မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

အောင်မြင်ရန် သော့ချက်ကား အဘယ်နည်း

အောင်မြင်ရန် သော့ချက်ကား အဘယ်နည်း

အောင်မြင်​ရန် သော့ချက်​ကား အဘယ်နည်း

တီထွင်​စွန့်စား​တတ်သော လူငယ်​နှစ်ဦး​သည် အရေးပါသည့်​စမ်းသပ်မှု​တစ်ခု​အတွက် ထူးဆန်းသော​ပုံစံ​စက်​တစ်ခု​ကို စနစ်တကျ​တပ်ဆင်​နေကြ၏။ ရုတ်တရက် လေပြင်း​တိုက်ခတ်​ကာ ခိုင်ခိုင်​ခံ့​ခံ့​မရှိ​သေး​သော​ထို​ကိရိယာ​ကို လေ​ဟု​န်​ထဲ​ဝှေ့​ပင့်​သွားပြီး​နောက် မြေကြီးပေါ်​သို့ တစ်စစီ​ဝုန်း​ခ​နဲ​ပျက်​ကျ​လာ​သည်။ သူတို့သည် စိတ်ပျက်​ပျက်​ဖြင့် နှုတ်ဆိတ်​၍​ရပ်ကြည့်​နေကြ၏။ သူတို့​ကြိုးစားပမ်းစား စေ့စေ့စပ်စပ်​ဂရုစိုက်​လုပ်ကိုင်​ထား​သည့်​ကိရိယာ​သည် တွန့်​လိမ်​သွားသော သစ်သား​နှင့် သတ္တု​ပုံ​တွင် ကြေမွ​ပျက်စီး​ခဲ့​ရသည်။

၁၉၀၀ ပြည့်နှစ် အောက်တိုဘာ​လ ထို​ရက်​၌ ဖြစ်ပျက်​ခဲ့​သော​၎င်း​အခြင်းအရာ​မှာ အော်​ဗီလ်​နှင့် ဝီ​လ​ဗာ​ရိုက်​တို့အတွက် ဦးဆုံး​အကြိမ်​စိတ်ဓာတ်ကျ​စ​ရာ​မဟုတ်ပေ။ သူတို့သည် လေ​ထက်​လေး​သည့်​ပျံသန်း​စက်​ကို နှစ်​အတန်ကြာ ကြိုးစား​တည်ဆောက်​ခဲ့​ကြ​၍ ငွေ​လည်း​အတော်​ကုန်​ခဲ့ပြီ​ဖြစ်သည်။

သို့သော် အဆုံး​၌ သူတို့၏​မဆုတ်မနစ်​ဇွဲ​သည် အကျိုး​ဖြစ်ထွန်း​စေ​ခဲ့​၏။ ၁၉၀၃ ခုနှစ်၊ ဒီဇင်ဘာ​လ ၁၇ ရက်​၌ ယူ.အက်စ်.အေ.၊ ကယ်ရိုလိုင်းနား​ပြည်နယ်​မြောက်ပိုင်း ကစ်တီ​ဟော့ခ်​တွင် ရိုက်​ညီနောင်​သည် ရှေ့ပြေး​စက်ကိရိယာ​ပုံစံ​တစ်ခု​ကို ၁၂ စက္ကန့်​ကြာ​ပျံသန်း​စေနိုင်​ခဲ့​ကြသည်။ ယခု​အခါ လေယာဉ်များ ပျံသန်းမှု​နှင့်​နှိုင်းယှဉ်လျှင် အချိန်တို​ဖြစ်သော်လည်း ကမ္ဘာ​ကို​ထာဝစဉ်​ပြောင်းလဲ​သွားစေရန် အချိန်​အလုံအလောက်​ဖြစ်​ခဲ့​သည်​တကား!

ကြိုးစား​ဆောင်ရွက်မှု​များ​အောင်မြင်​ရန် စိတ်ရှည်ရှည်​နှင့်​ဇွဲရှိ​ရှိ​ပြုလုပ်ခြင်း​အပေါ် များစွာ​မူတည်​သည်။ ဘာသာ​စကား​အသစ်​တစ်ခု​ကို တတ်ကျွမ်း​ခြင်း၊ လုပ်ငန်း​အသစ်​တစ်ခု​သင်ယူခြင်း၊ ခင်မင်​ရင်းနှီးမှု တိုးပွား​စေခြင်း​အစ​ရှိသည့် တန်ဖိုး​ရှိ​အရာ​အများ​တွင် အောင်မြင်​ရန် အတန်ကြာ​ကြိုးပမ်းမှု​ရှိ​မှ​သာ​လျှင်​ဖြစ်​နိုင်​သည်။ “အောင်မြင်​ရန် ဆယ်​ကြိမ်​တွင်​ကိုး​ကြိမ်​မှာ တစ်ခု​တည်း​အပေါ် တိုက်ရိုက်​မူတည်​သည်—ကြိုးစား​လုပ်ဆောင်မှု​ပင်” ဟု​စာရေး​ဆရာ ချားလ်စ် တဲ​မ်​ပဲ​လ်​တန်​က​ဆို​သည်။ ပင်တိုင်​ဆောင်းပါး​ရှင် လဲ​န်​နာ​ဒ် ပ​စ္စ ဂျူနီယာ. က ဤသို့​သတိပြု​သည်– “ကျွန်ုပ်​တို့သည် အစွမ်းအစ​အကြောင်း ပြောဆို​ကြ​၏၊ ကံ​ကို​အသိအမှတ်ပြု​ကြ​၏၊ သို့သော်လည်း အရေးကြီးဆုံး​အရာများ​ကို​ကား လျစ်လျူရှု​ထား​လေ့​ရှိကြသည်။ ၎င်းတို့မှာ ကြိုးစား​အားထုတ်မှု​နှင့် အကြိမ်ကြိမ်​ရှုံးနိမ့်​မှု​ဖြစ်သည်။ အလုပ်​သို့​စောစော​လာ​ခြင်း​နှင့် နောက်ကျ​မှ​ပြန်​ခြင်း​တို့​ဖြစ်သည်။”

ယင်းသည် ရှေး​လွန်​လေ​ပြီး​သော​ကာလ​က သမ္မာကျမ်းစာ​၏​အဆိုကို ထောက်ခံ​သည်– “လုံ့လ​ဝီရိယ​ပြုသောသူ​သည် အစိုးရ​တတ်၏။” (သု. ၁၂:၂၄) လုံ့လ​ဝီရိယ​ဟူသည် ဇွဲရှိ​ရှိ​ကြိုးပမ်း​အားထုတ်ခြင်း​ကို​ဆိုလို​သည်။ ကျွန်ုပ်​တို့​ရည်ရွယ်​ထား​သည်​အတိုင်း ဖြစ်စေ​လိုလျှင် ထိုသို့​ပြု​ဖို့​လို​သည်။ ဇွဲရှိ​ခြင်း​ကား အဘယ်နည်း။ ကျွန်ုပ်​တို့၏​ပန်းတိုင်​များ​သို့​ရောက်​ရန် မည်သို့​ဇွဲရှိ​နိုင်​မည်​နည်း၊ အဘယ်အရာ​၌ ကျွန်ုပ်​တို့ ဇွဲရှိ​သင့်​သနည်း။ ဤ​မေးခွန်းများကို နောက်​ဆောင်းပါး​တွင် ဖြေဆိုပါ​မည်။

[Picture Credit Line on page 3]

U.S. National Archives photo