သကာ၏ ‘အသွေးကိုဖျန်းခဲ့သည်။’ သို့တိုင် ထိုထက်မကယေရှုပြုတော်မူခဲ့သည်။ ကိုယ်တော်မသေမီအချိန်တိုလေးတွင် မိမိ၏နောက်လိုက်များကို ဤသို့ပြောခဲ့သည်– “သင်တို့နေစရာအရပ်ကိုပြင်ဆင်ခြင်းငှာ ငါသွားရ၏။ ငါသည်သွား၍ သင်တို့နေစရာအရပ်ကိုပြင်ဆင်ပြီးမှ တစ်ဖန်လာပြန်၍၊ ငါရှိရာအရပ်၌ သင်တို့ရှိစေခြင်းငှာ သင်တို့ကို ငါ့ထံသို့သိမ်းဆည်းမည်။” (ယောဟန် ၁၄:၂၊ ၃) ထို့ကြောင့် အသန့်ရှင်းဆုံးအခန်း သို့မဟုတ် ကောင်းကင်ထဲဝင်ခြင်းအားဖြင့် ယေရှုသည် အခြားသူများ နောက်မှလိုက်လာနိုင်ရန် လမ်းဖွင့်ပေးခဲ့သည်။ (ဟေဗြဲ ၆:၁၉၊ ၂၀) ၁၄၄,၀၀၀ အရေအတွက်ရှိမည့် ထိုသူတို့သည် ဘုရားသခင့်ဝိညာဉ်ရေးဗိမာန်တော် အစီအစဉ်တွင် လက်ထောက်ယဇ်ပုရောဟိတ်များအဖြစ် အမှုဆောင်ကြမည်ဖြစ်သည်။ (ဗျာဒိတ် ၇:၄; ၁၄:၁; ၂၀:၆) ဣသရေလယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ပုရောဟိတ်များ၏အပြစ်များကိုဖြေရန် အသန့်ရှင်းဆုံးအခန်းထဲသို့ နွားထီး၏အသွေးကို ဦးဆုံးယူဆောင်ရသကဲ့သို့ ယေရှုသွန်းခဲ့သောအသွေး၏တန်ဖိုးသည် ဦးဆုံး ဤလက်ထောက်ယဇ်ပုရောဟိတ် ၁၄၄,၀၀၀ အတွက်ဖြစ်သည်။ *
မျက်မှောက်ခေတ် ‘နှစ်သက်ဖွယ်ရာများ’
၁၁။ ဣသရေလယဇ်ပုရောဟိတ်မင်းကြီးသည် ဆိတ်ကို မည်သူတို့အတွက် ပူဇော်ခဲ့သနည်း၊ ယင်းသည် အဘယ်အရာ၏ ရှေ့ပြေးအရိပ်ဖြစ်သနည်း။
၁၁ ၁၉၃၅ ခုနှစ်တွင် ဘိသိက်ခံတို့အား ယေဘုယျစုသိမ်းခြင်းသည် ပြီးဆုံးသွားခဲ့ဟန်ရှိသည်။ * သို့ရာတွင် ယေဟောဝါသည် ကိုယ်တော်၏အိမ်တော်ကို ဘုန်းနှင့်ပြည့်စေခြင်း မပြီးသေးချေ။ ‘နှစ်သက်ဖွယ်ရာများ’ နှင့်ဆက်ဖြည့်ရဦးမည်ဖြစ်သည်။ ဣသရေလယဇ်ပုရောဟိတ်မင်းကြီးသည် တိရစ္ဆာန်နှစ်ကောင်—ယဇ်ပုရောဟိတ်များ၏အပြစ်အတွက် နွားထီးတစ်ကောင်နှင့် ယဇ်ပုရောဟိတ်မဟုတ်သော မျိုးနွယ်များ၏အပြစ်အတွက် ဆိတ်တစ်ကောင်—ကို ပူဇော်ခဲ့ရကြောင်း သတိရပါ။ ယဇ်ပုရောဟိတ်များသည် ကောင်းကင်နိုင်ငံတော်တွင် ယေရှုနှင့်အတူရှိမည့် ဘိသိက်ခံများကို ပုံဆောင်ကြသောကြောင့် ယဇ်ပုရောဟိတ်မဟုတ်သောမျိုးနွယ်များသည် မည်သူတို့ကိုကိုယ်စားပြုသနည်း။ အဖြေကို ယောဟန် ၁၀:၁၆ တွင်မှတ်တမ်းတင်ထားသည့် ယေရှု၏ဤစကားများတွင် တွေ့ရသည်– “ဤသိုးခြံသို့မဝင်သော အခြားသိုးတို့ကိုလည်း ငါပိုင်သေး၏။ ထိုသိုးတို့ကို ငါဆောင်ခဲ့ရမည်။ သူတို့သည်လည်း ငါ့စကားသံကိုနားထောင်သဖြင့်၊ သိုးခြံတစ်ခု သိုးထိန်းတစ်ပါးတည်းရှိရလိမ့်မည်။” ထို့ကြောင့် ယေရှုသွန်းခဲ့သောအသွေးသည် လူအုပ်စုနှစ်စု—ဦးဆုံး၊ ကောင်းကင်တွင် ယေရှုနှင့်အတူအုပ်ချုပ်ရန် မျှော်လင့်ချက်ရှိသည့် ခရစ်ယာန်များနှင့် ဒုတိယမှာ မြေကြီးပရဒိသုတွင် ထာဝစဉ်အသက်ရှင်ရန် စောင့်မျှော်နေကြသူများ—ကိုအကျိုးပြုသည်။ ဟဂ္ဂဲ၏ပရောဖက်ပြုချက်မှ ‘နှစ်သက်ဖွယ်ရာများ’ သည် ဤဒုတိယအုပ်စုကို ပုံတင်ပြကြောင်းထင်ရှားသည်။—မိက္ခာ ၄:၁၊ ၂; ၁ ယောဟန် ၂:၁၊ ၂။
၁၂။ ‘နှစ်သက်ဖွယ်ရာများ’ စွာသည် ယနေ့ ဘုရားသခင့်အိမ်တော်သို့ မည်သို့သွေးဆောင်ခံရကြသနည်း။
မဿဲ ၂၈:၁၉၊ ၂၀) ဤသို့ပြုလုပ်ကြစဉ် ယေဟောဝါ၏အိမ်တော်ကို ဘုန်းရှိစေမည့် ‘နှစ်သက်ဖွယ်ရာများ’ ဖြစ်လာရန်အလားအလာရှိသော လူကြီးလူငယ်များစွာကို သူတို့တွေ့ရှိကြ၏။ မည်သို့ဖြစ်ပျက်နေကြောင်း နမူနာအနည်းငယ်ကို သုံးသပ်ကြည့်ပါလေ။
၁၂ ဤ ‘နှစ်သက်ဖွယ်ရာများ’ သည် ယေဟောဝါ၏အိမ်တော်ကို ဖြည့်နေဆဲဖြစ်သည်။ မကြာသေးမီနှစ်များက အရှေ့ဥရောပ၊ အာဖရိကအချို့ဒေသများနှင့် အခြားနိုင်ငံများတွင် ပိတ်ပင်တားဆီးမှုများကို ရုပ်သိမ်းခဲ့ရာ ယခင်က မရောက်ရှိသေးသည့် ရပ်ကွက်များတွင် တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်သတင်းကောင်း ရှင်သန်စေရန် အခွင့်ရရှိစေသည်။ နှစ်သက်ဖွယ်ကောင်းသူများ ဘုရားသခင့်ဗိမာန်တော်အစီအစဉ်တွင် ပါဝင်လာကြသည့်အခါ သူတို့သည် ယေရှု၏အမိန့်တော်ကိုနာခံကာ နောက်ထပ်တပည့်များဖြစ်ပေါ်လာစေရန် တစ်ဖန်ကြိုးစားကြပြန်သည်။ (၁၃။ ဘိုလီးဗီးယားမှ ကလေးမလေးတစ်ဦးသည် ဘုရားသခင့်နိုင်ငံတော်သတင်းပျံ့နှံ့ရန်အတွက် သူ၏ဇွဲကို မည်သို့တင်ပြခဲ့သနည်း။
၁၃ ဘိုလီးဗီးယားတွင် သက်သေခံမိဘများ၏ ပြုစုပျိုးထောင်မှုခံရသည့် ငါးနှစ်အရွယ်ကလေးမလေးသည် တိုက်နယ်ကြီးကြပ်မှူး လည်ပတ်သည့်အပတ်အတွင်း ကျောင်းပျက်ခွင့်ပေးပါရန် ဆရာမကိုတောင်းဆိုခဲ့သည်။ အဘယ်ကြောင့်နည်း။ ဤအထူးအပတ်တစ်ပတ်လုံး ဓမ္မအမှုတွင် သူပါဝင်လို၍ဖြစ်သည်။ ယင်းကို သူ၏မိဘများ အံ့သြခဲ့ကြရသော်လည်း သမီး၏ထိုစိတ်ထားကြောင့် သူတို့ဝမ်းသာကြသည်။ ကလေးမလေးသည် ယခု ကျမ်းစာသင်အံမှု ငါးခုကျင်းပနေပြီး သင်သားအချို့သည် ခရစ်ယာန်စည်းဝေးများကို တက်ရောက်နေသည်။ သူ၏ကျောင်းဆရာမကိုပင် နိုင်ငံတော်ခန်းမသို့ ခေါ်လာခဲ့သည်။ အချိန်တန်လျှင် သူ၏ကျမ်းစာသင်သားအချို့သည် ယေဟောဝါ၏အိမ်တော်ကို ဘုန်းထင်ရှားစေမည့် ‘နှစ်သက်ဖွယ်ရာများ’ ဖြစ်
ကြောင်း သူတို့ကိုယ်ကိုသူတို့ တင်ပြကောင်းတင်ပြကြပေလိမ့်မည်။၁၄။ ကိုရီးယားတွင် စိတ်ဝင်စားမှုရှိပုံမပေါ်သူတစ်ဦးနှင့်ပတ်သက်၍ ညီအစ်မတစ်ဦး၏ဇွဲက အဘယ်အကျိုးရှိစေခဲ့သနည်း။
၁၄ ကိုရီးယားမှ ခရစ်ယာန်အမျိုးသမီးတစ်ဦးသည် ဘူတာရုံတစ်ခုတွင်စောင့်နေစဉ် နားကြပ်ဖြင့်သီချင်းနားထောင်နေသော ကျောင်းသားတစ်ဦးထံ ချဉ်းကပ်ခဲ့သည်။ “မင်းမှာဘာသာရှိသလား” ဟုမေးခဲ့သည်။ “ကျွန်တော် ဘယ်ဘာသာကိုမှ စိတ်မဝင်စားဘူး” ဟုကျောင်းသားကပြန်ဖြေလေသည်။ ညီအစ်မက အဟန့်အတားအဖြစ်မခံခဲ့ပါ။ “လူတစ်ယောက်ဟာ အချိန်ကြာလာတဲ့အခါ ဘာသာတစ်ခုကို ရွေးချယ်ချင်မယ့် အချိန်ရောက်လာနိုင်တယ်။ ဒါပေမဲ့ ဘာသာတရားအကြောင်းမသိရင် အမှားကိုရွေးချယ်မိနိုင်တယ်” ဟုဆက်ပြောလေသည်။ ကျောင်းသား၏မျက်နှာထားပြောင်းသွားပြီး ကျွန်ုပ်တို့ညီအစ်မ၏စကားကို စိတ်ဝင်တစား စနားထောင်ခဲ့လေသည်။ သင့်ကိုဂရုစိုက်တော်မူသော ဖန်ဆင်းရှင်တစ်ပါးရှိသလော စာအုပ်ကိုဝေငှပြီး ဤစာအုပ်က ဘာသာတရားတစ်ခုကို ရွေးချယ်ချိန်ရောက်လာသည့်အခါ သူ့ကိုများစွာအထောက်အကူပေးမည်ဟု ပြောပြခဲ့သည်။ သူသည် စာအုပ်ကို ချက်ချင်းလက်ခံခဲ့သည်။ နောက်အပတ်တွင် သူသည် ယေဟောဝါသက်သေများနှင့် ကျမ်းစာစတင်လေ့လာပြီး ယခု အသင်းတော်စည်းဝေးအားလုံးကို သူတက်ရောက်နေပါသည်။
၁၅။ ဂျပန်နိုင်ငံမှ မိန်းမငယ်လေးတစ်ဦးသည် ကျမ်းစာသင်အံမှုများကို မည်သို့စတင်ကျင်းပခဲ့သနည်း၊ သူ၏ကြိုးစားအားထုတ်မှုမှ အဘယ်အကျိုးရခဲ့သနည်း။
၁၅ ဂျပန်နိုင်ငံတွင် အသက် ၁၂ နှစ်အရွယ် မီဂူးမီသည် သူ၏ကျောင်းကို ဟောပြောခြင်းနှင့် သွန်သင်ခြင်းအတွက် လယ်ကွင်းကောင်းအဖြစ် ရှုမြင်ထားသည်။ ကျမ်းစာသင်အံမှုများစွာကိုပင် သူစတင်ကျင်းပနိုင်ခဲ့ပြီ။ ယင်းကို မီဂူးမီ မည်သို့ပြုလုပ်သနည်း။ နေ့လယ်မုန့်စားဆင်းချိန်တွင် ကျမ်းစာဖတ်ခြင်း သို့မဟုတ် အစည်းအဝေးများအတွက်ပြင်ဆင်ခြင်းကို သူပြုလုပ်သောကြောင့် သူ၏အတန်းဖော်များက ဘာလုပ်နေသနည်းဟု မကြာခဏမေးမြန်းကြသည်။ မီဂူးမီသည် ကျောင်းလှုပ်ရှားမှုအချို့တွင် အဘယ်ကြောင့် မပါဝင်ရသနည်းဟု အချို့ကမေးမြန်းကြသည်။ မီဂူးမီသည် သူတို့၏မေးခွန်းများကို ဖြေဆိုပေးပြီး ဘုရားသခင်တွင် နာမည်ရှိကြောင်း သူတို့ကိုပြောပြသည်။ ယင်းက နားထောင်သူများ၏စိတ်ဝင်စားမှုကို နှိုးဆွပေးလေ့ရှိသည်။ ထို့နောက် သူတို့ကို ကျမ်းစာသင်အံမှုကမ်းလှမ်းလေသည်။ ယခု မီဂူးမီသည် ကျမ်းစာသင်အံမှု ၂၀ ရှိသည်—၁၈ ခုမှာ သူ၏အတန်းဖော်များနှင့်ဖြစ်သည်။
၁၆။ ကဲန်မရွန်းနိုင်ငံမှ ညီအစ်ကိုတစ်ဦးသည် ကဲ့ရဲ့ပြောင်လှောင်သူလူစုထဲမှ အချို့သူနှင့် ကျမ်းစာသင်အံမှုကို မည်သို့စတင်နိုင်ခဲ့သနည်း။
၁၆ ကဲန်မရွန်းနိုင်ငံတွင် လုပ်ငန်းခွင်တစ်ခု၌အလုပ်လုပ်နေကြသော အမျိုးသားရှစ်ယောက်အုပ်စုသည် ဖြတ်သန်းသွားလာသူများအား ကျမ်းစာစာပေစာတမ်းများကို ကမ်းလှမ်းနေသည့် ညီအစ်ကိုတစ်ဦးကို လှမ်းခေါ်လိုက်ကြသည်။ သူတို့သည် ညီအစ်ကိုကို ကဲ့ရဲ့ပြောင်လှောင်လိုကြသောကြောင့် သုံးပါးပေါင်းတစ်ဆူ၊ ငရဲမီး သို့မဟုတ် မသေနိုင်သောစိုးလ်ကို အဘယ်ကြောင့်မယုံကြည်ကြောင်း မေးမြန်းကြသည်။ ကျွန်ုပ်တို့ညီအစ်ကိုသည် ကျမ်းစာကိုအသုံးပြုပြီး သူတို့၏မေးခွန်းများကို ဖြေပေးခဲ့သည်။ ရလဒ်မှာ သူတို့ထဲမှသုံးဦးသည် ကျမ်းစာသင်အံမှုကို လက်ခံခဲ့ကြသည်။ သူတို့ထဲမှတစ်ဦးဖြစ်သူ ဒယ်နီယယ်လ်သည် အစည်းအဝေးများကို စတင်တက်ရောက်ခဲ့ပြီး နတ်ဝိဇ္ဇာအတတ်နှင့်ဆိုင်သည့် သူ၏ပစ္စည်းအားလုံးကိုပင် ဖျက်ဆီးပစ်ခဲ့သည်။ (ဗျာဒိတ် ၂၁:၈) တစ်နှစ်အတွင်း သူနှစ်ခြင်းခံခဲ့သည်။
၁၇။ နိုင်ငံတော်သတင်းကို ပထမတွင် မကြားလိုသော လူတစ်ဦးကိုဟောပြောရန် အယ်လ်ဆာဗေးဒေါမှ ညီအစ်ကိုအချို့သည် လိမ္မာပါးနပ်မှုကို မည်သို့အသုံးပြုခဲ့သနည်း။
၁၇ အယ်လ်ဆာဗေးဒေါတွင် လူတစ်ဦးသည် ယေဟောဝါသက်သေများအား အနီးအနားတွင်တွေ့သည့်အခါတိုင်း သူ၏ခွေးဆိုးကို အိမ်ရှေ့တံခါးဝတွင် ချည်ထားလေ့ရှိခဲ့သည်။ သက်သေခံများ ကျော်သွားသည်အထိစောင့်နေပြီးနောက် ခွေးကို အိမ်ထဲပြန်သွင်းလိုက်သည်။ ညီအစ်ကိုများသည် ထိုလူကိုစကားပြောခွင့် တစ်ခါမျှမရခဲ့ပါ။ သို့နှင့် တစ်နေ့တွင် သူတို့သည် အခြားတစ်နည်းဖြင့်ချဉ်းကပ်ရန် ဆုံးဖြတ်ခဲ့ကြသည်။ သူတို့အသံကို ကြားမည်ဟုသိကာ ခွေးကိုဟောပြောရန် ဆုံးဖြတ်လိုက်ကြသည်။ ထိုအိမ်သို့ သူတို့ချဉ်းကပ်ပြီး ခွေးကိုနှုတ်ဆက်ကာ စကားပြောခွင့်ရသည့်အတွက် အလွန်ဝမ်းသာကြောင်း ပြောကြသည်။ ကမ္ဘာပေါ် ပရဒိသုရောက်လာတော့မည့်အချိန်အကြောင်း၊ မည်သူမျှ ဒေါသမထွက်တော့မည့်အကြောင်း
—တိရစ္ဆာန်များပင် ငြိမ်းချမ်းတော့မည့်အကြောင်း—ပြောပြကြသည်။ ထို့နောက် ယဉ်ကျေးစွာပင် ခွေးကိုနှုတ်ဆက်ပြီး ထွက်ခွာစပြုကြသည်။ အံ့အားသင့်စရာမှာ အိမ်ရှင်သည် အိမ်ထဲမှထွက်လာပြီး သက်သေခံများကို စကားပြောခွင့်မပေးခဲ့သည့်အတွက် တောင်းပန်လေသည်။ မဂ္ဂဇင်းများကို သူလက်ခံယူခဲ့ပြီး ကျမ်းစာသင်အံမှု စတင်နိုင်ခဲ့ကြသည်။ ယခု ဤသူသည် ကျွန်ုပ်တို့၏ညီအစ်ကို—‘နှစ်သက်ဖွယ်သောအရာများ’ တွင်—တစ်ဦးဖြစ်နေလေပြီ!“မစိုးရိမ်ကြနှင့်”
၁၈။ အဘယ်စိန်ခေါ်ချက်များကို ခရစ်ယာန်များကြုံတွေ့ရသနည်း၊ သို့သော် ယေဟောဝါသည် မိမိအားဝတ်ပြုကိုးကွယ်သူများကို မည်သို့ရှုမြင်တော်မူသနည်း။
၁၈ အလွန်အရေးကြီးသည့် ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်းတွင် သင်ပါဝင်နေသလော။ ပါဝင်နေပါက သင်သည် အမှန်ပင်အခွင့်ထူးသည်။ ဤလုပ်ငန်းအားဖြင့် ‘နှစ်သက်ဖွယ်ရာများ’ သည် ယေဟောဝါ၏အိမ်တော်ထဲသို့ သွေးဆောင်ခံနေကြရသည်။ (ယောဟန် ၆:၄၄) တစ်ခါတစ်ရံ သင်သည် အမှန်ပင်မောပန်းနွမ်းနယ် သို့မဟုတ် စိတ်ဓာတ်ကျပေမည်။ တစ်ခါတစ်ရံ အချို့—ယေဟောဝါ၏ သစ္စာရှိကျေးကျွန်များပင်—မိမိသည် တန်ဖိုးမရှိဟူသော ခံစားချက်များကို တွန်းလှန်ကြရ၏။ သို့သော် အားယူပါ! ယေဟောဝါသည် မိမိအားကိုးကွယ်သူတစ်ဦးစီကို နှစ်လိုဖွယ်ရာအဖြစ်ရှုမြင်ပြီး သင့်ကယ်တင်ခြင်းကို ကိုယ်တော်အထူးစိတ်ဝင်စားတော်မူသည်။—၂ ပေတရု ၃:၉။
၁၉။ ဟဂ္ဂဲမှတစ်ဆင့် ယေဟောဝါသည် မည်သို့အားပေးခဲ့သနည်း၊ ထိုစကားများသည် ကျွန်ုပ်တို့အားခွန်အားပေးရာအရင်းအမြစ် မည်သို့ဖြစ်နိုင်သနည်း။
၁၉ ဆန့်ကျင်မှုများ သို့မဟုတ် စိတ်မချမ်းမြေ့ဖွယ် အခြေအနေများကြောင့် စိတ်ဓာတ်ကျသည့်အခါ ပြည်တော်ပြန်ဂျူးများကို ယေဟောဝါမိန့်တော်မူခဲ့သည့်စကားသည် ခွန်အားရှိစေမည်။ ဟဂ္ဂဲ ၂:၄-၆ တွင် ကျွန်ုပ်တို့ဤသို့ဖတ်ရသည်– “‘သို့သော်လည်း အိုဇေရုဗဗေလ၊ အားယူလော့’ ဟုထာဝရဘုရားမိန့်တော်မူ၏။ ‘အိုယဇ်ပုရောဟိတ်မင်းယောဇဒက်သား ယောရှု၊ အားယူလော့။ အိုပြည်သူပြည်သားအပေါင်းတို့၊ အားယူကြလော့’ ဟုထာဝရဘုရားမိန့်တော်မူ၏။ ‘အဲဂုတ္တုပြည်မှထွက်သောအခါ သင်တို့နှင့်ငါဖွဲ့သော ပဋိညာဉ်စကားနှင့်အညီ ငါသည် သင်တို့နှင့်အတူရှိ၏။ ငါ၏ဝိညာဉ်တော်သည် သင်တို့တွင်နေရာကျ၏။ မစိုးရိမ်ကြနှင့်’ ဟုကောင်းကင်ဗိုလ်ခြေအရှင်ထာဝရဘုရား မိန့်တော်မူ၏။ ကောင်းကင်ဗိုလ်ခြေအရှင် ထာဝရဘုရားမိန့်တော်မူသည်ကား ‘ကာလမကြာမမြင့်မီ ကောင်းကင်၊ မြေကြီး၊ ပင်လယ်၊ ကုန်းတို့ကို တစ်ဖန်ငါလှုပ်ဦးမည်။’” ယေဟောဝါသည် အားယူကြရန် ကျွန်ုပ်တို့ကို တိုက်တွန်းရုံမျှသာမဟုတ်ဘဲ ခွန်အားရှိနည်းကိုပါ ဖော်ပြပေးသည်ကို ဂရုပြုပါ။ မည်သို့အားဖြင့်နည်း။ နှစ်သိမ့်မှုပေးသောဤစကားများကို မှတ်သားပါ– “ငါသည် သင်တို့နှင့်အတူရှိ၏။” မည်သည့်အတားအဆီးများကိုမဆို ကျွန်ုပ်တို့တွေ့ ကြုံကြရပါစေ ယေဟောဝါသည် ကျွန်ုပ်တို့နှင့်အတူရှိသည်ကို သိထားခြင်းက ယုံကြည်ခြင်းကိုခိုင်ခံ့စေသည်တကား!—ရောမ ၈:၃၁။
၂၀။ ယခု ယေဟောဝါ၏အိမ်တော်တွင် မရှိခဲ့ဖူးသောအတိုင်းအတာအထိ အဘယ်နည်းဖြင့် ဘုန်းပြည့်နေသနည်း။
၂၀ ယေဟောဝါသည် မိမိလူမျိုးနှင့်အတူရှိတော်မူကြောင်း အမှန်ပင်သက်သေပြခဲ့ပြီ။ ပရောဖက်ဟဂ္ဂဲမှတစ်ဆင့် ဤသို့တင်ပြခဲ့သည်အတိုင်းဖြစ်ပြီ– “နောက်တည်သောဤအိမ်တော်သည် အရင်အိမ်တော်ထက် ဘုန်းသာ၍ကြီးလိမ့်မည်။ . . . ဤအရပ်၌လည်း ငြိမ်သက်ခြင်းကိုငါပေးမည်။” (ဟဂ္ဂဲ ၂:၉) ယနေ့ ယေဟောဝါ၏ဝိညာဉ်ရေးဗိမာန်တော်တွင် အကြီးမြတ်ဆုံးဘုန်း ကို အမှန်ပင်တွေ့မြင်နေရကြသည်။ ကြည့်ပါလေ၊ စစ်မှန်သောဝတ်ပြုရေးသို့ နှစ်စဉ် ထောင်နှင့်ချီသောသိုးများ ဝင်ရောက်လျက်ရှိသည်။ ဤသူတို့သည် ဝိညာဉ်အစာကို ကောင်းစွာစားသုံးနေကြရပြီး ကသောင်းကနင်းဖြစ်နေသော ဤလောကတွင်ပင် ငြိမ်သက်ခြင်းကိုခံစားနေကြကာ ဘုရားသခင့်ကမ္ဘာသစ်တွင် ယင်းထက်သာလွန်ခံစားကြရမည်။—ဟေရှာယ ၉:၆၊ ၇; လုကာ ၁၂:၄၂။
၂၁။ ကျွန်ုပ်တို့ မည်သို့စိတ်ပိုင်းဖြတ်သင့်သနည်း။
၂၁ အာမဂေဒုန်တွင် လူမျိုးအပေါင်းတို့ကို ယေဟောဝါလှုပ်မည့်အချိန် မကြာမီကျရောက်တော့မည်။ (ဗျာဒိတ် ၁၆:၁၄၊ ၁၅) ထို့ကြောင့် ပို၍များသောသူများကိုကယ်တင်ဖို့ ကျန်ရှိသောအချိန်ကို အသုံးပြုကြပါစို့။ အားယူပြီး ယေဟောဝါကို အကြွင်းမဲ့ကိုးစားနိုင်ကြပါစေ။ ကိုယ်တော်၏ဝိညာဉ်ရေးဗိမာန်တော်တွင် ဆက်ဝတ်ပြုကိုးကွယ်ပြီး ယေဟောဝါက အလုပ်ပြီးပြီဟု ပြောသည့်အချိန်အထိ ‘နှစ်သက်ဖွယ်ရာများ’ နှင့်တိုး၍ပြည့်လာစေရန် စိတ်ပိုင်းဖြတ်ထားကြစို့လေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 4 ရှောလမုန်၏ဗိမာန်တော် ဆောက်လုပ်ရေးအတွက် အလှူငွေပမာဏသည် ကာလတန်ဖိုး ဒေါ်လာဘီလီယံ ၄၀ နီးပါးနှင့် ညီမျှပေမည်။ ဆောက်လုပ်ရေးလုပ်ငန်းတွင် အသုံးမပြုခဲ့သမျှကို ဗိမာန်တော်ဘဏ္ဍာစုထဲ သွင်းခဲ့သည်။—၃ ဓမ္မရာဇဝင် ၇:၅၁။
^ အပိုဒ်၊ 10 ဣသရေလယဇ်ပုရောဟိတ်မင်းကြီးနှင့်မတူဘဲ ယေရှုတွင်အပြစ်မရှိသောကြောင့် အပြစ်ဖြေရန်မလိုအပ်ပါ။ သို့ရာတွင် ကိုယ်တော်၏တွဲဖက်ယဇ်ပုရောဟိတ်များကို အပြစ်ရှိသောလူသားများထဲမှ ဝယ်ယူထားသည့်အတွက်ကြောင့် သူတို့တွင် အပြစ်ရှိကြသည်။—ဗျာဒိတ် ၅:၉၊ ၁၀။
^ အပိုဒ်၊ 11 ကင်းမျှော်စင်၊ ဖေဖော်ဝါရီ ၁၅၊ ၁၉၉၈၊ စာမျက်နှာ ၁၇-၂၂ ရှု။
သင်မှတ်မိသလော
● ယေဟောဝါသည် ရုပ်ပစ္စည်းများထက် အဘယ်အရာကို ပို၍တန်ဖိုးထားသနည်း။
● ယေရှုသွန်းခဲ့သောအသွေးသည် အဘယ်လူအုပ်စုနှစ်စုကို အကျိုးပြုသနည်း။
● ယေဟောဝါ၏အိမ်တော်ကို ဘုန်းနှင့်ပြည့်စေရမည့် ‘နှစ်သက်ဖွယ်ရာများ’ ကားမည်သူတို့နည်း။
● ဟဂ္ဂဲပရောဖက်ပြုချက်သည် ယနေ့ပြည့်စုံလျက်ရှိကြောင်း အဘယ်သာဓကရှိသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၆ ပါ ပုံကြမ်း]
(ကားချပ်အပြည့်အစုံကို စာစောင်တွင်ကြပါ)
ယေဟောဝါ၏ ရှေးဗိမာန်တော် ပုံဆောင်အဓိပ္ပာယ်ကို သင်သိသလော
အသန့် ရှင်းဆုံးအခန်း
ကန့်လန့်ကာ
သန့် ရှင်းရာအခန်း
မုခ်ဝ
ယဇ်ပလ္လင်
ရင်ပြင်
[စာမျက်နှာ ၁၇ ပါ ရုပ်ပုံ]
ယဇ်ပုရောဟိတ်မင်းကြီးသည် ယဇ်ပုရောဟိတ်များ၏အပြစ်အတွက် နွားထီးတစ်ကောင်၊ ယဇ်ပုရောဟိတ်မဟုတ်သော မျိုးနွယ်များ၏အပြစ်အတွက် ဆိတ်တစ်ကောင်ကိုပူဇော်ခဲ့
[စာမျက်နှာ ၁၈ ပါ ရုပ်ပုံ]
ကမ္ဘာချီ ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းလုပ်ငန်းသည် ယေဟောဝါ၏အိမ်တော်ထဲသို့ များစွာသောသူများကို သွေးဆောင်နေ