မာတိကာဆီ ကျော်သွား

မာတိကာဆီ ကျော်သွား

သင်မှတ်မိသလော

သင်မှတ်မိသလော

သင်​မှတ်မိ​သလော

မကြာသေးမီ​က​ထုတ်ဝေ​ခဲ့​သော ကင်းမျှော်စင် စာစောင်​များ​ကို ဖတ်ရှု​ရ​၍ တန်ဖိုး​ထား​လေးမြတ်​ခဲ့​ပါသလော။ သို့​ဖြစ်​လျှင် အောက်ပါ​မေးခွန်းများကို သင်​ဖြေဆို​နိုင်၊ မဖြေ​ဆိုနိုင် စမ်း​ကြည့်​ပါ–

ကိုရီးယား​တွင် ခရစ္စမတ်​ကို လက်ခံ​လာရန် အဘယ်အရာက လွယ်ကူ​စေ​ခဲ့​သနည်း။

ကိုရီးယား​နှင့်​အခြား​နိုင်ငံ​အချို့​တွင် ဒီဇင်ဘာ​လ​၌ မီးခိုး​ခေါင်းတိုင်​မှ​ဆင်းလာ​ပြီး လက်ဆောင်​များ ယူလာ​သော မီးဖိုချောင်​ဘုရား​ဟူ၍ ရှေး​ယုံကြည်ချက်​တစ်ခု​ရှိခဲ့​သည်။ ထို့​ပြင် ဒုတိယ​ကမ္ဘာ​စစ်​ပြီး​နောက် ယူ.အက်စ်. တပ်သား​များသည် ဒေသခံ​ချာ့ခ်ျ​များ​တွင် လက်ဆောင်​များနှင့်​ထောက်ပံ့​ပစ္စည်း​များ​ကို ဝေငှ​ပေး​ခဲ့​ကြသည်။—၁၂/၁၅၊ စာမျက်နှာ ၄၊ ၅။

ဟေရှာယ ၂၁:၈ ၏​ပြည့်စုံချက်​အနေ​နှင့် ကျွန်ုပ်​တို့​ခေတ်တွင် အဘယ် “ကင်းစောင့်” ကို​ဘုရားသခင်​ခန့်အပ်​ထား​သနည်း။

ကင်းစောင့်​အတန်းအစား​အဖြစ် အမှုထမ်းဆောင်​လျက်​ရှိသော ဝိညာဉ်​တော်​ဘိသိက်ခံ​ခရစ်ယာန်​များသည် ကျမ်းစာ​ပရောဖက်ပြုချက်​ကို ပြည့်စုံ​စေသော ကမ္ဘာ့​ဖြစ်ရပ်​များ​၏​အဓိပ္ပာယ်​ကို လူ​တို့အား သတိပြု​စေ​ခဲ့​ကြပြီ။ ထို့​ပြင် သူတို့သည် ကျမ်းစာ​ကျောင်းသား​များ​ကို ကျမ်းစာ​နှင့်​မညီညွတ်​သော အယူဝါဒ​များနှင့်​အကျင့်အကြံ​များ​ကို ခွဲခြား​သိမြင်ပြီး​ရှောင်ရှား​နိုင်​ရန်​လည်း ကူညီပေး​ခဲ့​ကြပြီ။—၁/၁၊ စာမျက်နှာ ၈၊ ၉။

“ပိုလန်​ညီအစ်ကို​များ” ကား​မည်သူ​တို့​နည်း။

သူတို့သည် သမ္မာကျမ်းစာ​ကို လက်ခံ​နာယူ​ရန်​အားပေး​သည့်​အပြင် သုံးပါး​ပေါင်း​တစ်ဆူ၊ နို့စို့​ကလေး​ကို​နှစ်ခြင်း​ပေးခြင်း​နှင့် မီးငရဲ​အစ​ရှိသော ရေပန်းစား​နေသည့် ချာ့ခ်ျ​အယူဝါဒ​များ​ကို ငြင်းပယ်​ခဲ့​ကြ​သည့် ၁၆ ရာစု​နှင့် ၁၇ ရာစုနှစ်​က ပိုလန်​နိုင်ငံ​မှ ဘာသာရေး​အဖွဲ့​ငယ်​တစ်ခု​ဖြစ်သည်။ အတန်​ကြာသော် သူတို့သည် ပြင်းထန်​စွာ​နှိပ်စက်​ညှဉ်းပန်း​ခံ​ခဲ့​ကြ​ရပြီး အခြား​နိုင်ငံ​များ​သို့ ကွဲလွင့်​သွားခဲ့သည်။—၁/၁၊ စာမျက်နှာ ၂၁-၃ [လိပ်]။

ကျမ်းစာ​ပရောဖက်ပြုချက်​များ​ကို အနာဂတ်​ဗေဒင်​ဆရာများ သို့​မဟုတ် နက္ခတ်​ဗေဒ​ပညာရှင်​များ​၏ ဟောကိန်း​များ​ထက် အဘယ်ကြောင့် ယုံကြည်​စိတ်ချ​နိုင်​သနည်း။

ပရောဖက်​ဟု​ဆို​သူများ​သည် ယေဟောဝါ​နှင့် သမ္မာကျမ်းစာ​ကို လျစ်လျူရှု​ကြသော​ကြောင့် သူတို့ကို ယုံကြည်​စိတ်ချ​၍​မရချေ။ ကျမ်းစာ​ပရောဖက်ပြုချက်​များ​သာ​လျှင် အဖြစ်အပျက်​များသည် ဘုရားသခင့်​ရည်ရွယ်ချက်​နှင့် မည်သို့​သက်ဆိုင်​ပြီး သင်​နှင့်​သင့်​မိသားစု​တို့အတွက် တာ​ရှည်​အကျိုးပြု​နိုင်​သည်ကို သိရှိ​စေ​သည်။—၁/၁၅၊ စာမျက်နှာ ၃။

နောက်ဆုံး​နေ့ရက်​များ​တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရ​ကြောင်း​တင်ပြ​သည့် သာဓက​အချို့​ကား​အဘယ်နည်း။

စာတန်​ကို ကောင်းကင်​မှ​နှင်ချ​ခြင်း​၏ အကျိုးဆက်များ​ကို ကျွန်ုပ်​တို့​တွေ့မြင်​နိုင်​သည်။ (ဗျာဒိတ် ၁၂:၉) ဗျာဒိတ် ၁၇:၉-၁၁ တွင်​ဖော်ပြ​ထားသော နောက်ဆုံး “ဘုရင်” ၏​အချိန်တွင် ကျွန်ုပ်​တို့​အသက်​ရှင်​နေကြ​ရသည်။ ဘိသိက်ခံ​ခရစ်ယာန်စစ်​များ​၏​အရေအတွက်​သည် လျော့နည်းလာ​သော်လည်း ကြီးစွာ​သော​ဆင်းရဲခြင်း​စတင်​သည့်​အခါ မြေကြီးပေါ်​တွင် သူတို့​ထဲ​မှ​အချို့​ရှိနေ​မည့်​ပုံ​ရှိသည်။—၁/၁၅၊ စာမျက်နှာ ၁၂၊ ၁၃။

ဟဗက္ကုတ်ကျမ်း​ကို အဘယ်​အချိန်​က​ရေးခဲ့​ပြီး ယင်းကို ကျွန်ုပ်​တို့​အဘယ်ကြောင့်​စိတ်ဝင်စား​သင့်​သနည်း။

ဤ​ကျမ်းစာ​စောင်​ကို ဘီ.စီ.အီး. ၆၂၈ ခုနှစ်​ခန့်​က ရေးခဲ့​သည်။ ၎င်း​တွင် ရှေး​ယုဒ​နှင့်​ဗာဗုလုန်​တို့​အပေါ် ယေဟောဝါ​၏​တရား​စီရင်ခြင်း​အကြောင်းပါ​ရှိသည်။ ထို့​ပြင် . . . မကြာမီ​ရောက်ရှိ​လာတော့​မည့် ဘုရားသခင့်​တရား​စီရင်ခြင်း​အကြောင်းလည်း ရေးထားသည်။—၂/၁၊ စာမျက်နှာ ၉။

အရည်အချင်း​ပြည့်စုံသော​ဇနီး​များ​အတွက် မိခင်​တစ်ဦး၏​ပညာရှိ​ဆုံးမ​စကား​ကို သမ္မာကျမ်းစာ​၏​အဘယ်​နေရာတွင် တွေ့ရှိ​နိုင်​သနည်း။

နယပုံပြင်​ကျမ်း​၏ နောက်ဆုံး​အခန်းကြီး ၃၁ တွင်​အလွန်​ကောင်းသော​ဆုံးမ​စကား​ပါရှိ​သည်။—၂/၁၊ စာမျက်နှာ ၃၀၊ ၃၁။

ယေဟောဝါ​သည် ကျွန်ုပ်​တို့ကို “ခရစ်တော်​၏​စိတ်” ဖော်ပြ​ပေး​ခဲ့​သည့်​အတွက် အဘယ်ကြောင့်​ကျေးဇူး​တင်​နိုင်​သနည်း။ (၁ ကောရိန္သု ၂:၁၆)

ခရစ်ဝင်​ကျမ်း​မှတ်တမ်း​အားဖြင့် ယေရှု၏​အတွေးအခေါ်​များ၊ ခံစားချက်​များ၊ လုပ်ဆောင်မှုများ​နှင့် ဦးစားပေး​မှုများ​ကို ယေဟောဝါ​အသိပေးခဲ့​ပြီ။ ၎င်း​သည် အထူးသဖြင့် အသက်ကယ်​ဆယ်​ခြင်း​နှင့်​ဆိုင်သော ဟောပြောခြင်း​လုပ်ငန်း​ကို အလေးထား​ရာ​၌ ယေရှု​နှင့်​ပို​တူ​ရန် ကူညီပေး​နိုင်၏။—၂/၁၅၊ စာမျက်နှာ ၂၅။

ယနေ့ ဘုရားသခင်​သည် ဆုတောင်းချက်​များ​ကို ဖြေကြား​ပေး​သလော။

ဖြေကြား​ပေး​ပါ​သည်။ ဘုရားသခင်​သည် ဆုတောင်းချက်​တိုင်း​ကို မဖြေ​ကြား​ပေး​ဟု သမ္မာကျမ်းစာ​က ဖော်ပြ​သော်လည်း အိမ်ထောင်ရေး​ပြဿနာ​များ​ကဲ့သို့​သော ကိစ္စရပ်​များ​၌ နှစ်သိမ့်မှု​နှင့်​အကူအညီ​တောင်းဆို​သူများကို ကိုယ်တော်​နားညောင်း​ခဲ့​ကြောင်း မျက်မှောက်ခေတ် တွေ့ ကြုံ​မှုများ​က သက်သေထူ​သည်။—၃/၁၊ စာမျက်နှာ ၃-၇။

ဘုရားသခင်​၏​ခွန်အား​ကို ကျွန်ုပ်​တို့ မည်သို့​ရယူ​နိုင်​သနည်း။

၎င်း​အတွက် ဆုတောင်း​နိုင်​ပြီး သမ္မာကျမ်းစာ​မှ ဝိညာဉ်​ရေး​ခွန်အား​ရယူ​နိုင်​သည့်​အပြင် ခရစ်ယာန်​ပေါင်းသင်းမှု​အားဖြင့်လည်း ခွန်အား​ရှိ​နိုင်​ပါ​သည်။—၃/၁၊ စာမျက်နှာ ၁၅၊ ၁၆။

မိဘများသည် ခရစ်ယာန်​အစည်းအဝေးများမှ ပို​၍​အကျိုး​ရရှိရန် သူတို့၏​ကလေး​များ​ကို မည်သို့​ကူညီပေး​နိုင်​သနည်း။

သူတို့၏​ကလေး​များ​ကို ကြို​တင်၍ တစ်မှေး​အိပ်​စေခြင်း​ဖြင့် လန်းဆန်း​နေ​စေရန် ကူညီပေး​နိုင်​သည်။ ရင်းနှီး​ပြီး​သား​စကားလုံး​များ သို့​မဟုတ် နာမည်​များ​ကို​ကြား​သည့်​အခါတိုင်း စာရွက်​တစ်​ရွက်​ပေါ်​တွင် ရေးမှတ်​စေခြင်း​ဖြင့် “မှတ်ချက်များ” ယူ​စေရန် ကလေး​များ​ကို​အားပေးနိုင်​သည်။—၃/၁၅၊ စာမျက်နှာ ၁၇၊ ၁၈။

ယောဘ​၏​ပုံသက်သေ​မှ ကျွန်ုပ်​တို့​သင်ယူ​နိုင်​သည့် အချက်​အချို့​ကား​အဘယ်နည်း။

ယောဘသည် ဘုရားသခင်​နှင့်​ဆက်ဆံ​ရေး​ကို ဦးစားပေး​ခဲ့​ခြင်း၊ လူသားချင်း​များနှင့် ဆက်ဆံ​ရာ​တွင် မျှတသော​သဘော​ရှိခဲ့​ခြင်း၊ အိမ်ထောင်ဖက်​အပေါ် သစ္စာစောင့်သိ​ရန် ကြိုးစား​ခဲ့​ခြင်း၊ သူ၏​မိသားစု​ဝိညာဉ်​ရေး​အတွက် စိုးရိမ်​ပူပန်မှု​တင်ပြ​ခဲ့​ခြင်း​နှင့် စမ်းသပ်မှု​ခံရ​ချိန်​တွင် သစ္စာရှိ​ရှိ​ခံရပ်​ခဲ့​ခြင်း​တို့​ဖြစ်သည်။—၃/၁၅၊ စာမျက်နှာ ၂၅-၇။

သမ္မာကျမ်းစာ​တွင် ကွယ်ဝှက်​ထားသော​သတင်း​များ​ကို ထိုးထွင်း​သိမြင်​စေသည့် စကားဝှက်​ရှိပါ​သလော။

မရှိပါ။ လောက​စာအုပ်​အချို့​တွင် စကားဝှက်​ဟု​ထင်မှတ်​ရ​ရာ​ရှိသည်​ဟု ထပ်တူ​အဆိုပြု​ချက်​များ​ပြု​နိုင်​သည်။ သမ္မာကျမ်းစာ​ရှိ စကားဝှက်​ဟု​ထင်မှတ်​ရ​ရာ​များသည် ဟေဗြဲ​စာမူ​များ​တွင် စာလုံးပေါင်း​ပြောင်းလဲ​သွားခြင်း​ဖြင့် အဓိပ္ပာယ်မဲ့​သွား​နိုင်​ပေ​သည်။—၄/၁၊ စာမျက်နှာ ၃၀၊ ၃၁။