နှစ်သိမ့်မှုများစွာ လိုအပ်!
နှစ်သိမ့်မှုများစွာ လိုအပ်!
“ညှဉ်းဆဲခြင်းကိုခံရသောသူတို့သည် ငိုကြွေးသော်လည်း၊ ချမ်းသာပေးနိုင်သောသူမရှိ။ ညှဉ်းဆဲတတ်သောသူတို့သည် တန်ခိုးရှိသဖြင့် ချမ်းသာပေးနိုင်သောသူမရှိ။”—ဒေ. ၄:၁။
သင်သည် နှစ်သိမ့်မှုရဖို့မျှော်လင့်နေသလော။ မည်းမှောင်သော စိတ်မှုန်မှိုင်းအုံ့ဆိုင်းမှုတိမ်သားများကို ထိုးဖောက်မည့် ဖြေသိမ့်မှုရောင်ခြည်တန်းလေးကို သင်ရော်ရမ်းတမ်းတနေသလော။ ခါးသီးသော ဆင်းရဲဝေဒနာနှင့် စိတ်မချမ်းမြေ့ဖွယ်တွေ့ကြုံနေရသောဘဝကို သက်သာစေရန် နှစ်သိမ့်စကားတစ်ခွန်းနှစ်ခွန်းကို သင်တောင့်တနေသလော။
တစ်ချိန်မဟုတ်တစ်ချိန် ကျွန်ုပ်တို့အားလုံး နှစ်သိမ့်မှုနှင့် အားပေးမှု အလွန်လိုအပ်ကြသည်။ ယင်းသို့ဖြစ်ရခြင်းမှာ ဘဝတွင် ဝမ်းနည်းစရာများစွာ ရှိခြင်းကြောင့်ဖြစ်၏။ ကျွန်ုပ်တို့အားလုံး စောင့်ရှောက်မှု၊ နွေးထွေးမှု၊ ပွေ့ဖက်မှု ရလိုကြသည်။ ကျွန်ုပ်တို့အထဲမှ အချို့သည် ဇရာထောင်းလာကြပြီး ယင်းကြောင့် မပျော်ရွှင်ကြချေ။ အခြားသူတို့မှာမူ မျှော်လင့်ထားသကဲ့သို့ဖြစ်မလာသောအခါ အလွန်ပင်စိတ်ပျက်နေကြသည်။ ရောဂါရှာဖွေရေးဓာတ်ခွဲခန်းမှရရှိသော အဖြေတစ်ခုကြောင့် ဝမ်းနည်းကြေကွဲနေကြသည့် အခြားသူများစွာလည်းရှိသေးသည်။
ထို့ပြင် ကျွန်ုပ်တို့အချိန်၌ ဖြစ်ပျက်နေသောဖြစ်ရပ်များက နှစ်သိမ့်မှုနှင့် မျှော်လင့်ချက် အကြီးအကျယ်လိုအပ်ကြောင်းကို ငြင်းဆိုမည့်သူ မရှိသလောက်ဖြစ်သည်။ လွန်ခဲ့သောရာစုနှစ်တစ်ခုတည်းတွင် စစ်ပွဲ၌အသက်စတေးခဲ့ကြသူ လူပေါင်းသန်းတစ်ရာကျော်ရှိသည်။ * သူတို့အားလုံးလိုလိုပင် ဖြေသိမ့်မှုအဆုံးစွန်လိုအပ်လျက်ရှိသည့် ဝမ်းနည်းကြေကွဲသောမိသားစုတစ်စုဖြစ်သည့် မိဘ၊ မောင်နှမ၊ မုဆိုးမနှင့် မိဘမဲ့ကလေးများကို ချန်ထားခဲ့ကြသည်။ ယနေ့ လူပေါင်းသန်းတစ်ထောင်ကျော်မှာ အလွန်အမင်းဆင်းရဲစွာ နေထိုင်ကြရသည်။ ကမ္ဘာ့လူဦးရေထက်ဝက်အတွက် ဆေးဘက်ဆိုင်ရာကုသမှုနှင့် လိုအပ်သောဆေးဝါးများပုံမှန်မရရှိသလောက်ဖြစ်သည်။ မြို့ကြီးပြကြီးများစွာ၏ လမ်းမများပေါ်တွင် စွန့်ပစ်ထားခံရသောကလေးများ လှည့်လည်သွားလာလျက်ရှိကြပြီး သူတို့အထဲမှအများသည် မူးယစ်ဆေးဝါးသုံးစွဲ၍ ပြည့်တန်ဆာလုပ်ကိုင်ကြသည်။ သန်းနှင့်ချီသောဒုက္ခသည်တို့မှာ ဆိုးဝါးသောစခန်းများ၌ နွမ်းလျလျက်ရှိ၏။
သို့သော် အရေအတွက်မည်မျှပင်ရှိစေကာမူ အချို့ကြုံတွေ့နေကြရသည့် တစ်ဦးချင်းစီ၏နာကျင်မှုနှင့် ထိခိုက်မှုတို့ကို မဖော်ပြချေ။ ဥပမာ၊ ဘော်လ်ကန်နယ်မြေမှ မွဲပြာ * သူက ဤသို့ပြောပြခဲ့သည်– “ငွေရဖို့အတွက် ကျွန်မမိဘတွေက ကျွန်မကို တောင်းစားဖို့၊ ဒါမှမဟုတ် ခိုးဖို့ခိုင်းခဲ့တယ်။ ကျွန်မတို့မိသားစုဘဝဟာ ဘယ်လောက်ဆိုးလာသလဲဆိုရင် သွေးသားနီးစပ်သူရဲ့ ဗလက္ကာရပြုကျင့်တာကို ကျွန်မခံခဲ့ရတဲ့အထိပဲ။ ကျွန်မစားပွဲထိုးအလုပ်ရပြီး ကျွန်မရဲ့လခကိုသုံးနေရတဲ့ အမေက ကျွန်မအလုပ်ပြုတ်သွားရင်တော့ သူ့ကိုယ်သူသတ်သေပစ်လိုက်မှာပဲလို့ ပြောတယ်။ ဒါနဲ့ပဲ ကျွန်မ ပြည့်တန်ဆာဘဝရောက်ခဲ့တယ်။ အဲ့ဒီအချိန်မှာ ကျွန်မအသက် ၁၃ နှစ်ပဲရှိသေးတယ်။ ကြာတော့ ကျွန်မကိုယ်ဝန်ရလာပြီး ဖျက်ချလိုက်ရတယ်။ အသက် ၁၅ နှစ်အရွယ်မှာ ကျွန်မရုပ်ကအသက် ၃၀ နဲ့တူနေတယ်။”
ကျသည့်အဖြစ်တွင် မွေးဖွားလာခဲ့သော ဆဗက်လာနာခေါ် အမျိုးသမီးငယ်တစ်ဦးအကြောင်းစဉ်းစားကြည့်ပါ။လတ်ဗီးယားမှ လူငယ်တစ်ဦးဖြစ်သော လိုင်မော်န်နစ်က မိမိအား ခက်ထန်သူဖြစ်စေခဲ့သည့် သူမှတ်မိနေသောစိတ်ဆင်းရဲစရာများကြောင့် နှစ်သိမ့်မှုရဖို့လိုခဲ့သည့်အကြောင်းကို ပြောပြသည်။ အသက် ၂၉ နှစ်အရွယ်တွင် သူကားတိုက်ခံရပြီး အောက်ပိုင်းသေသွားခဲ့သည်။ မျှော်လင့်ချက်လုံးဝကင်းမဲ့ပြီး အရက်ကိုသာသောက်နေတော့သည်။ ငါးနှစ်ကြာသော် သူသည် အဘယ်မျှော်လင့်ချက်မျှမရှိသည့် လေဖြတ်ထားသောအရက်သမားတစ်ဦးအဖြစ် ဘဝပျက်လေ၏။ နှစ်သိမ့်မှု အဘယ်မှရနိုင်မည်နည်း။
သို့မဟုတ် အင်ဂျီ၏အဖြစ်ကို စဉ်းစားကြည့်ပါ။ သူ၏ခင်ပွန်းသည် သုံးကြိမ်ဦးနှောက်ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး အစပိုင်းတွင် ကိုယ်တစ်ပိုင်းလေဖြတ်ခဲ့သည်။ နောက်ဆုံးခွဲစိတ်မှုခံပြီးနောက် ငါးနှစ်အကြာတွင် သေစေနိုင်သည့် ပြင်းထန်သောမတော်တဆမှုတစ်ခုဖြစ်ပြန်သည်။ သူ၏ဇနီးသည် အရေးပေါ်အခန်းထဲဝင်သည်နှင့် ခင်ပွန်းဖြစ်သူမှာ ပြင်းထန်သောဦးခေါင်းဒဏ်ရာဖြင့် မေ့မြောနေသည်ကိုတွေ့ရသောအခါ ဝမ်းနည်းပူဆွေးစရာဖြစ်ဦးမည်ကို သူသိရှိလိုက်သည်။ သူနှင့် သူ့မိသားစု ရှေ့ဆက်လျှောက်ရမည့်ခရီးမှာ ကြမ်းတမ်းဦးမည်။ သူသည် ထောက်မမှုနှင့် အားပေးတည်ဆောက်မှု မည်သို့ရရှိနိုင်မည်နည်း။
ပက်တ်အတွက် လွန်ခဲ့သောနှစ်အနည်းငယ်က ဆောင်းရာသီနေ့ရက်တစ်ရက်သည် သာမန်အတိုင်းစတင်ပုံရှိခဲ့သည်။ သို့သော် နောက်သုံးရက်တာကာလကို သူလုံးဝမမှတ်မိပါ။ ပက်တ်သည် အကြီးအကျယ်ရင်ဘတ်အောင့်ပြီးနောက် နှလုံးခုန်ခြင်းလုံးဝရပ်စဲသွားခဲ့သည်ဟု နောက်ပိုင်းမှ သူ၏ခင်ပွန်းက သူ့ကိုပြောပြခဲ့သည်။ သူ၏နှလုံးခုန်နှုန်းသည် အလွန်မြန်ပြီး မမှန်တော့၍ နှလုံးခုန်မှုလုံးဝရပ်တန့်သွားသည်။ အသက်လည်းမရှူတော့ချေ။ “တကယ်တော့ ကျွန်မဟာ ဆေးပညာအရသေနေတယ်” ဟုပက်တ်ပြောပြသည်။ သို့သော် တစ်နည်းတစ်ဖုံဖြင့် သေဘေးကိုသူကျော်ခဲ့၏။ ဆေးရုံတွင် ကြာမြင့်စွာနေခဲ့ရခြင်းအကြောင်းကို သူကဤသို့ပြောပြသည်– “စမ်းသပ်ကုသပုံအမျိုးမျိုးကို ကျွန်မ အတော်ကြောက်လန့်ခဲ့တယ်၊ အထူးသဖြင့်တော့ အရင်ကဖြစ်ခဲ့သလို ကျွန်မရဲ့နှလုံးကိုတုန်ခါစေပြီး ရပ်သွားစေဖို့ သူတို့ကြိုးစားကြည့်ကြတဲ့အခါပဲ။” ဤခဲယဉ်းသောအချိန်တွင် သူလိုအပ်သည့်ဖြေသိမ့်မှုနှင့် သက်သာမှုကို မည်သို့ရနိုင်မည်နည်း။
ဂျိုးနှင့် ရီဗက္ကာတို့သည် ယာဉ်တိုက်မှုတစ်ခုကြောင့် သူတို့၏ ၁၉ နှစ်အရွယ်သားကို ဆုံးရှုံးလိုက်ကြရသည်။ “ဒီလိုပျက်ပျက်ပြုန်းပြုန်းဆုံးရှုံးမှုမျိုးကို တစ်ခါမှမကြုံခဲ့ဖူးဘူး” ဟု သူတို့ကဆိုသည်။ “အရင်က တခြားသူတွေရဲ့ဆုံးရှုံးမှုတွေအတွက် သူတို့နဲ့အတူ ငိုကြွေးမြည်တမ်းခဲ့ကြဖူးပေမဲ့ အခုခံစားနေရသလိုမျိုး အကြီးအကျယ်နှလုံးကြေကွဲနာကျင်မှုကို တကယ်မခံစားခဲ့ရဖူးဘူး။” ယင်းသို့သော “အကြီးအကျယ်နှလုံးကြေကွဲနာကျင်မှု”—သင်ချစ်မြတ်နိုးရသူတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းအတွက် အလွန်အမင်းဝမ်းနည်းပူဆွေးမှု—ကို အဘယ်အရာက ငြိမ်းအေးလျှော့ပေါ့စေနိုင်မည်နည်း။
ထိုသူတစ်ဦးချင်းစီနှင့် အခြားသန်းနှင့်ချီသောသူတို့သည် အရင်းအမြစ်တစ်ခုမှ နှစ်သိမ့်မှုနှင့် ဖြေသိမ့်မှု အကြီးအကျယ်ရရှိခဲ့ကြပြီ။ အသင်လည်း အဆိုပါအရင်းအမြစ်မှ မည်သို့အကျိုးကျေးဇူးခံစားနိုင်မည်ကိုသိရှိရန် ကျေးဇူးပြု၍ ဆက်ဖတ်ရှုပါလေ။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 5 သေဆုံးခဲ့သည့် စစ်ဘက်အမှုထမ်းများနှင့် အရပ်သားတို့၏အရေအတွက် အတိအကျကို မသိကြရချေ။ ဥပမာ၊ အမေရိကန်စစ်ပွဲများနှင့်ပတ်သက်သော အမှန်တရားများ ၁၉၉၈ စာအုပ်တွင် ဒုတိယကမ္ဘာစစ်ပွဲတစ်ခုတည်းနှင့်ပတ်သက်၍ ဤသို့မှတ်တမ်းတင်ထားသည်– “ဒုတိယကမ္ဘာစစ်ကြောင့်သေပွဲဝင်သူများ (စစ်ဘက်နှင့် အရပ်ဘက်) ၏စုစုပေါင်းအရေအတွက်မှာ သန်း ၅၀ ဖြစ်သည်ဟု မှတ်တမ်းများစွာကဖော်ပြကြသော်လည်း ထိုအကြောင်းကို အသေးစိတ်လေ့လာခဲ့ကြသူများစွာတို့က တိကျသောအရေအတွက်မှာ သာ၍မြင့်မားသည်—အဆိုပါအရေအတွက်၏ နှစ်ဆအထိဖြစ်သည်—ဟုယူမှတ်ကြ၏။”
^ အပိုဒ်၊ 6 အမည်ပြောင်းထားပါသည်။
[Picture Credit Lines on page 3]
UNITED NATIONS/PHOTO BY J. K. ISAAC
UN PHOTO 146150 BY O. MONSEN