စိရယ်လ် လူးကားရစ္စ—သမ္မာကျမ်းစာကို တန်ဖိုးထားသူ
စိရယ်လ် လူးကားရစ္စ—သမ္မာကျမ်းစာကို တန်ဖိုးထားသူ
၁၆၃၈၊ နွေရာသီနေ့တစ်နေ့ဖြစ်သည်။ အော့တိုမန်အင်ပါယာ မြို့တော် ကောန်စတန်တီနိုပဲလ် (ယခုခေတ် အစ္စတန်ဘူလ်) မြို့အနီး မာရ်မရာပင်လယ်မှ တံငါသည်များသည် ရေထဲတွင် အလောင်းကောင်မျောပါလာသည်ကိုမြင်သောအခါ ထိတ်လန့်သွားခဲ့ကြသည်။ အနီးကပ်ကြည့်ရှုစစ်ဆေးလိုက်သောအခါ လည်မျိုညှစ်သတ်ထားခံရသော အလောင်းသည် ကောန်စတန်တီနိုပဲလ်ခရစ်ယာန်သာသနာတစ်ရပ်လုံး ကြည်ညိုလေးစားသော ဩသဒေါက်စ်ချာ့ခ်ျ ခေါင်းဆောင်ဖြစ်သည်ကို သူတို့သိရှိခဲ့ကြ၏။ ၎င်းမှာ ၁၇ ရာစုမှ အထင်ကရဘာသာရေးခေါင်းဆောင် စိရယ်လ် လူးကားရစ္စ၏ဝမ်းနည်းဖွယ်ဘဝလမ်းဆုံးဖြစ်သည်။
လူးကားရစ္စသည် သူ၏ရည်မှန်းချက်—အရပ်သုံးဂရိစကားဖြင့် ခရစ်ယာန်ဂရိဘာသာပြန်ကျမ်းစောင် ထုတ်ဝေခြင်း—အမှန်တကယ်ဖြစ်လာသည်ကိုမတွေ့လိုက်ရချေ။ လူးကားရစ္စစိတ်ကူးယဉ်ထားသည့်အရာနောက်တစ်ခုဖြစ်သည့် “ရိုးရှင်းသောဧဝံဂေလိတရား” ကို ဩသဒေါက်စ်ချာ့ခ်ျပြန်လည်လက်ခံခြင်းလည်း အထမမြောက်ခဲ့ပါ။ ဤသူကားမည်သူနည်း။ ထိုသို့ကြိုးစားအားထုတ်ရာတွင် အဘယ်အဟန့်အတားများကို သူကြုံတွေ့ခဲ့ရသနည်း။
ပညာမရှိခြင်းကြောင့် ထိတ်လန့်တုန်လှုပ်ခဲ့
စိရယ်လ် လူးကားရစ္စသည် ကရေတေ၊ ဗင်းနစ်ပိုင်ကဲန္ဒီအာ (ယခု အစ်ရေခ်လီအန်) မြို့တွင် ၁၅၇၂ ခုနှစ်၌ မွေးဖွားခဲ့သည်။ ပင်ကိုဉာဏ်စွမ်းထက်သူဖြစ်ရာ သူသည် အီတလီနိုင်ငံ၊ ဗင်းနစ်နှင့်ပက်ဒဝါတို့တွင် ပညာသင်ကြားခဲ့ပြီးနောက် ထိုနိုင်ငံနှင့်အခြားနိုင်ငံများတွင် အနှံ့အပြားခရီးလှည့်လည်ခဲ့သည်။ ချာ့ခ်ျအတွင်း ဂိုဏ်းဂဏပြိုင်ဆိုင်မှုများကို စိတ်နာကြည်းခဲ့ကာ ဥရောပမှ ပြုပြင်ပြောင်းလဲရေးလှုပ်ရှားမှုများကို သဘောကျသောကြောင့် ကယ်လ်ဗင်ဝါဒစိုးမိုးမှုအောက်ရှိ ဂျီနီဗာမြို့ကို သူရောက်ခဲ့ပေမည်။
လူးကားရစ္စသည် ပိုလန်ကိုရောက်ရှိနေစဉ် ထိုတွင်ရှိသြသဒေါက်စ်အဖွဲ့ဝင်များဖြစ်သည့် ဓမ္မဆရာများနှင့်လူဝတ်ကြောင်များပင် ပညာမရှိကြခြင်းကြောင့် ဝိညာဉ်ရေးအခြေအနေ အတော်ဆိုးရွားနေသည်ကို သူတွေ့မြင်ခဲ့သည်။ အလက်ဇန္ဒြီးယားနှင့်ကောန်စတန်တီနိုပဲလ်ကို ပြန်ရောက်သွားသောအခါ ချာ့ခ်ျအချို့မှ ကျမ်းစာဖတ်ရှုသည့် စင်မြင့်များကိုပင် ဖယ်ရှားပစ်ထားကြသည်ကို တွေ့မြင်လိုက်ရသည့်အတွက် အတော်စိုးရိမ်မိခဲ့သည်!
၁၆၀၂ ခုနှစ်တွင် လူးကားရစ္စသည် အလက်ဇန္ဒြီးယားသို့သွားခဲ့ကာ အမျိုးတော်သူ ဂိုဏ်းချုပ်ကြီးမီလီတီအော့စ်၏အခွင့်အရာကို ဆက်ခံခဲ့၏။ ထိုအခါ သူသည် ဥရောပရှိ ပြုပြင်ရေးစိတ်ဓာတ်ရှိ [ခရစ်ယာန်] ဓမ္မဆရာအသီးသီးနှင့် စာအဆက်အသွယ်စတင်ပြုလုပ်ခဲ့သည်။ ထိုစာတစ်စောင်၌ ဩသဒေါက်စ်ချာ့ခ်ျသည် မှားယွင်းသောဓလေ့ထုံးစံများစွာကို ဆက်ကျင့်သုံးနေကြောင်း သူရေးသားဖော်ပြခဲ့သည်။ အခြားစာများတွင်မူ၊ ချာ့ခ်ျသည် အယူသီးမှုအစား “ရိုးရှင်းသောဧဝံဂေလိတရား” ကိုအစားထိုးရန်လိုအပ်ကြောင်းနှင့် ကျမ်းစာကိုသာ အမှီပြုရန်လိုကြောင်း အလေးပေးရေးသားခဲ့သည်။
ချာ့ခ်ျဘုန်းတော်ကြီးများ၏ ဝိညာဉ်ရေးမဿဲ ၁၅:၆) သူ၏အမြင်အရ ရုပ်ပုံကိုးကွယ်ခြင်းသည် အလွန်မှားသည်ဟု သူထပ်ဆင့်ပြောသည်။ “စိန့်များ” ထံဆုတောင်းခြင်းသည် အာမခံယေရှုကို စော်ကားရာရောက်သည်ဟု သူပြောခဲ့၏။—၁ တိမောသေ ၂:၅။
အခွင့်အာဏာသည် ယေရှုနှင့်တမန်တော်များ၏စကားများနှင့် တစ်တန်းတစ်စားတည်းခံယူထားမှုကိုလည်း လူးကားရစ္စထိတ်လန့်ခဲ့သည်။ “လူ့ထုံးတမ်းစဉ်လာသည် ကျမ်းစာစောင်များတမျှ ထပ်တူအရေးပါသည်ဟုဆိုခြင်းကို ကျွန်တော်လက်မခံနိုင်တော့ချေ” ဟုသူရေးသားခဲ့၏။ (ဂိုဏ်းအုပ်အရိုက်အရာကိုဈေးကွက်တင်ခြင်း
အဆိုပါသဘောထားများနှင့်အတူ ရိုမန်ကက်သလစ်ချာ့ခ်ျကို မနှစ်သက်ခြင်းက ဂျက်စူအစ်များအပြင် ကက်သလစ်များနှင့်သင်းဖွဲ့လိုသူ ဩသဒေါက်စ်အသင်းသားများ၏ မုန်းတီးမှုနှင့်ညှဉ်းပန်းမှု လူးကားရစ္စအပေါ်သက်ရောက်ခဲ့သည်။ ထိုအတိုက်အခံကြား ၁၆၂၀ ပြည့်နှစ်တွင် ကောန်စတန်တီနိုပဲလ်ဂိုဏ်းအုပ်အရိုက်အရာကိုခံယူရန် လူးကားရစ္စကိုရွေးချယ်တင်မြှောက်ခဲ့၏။ ထိုအချိန်က ဩသဒေါက်စ်ချာ့ခ်ျဂိုဏ်းအုပ်အရာသည် အော့တိုမန်အင်ပါယာ၏ စိုးမိုးမှုအောက်တွင်ရှိခဲ့သည်။ အော့တိုမန်အစိုးရသည် ဂိုဏ်းအုပ်တစ်ဦးကို ဖြုတ်ချပြီး အခငွေဖြင့်လူသစ်တစ်ဦးကိုခန့်အပ်ရန် အသင့်ရှိသည်။
လူးကားရစ္စ၏အဓိကရန်သူများဖြစ်သော ဂျက်စူအစ်များနှင့် ဩဇာအရှိဆုံးဖြစ်ပြီး ကြောက်ရသော ပုပ်ရဟန်းမင်းကြီး၏ ကောန်ဂရီဂါတီအို ဒက် ပရိုပါဂါန္ဒား ဖီဒက် (ယုံကြည်ခြင်းတိုးပွားစေဖို့အတွက်အသင်းတော်) တို့သည် သူ့ကို သွားပုပ်လေလွင့်ပြောဆိုကာ လျှို့ဝှက်ကြံစည်ခဲ့ကြသည်။ “ဂျက်စူအစ်များသည် ယင်းရည်ရွယ်ချက်အကောင်အထည်ပေါ်ရေးအတွက် ရှိသမျှနည်းလမ်းများ—ပရိယာယ်ဆင်ခြင်း၊ သွားပုပ်လေလွင့်ပြောဆိုခြင်း၊ မြှောက်ပင့်ခယခြင်း၊ ထို့ထက်ကား [အော့တိုမန်] . . . ခေါင်းဆောင်များ၏မျက်နှာသာရရှိရန် အထိရောက်ဆုံးလက်နက်ဖြစ်သည့် လာဘ်ပေးလာဘ်ယူမှုတို့—ကိုအသုံးပြုခဲ့ကြသည်” ဟုကိုင်ရီလော့စ် လူးကားရစ္စ စာအုပ်က ဖော်ပြသည်။ ရလဒ်ကား၊ ၁၆၂၂ ခုနှစ်တွင် လူးကားရစ္စသည် ရိုဒ်စ်ကျွန်းသို့ ပြည်နှင်ဒဏ်ခံခဲ့ရပြီး အာမာဆယာမှ ဂရက်ဂိုရီသည် ငွေဒ င်္ဂါး ၂၀,၀၀၀ ဖြင့် သူ၏ရာထူးကိုဝယ်ယူခဲ့သည်။ သို့သော် ဂရက်ဂိုရီသည် ကတိအတိုင်းငွေကိုမပေးနိုင်သဖြင့် အက်ဒရီအာနိုပါလ်မှ အန်သီမာစ်သည် ထိုရာထူးကိုဝယ်ခဲ့၍ နောက်ပိုင်းတွင် နုတ်ထွက်လိုက်ရသည်။ အံ့ဩစရာမှာ လူးကားရစ္စကို ဂိုဏ်းအုပ်အရာ ပြန်အပ်ခဲ့ခြင်းပင်ဖြစ်သည်။
လူးကားရစ္စသည် အဆိုပါအခွင့်အရေးအသစ်ကို အသုံးပြု၍ ကျမ်းစာဘာသာပြန်ကျမ်းတစ်စောင်နှင့် ခရစ်ယာန်ဓမ္မပညာဆိုင်ရာဝေစာများကို ထုတ်ဝေခြင်းဖြင့် ဩသဒေါက်စ်ဓမ္မဆရာနှင့် လူဝတ်ကြောင်တို့ကို ပညာသင်ပေးရန် ဆုံးဖြတ်ခဲ့သည်။ ယင်းကို အထမြောက်စေရန် အင်္ဂလိပ်သံအမတ်၏ကာကွယ်မှုအောက်တွင် ပုံနှိပ်စက်တစ်လုံးကို ကောန်စတန်တီနိုပဲလ်သို့ ယူဆောင်လာဖို့ သူစီစဉ်ခဲ့၏။ သို့သော် ၁၆၂၇ ခုနှစ်တွင် ပုံနှိပ်စက်ရောက်လာသောအခါ လူးကားရစ္စ၏ရန်သူများသည် နိုင်ငံရေးရည်ရွယ်ချက်များအတွက် အသုံးပြုဖို့ဖြစ်သည်ဟု တရားစွဲခဲ့ပြီး နောက်ဆုံးတွင် ၎င်းကိုဖျက်ဆီးပစ်ခဲ့ကြသည်။ ယခု လူးကားရစ္စသည် ဂျီနီဗာရှိ ပုံနှိပ်စက်များကို အသုံးပြုခဲ့ရ၏။
ခရစ်ယာန်ကျမ်းစာစောင်များ၏ ဘာသာပြန်ကျမ်းတစ်အုပ်
လူးကားရစ္စသည် သမ္မာကျမ်းစာနှင့် ၎င်း၏ပညာပေးနိုင်စွမ်းကို အလွန်တန်ဖိုးထားလေးမြတ်သောကြောင့် သာမန်လူတန်းစားထံ ကျမ်းစကားများရောက်ရှိစေလိုစိတ် ပြင်းပြခဲ့သည်။ မူရင်းမှုတ်သွင်းခံဂရိကျမ်းစာမူများပါ ဘာသာစကားကို သာမန်အရပ်သားများ နားမလည်နိုင်တော့သည်ကို သူသိရှိခဲ့သည်။ ထို့ကြောင့် လူးကားရစ္စ ဦးဆုံးတာဝန်အပ်နှင်းခံရခဲ့သောစာအုပ်မှာ သူ့ခေတ်သုံးဂရိစကားသို့ ခရစ်ယာန်ဂရိကျမ်းစာစောင်များ၏ဘာသာပြန်ကျမ်းဖြစ်သည်။ စာပေကျမ်းဂန်နှံ့စပ်သော ခရစ်ယာန်ဘုန်းကြီးမက်စီမတ်စ် ကာလီပိုလီတီစ်သည် ၁၆၂၉၊ မတ်လတွင် စတင်ဘာသာပြန်ခဲ့၏။ ဖတ်ရှုသူများအတွက် ကျမ်းစာသားသည် မည်မျှပင်ခက်ခဲပါစေ၊ ကျမ်းစာစောင်များကို ဘာသာမပြန်သင့်ဟု ဩသဒေါက်စ်အများစုက ယူမှတ်ခဲ့ကြသည်။ သူတို့ကျေနပ်စေရန် လူးကားရစ္စသည် မှတ်ချက်အနည်းကိုသာ ဖြည့်စွက်ကာ ဘေးချင်းယှဉ်၍ မူရင်းစာသားနှင့် ခေတ်သစ်ပြန်ဆိုမှုကို ပုံနှိပ်စေခဲ့၏။ လက်ရေးစာမူများကိုအပ်ပြီးနောက်မကြာမီ ကာလီပိုလီတီစ် ကွယ်လွန်ခဲ့သည့်အတွက် လူးကားရစ္စကိုယ်တိုင် စိစစ်ဖတ်ရှုခဲ့သည်။ ထိုဘာသာပြန်ကျမ်းကို လူးကားရစ္စသေဆုံးပြီးမကြာမီ ၁၆၃၈ ခုနှစ်တွင်ပုံနှိပ်ထုတ်ဝေခဲ့သည်။
လူးကားရစ္စသည် ကြိုတင်သတိရှိရှိလုပ်ဆောင်ခဲ့သော်လည်း ၎င်းဘာသာပြန်ကျမ်းက ခရစ်ယာန်ဘုန်းကြီးများစွာ၏ ဒေါသမုန်တိုင်းကို နှိုးဆွပေးခဲ့သည်။ ဘုရားသခင့်နှုတ်မြွက်စကားတော်ကို လူးကားရစ္စမြတ်နိုးကြောင်း ထိုဘာသာပြန်ကျမ်း၏ စကားချီးတွင် ထင်ရှားပေါ်လွင်ခဲ့၏။ သူက အများသုံးဘာသာစကားဖြင့် ကျမ်းစာစောင်သည် “ကောင်းကင်မှရသော နှစ်သက်ဖွယ်သတင်းတရား” ဖြစ်သည်ဟု ရေးသားဖော်ပြခဲ့သည်။ “[သမ္မာကျမ်းစာပါ] အကြောင်းအရာအားလုံးကို သိရှိ၍ အကျွမ်းတဝင်ရှိဖို့” လူတို့ကိုအားပေးခဲ့ပြီး “မြင့်မြတ်သောခရစ်ဝင်ကျမ်းမှလွဲ၍ . . . ယုံကြည်ခြင်းနှင့်ပတ်သက်သောအချက်များကို မှန်ကန်စွာ” သိရှိရန် အခြားနည်းမရှိဟုလည်းပြောခဲ့၏။—ဖိလိပ္ပိ ၁:၉၊ ၁၀။
လူးကားရစ္စသည် ကျမ်းစာဖတ်ရှုလေ့လာခြင်းကို တားမြစ်သူများကိုသာမက မူရင်းဘာသာပြန်ကျမ်းကို ငြင်းပယ်သူများကိုပါ ဤသို့ပြစ်တင်ရှုတ်ချခဲ့သည်– “နားမလည်ဘဲနှင့် ကျွန်ုပ်တို့ပြောမည်၊ ဖတ်မည်ဆိုပါက လေထဲ စကားပြောဆိုခြင်းနှင့်တူသည်။” (၁ ကောရိန္သု ၁၄:၇-၉ နှိုင်းယှဉ်။) စကားချီးအဆုံးပိုင်းတွင် သူဤသို့ရေးခဲ့သည်– “သင့်ဘာသာစကားဖြင့် ဤမြင့်မြတ်သန့်ရှင်းသောခရစ်ဝင်ကျမ်းကို သင်တို့အားလုံး ဖတ်ရှုနေကြစဉ် ၎င်းမှ အကျိုးကျေးဇူးများ ကိုရယူကာ . . . ဘုရားသခင်သည် ကောင်းရာသို့ သင့်လမ်းစဉ်ကို အစဉ်ထွန်းလင်းပေးပါလေစေ။”—သု. ၄:၈။
ယုံကြည်ခြင်းဝန်ခံချက်တစ်ချက်
လူးကားရစ္စသည် ထိုဘာသာပြန်ကျမ်းကို အစပြုခဲ့ပြီးနောက် နောက်ထပ်ရဲရင့်သောခြေလှမ်းတစ်ခုကိုလှမ်းခဲ့သည်။ ၁၆၂၉ ခုနှစ်၌ ဂျီနီဗာမြို့တွင် ယုံကြည်ခြင်းဝန်ခံချက် စာအုပ်ကို သူထုတ်ဝေခဲ့သည်။ ၎င်းသည် ဩသဒေါက်စ်ချာ့ခ်ျ ခံယူလိမ့်မည်ဟု သူမျှော်လင့်ခဲ့သော ပုဂ္ဂိုလ်ရေးယုံကြည်ခြင်းဖော်ပြချက်ဖြစ်သည်။ ဩသဒေါက်စ်ချာ့ခ်ျ စာအုပ်အရ ထိုဝန်ခံချက်သည် “ခရစ်ယာန်ဘုန်းကြီးတို့၏သြသဒေါက်စ်အယူဝါဒကို အဓိပ္ပာယ်မဲ့စေ၍ ရုပ်ပုံများကို ကြည်ညိုလေးစားခြင်း၊ စိန့်များကိုဆုတောင်းခြင်းတို့ကို ရုပ်ပုံကိုးကွယ်နည်းများအဖြစ် ရှုတ်ချပြစ်တင်သည်။”
ဝန်ခံချက်တွင်စည်းမျဉ်း ၁၈ ပုဒ်ပါရှိ၏။ ယင်း၏ဒုတိယစည်းမျဉ်းတွင် ကျမ်းစာသည် ဘုရားသခင့်မှုတ်သွင်းခြင်းအားဖြင့်ဖြစ်၍ ချာ့ခ်ျ၏အခွင့်အာဏာထက်သာလွန်ကြောင်း ဖော်ပြထားသည်။ ထိုတွင်ဤသို့ဆိုသည်– “သန့်ရှင်းသောကျမ်းစာစောင်သည် ဘုရားသခင်ထံမှဖြစ်သည်ကို ကျွန်ုပ်တို့ယုံကြည်ကြသည်။ . . . သန့်ရှင်းသောကျမ်းစာစောင်၏အခွင့်အာဏာသည် ချာ့ခ်ျ၏အခွင့်အာဏာထက် သာလွန်သည်ကို ကျွန်ုပ်တို့ယုံကြည်ကြသည်။ သန့်ရှင်းသောဝိညာဉ်တော်၏ သွန်သင်မှုကိုခံရခြင်းသည် လူတစ်ဦး၏သွန်သင်မှုခံခြင်းနှင့် အလွန်ကွာခြားသည်” ဟုဆိုထားသည်။—၂ တိမောသေ ၃:၁၆။
အဋ္ဌမနှင့် ဒဿမစည်းမျဉ်းတို့တွင် ယေရှုခရစ်သည် တစ်ဦးတည်းသောဖျန်ဖြေစေ့စပ်ရေးမှူး၊ ယဇ်ပုရောဟိတ်မင်းကြီးနှင့် အသင်းတော်ဦးခေါင်းဖြစ်သည်ဟု ဖော်ပြထားသည်။ လူးကားရစ္စက ဤသို့ရေးခဲ့၏– “ကျွန်ုပ်တို့သခင်ယေရှုခရစ်သည် ခမည်းတော်၏လက်ယာဘက်တွင်ထိုင်ပြီး ဖြောင့်မတ်၍တရားမျှတသော ယဇ်ပုရောဟိတ်မင်းကြီးနှင့် အာမခံတစ်ပါးအဖြစ် တစ်ဦးတည်းတာဝန်ယူဆောင်ရွက်ကာ ကျွန်ုပ်တို့အတွက် ဖျန်ဖြေစေ့စပ်ပေးသည်။”—မဿဲ ၂၃:၁၀။
စည်းမျဉ်း ၁၂ ကချာ့ခ်ျသည် အမှားကို အမှန်ဟုတလွဲထင်လမ်းလွဲနိုင်ကာ သန့်ရှင်းသောဝိညာဉ်တော်၏အလင်းသည် သစ္စာရှိအမှုဆောင်များ၏ကြိုးပမ်းလုပ်ဆောင်ခြင်းအားဖြင့် ယင်းကိုကယ်တင်ပေလိမ့်မည်ဟုဖော်ပြသည်။ ငရဲကလေးသည် စိတ်ကူးယဉ်မျှသာဖြစ်သည်ဟု စည်းမျဉ်း ၁၈ တွင်လူးကားရစ္စက ဤသို့အခိုင်အမာပြောဆိုသည်– “ငရဲကလေးစိတ်ကူးယဉ်မှုကို လက်ခံရမည်မဟုတ်သည်မှာ သိသာထင်ရှားပါသည်။”
ဝန်ခံချက် နောက်ဆက်တွဲတွင် မေးခွန်းနှင့်အဖြေများစွာပါရှိ၏။ ထိုတွင် ယုံကြည်ခြင်းရှိသူတိုင်း ကျမ်းစာကိုဖတ်ရှုသင့်ပြီး ဘုရားသခင့်ဗျာဒိတ် ၂၂:၁၈၊ ၁၉။
နှုတ်မြွက်စကားတော်ကို ခရစ်ယာန်တစ်ဦးမဖတ်ရှုပါက အန္တရာယ်ဖြစ်စေနိုင်သည်ဟု လူးကားရစ္စ အလေးပေးဖော်ပြထားသည်။ ထို့နောက် ကျမ်းပိုများကို ရှောင်ရှားသင့်သည်ဟုလည်း သူဖြည့်စွက်ဖော်ပြသည်။—စတုတ္ထမေးခွန်းက ဤသို့မေးထားသည်– “ရုပ်ပုံ[ပုံသဏ္ဌာန်] များကို မည်သို့ယူမှတ်သင့်သနည်း။” လူးကားရစ္စက ဤသို့ဖြေသည်– “ကျွန်ုပ်တို့သည် ဖန်ဆင်းရာကိုမဟုတ် ကောင်းကင်မြေကြီးကိုပြုလုပ်ဖန်ဆင်းရှင် ကိုယ်တော်တစ်ပါးတည်းကိုသာကြည်ညိုမြတ်နိုး၊ ကိုးကွယ်ရမည်ဖြစ်ရာ ရှင်းလင်းစွာဖြင့် ‘အထက်မိုးကောင်းကင်၌လည်းကောင်း၊ အောက်အရပ်မြေကြီးပေါ်၌လည်းကောင်း ရှိသောအရာနှင့် ပုံသဏ္ဌာန်တူအောင်[ရုပ်ပုံ]ကို၊ကိုယ်အဖို့မလုပ်နှင့်; [ထွက်မြောက်ရာ ၂၀:၄၊ ၅]’ ဟုမိန့်ဆိုသည့် မြင့်မြတ်သန့်ရှင်းသောကျမ်းစာက ကျွန်ုပ်တို့ကိုသွန်သင်၏။ . . . မြင့်မြတ်သောကျမ်းစာတွင်တားမြစ်ထားသည့်အတိုင်း . . . ဝတ်ပြုကိုးကွယ်ခြင်းကို . . . ကျွန်ုပ်တို့ငြင်းပယ်ကြ၏၊ ကျွန်ုပ်တို့မေ့လျော့ပြီး ဖန်ဆင်းပြုလုပ်ရှင်အစား အရောင်အဆင်း၊ အနုပညာနှင့် ဖန်ဆင်းရာတို့ကို ကိုးကွယ်မိမည်ကိုစိုးရိမ်သည်။”—တမန်တော် ၁၇:၂၉။
လူးကားရစ္စသည် သူအသက်ရှင်ခဲ့သော ဝိညာဉ်ရေးမှောင်မိုက်အချိန်အခါတွင် ကိစ္စရပ်၏အမှားအားလုံးကို အပြည့်အဝပိုင်းခြားသိမြင်နိုင်စွမ်းမရှိသော်လည်း * ချာ့ခ်ျအယူဝါဒအပေါ် သမ္မာကျမ်းစာကိုအာဏာပိုင်ဖြစ်စေရန်နှင့် ၎င်း၏သွန်သင်ချက်များကို လူတို့အားသွန်သင်ပေးရန် ကြိုးစားအားထုတ်ခဲ့ခြင်းမှာ ချီးကျူးထိုက်ပေသည်။
အဆိုပါ ဝန်ခံချက်ထွက်လာသည်နှင့်တစ်ပြိုင်နက် လူးကားရစ္စကို ဆန့်ကျင်တိုက်ခိုက်မှုလှိုင်းဂယက်ပြန်ဖြစ်ပေါ်လာခဲ့သည်။ ၁၆၃၃ ခုနှစ်တွင် လူးကားရစ္စ၏ပုဂ္ဂိုလ်ရေးရန်သူတစ်ဦးဖြစ်ပြီး ဂျက်စူအစ်များကထောက်ခံသော ဗေရိမြို့ (ယခု အလက်ပိုမြို့) မှစိရယ်လ် ကောန္တားရီသည် ဂိုဏ်းအုပ်အရာကိုရရန် အော့တိုမန်များနှင့် ကြိုးစားဈေးဆစ်ခဲ့၏။ သို့ရာတွင် ကောန္တားရီသည် ငွေမပေးနိုင်သောအခါ ထိုကြံစည်မှု ပျက်သွားခဲ့သည်။ လူးကားရစ္စသည် ထိုရာထူးတွင် ဆက်တည်မြဲခဲ့သည်။ နောက်တစ်နှစ်တွင် သက်သာလောနိတ်မြို့မှ အာသန်နေစီယပ်စ်သည် ထိုရာထူးအတွက် ငွေဒ င်္ဂါး ၆၀,၀၀၀ ပေးခဲ့သည်။ လူးကားရစ္စမှာ တစ်ဖန်ရာထူးဖြုတ်ချခံခဲ့ရ၏။ သို့သော် တစ်လအတွင်း သူ့ကို ပြန်ခေါ်၍ခန့်အပ်ခဲ့သည်။ ထိုအချိန်၌ စိရယ်လ် ကောန္တားရီသည် ငွေဒ င်္ဂါး ၅၀,၀၀၀ စုဆောင်းနိုင်ခဲ့သည်။ ဤအကြိမ်တွင် လူးကားရစ္စကို ရိုဒ်စ်သို့ ပြည်နှင်ဒဏ်ပေးခဲ့၏။ ခြောက်လအကြာတွင် သူ၏မိတ်ဆွေများသည် သူ့ရာထူးကိုပြန်လည်ရရှိစေနိုင်ခဲ့သည်။
သို့သော် ၁၆၃၈ ခုနှစ်တွင် ဂျက်စူအစ်များနှင့် သူတို့၏သြသဒေါက်စ်သစ္စာဖောက်များက လူးကားရစ္စအား အော့တိုမန်အင်ပါယာကို သစ္စာဖောက်မှုဖြင့် တရားစွဲခဲ့သည်။ ဤအချိန်၌ အုပ်စိုးရှင်က သူ့ကိုသေမိန့်ချခဲ့သည်။ လူးကားရစ္စကို ဖမ်းဆီးကာ ၁၆၃၈၊ ဇူလိုင် ၂၇ ရက်နေ့တွင် ပြည်နှင်ဒဏ်သဖွယ် သူ့ကို လှေငယ်တစ်စီးပေါ်တင်ခဲ့သည်။ ပင်လယ်ထဲသို့ လှေရောက်သည်နှင့်တစ်ပြိုင်နက် သူ့ကို လည်မျိုညှစ်သတ်ပစ်ခဲ့၏။ သူ့အလောင်းကို ကမ်းစပ်နားတွင်မြှုပ်ပြီးနောက် ပြန်တူးဖော်၍ ပင်လယ်ထဲသို့လွှင့်ပစ်ခဲ့ကြသည်။ အလောင်းကို တံငါသည်များက တွေ့ရှိခဲ့ကြပြီးနောက် သူ၏မိတ်ဆွေများက မြေမြှုပ်ခဲ့ကြသည်။
ကျွန်ုပ်တို့အတွက်သင်ခန်းစာများ
“[လူးကားရစ္စ၏] မူလရည်ရွယ်ချက်များမှတစ်ခုမှာ ဆယ့်ခြောက်ရာစုနှင့် ဆယ့်ခုနစ်ရာစုအစောပိုင်းမှ သူ၏ခရစ်ယာန်ဓမ္မဆရာနှင့်အသင်းသားများ၏ အလွန်နိမ့်ကျခဲ့သောပညာရေးအဆင့်အတန်းကို မြင့်မားတိုးတက်လာစေဖို့ဖြစ်သည်ကို သတိပြုသင့်သည်” ဟုကျမ်းပညာရှင်တစ်ဦးကဆိုသည်။ ဆန့်ကျင်မှုများစွာကြောင့် လူးကားရစ္စသည် ပန်းတိုင်မရောက်ခဲ့ပါ။ သူသည် ဂိုဏ်းအုပ်အရိုက်အရာမှ ငါးကြိမ်တိုင် ဖယ်ရှားခံခဲ့ရ၏။ သူသေပြီး သုံးဆယ့်လေးနှစ်တွင် ယေရုရှလင်မှ ဘာသာရေးအကြီးအကဲအဖွဲ့သည် ဆန့်ကျင်ကွဲလွဲသောအယူများအဖြစ် သူ၏ယုံကြည်ချက်များကိုပယ်ဖျက်ခဲ့သည်။ သမ္မာကျမ်းစာကို “မည်သူမဆိုမဟုတ်ဘဲ လျောက်ပတ်စွာရှာဖွေမှုပြုပြီးနောက် ဝိညာဉ်ရေးနက်နဲရာများကို စေ့စေ့စပ်စပ်ကြည့်ရှုသူများသာလျှင် ဖတ်ရှုသင့်သည်” ဟုသူတို့အခိုင်အမာပြောခဲ့ကြသည်၊ ဆိုလိုသည်မှာ ပညာတတ်များဖြစ်ပုံရှိသော ခရစ်ယာန်ဓမ္မဆရာများသာဖြစ်သည်။
အာဏာရဘာသာရေးအတန်းအစားက သူတို့၏သိုးစုသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ရရှိရန် ကြိုးစားအားထုတ်မှုများကို တစ်ဖန်ပြန်၍ပိတ်ပင်ခဲ့သည်။ သူတို့သည် ကျမ်းစာနှင့်ဆန့်ကျင်သည့် ယုံကြည်ချက်အမှားအချို့ကို ထောက်ပြပြောဆိုမှုကို ပြင်းထန်စွာနှိပ်ကွပ်ခဲ့ကြသည်။ သူတို့သည် ဘာသာရေးလွတ်လပ်မှုနှင့်အမှန်တရား၏ အဆိုးရွားဆုံးရန်သူများဖြစ်ကြောင်း သက်သေထူနေကြသည်။ ဝမ်းနည်းစရာမှာ ဤသဘောထားသည် နည်းအမျိုးမျိုးဖြင့် ကျွန်ုပ်တို့ခေတ်အထိပင်ရှိနေခြင်းဖြစ်သည်။ ခရစ်ယာန်ဓမ္မဆရာများ၏မြှောက်ထိုးပင့်ကော်မှုကြောင့် လွတ်လပ်စွာထင်မြင်ယူဆ၊ ဖော်ပြပြောဆိုခြင်းကို ဆန့်ကျင်သောအခါ မည်သို့ဖြစ်ပျက်လေ့ရှိကြောင်း၏ သတိပေးချက်တစ်ခုဖြစ်ပါသည်။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 24 သူ၏ ဝန်ခံချက် တွင်သုံးပါးပေါင်းတစ်ဆူ၊ တင်ကူးပြဋ္ဌာန်းခြင်းအယူဝါဒနှင့် မသေနိုင်သောဝိညာဉ်စိုးလ် အစရှိသည့်သမ္မာကျမ်းစာတွင်မပါသော သွန်သင်ချက်များကို သူထောက်ခံထားသည်။
[စာမျက်နှာ ၂၉ ပါ အကျဉ်းဖော်ပြချက်]
လူးကားရစ္စသည် ချာ့ခ်ျအယူဝါဒအပေါ် သမ္မာကျမ်းစာသည် အာဏာပိုင်ဖြစ်ရန်နှင့် ၎င်း၏သွန်သင်ချက်များကို လူတို့အားသွန်သင်ပေးရန် ကြိုးစားအားထုတ်ခဲ့ခြင်းသည် ချီးကျူးထိုက်ပေသည်
[စာမျက်နှာ ၂၈ ပါ ပုံ/လေးထောင့်ကွက်]
လူးကားရစ္စနှင့် ကိုဒခ်စ် အလက်ဇန္ဒြီးနပ်စ်
ဗြိတိသျှစာကြည့်တိုက်မှ အဖိုးတန်ရတနာတစ်ခုမှာ စီ.အီး. ငါးရာစုမှ ကျမ်းစာစာမူဖြစ်သည့် ကိုဒခ်စ် အလက်ဇန္ဒြီးနပ်စ်ဖြစ်သည်။ မူရင်းစာမူတွင်ရှိနိုင်သည့်စာမျက်နှာ ၈၂၀ အနက် ၇၇၃ မျက်နှာကိုထိန်းသိမ်းထား၏။
လူးကားရစ္စသည် အီဂျစ်နိုင်ငံ၊ အလက်ဇန္ဒြီးယား၏ဂိုဏ်းအုပ်ဖြစ်စဉ်က သူသည် စာအုပ်မြောက်မြားစွာကို ပိုင်ဆိုင်ခဲ့သည်။ ကောန်စတန်တီနိုပဲလ်တွင် ဂိုဏ်းအုပ်ဖြစ်လာသောအခါ သူနှင့်တစ်ပါတည်း ကိုဒခ်စ် အလက်ဇန္ဒြီးနပ်စ်ကို ယူဆောင်သွားခဲ့၏။ ၁၆၂၄ ခုနှစ်တွင် သူသည် ၎င်းကို အင်္ဂလိပ်ဘုရင်ဂျိမ်းစ် ၁ အတွက်လက်ဆောင်အဖြစ် ဗြိတိသျှသံအမတ်အား တူရကီတွင်ပေးအပ်ခဲ့သည်။ နောက်သုံးနှစ်အကြာတွင် ထိုသူ၏အရိုက်အရာကိုဆက်ခံသူ ချားလ်စ် ၁ အားပေးအပ်ခဲ့သည်။
၁၇၅၇ ခုနှစ်တွင် ဘုရင်၏တော်ဝင်စာကြည့်တိုက်ကို ဗြိတိသျှနိုင်ငံသို့ပေးအပ်ခဲ့ရာ ယခုအခါ ကောင်းမွန်လှသော အဆိုပါကိုဒခ်စ်ကို ဗြိတိသျှစာကြည့်တိုက်အသစ်ရှိ ဂျွန် ရီတ်ဘလက်ပြခန်းတွင် ပြသထားလျက်ရှိသည်။
[Credit Lines]
Gewerbehalle, Vol. 10
From The Codex Alexandrinus in Reduced Photographic Facsimile, 1909
[Picture Credit Line on page 26]
Bib. Publ. Univ. de Genève