သင်သည် ယေရှုကဲ့သို့လုပ်ဆောင်ရန် စေ့ဆော်ခံရသလော
သင်သည် ယေရှုကဲ့သို့လုပ်ဆောင်ရန် စေ့ဆော်ခံရသလော
“ယေရှုသည် . . . လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည်ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမ [ခြင်း] ကိုပေးတော်မူ၏။”—မာကု ၆:၃၄။
၁။ အချို့သူတို့သည် ချီးမွမ်းဖွယ်အရည်အချင်းများဖော်ပြကြရခြင်းကို အဘယ်ကြောင့် နားလည်နိုင်ဖွယ်ဖြစ်သနည်း။
သမိုင်းတစ်လျှောက်တွင် လူများစွာသည် ချီးမွမ်းဖွယ်အရည်အချင်းများကို ဖော်ပြခဲ့ကြပြီ။ အဘယ်ကြောင့်ထိုသို့ဖြစ်ရကြောင်း သင်နားလည်နိုင်ပါသည်။ ယေဟောဝါဘုရားသခင်သည် မေတ္တာ၊ သနားကြင်နာမှု၊ ရက်ရောမှုနှင့် ကျွန်ုပ်တို့လေးမြတ်ကြသည့် အခြားအရည်အချင်းများစွာကို ပိုင်ဆိုင်၍ပြသတော်မူ၏။ လူတို့သည် ဘုရားသခင့်ပုံသဏ္ဌာန်တော်ဖြင့် ဖန်ဆင်းခံရသည်။ ထို့ကြောင့် ကိုယ်ကိုကိုယ်သိသောစိတ်ရောင်ပြန်ဟပ်သည့်အနေနှင့် လူအများစုသည် မေတ္တာ၊ သနားကြင်နာမှု၊ ထောက်ထားစာနာမှုနှင့် ဘုရားသခင်၏အခြားအရည်အချင်းများကို အဘယ်ကြောင့်အတော်အတန်ပြသကြကြောင်း ကျွန်ုပ်တို့ နားလည်နိုင်ကြပါသည်။ (ကမ္ဘာဦး ၁:၂၆; ရောမ ၂:၁၄၊ ၁၅) သို့သော် အချို့သည် အခြားသူတို့ထက် ဤအရည်အချင်းများကို သာ၍အလွယ်တကူပြသကြကြောင်းကို သင်သတိပြုမိပေမည်။
၂။ မိမိတို့သည် ခရစ်တော်ကိုတုပနေခြင်းဖြစ်သည်ဟုယူမှတ်စေမည့် လူတို့ပြုလေ့ရှိသည့် ကောင်းမှုအချို့ကား အဘယ်နည်း။
၂ ဖျားနာသောသူတစ်ဦးထံ သွားရောက်လည်ပတ်သူ သို့မဟုတ် ကူညီပေးသူ၊ ကိုယ်အင်္ဂါချို့ယွင်းနေသူကို ထောက်ထားစာနာမှုပြသသူ သို့မဟုတ် ဆင်းရဲသားများကို ရက်ရက်ရောရောပေးကမ်းသူ အမျိုးသား၊ အမျိုးသမီးများကို သင်သိရှိပေမည်။ ထို့အပြင် အနာကြီးရောဂါသည်စခန်းများ သို့မဟုတ် မိဘမဲ့ဂေဟာများတွင် ဘဝကိုမြှုပ်နှံ၍အသုံးခံဖို့အတွက် ထောက်ထားစာနာမှု၏စေ့ဆော်မှုကိုခံရသူ၊ ဆေးရုံများ သို့မဟုတ် ကျန်းမာရေးဌာနများတွင် စေတနာ့ဝန်ထမ်းနေကြသူများ၊ အိုးအိမ်မဲ့သူ သို့မဟုတ် ခိုကိုးရာမဲ့ဖြစ်နေသူများကို ကူညီထောက်ပံ့ပေးရန် ကြိုးပမ်းအားထုတ်နေကြသူများကိုလည်း စဉ်းစားကြည့်ပါ။ သူတို့ထဲမှအချို့က ခရစ်ယာန်များအမာကု ၁:၃၄; ၈:၁-၉; လုကာ ၄:၄၀) ယေရှုတင်ပြခဲ့သော မေတ္တာ၊ သနားကြင်နာမှုနှင့် ထောက်ထားစာနာမှုတို့မှာ “ခရစ်တော်၏စိတ်” ထင်ရှားဖော်ပြခြင်းဖြစ်သည်။ ကိုယ်တော်ကလည်း မိမိ၏ကောင်းကင်ခမည်းတော်ကို တုပခဲ့ခြင်းဖြစ်သည်။—၁ ကောရိန္သု ၂:၁၆။
တွက်ပုံစံချမှတ်ပေးခဲ့သော ယေရှုကို သူတို့တုပနေခြင်းဖြစ်သည်ဟု ယူမှတ်ကြဖွယ်ရှိပေမည်။ ခရစ်တော်သည် ဖျားနာသူများကိုကုသပေး၍ ဆာငတ်သူများကို ကျွေးမွေးခဲ့ကြောင်း ခရစ်ဝင်ကျမ်းများတွင်ကျွန်ုပ်တို့ဖတ်ကြရသည်။ (၃။ ယေရှုပြုခဲ့သောကောင်းမှုများအပေါ် မျှတသောအမြင်ရှိရန် အဘယ်အရာကိုသုံးသပ်ဖို့လိုမည်နည်း။
၃ သို့သော် ယနေ့ ယေရှု၏မေတ္တာနှင့် ထောက်ထားစာနာမှုကို စွဲမှတ်သူများစွာတို့သည် ခရစ်တော်၏စိတ်အဓိကအသွင်တစ်ခုကို အမှုမဲ့အမှတ်မဲ့ဖြစ်ကြောင်း သင်သတိပြုမိသလော။ မာကုအခန်းကြီး ၆ ကိုဂရုတစိုက်ဆင်ခြင်သုံးသပ်ခြင်းအားဖြင့် ယင်းကို ကျွန်ုပ်တို့ထိုးထွင်းသိမြင်နိုင်မည်။ လူတို့သည် ဖျားနာသူတို့ကိုကုသပေးရန် ယေရှုထံခေါ်ဆောင်လာကြကြောင်း ထိုတွင်ဖတ်ရသည်။ ရှေ့နောက်စကားကိုဖတ်ကြည့်ရာတွင် ကိုယ်တော်ထံရောက်လာကြသူ ထောင်နှင့်ချီသောသူတို့ ဆာလောင်သောအခါ ယေရှုသည် အံ့ဖွယ်နည်းဖြင့် သူတို့ကိုကျွေးမွေးခဲ့ကြောင်းလည်း တွေ့ရှိရ၏။ (မာကု ၆:၃၅-၄၄၊ ၅၄-၅၆) ဖျားနာသူတို့ကို ကုသပေးခြင်းနှင့် ဆာလောင်သူတို့ကို ကျွေးမွေးခြင်းသည် မေတ္တာပါထောက်ထားစာနာမှုကို ထူးခြားစွာတင်ပြခြင်းဖြစ်သော်လည်း သူတစ်ပါးကို ယေရှုကူညီပေးရာတွင် ယင်းတို့သည် အဓိကကျသောနည်းလမ်းများဖြစ်သလော။ ကိုယ်တော်သည် ယေဟောဝါကိုအတုယူခဲ့သကဲ့သို့ပင် မေတ္တာ၊ သနားကြင်နာမှုနှင့် ထောက်ထားစာနာမှုပြသည့် ကိုယ်တော်၏စုံလင်သောပုံသက်သေကို အကောင်းဆုံးနည်းဖြင့် ကျွန်ုပ်တို့မည်သို့အတုယူနိုင်ကြမည်နည်း။
ဝိညာဉ်ရေးလိုအပ်ရာများကို တုံ့ပြန်ရန် လှုံ့ဆော်ခံခဲ့ရ
၄။ မာကု ၆:၃၀-၃၄ တွင်ဖော်ပြပါ မှတ်တမ်း ဖြစ်ပျက်လာပုံကားအဘယ်နည်း။
၄ ယေရှုသည် မိမိဝန်းကျင်ရှိသူတို့ကိုသနားရခြင်း၏အဓိကအကြောင်းရင်းမှာ သူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကြောင့်ဖြစ်သည်။ ကာယရေးလိုအပ်ရာများထက် ထိုလိုအပ်ရာများမှာ အဓိကအရေးကြီးသည်။ မာကု ၆:၃၀-၃၄ တွင်ဖော်ပြထားသော မှတ်တမ်းကိုသုံးသပ်ကြည့်ပါ။ ထိုတွင်မှတ်တမ်းတင်ထားသောဖြစ်ရပ်မှာ စီ.အီး. ၃၂ ခုနှစ်၌ ပသခါပွဲခံချိန်အနီး ဂါလိလဲပင်လယ်ကမ်းခြေတွင် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ အကြောင်းကောင်းရှိ၍ တမန်တော်များသည် စိတ်လှုပ်ရှားနေကြသည်။ နေရာအနှံ့ရောက်ခဲ့ပြီးခါစဖြစ်၍ ယေရှုထံသူတို့လာကာ မိမိတို့၏အတွေ့အကြုံများကို အမှန်ပြောပြလိုကြမည်။ သို့သော် လူအုပ်မှာစုဝေးလာသည်။ ထိုလူအုပ်သည် ကြီးလွန်းသဖြင့် ယေရှုနှင့် တမန်တော်များမှာ အစာစားချိန်၊ အနားယူချိန်ပင်မရနိုင်ခဲ့ကြချေ။ ယေရှုက တမန်တော်များကို ဤသို့မိန့်တော်မူသည်– “တော၌ဆိတ်ကွယ်ရာအရပ်သို့လာကြ။ ခဏအားဖြည့်၍ငြိမ်သက်စွာနေကြ။” (မာကု ၆:၃၁) ကပေရနောင်မြို့အနီးတွင် လှေပေါ်တက်၍ ဂါလိလဲပင်လယ်ကိုဖြတ်ကာ ဆိတ်ငြိမ်ရာအရပ်သို့ သူတို့ရွက်လွှင့်ခဲ့ကြသည်။ သို့သော် လူအုပ်ကြီးသည် ကမ်းခြေတစ်လျှောက်ပြေးလိုက်လာကြပြီး လှေထက်အရင်ရောက်နှင့်ကြသည်။ ယေရှု မည်သို့တုံ့ပြန်မည်နည်း။ မိမိဘာသာအေးအေးဆေးဆေးနေလိုခြင်းကို အနှောင့်အယှက်ဖြစ်စေသည့်အတွက် ကိုယ်တော်ဝမ်းနည်းခဲ့ပါသလော။ လုံးဝဝမ်းမနည်းခဲ့ပါ!
၅။ မိမိထံရောက်လာကြသောလူအုပ်ကြီးအပေါ် ကိုယ်တော်မည်သို့ယူမှတ်တော်မူသနည်း၊ တုံ့ပြန်သည့်အနေဖြင့် အဘယ်အရာကို ကိုယ်တော်ပြုတော်မူခဲ့သနည်း။
၅ မိမိအား စိတ်အားထက်သန်စွာစောင့်မျှော်နေကြသည့် ဖျားနာသူများပါအပါအဝင် ထောင်နှင့်ချီသော ဤလူအုပ်ကြီးကို မြင်တွေ့ရခြင်းက ယေရှု၏စိတ်နှလုံးကို ထိခိုက်စေခဲ့သည်။ (မဿဲ ၁၄:၁၄; မာကု ၆:၄၄) ယေရှု၏ထောက်ထားစာနာမှုကို နှိုးဆွပေးခဲ့ရာနှင့် ကိုယ်တော်၏တုံ့ပြန်မှုကို အသားပေးကာ မာကုက ဤသို့ရေးသားခဲ့သည်– “ယေရှုသည် . . . လူများအပေါင်းတို့ကိုတွေ့မြင်တော်မူလျှင်၊ ထိုသူတို့သည်ထိန်းသူမရှိ၊ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြသည်ကို သနားခြင်းစိတ်တော်ရှိ၍ များစွာသောဆုံးမ [ခြင်း] ကိုပေးတော်မူ၏။” (မာကု ၆:၃၄) ယေရှုသည် လူအစုအဝေးကြီးထက်မက တွေ့မြင်တော်မူသည်။ ဝိညာဉ်ရေးဘက် လိုအပ်နေသူများကို ကိုယ်တော်တွေ့မြင်ခဲ့သည်။ သူတို့သည် စိမ်းလန်းသောစားကျက်သို့ဦးဆောင်လမ်းပြမည့် သို့မဟုတ် ကာကွယ်ပေးမည့် သိုးထိန်းမရှိ၊ အကူအညီမဲ့စွာလေလွင့်နေသော သိုးများကဲ့သို့ဖြစ်နေကြ၏။ စာနာမှုကင်းမဲ့သော ဘာသာရေးခေါင်းဆောင်များသည် ဂရုစိုက်ကြမည့်သိုးထိန်းများဖြစ်လိမ့်မည်ဟု ယူမှတ်ရသော်လည်း အမှန်မှာ သူတို့သည် သာမညလူတို့ကို အထင်သေးပြီး သူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို လျစ်လျူရှုထားကြသည်။ (ယေဇကျေလ ၃၄:၂-၄; ယောဟန် ၇:၄၇-၄၉) ယေရှုမူ သူတို့အား ခြားနားစွာဆက်ဆံပြီး သူတို့အတွက်အကောင်းဆုံးအကျိုးကို လုပ်ဆောင်ပေးရန်ရည်သန်ခဲ့သည်။ ကိုယ်တော်သည် သူတို့အား ဘုရားသခင့်နိုင်ငံတော်အကြောင်း စတင်သွန်သင်တော်မူခဲ့၏။
၆၊ ၇။ (က) လူတို့၏လိုအပ်ရာများကို ယေရှုတုံ့ပြန်ရာ၌ အဘယ်အရာကိုဦးစားထားကြောင်း ခရစ်ဝင်ကျမ်းများက ဖော်ပြသနည်း။ (ခ) အဘယ်လှုံ့ဆော်မှုဖြင့် ယေရှုဟောပြောသွန်သင်ခဲ့သနည်း။
၆ အပြိုင်မှတ်တမ်းတစ်ခု၌ ထင်ရှားသောဦးစားထားရာအစီအစဉ်နှင့် ၎င်းကိုအကြံပြုထားသည့်အချက်ကို သတိပြုပါ။ ၎င်းကို သူတစ်ပါး၏ကာယရေးအကျိုးလိုလားသူ ဆေးဆရာလုကာက ဤသို့ရေးသားခဲ့သည်။ “လူအစုအဝေးတို့သည် . . . [ယေရှု] နောက်တော်သို့လိုက်ကြ၏။ ထိုလူများကိုလက်ခံတော်မူလျက်၊ ဘုရားသခင်နိုင်ငံတော်၏အကြောင်းကို ဟောပြော၍ နာသောသူတို့ကိုချမ်းသာပေးတော်မူ၏။” (လုကာ ၉:၁၀၊ ၁၁; ကောလောသဲ ၄:၁၄) အံ့ဖွယ်အမှုတိုင်းဤသို့မဟုတ်သော်လည်း ဤကိစ္စတွင် လုကာ၏မှုတ်သွင်းခံမှတ်တမ်းက အဘယ်အရာကို ဦးစွာဖော်ပြသနည်း။ လူတို့ကို ယေရှုသွန်သင်ပေးသည်ဟူသောအချက်ပင်ဖြစ်၏။
မာကု ၆:၃၄ တွင် ကျွန်ုပ်တို့တွေ့ရှိရသော အလေးပေးဖော်ပြရာနှင့် အမှန်ပင်သဘောတူညီပါသည်။ အဆိုပါအခန်းငယ်က ယေရှုသည် မိမိ၏သနားခြင်းစိတ်တော်ကို တင်ပြရန် အဓိကအားဖြင့် မည်သို့စေ့ဆော်ခံရကြောင်း အထင်အရှားဖော်ပြ၏။ လူတို့၏ဝိညာဉ်ရေးလိုအပ်ရာများကို တုံ့ပြန်သည်အနေနှင့် ကိုယ်တော်သွန်သင်ပေးသည်။ ကိုယ်တော်၏ဓမ္မအမှုအစောပိုင်းတွင် ယေရှုက ဤသို့မိန့်တော်မူခဲ့သည်– “ဘုရားသခင်၏နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို အခြားသောမြို့ရွာတို့၌ ငါဟောပြောရမည်။ ထိုသို့အလို့ငှာ ငါ့ကိုစေလွှတ်လျက်ရှိသည်။” (လုကာ ၄:၄၃၊ ၄၄) သို့သော် ယေရှုသည် ဘုရားသခင့်နိုင်ငံတော်သတင်းကို ဝတ္တရားအရသာကြွေးကြော်ခဲ့သည်၊ ကိုယ်တော်ဆောင်ရွက်ရသည့် ဟောပြောခြင်းလုပ်ငန်းကို ဝတ်ကျေတမ်းကျေမျှပြုသည်ဟု ကျွန်ုပ်တို့ယူမှတ်ခဲ့မည်ဆိုလျှင် မှားပေလိမ့်မည်။ လူသားတို့ကိုသတင်းကောင်းဝေမျှခဲ့ရခြင်း၏ အဓိကလှုံ့ဆော်မှုမှာ သူတို့အပေါ်ကိုယ်တော်၏ထောက်ထားစာနာမှု ဖြစ်သည်။ ဖျားနာသူ၊ နတ်ဆိုးစွဲသူ၊ ဆင်းရဲသားများ သို့မဟုတ် ဆာငတ်သူများအတွက်ပင် ယေရှုပြုလုပ်နိုင်သည့် အကောင်းတကာ့အကောင်းဆုံးအမှုမှာ ဘုရားသခင့်နိုင်ငံတော်နှင့်ပတ်သက်၍ အမှန်တရားကို သိရှိလက်ခံ၍ မြတ်နိုးတတ်လာစေဖို့ ကူညီပေးခြင်းဖြစ်သည်။ ထိုအမှန်တရားသည် ယေဟောဝါ၏ပိုင်သအုပ်စိုးမှုကိုသင်္ကာယနကင်းရှင်းစေခြင်းနှင့် လူသားတို့အတွက် တည်မြဲသည့်ကောင်းချီးများဖြစ်ပေါ်စေခြင်းဆိုင်ရာ ဘုရားသခင့်နိုင်ငံတော်၏ အခန်းကဏ္ဍနှင့်ပတ်သက်သောကြောင့် အရေးကြီးသည့်မဏ္ဍိုင်ဖြစ်သည်။
၇ ယင်းက၈။ မိမိ၏ဟောပြောသွန်သင်ခြင်းလုပ်ငန်းကို ယေရှု မည်သို့ယူမှတ်ခဲ့သနည်း။
၈ ဘုရားသခင့်နိုင်ငံတော်အကြောင်း ယေရှုတက်ကြွလှုပ်ရှားစွာဟောပြောခြင်းက ကမ္ဘာမြေကြီးပေါ်သို့ ကိုယ်တော်ကြွလာရခြင်းအတွက် အခြေခံအကြောင်းရင်းဖြစ်သည်။ ကိုယ်တော်၏မြေကြီးဓမ္မအမှုပြီးဆုံးခါနီးတွင် ပိလတ်မင်းကို ယေရှုကဤသို့မိန့်တော်မူခဲ့သည်– “[အမှန်] တရားဘက်၌သက်သေခံခြင်းငှာ ငါသည်မွေးဖွားခြင်းကိုခံ၍ ဤလောကသို့ကြွလာပြီ။ [အမှန်] တရားနှင့်စပ်ဆိုင်သမျှသောသူတို့သည် ငါ့စကားကိုနားထောင်ကြသည်။” (ယောဟန် ၁၈:၃၇) ယေရှုသည် ဂရုစိုက်ခြင်း၊ ချဉ်းကပ်ရလွယ်ကူခြင်း၊ ထောက်ထားစာနာခြင်း၊ စိတ်ချယုံကြည်တတ်ခြင်းနှင့် ထိုအရာအားလုံးထက် မေတ္တာရှိသည့် သနားကြင်နာတတ်သူဖြစ်ကြောင်း ရှေ့ဆောင်းပါးနှစ်ခုတွင် ကျွန်ုပ်တို့မှတ်သားခဲ့ကြပြီ။ ကျွန်ုပ်တို့သည် ခရစ်တော်၏စိတ်ကိုအမှန်တကယ်နားလည်လိုလျှင် ကိုယ်တော်၏ပင်ကိုအရည်အသွေးဆိုင်ရာ ထိုအချက်များကို တန်ဖိုးထားတတ်ရန်လိုသည်။ ခရစ်တော်၏စိတ်တွင် ဟောပြောသွန်သင်ခြင်းလုပ်ငန်းအပေါ် ကိုယ်တော်ဦးစားပေးခြင်းပါဝင်ကြောင်းကို ကျွန်ုပ်တို့အသိအမှတ်ပြုရန် ထပ်တူအရေးကြီးသည်။
သက်သေခံရန်အခြားသူတို့ကို ကိုယ်တော်တိုက်တွန်းခဲ့
၉။ မည်သူတို့သည် ဟောပြောသွန်သင်ခြင်းကို ဦးစားထားရမည်နည်း။
၉ မေတ္တာနှင့် ထောက်ထားစာနာမှုကို ဖော်ပြခြင်းအဖြစ် ဟောပြောသွန်သင်ခြင်းကို ဦးစားပေးခြင်းသည် ယေရှုတစ်ဦးတည်းအတွက် မဟုတ်ချေ။ နောက်တော်လိုက်များကို မိမိ၏ရည်ရွယ်ချက်များ၊ ဦးစားထားရာများနှင့် လုပ်ရပ်များကိုအတုယူရန် ကိုယ်တော်တိုက်တွန်းခဲ့သည်။ ဥပမာ၊ တမန်တော် ၁၂ ပါးကို ယေရှုရွေးချယ်တော်မူပြီးနောက် သူတို့အဘယ်အရာကို ဆောင်ရွက်ခဲ့ကြရသနည်း။ မာကု ၃:၁၄၊ ၁၅ က ဤသို့ဖော်ပြသည်– “ကိုယ်တော်နှင့်အတူရှိနေစေခြင်းငှာလည်းကောင်း၊ တရားဟောသောအခွင့်၊ အနာရောဂါတို့ကိုငြိမ်းစေ၍၊ နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်သောအခွင့်နှင့် စေလွှတ်ခြင်းငှာလည်းကောင်း တစ်ကျိပ်နှစ်ပါးသောသူ” တို့ကိုကိုယ်တော် ခန့်ထားတော်မူသည်။ တမန်တော်များ ဦးစားထားရာတစ်စုံတစ်ခုကို သင်သတိပြုမိသလော။
၁၀၊ ၁၁။ (က) တမန်တော်များကို ယေရှုစေလွှတ်တော်မူသောအခါ အဘယ်အရာပြုလုပ်ဖို့ သူတို့ကို ကိုယ်တော်မိန့်မှာခဲ့သနည်း။ (ခ) တမန်တော်များကို စေလွှတ်ခြင်းနှင့်ပတ်သက်၍ အဓိကထားရာကားအဘယ်နည်း။
၁၀ အချိန်တန်သော် ယေရှုသည် ထိုသူ ၁၂ ပါးကို အခြားသူတို့၏အနာရောဂါငြိမ်းစေရန်နှင့် နတ်ဆိုးတို့ကိုနှင်ထုတ်နိုင်ခွင့် ပေးတော်မူခဲ့သည်။ (မဿဲ ၁၀:၁; လုကာ ၉:၁) ထို့နောက် ကိုယ်တော်သည် သူတို့ကို “ဣသရေလအမျိုး၊ ပျောက်လွင့်သောသိုးများရှိရာသို့” စေလွှတ်တော်မူခဲ့သည်။ အဘယ်အတွက်နည်း။ သူတို့ကို ယေရှု ဤသို့ညွှန်ကြားခဲ့သည်– “သွားစဉ်တွင်၊ ကောင်းကင်နိုင်ငံတော်တည်လုနီးပြီဟု သတင်းကြားပြောကြလော့။ နာသောသူတို့အား ချမ်းသာပေးကြလော့။ သေသောသူတို့ကို ထမြောက်စေကြလော့။ နူသောသူတို့ကို သန့်ရှင်းစေကြလော့။ နတ်ဆိုးတို့ကိုလည်း နှင်ထုတ်ကြလော့။” (မဿဲ ၁၀:၅-၈; လုကာ ၉:၂) အမှန်မှာ သူတို့အဘယ်အရာကို ပြုလုပ်ခဲ့ကြသနည်း။ “တပည့်တော်တို့သည်ထွက်သွား၍ [၁] နောင်တတရားကိုဟောကြ၏။ [၂] နတ်ဆိုးများကိုနှင်ထုတ်ကြ၏။ မကျန်းမမာသောသူများတို့ကို ဆီနှင့်လူး၍အနာကိုငြိမ်းစေကြ၏။”—မာကု ၆:၁၂၊ ၁၃။
၁၁ ဖြစ်ရပ်တိုင်းတွင် သွန်သင်ခြင်းကို ဦးဆုံးမဖော်ပြထားသောကြောင့် အထက်ပါဖြစ်စဉ်ကိုသာ သတိပြုခြင်းသည် ဦးစားပေးရာများ သို့မဟုတ် ပါဝင်ပတ်သက်သည့်သဘောထားများကိစ္စကို အရေးပေးလွန်းခြင်းမဖြစ်ပေလော။ (လုကာ ၁၀:၁-၈) ကုသခြင်းကိုမပြုမီ သွန်သင်ခြင်းအကြောင်းကို ဖော်ပြခဲ့သည့်အကြိမ်ပေါင်းကို ကျွန်ုပ်တို့ထည့်မတွက်ဘဲမနေသင့်ချေ။ ဤကိစ္စတွင် ရှေ့နောက်ကျမ်းပိုဒ်ကိုသုံးသပ်ကြည့်ပါ။ ယေရှုသည် တမန်တော် ၁၂ ပါးကို မစေလွှတ်မီ လူအုပ်များ၏အခြေအနေကြောင့် စိတ်ထိခိုက်ခဲ့သည်။ ကျွန်ုပ်တို့ ဤသို့ဖတ်ရသည်– “ယေရှုသည် တရားဇရပ်တို့၌ ဆုံးမ . . . လျက်၊ နိုင်ငံတော်နှင့်ယှဉ်သောဧဝံဂေလိတရားကို ဟောလျက်၊ လူများခံရသော အနာရောဂါအမျိုးမျိုးတို့ကို ငြိမ်းစေလျက်၊ မြို့ရွာရှိသမျှတို့ကို ဒေသစာရီလှည့်လည်တော်မူ၏။ လူအစုအဝေးတို့ကိုမြင်တော်မူလျှင် သနားခြင်းစိတ်ရှိတော်မူ၏။ အကြောင်းမူကား၊ ထိုသူတို့သည် ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုးကဲ့သို့ဖြစ်ကြ၏။ ထိုအခါ ကိုယ်တော်က၊ ‘စပါးရိတ်စရာ များစွာရှိ၏။ ရိတ်သောသူတို့သည် နည်းကြ၏။ ထို့ကြောင့် လုပ်ဆောင်သောသူတို့ကို စပါးရိတ်ခြင်းငှာ စေလွှတ်တော်မူမည်အကြောင်း၊ စပါးရှင်ကိုဆု တောင်းကြလော့’ ဟု တပည့်တော်တို့အားမိန့်တော်မူ၏။”—မဿဲ ၉:၃၅-၃၈။
၁၂။ ယေရှုနှင့် တမန်တော်များ၏အံ့ဖွယ်လုပ်ရပ်များက နောက်ထပ်အဘယ်ရည်ရွယ်ချက်ကိုပါ ဖြစ်မြောက်စေနိုင်ခဲ့သနည်း။
၁၂ ကိုယ်တော်နှင့်အတူရှိနေကြခြင်းဖြင့် တမန်တော်များသည် ခရစ်တော်၏စိတ်ကို အတော်အတန်ခံယူနိုင်ခဲ့ကြသည်။ သူတို့၏ကောင်းမှုများတွင် အဓိကကျသည့်အမှုမှာ ဘုရားသခင့်နိုင်ငံတော်အကြောင်း ဟောပြောသွန်သင်ခြင်းအပါအဝင် လူများကို အမှန်တကယ်ချစ်ခင်စာနာရမည်ဖြစ်ကြောင်း သူတို့သဘောပေါက်ခဲ့ကြသည်။ ယင်းနှင့်အညီ ဖျားနာသူတို့ကို ကုသပေးခြင်းဖြစ်သည့် ကာယရေးဆိုင်ရာကောင်းမှုသည် အကူအညီလိုအပ်သူတို့အတွက် များစွာတာသွားသည်။ သင်ထင်သည့်အတိုင်းပင် လူအချို့သည် ကုသမှုများ သို့မဟုတ် အံ့သြဖွယ်နည်းဖြင့်အစာစားရသည့်အတွက် သဘောကျနှစ်သက်ကြပေမည်။ (မဿဲ ၄:၂၄၊ ၂၅; ၈:၁၆; ၉:၃၂၊ ၃၃; ၁၄:၃၅၊ ၃၆; ယောဟန် ၆:၂၆) သို့သော် ကာယရေးဆိုင်ရာ ကူညီပေးမှုအပြင် ထိုလုပ်ရပ်များက တွေ့မြင်သူတို့ကို ယေရှုသည် ဘုရားသခင့်သားတော်နှင့် မောရှေတင်ကူးဟောပြောခဲ့သော “ပရောဖက်” ဖြစ်ကြောင်းကို အမှန်ပင်အသိအမှတ်ပြုရန်စေ့ဆော်ပေးသည်။—ယောဟန် ၆:၁၄; တရားဟောရာ ၁၈:၁၅။
၁၃။ ထွက်မြောက်ရာ ၁၈:၁၈ ပါပရောဖက်ပြုချက်တွင် ကြွလာမည့် “ပရောဖက်” ၏အဘယ်အခန်းကဏ္ဍကို အလေးပေးဖော်ပြထားသနည်း။
၁၃ ယေရှုသည် “ပရောဖက်” ဖြစ်ရခြင်းမှာ အဘယ်ကြောင့်ထူးခြားသနည်း။ ထိုအရှင်နှင့်စပ်လျဉ်း၍ တင်ကူးပြောခဲ့သော အဓိကအခန်းကဏ္ဍကား အဘယ်နည်း။ ထို “ပရောဖက်” သည် အံ့ဖွယ်နည်းဖြင့်ကုသခြင်းများ၊ သို့မဟုတ် ဆာငတ်သူတို့ကို ထောက်ထားစာနာစွာဖြင့် အစာကျွေးမွေးခြင်းအတွက် ကျော်ကြားပါသလော။ တရားဟောရာ ၁၈:၁၈ ၌ ဤသို့တင်ကူးပြောခဲ့သည်– “သူတို့အမျိုးသားချင်းတို့အထဲ၌ သင်နှင့်တူသောပရောဖက်တစ်ပါးကို သူတို့အဖို့ငါပေါ်ထွန်းစေ၍၊ ထိုပရောဖက်နှုတ်၌ ငါ့စကားကိုငါအပ်သဖြင့် ငါမှာထားသမျှတို့ကို သူတို့အား ဆင့်ဆိုရလိမ့်မည်။” သို့ဖြစ်၍ တမန်တော်များသည် ကြင်နာတတ်သောခံစားချက်များရှိရန်နှင့် တင်ပြဖို့ တတ်သိလာကြစဉ် မိမိတို့၏ဟောပြောသွန်သင်ခြင်းလုပ်ငန်းတွင်လည်း ခရစ်တော်၏စိတ်ကိုထင်ရှားပြသရမည်ဖြစ်ကြောင်း သူတို့ကောက်ချက်ချနိုင်ကြသည်။ ယင်းကား လူတို့အတွက် သူတို့လုပ်ပေးနိုင်ရာ အကောင်းဆုံးဖြစ်သည်။ ထိုနည်းအားဖြင့် လူ့သက်တမ်းတိုလေးအတွင်းခံစားရသည့် အကျိုးအကန့်အသတ် သို့မဟုတ် တစ်နပ်၊ နှစ်နပ်စာလေးမျှမဟုတ် တည်မြဲသောအကျိုးကျေးဇူးများကို ဖျားနာသူတို့နှင့် ဆင်းရဲသူတို့ရရှိနိုင်ကြမည်ဖြစ်သည်။—ယောဟန် ၆:၂၆-၃၀။
ယနေ့ ခရစ်တော်၏စိတ်ကိုမွေးမြူခြင်း
၁၄။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းတွင် ခရစ်တော်၏စိတ်ရှိခြင်းမှာ မည်သို့အကျုံးဝင်ပါသနည်း။
၁၄ ခရစ်တော်၏စိတ်သည် ပထမရာစုနှစ်—ယေရှုနှင့် “ငါတို့မူကား ခရစ်တော်၏စိတ်ကိုခံရကြ၏” ဟုတမန်တော်ပေါလုရေးသားခဲ့သည့် အစောပိုင်းတပည့်တော်များ—၌သာရှိသည်ဟု ကျွန်ုပ်တို့တစ်ဦးတစ်ယောက်မျှ ယူမှတ်ကြလိမ့်မည်မဟုတ်။ (၁ ကောရိန္သု ၂:၁၆) ထို့အပြင် ကျွန်ုပ်တို့သည် သတင်းကောင်းကိုဟောပြောရန်နှင့် တပည့်များဖြစ်လာစေရန် တာဝန်ရှိကြောင်း လွယ်လင့်တကူလက်ခံကြပေမည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀) ထို့ပြင် ၎င်းလုပ်ငန်းကိုလုပ်ကိုင်ခြင်း၏ ကိုယ်ပိုင်ရည်ရွယ်ချက်များကို ပြန်သုံးသပ်ရန် အကျိုးရှိ၏။ တာဝန်သိတတ်ခြင်းအနေဖြင့်သာ သဘောမထားသင့်ချေ။ ဓမ္မအမှုတွင်ကျွန်ုပ်တို့ပါဝင်နေရသည့် အဓိကအကြောင်းရင်းမှာ ဘုရားသခင်ကိုချစ်ခြင်းဖြစ်ပြီး ယေရှုကဲ့သို့အမှန်ပင်ဖြစ်ခြင်းတွင် ဟောပြောသွန်သင်ရန် ထောက်ထားစာနာခြင်း၏ စေ့ဆော်မှုကိုခံရခြင်းပါဝင်သည်။—မဿဲ ၂၂:၃၇-၃၉။
၁၅။ ကျွန်ုပ်တို့၏လူထုဓမ္မအမှုတွင် ထောက်ထားစာနာမှုသည် လျောက်ပတ်သောအခန်းကဏ္ဍတစ်ခု အဘယ်ကြောင့်ဖြစ်ရသနည်း။
၁၅ မှန်ပါသည်၊ ကျွန်ုပ်တို့နှင့်ယုံကြည်ခြင်းမတူသူများ၊ အထူးသဖြင့် ဥပေက္ခာပြုခြင်း၊ ငြင်းပယ်ခြင်း၊ သို့မဟုတ် အတိုက်အခံပြုခြင်းကိုကြုံတွေ့ကြရသောအခါ ထိုသူတို့အပေါ် ထောက်ထားစာနာစိတ်ရှိဖို့ အမြဲလွယ်ကူလိမ့်မည်မဟုတ်ချေ။ သို့သော် လူတို့အပေါ်ထားရှိသော ကျွန်ုပ်တို့၏မေတ္တာနှင့် ထောက်ထားစာနာမှု ပျောက်ဆုံးသွားခဲ့လျှင် ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ရန် အရေးကြီးသောလှုံ့ဆော်မှုကို ကျွန်ုပ်တို့ဆုံးရှုံးသွားနိုင်၏။ သို့ဆိုလျှင် ထောက်ထားစာနာမှုကို ကျွန်ုပ်တို့ မည်သို့မွေးမြူမည်နည်း။ “ပင်ပန်းသည်ဖြစ်၍ ထိန်းသူမရှိဘဲ ပစ်ထားသောသိုး” အဖြစ် လူတို့ကို ယေရှုတွေ့မြင်သကဲ့သို့ ကျွန်ုပ်တို့လည်းရှုမြင်တတ်ရန် ကြိုးမဿဲ ၉:၃၆) ယနေ့ လူအများသည် ထိုသို့ဖြစ်နေကြသည်မဟုတ်ပေလော။ သူတို့သည် မှားယွင်းသောဘာသာရေးသိုးထိန်းများ၏ ဝိညာဉ်ရေးအရဥပေက္ခာပြုခြင်းနှင့် အလင်းကွယ်စေခြင်းကို ခံခဲ့ကြရပြီ။ ရလဒ်အနေဖြင့် သူတို့သည် သမ္မာကျမ်းစာ၌တွေ့ရှိရသော လျောက်ပတ်သည့်လမ်းညွှန်မှု သို့မဟုတ် မကြာမီ မြေကြီးပေါ်တွင် ဘုရားသခင့်နိုင်ငံတော်အားဖြင့် ဆောင်ကြဉ်းပေးမည့်ပရဒိသုအခြေအနေများကို သူတို့မသိကြချေ။ သူတို့သည် ဘုရားသခင့်နိုင်ငံတော်မျှော်လင့်ချက်မရှိဘဲ ဆင်းရဲခြင်း၊ မိသားစုပြိုကွဲခြင်း၊ ဖျားနာခြင်းနှင့် သေခြင်းအပါအဝင် နေ့စဉ်အခက်အခဲများကို ရင်ဆိုင်နေကြရသည်။ သူတို့လိုအပ်ရာဖြစ်သည့် ယခုပင် ကောင်းကင်၌တည်ထောင်ပြီးဖြစ်သော ဘုရားသခင့်နိုင်ငံတော်၏ အသက်ကယ်ဆယ်ရေးသတင်းကောင်း ကျွန်ုပ်တို့တွင်ရှိသည်။
စားနိုင်သည်။ (၁၆။ သတင်းကောင်းကို အခြားသူတို့အား ကျွန်ုပ်တို့အဘယ်ကြောင့် ဝေမျှလိုသင့်သနည်း။
၁၆ သို့ဖြင့် သင့်ဝန်းကျင်ရှိသူတို့၏ ဝိညာဉ်ရေးလိုအပ်ရာများကို စဉ်းစားကြည့်လျှင် ဘုရားသခင်၏မေတ္တာပါသောရည်ရွယ်ချက်အကြောင်း သူတို့ကို သင်အတတ်နိုင်ဆုံးပြောပြရန် လှုံ့ဆော်ပေးခြင်းမခံရပေလော။ မှန်ပါသည်၊ ကျွန်ုပ်တို့၏လုပ်ငန်းမှာ ထောက်ထားစာနာခြင်းလုပ်ငန်းဖြစ်သည်။ ယေရှုကဲ့သို့ပင် လူများကို စာနာတတ်မည်ဆိုလျှင် ကျွန်ုပ်တို့၏အသံနေအသံထား၊ ကျွန်ုပ်တို့၏မျက်နှာထားနှင့် ကျွန်ုပ်တို့၏သွန်သင်ပုံတွင် ထင်ရှားပေလိမ့်မည်။ ထိုအရာအားလုံးသည် “ထာဝရအသက်ကိုတလိုတလားရှိသူ” တို့အတွက် ကျွန်ုပ်တို့၏သတင်းတရားကို သာ၍ဆွဲဆောင်မှုဖြစ်စေပေလိမ့်မည်။—တမန်တော် ၁၃:၄၈၊ ကဘ။
၁၇။ (က) အခြားသူတို့အတွက် ကျွန်ုပ်တို့၏မေတ္တာနှင့် ထောက်ထားစာနာမှုကို ပြသနိုင်သည့်နည်းလမ်းအချို့ကား အဘယ်နည်း။ (ခ) ကောင်းမှုပြုခြင်းဖြစ်စေ၊ လူထုရှေ့ခရစ်ယာန်ဓမ္မအမှုတွင်ပါဝင်ခြင်းဖြစ်စေ တစ်ခုမဟုတ်တစ်ခုပြုခြင်း အဘယ်ကြောင့်မဟုတ်သနည်း။
၁၇ မှန်ပါသည်၊ ကျွန်ုပ်တို့၏မေတ္တာနှင့် ထောက်ထားစာနာမှုသည် ကျွန်ုပ်တို့၏အသက်တာတစ်ခုလုံးတွင် ထင်ရှားပေါ်လွင်နေသင့်သည်။ ယင်းတွင် အကြောင်းမလှသူ၊ ဖျားနာသူနှင့် ဆင်းရဲသူတို့ကိုသနားကြင်နာခြင်းပါဝင်ပြီး သူတို့၏ဝေဒနာကိုသက်သာစေနိုင်ရန် ကျွန်ုပ်တို့အတတ်နိုင်ဆုံးကြိုးစားဆောင်ရွက်ခြင်းပါဝင်သည်။ ယင်းတွင် သေခြင်း၌ ချစ်မြတ်နိုးရသူများဆုံးပါးခဲ့ရသူတို့၏ ဝမ်းနည်းပူဆွေးမှုကို ပပျောက်စေရန် အပြောနှင့်အလုပ်တို့ဖြင့်ကျွန်ုပ်တို့၏ကြိုးစားအားထုတ်မှုများပါဝင်သည်။ (လုကာ ၇:၁၁-၁၅; ယောဟန် ၁၁:၃၃-၃၅) သို့တိုင် ယင်းသို့သော မေတ္တာ၊ သနားကြင်နာခြင်းနှင့် ထောက်ထားစာနာမှုတို့ကို တင်ပြခြင်းသည် လူ့အကျိုးဆောင်အချို့တို့ကဲ့သို့ ကျွန်ုပ်တို့ကောင်းမှုလုပ်ရပ်များ၏ အဓိကအာရုံစိုက်ရန်အပိုင်း မဖြစ်လာသင့်ချေ။ ဘုရားသခင့်အလားတူအရည်အချင်းများ၏ လှုံ့ဆော်မှုကြောင့် ခရစ်ယာန်ဟောပြောခြင်းနှင့် သွန်သင်ခြင်းလုပ်ငန်းတွင် ပါဝင်ထင်ရှားပြသည့် ကြိုးစားအားထုတ်မှုများသည် သာ၍အဓိပ္ပာယ်ရှိပြီးတည်မြဲသည်။ ဂျူးဘာသာရေးခေါင်းဆောင်များနှင့်ပတ်သက်၍ ယေရှုမိန့်တော်မူခဲ့ရာကို ပြန်သတိရပါ– “သင်တို့သည် . . . ပင်စိမ်း၊ စမွှတ်၊ ဇီယာ၊ အသီးအရွက်တို့ကို ဆယ်ဖို့တစ်ဖို့လှူကြသည်တွင်၊ တရားသဖြင့်စီရင်ခြင်း၊ သူတစ်ပါးကိုသနားခြင်း၊ သစ္စာစောင့်ခြင်းတည်းဟူသော ပညတ်တရားတွင် လေးသောအရာတို့ကိုကား လှပ်၍ထားကြ၏။ အရင်ဆိုသောအရာတို့ကို မလှပ်မထား၊ နောက်ဆိုသောအရာတို့ကိုကျင့်ရမည်။” (မဿဲ ၂၃:၂၃) ယေရှုအနေနှင့်—ကာယရေးလိုအပ်ရာများဖြင့် လူတို့ကိုကူညီပေးလျှင်ပေး သို့မဟုတ်လျှင် အသက်ပေးဝိညာဉ်ရေးရာများကို သွန်သင်ပေးရန်ဟူသည့် တစ်ခုမဟုတ်တစ်ခု ရွေးရန်သဘောမဟုတ်ပါ။ ယေရှုသည် နှစ်ခုစလုံးကို လုပ်ဆောင်တော်မူသည်။ သို့တိုင် ထင်ရှားသည်မှာ ကိုယ်တော်၏သွန်သင်ခြင်းလုပ်ငန်းသည် အရင်ကျ၏၊ အကြောင်းမှာ ဤနည်းဖြင့်ကိုယ်တော်ပြီးမြောက်စေသောအမှုကား တည်မြဲသောအကူအညီကို ဖြစ်စေနိုင်၏။—ယောဟန် ၂၀:၁၆၊ ကဘ။
၁၈။ ခရစ်တော်၏စိတ်ကို ကျွန်ုပ်တို့သုံးသပ်ခြင်းက အဘယ်အရာကိုပြုရန်လှုံ့ဆော်စေသင့်သနည်း။
၁၈ ယေဟောဝါသည် ကျွန်ုပ်တို့အား ခရစ်တော်၏စိတ်ကိုဖော်ပြပေးခြင်းအတွက် မည်မျှကျေးဇူးတင်ရလေခြင်း! ခရစ်ဝင်ကျမ်းများအားဖြင့် အသက်ရှင်ခဲ့သမျှတွင် အကြီးမြတ်ဆုံးလူသား၏ တွေးခေါ်မှုများ၊ ခံစားချက်များ၊ အရည်အချင်းများ၊ လုပ်ဆောင်မှုများနှင့် ဦးစားထားရာများကို ကျွန်ုပ်တို့သာ၍ကောင်းစွာသိကျွမ်းလာနိုင်ကြသည်။ ယေရှုအကြောင်း သမ္မာကျမ်းစာ၌ဖော်ပြထားရာတို့ကို ဖတ်ရှုခြင်း၊ စဉ်းစားဆင်ခြင်ခြင်းနှင့် လက်တွေ့ကျင့်သုံးခြင်းသည် ကျွန်ုပ်တို့အပေါ်တွင်မူတည်နေသည်။ သတိရပါ၊ ယေရှုကဲ့သို့ ကျွန်ုပ်တို့အမှန်တကယ်ဆောင်ရွက်ကြရမည်ဆိုလျှင် မစုံလင်သောလူသားများအဖြစ် ကျွန်ုပ်တို့သည် ကိုယ်တော်ကဲ့သို့ အတတ်နိုင်ဆုံးတွေးခေါ်၊ ခံစား၍ ဝေဖန်တတ်ကြဖို့ ဦးစွာသင်ယူရမည်ဖြစ်သည်။ သို့ဖြစ်၍ ခရစ်တော်၏စိတ်ကို မွေးမြူတင်ပြရန် စိတ်ပိုင်းဖြတ်ထားကြစို့။ ကျွန်ုပ်တို့အသက်ရှင်နေထိုင်ရန် ဤနည်းထက်သာ၍ကောင်းသောနည်းလမ်း၊ လူတို့နှင့်ဆက်ဆံရန် ဤနည်းထက်သာ၍ကောင်းသောနည်းလမ်း၊ ကိုယ်တော်သည် စုံလင်စွာရောင်ပြန်ဟပ်ခဲ့သည့်ပုဂ္ဂိုလ်ဖြစ်သည့် သနားကြင်နာတတ်သော ကျွန်ုပ်တို့၏ဘုရားသခင်ယေဟောဝါထံ ကျွန်ုပ်တို့နှင့် အခြားသူတို့ ချဉ်းကပ်ရန် ဤထက် သာ၍ကောင်းသောနည်းလမ်းမရှိချေ။—၂ ကောရိန္သု ၁:၃; ဟေဗြဲ ၁:၃။
သင်မည်သို့တုံ့ပြန်မည်နည်း
• အကူအညီလိုအပ်သူများကို ယေရှုတုံ့ပြန်လေ့ရှိပုံကို သမ္မာကျမ်းစာက အဘယ်ထိုးထွင်းသိမြင်မှုပေးသနည်း။
• ယေရှုသည် မိမိ၏တပည့်တော်များကို ညွှန်ကြားရာတွင် အဘယ်အရာကိုအလေးအနက်ဖော်ပြခဲ့သနည်း။
• ကျွန်ုပ်တို့၏လုပ်ဆောင်မှုများတွင် “ခရစ်တော်၏စိတ်” ကို မည်သို့ထင်ဟပ်နိုင်မည်နည်း။
[လေ့လာရန်မေးခွန်းများ]
[Full-page picture on page 23]
အခြားသူတို့အတွက် ခရစ်ယာန်များပြုလုပ်နိုင်သည့် အကြီးမားဆုံးသောကောင်းမှုကား အဘယ်နည်း