လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်နိုင်ပါဦးမည်လော
လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်နိုင်ပါဦးမည်လော
“ထာဝရအသက်” ရဖို့ ကျွန်ုပ်တို့သည် ဘုရားသခင်ကို စိတ်နှလုံးအကြွင်းမဲ့ချစ်၍ ကျွန်ုပ်တို့၏အိမ်နီးချင်းကို ကိုယ်နှင့်အမျှချစ်ရမည်ဟု ကျမ်းတတ်ဆရာတစ်ဦး ပြောပြီးရုံရှိသေး၏။ ယေရှုက ထိုသူကိုချီးမွမ်း၍ ဤသို့ဆိုသည်– “သင်၏စကားသည်မှန်ပေ၏။ ‘ထိုသို့ ပြုလျှင်အသက်ကိုရမည်။’ ” (လုကာ ၁၀:၂၅-၂၈; ဝတ်ပြုရာ ၁၉:၁၈; တရားဟောရာ ၆:၅) သို့သော် ထိုသူက မိမိကိုယ်ကိုဖြောင့်မတ်သည်ဟု သက်သေထူလိုသဖြင့် ဤသို့မေးသည်– “အဘယ်သူသည် အကျွန်ုပ်၏အိမ်နီးချင်းဖြစ်ပါသနည်း။”
‘သင်၏ဂျူးအမျိုးသားချင်း’ ဖြစ်သည်ဟု ယေရှုမိန့်တော်မူဖို့ ထိုကျမ်းတတ်ဆရာမျှော်လင့်ခဲ့မည်မှာ ယုံမှားဖွယ်မရှိချေ။ သို့သော် ယေရှုက ကျွန်ုပ်တို့နှင့် လူမျိုးမတူညီသူတို့သည်လည်း ကျွန်ုပ်တို့၏အိမ်နီးချင်းများဖြစ်ကြောင်းကိုဖော်ပြသည့် အိမ်နီးချင်းပီသသော ရှမာရိတစ်ဦးအကြောင်းမိန့်ဆိုခဲ့သည်။ (လုကာ ၁၀:၂၉-၃၇; ယောဟန် ၄:၇-၉) ယေရှု၏ဓမ္မအမှုအတွင်း ကိုယ်တော်က ဘုရားသခင်ကိုချစ်ခြင်းနှင့် ကျွန်ုပ်တို့၏အိမ်နီးချင်းကိုချစ်ခြင်းမှာ ကျွန်ုပ်တို့ဖန်ဆင်းရှင်၏ အရေးအကြီးဆုံးပညတ်ဖြစ်ကြောင်း အလေးပေးဖော်ပြခဲ့သည်။—မဿဲ ၂၂:၃၄-၄၀။
သို့သော် မိမိတို့၏အိမ်နီးချင်းများကို အမှန်တကယ်ပင်ချစ်ခဲ့ဖူးကြသော လူအုပ်စုတစ်စု ရှိခဲ့ပါသလော။ လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦးချစ်ခင်ခြင်းမှာ အမှန်ပင်ဖြစ်နိုင်ပါမည်လော။
ပထမရာစုနှစ်ရှိ အံ့ဖွယ်အမှု
လူမျိုးရေး၊ နိုင်ငံရေးနှင့် အခြားကန့်သတ်ချက်အားလုံးကျော်ဖြတ်သွားသည့် မေတ္တာအားဖြင့် မိမိ၏နောက်လိုက်များကို အသိအမှတ်ပြုကြလိမ့်မည်ဟု ယေရှုမိန့်တော်မူခဲ့သည်။ ကိုယ်တော် ဤသို့မိန့်ဆိုသည်– “သင်တို့သည် အချင်းချင်းတစ်ယောက်ကိုတစ်ယောက် ချစ်ကြလော့။ ငါသည် သင်တို့ကိုချစ်သည်နည်းတူ အချင်းချင်းချစ်ကြလော့ဟု ပညတ်သစ်ကိုငါပေး၏။” ထို့နောက်တွင် ဤသို့ထပ်ဆင့်မိန့်ဆို၏– “သင်တို့သည် အချင်းချင်းချစ်ကြလျှင်၊ လူအပေါင်းတို့သည် ထိုမေတ္တာကိုထောက်၍ သင်တို့သည် ငါ၏တပည့်ဖြစ်သည်ကို သိရကြလိမ့်မည်။”—ယောဟန် ၁၃:၃၄၊ ၃၅; ၁၅:၁၂၊ ၁၃။
ယေရှု၏ပုံသက်သေအားဖြင့် ကျောထောက်နောက်ခံပြုထားသည့် မေတ္တာနှင့်ပတ်သက်သော ကိုယ်တော်၏သွန်သင်ချက်များသည် ပထမရာစုနှစ်ရှိ အံ့ဖွယ်အမှုတစ်ခုဖြစ်သွားခဲ့၏။ ကိုယ်တော်၏နောက်လိုက်များသည် မိမိတို့၏သခင်ကိုအတုယူကြကြောင်း နေရာအနှံ့မှသူများ သတိပြုမိကာ လေးစားမှုပြလာသည့်နည်းဖြင့် တစ်ဦးကိုတစ်ဦး
ချစ်တတ်ရန် သင်ယူခဲ့ကြသည်။ စီ.အီး. ဒုတိယနှင့် တတိယရာစုနှစ်များအတွင်း အသက်ရှင်ခဲ့သော စာရေးဆရာတာတူလျန်က ခရစ်ယာန်မဟုတ်သူတို့၏စကားကိုကိုးကား၍ ယေရှု၏နောက်လိုက်များကို ဤသို့ချီးမွမ်းသည်– ‘ကြည့်စမ်းပါဦး၊ သူတို့တစ်ယောက်နဲ့တစ်ယောက် ဘယ်လောက်ချစ်လိုက်ကြသလဲ၊ တစ်ယောက်အတွက်တစ်ယောက် သေဖို့တောင် ဝန်မလေးကြဘူးနော်။’အမှန်ပင်၊ တမန်တော်ယောဟန်က ဤသို့ရေးသားခဲ့သည်– “ငါတို့သည်လည်း ညီအစ်ကိုချင်းတို့အဖို့အလိုငှာ အသက်ကိုစွန့်ရကြ၏။” (၁ ယောဟန် ၃:၁၆) ယေရှုက မိမိ၏နောက်လိုက်များအား ရန်သူတို့ကိုပင် မေတ္တာထားဖို့ သင်ပေးခဲ့သည်။ (မဿဲ ၅:၄၃-၄၅) သူတို့အား ယေရှုသွန်သင်ပေးခဲ့သည့်အတိုင်း လူတို့သည် အခြားသူတို့ကို အမှန်ပင်ချစ်ခင်ကြသောအခါ အဘယ်အကျိုးဖြစ်ထွန်းသနည်း။
နိုင်ငံရေးသိပ္ပံဘာသာရပ်မှ ပါမောက္ခတစ်ဦးက အဆိုပါမေးခွန်းကို အခြေခံကျကျဆင်ခြင်သုံးသပ်သည်။ သို့နှင့် သူက ခရစ်ယာန်ရာစုနှစ်တွင် မှတ်တမ်းတင်ထားသည့်အတိုင်း ဤသို့မေးမြန်းခဲ့သည်– “ယေရှုသည် ရန်သူများအား လက်ပစ်ဗုံးနှင့် ပစ်နေပုံ၊ စက်သေနတ်တစ်လက်နှင့် မွှ့ေရမ်းနေပုံ၊ မီးသေနတ်ကြီးနှင့် ပစ်ခတ်နေပုံ၊ မိခင်များ၊ ကလေးများအပါအဝင် လူပေါင်းထောင်နှင့်ချီပြီး သေစေဖို့ သို့မဟုတ် ဒုက္ခိတများဖြစ်စေဖို့ နျူကလီးယားဗုံးများကြဲချနေပုံ၊ တိုက်ချင်းပစ်ဒုံးပျံကြီးများ အသုံးပြုပစ်ခတ်နေမည်ဟု တစ်ဦးတစ်ယောက်စဉ်းစားပါမည်လော။”
ထိုပါမောက္ခက အဖြေတွင် ဤသို့ဆိုသည်– “ဖြေဖို့ပင်မသင့်သည့် လုံးဝသဘာဝမကျသောမေးခွန်းဖြစ်သည်။” ထို့နောက် သူက ဤသို့မေးခွန်းမေး၏– “ယေရှုသည် ယင်းသို့ လုံးဝမလုပ်သည့်အပြင် ထိုသို့ပြုလုပ်ခြင်းက ကိုယ်တော့်ဥပဓိရုပ်တော်နှင့် ညီညွတ်မှုမရှိနိုင်လျှင် ကျွန်ုပ်တို့သည် ယင်းသို့ပြုလုပ်၍ ကိုယ်တော့်အား မည်သို့သစ္စာစောင့်နိုင်မည်နည်း။” ထို့ကြောင့် ယေရှု၏ကနဦးနောက်လိုက်များသည် သမိုင်းစာအုပ်များစွာ၌ ကောင်းစွာမှတ်တမ်းတင်ထားသည့်အတိုင်း ကြားနေခြင်း၌ရပ်တည်ခဲ့ကြသည်မှာ ကျွန်ုပ်တို့ အံ့အားသင့်စရာမလိုချေ။ ဥပမာနှစ်ခုကိုသာ သုံးသပ်ကြည့်ကြစို့။
အန်. ပလက်နှင့် အမ်. ဂျေ. ဒရောမွန်ရေးသားသော ခေတ်များတစ်လျှောက် ကျွန်ုပ်တို့၏လောကက ဤသို့ဆိုသည်– “ခရစ်ယာန်တို့၏ပြုမူပုံသည့် ရောမတို့နှင့် အလွန်ပင်ကွာခြားသည်။ . . . ယေရှုသည် ငြိမ်းချမ်းရေးအကြောင်းဟောပြောခဲ့ရာ စစ်သားများဖြစ်လာဖို့ သူတို့ငြင်းဆိုကြပေမည်။” အက်ဒွက် ဂစ်ဘွန်က ရောမအင်ပါယာဆုတ်ယုတ်ကျဆုံးခြင်းတွင် ဤသို့ဖော်ပြသည်– “[ကနဦးခရစ်ယာန်များ] သည်နယ်မြေအုပ်စိုးမှုရာထူး သို့မဟုတ် အင်ပါယာ၏စစ်ခုခံကာကွယ်ရေးတွင် မည်သည့်အပိုင်းကဏ္ဍကိုမဆို ထမ်းဆောင်ရန်ငြင်းဆန်ကြ၏။ . . . ခရစ်ယာန်များသည် သာ၍မြင့်မြတ်သောတာဝန်ကို မစွန့်လွှတ်ဘဲနှင့် စစ်သည်တစ်ယောက်၏စရိုက်ကို ယူဖို့မဖြစ်နိုင်ချေ။”
ယနေ့အချိန်နှင့်ပတ်သက်၍ကော
ခရစ်တော်ကဲ့သို့သောမေတ္တာကို ပြသသူတစ်စုံတစ်ဦးရှိပါသလော။ ကနေဒီယာနာစွယ်စုံကျမ်းက ဤသို့ဆိုသည်– “ယေဟောဝါသက်သေများ၏လုပ်ငန်းသည် ယေရှုနှင့် ကိုယ်တော်၏တပည့်တော်များ ကျင့်သုံးခဲ့သည့် အစကနဦး ခရစ်ယာန်ဘာသာတရား တစ်ဖန်ပြန်အသက်ဝင်ခြင်းနှင့် ပြန်လည်တည်ထောင်ခြင်းဖြစ်သည် . . . အားလုံး ညီအစ်ကိုများဖြစ်ကြသည်။”
ယင်းက ဘာကိုဆိုလိုသနည်း။ ယေဟောဝါသက်သေများသည် မိမိတို့၏အိမ်နီးချင်းများကို မုန်းတီးရန် မည်သည့်လူမျိုး၊ နိုင်ငံသား၊ လူမျိုးစုနောက်ခံဖြစ်ပါစေ မည်သည့်အကြောင်းကိုမျှ ခွင့်ပြုမည်မဟုတ်ဟုဆိုလိုပါသည်။ သူတို့သည် ပုံဆောင်သဘောအရ သူတို့ဓားလက်နက်များကို ထွန်သွားဖြစ်စေခြင်းငှာလည်းကောင်း၊ လှံများကို တံဟေရှာယ ၂:၄။
စဉ်ဖြစ်စေခြင်းငှာလည်းကောင်း ထုလုပ်ကြသောကြောင့် မည်သူတစ်ဦးတစ်ယောက်ကိုမျှ သတ်ဖြတ်ကြမည်မဟုတ်ပါ။—ကယ်လီဖိုးနီးယားပြည်နယ်၏ စက်ခ်မင်တိုယူနီယံသတင်းစာမှ အယ်ဒီတာ့အာဘော်တစ်ခုက ဤသို့သတိပြုမိသည်မှာ အံ့ဩစရာမဟုတ်ပါ– “တစ်ကမ္ဘာလုံးသည် ယေဟောဝါသက်သေတို့၏အယူဝါဒအတိုင်း အသက်ရှင်ကြမည်ဆိုလျှင် သွေးထွက်သံယိုမှုနှင့် မုန်းတီးမှုသည် ချုပ်ငြိမ်းကာ မေတ္တာလွှမ်းမိုးနေမည်ဟု ဆိုလောက်ပေသည်!”
အလားတူ ဟန်ဂေရီ၏ရင်းဂ်မဂ္ဂဇင်းတွင် စာရေးဆရာတစ်ဦးက ဤသို့မှတ်ချက်ချသည်– “ကမ္ဘာပေါ်တွင် နေထိုင်သူများသည် ယေဟောဝါသက်သေတွေချည်းသာဖြစ်လျှင် စစ်ပွဲများရှိတော့မည်မဟုတ်ဘဲ ရဲတို့၏တာဝန်သည် ယာဉ်ထိန်းသိမ်းခြင်းနှင့် နိုင်ငံကူးလက်မှတ်များထုတ်ပေးဖို့တာဝန်သာရှိတော့မည်ဟု ကျွန်တော်သဘောထိုင်ခဲ့သည်။”
အီတလီဘာသာရေးမဂ္ဂဇင်း အန်ဒါရီ အဲလီဂျင်တီတွင် ရိုမင်ကက်သလစ်သီလရှင်တစ်ဦးကလည်း သက်သေခံတို့အကြောင်း လေးစားစွာဖြင့် ဤသို့ရေးသားခဲ့သည်– “သူတို့သည် အဓမ္မမှုမှန်သမျှကို ရှောင်ကြဉ်ပြီး သူတို့၏ယုံကြည်ခြင်းကြောင့် ခံရသည့် ဆင်းရဲကျပ်တည်းမှုအမျိုးမျိုးကို ဖီဆန်မှုမရှိဘဲ ခါးစည်းခံရပ်ကြသည် . . . တစ်နေ့သောနံနက်၌ ကျွန်မတို့အားလုံး အိပ်ရာမှနိုးထသည်နှင့် ဘာပဲဖြစ်လာဖြစ်လာ ယေဟောဝါသက်သေများနည်းတူ နောက်တစ်ဖန် လက်နက်မကိုင်တော့ဟု အခိုင်အမာဆုံးဖြတ်ချက်ချနိုင်ကြမည်ဆိုလျှင် ဤကမ္ဘာကြီးသည် အမှန်ပင် အခြားကြီးခြားနားသွားပေမည်!”
သက်သေခံများသည် မိမိတို့၏အိမ်နီးချင်းကိုကူညီရာ၌ အစပြုဆောင်ရွက်ကြကြောင်းကို သတိထားမိကြ၏။ (ဂလာတိ ၆:၁၀) လစ်ဗီးယားသူတစ်ဦးက သူ၏ဆိုဗီယက်ရှိ မိန်းမအကျဉ်းထောင်စာအုပ်တွင် ၁၉၆၀ ပြည့်လွန်နှစ်များအလယ်ပိုင်း၌ ပေါ့မာအပြစ်ဒဏ်စခန်းတွင် အလုပ်လုပ်စဉ် သူသည် အပြင်းအထန်ဖျားနာခဲ့ကြောင်း ဖော်ပြသည်။ “ကျွန်မ ဖျားနာနေချိန်တစ်လျှောက်တွင် [သက်သေခံများ] သည် တာဝန်ကျေသောသူနာပြုများဖြစ်ကြ၏။ အထူးသဖြင့် စခန်းအခြေအနေမျိုးအောက်မှာ ဒီထက်ကောင်းတဲ့ပြုစုစောင့်ရှောက်မှုမျိုး ရှိနိုင်မည်မဟုတ်ပေ။” သူဤသို့ထပ်ပြောသည်– “ယေဟောဝါသက်သေတွေဟာ မည်သည့်ဘာသာ သို့မဟုတ် မည်သည့်လူမျိုးဆိုတာကိုထည့်မတွက်ဘဲ လူတိုင်းကိုကူညီပေးရေးမှာ မိမိတို့၏တာဝန်ဖြစ်ကြောင်း ယူမှတ်ထားကြသည်။”
မကြာခင်က ချက်ခ်သမ္မတနိုင်ငံထုတ် ပြည်သူ့သတင်းစာ၌ ချွေးတပ်စခန်းများရှိ ယေဟောဝါသက်သေများ၏ ထိုကဲ့သို့သော အမူအကျင့်ကိုရေးသားထားသည်။ ဘရာနိုမြို့ကရိုက်ကူးထုတ်လုပ်သော “အိုးအိမ်မဲ့ဖြစ်ခြင်း” မှတ်တမ်းတင်ရုပ်ရှင်မှ ပြသချက်ပေါ်မူတည်၍ စဗားရိုချက်စ်ကီ ဒန်နီခ် သတင်းစာက ဤသို့ထုတ်ဖော်ပြောဆိုသည်– “ထောင်သားများကြား ယေဟောဝါသက်သေများကို သဘောကျနှစ်သက်ကြောင်း အံ့သြချီးမွမ်းသည့်သက်သေပြုချက်ကို ယုံကြည်စိတ်ချရသော တစ်ခေတ်တည်းသားများ [စစ်ဒဏ်မှလွတ်လာသူ ချက်ခ်နှင့် စလိုဗက်ဂျူးများ] မှ အသိအမှတ်ပြုကြခြင်းမှာ မှတ်သားလောက်စရာပင်ဖြစ်သည်။ ‘သူတို့ဟာ သတ္တိခဲတွေဖြစ်ကြပြီး သေဒဏ်အပြစ်ပေးခြင်းခံရတာကိုတောင် ဂရုမထားဘဲ သူတို့တတ်နိုင်သမျှ အရာရာတိုင်းမှာ ကျွန်တော်တို့ကို ကူညီကြတယ်’ ဟူ၍များစွာတို့က မှတ်ချက်ချခဲ့ကြသည်။ ‘သူတို့ဟာ သူတို့ရဲ့မိသားစုထဲမှာ ကျွန်တော်တို့ပါဝင်တဲ့အလား ကျွန်တော်တို့အတွက်ဆုတောင်းပေးကြပြီး လက်မလျှော့ဖို့ သူတို့က အားပေးကြတယ်။’ ”
သို့သော် သင့်အား အမှန်ပင်မုန်းတီးသူတို့အပေါ် မေတ္တာထားရေးနှင့်ပတ်သက်၍ကော။ ယင်းသည် ဖြစ်နိုင်ပါမည်လော။
မေတ္တာသည် မုန်းတီးမှုအပေါ် အောင်ပွဲခံ
ယေရှုသွန်သင်ပေးသော ရန်သူအပေါ်ချစ်သည့်မေတ္တာမှာ သမ္မာကျမ်းစာ၏နယပုံပြင်ကျမ်းနှင့် ကိုက်ညီသည်– “သင်၏ရန်သူသည် မွတ်သိပ်လျှင် လုပ်ကျွေးလော့။ ရေငတ်လျှင် သောက်စရာဖို့ပေးလော့။” (သု. ၂၅:၂၁; မဿဲ ၅:၄၄) တစ်ချိန်က ရန်သူများဖြစ်သည်ဟုယူမှတ်ခဲ့ပြီး တစ်ဦးတစ်ယောက်ထံမှ မေတ္တာပါ ပါသောဂရုစိုက်မှု၏အ ပြုသဘောပါသောအကျိုး သက်ရောက်မှုကြောင့် မကြာသေးမီက ယေဟောဝါသက်သေတစ်ဦးဖြစ်လာသူ လူမည်းအမျိုးသမီးတစ်ဦးက ဤသို့ရေးသားသည်– “မကြာသေးခင်က တော်လှန်ရေးအတွက် ကျွန်မအနေနဲ့ သတ်ပစ်ဖို့ဝန်မလေးသူတွေဖြစ်ကြတဲ့ လူဖြူသက်သေခံများရဲ့ စစ်မှန်တဲ့မတ္တာကို ခံစားလိုက်ရတဲ့အခါ ကျွန်မဟာ ထိန်းလို့မရနိုင်လောက်အောင် မျက်ရည်ပေါက်ပေါက်ကျလာတဲ့အထိ ကျွန်မရဲ့စိတ်နှလုံးမှာ လှိုက်လှဲနွေးထွေးသွားပါတယ်။”
ဒုတိယကမ္ဘာစစ်အတွင်း အိမ်နီးချင်းတစ်ဦးသည် ဂက်စတာပိုတို့ထံ မိမိ၏မိခင်အကြောင်း သတင်းပေးပို့ခဲ့ကြောင်း ပြင်သစ်မှ သက်သေခံတစ်ဦးကပြန်ပြောပြ၏။ “ရလဒ်ကတော့ ကျွန်မအမေဟာ ဂျာမန်တွေရဲ့ချွေးတပ်စခန်းမှာ နှစ်နှစ်နေခဲ့ရပြီး သေလုမျောပါးဖြစ်ခဲ့တယ်” ဟူ၍သမီးဖြစ်သူက ရှင်းပြသည်။ “စစ်ပြီးတဲ့နောက် ပြင်သစ်ရဲဘက်က အမေ့ကို အဲဒီအမျိုးသမီးဟာ ဂျာမန်တွေနဲ့ပူးပေါင်းပြီး သစ္စာဖောက်သူတစ်ဦးအဖြစ် ပြစ်မှုမှာပါဝင်တယ်ဆိုပြီး စာရွက်ပေါ် လက်မှတ်ရေးထိုးစေလိုတယ်။ ဒါပေမဲ့ ကျွန်မအမေက ငြင်းဆန်လိုက်တယ်။” မကြာခင်အချိန်တွင် ထိုအိမ်နီးချင်းမှာ ကင်ဆာရောဂါကျွမ်းနေကြောင်းသိရသည်။ သမီးဖြစ်သူက ဤသို့ပြောပြသည်– “သူရဲ့နောက်ဆုံးလတွေမှာ အဆင်ပြေအသက်သာဆုံးဖြစ်စေနိုင်ဖို့ အမေဟာ ကူညီပေးရာမှာ အချိန်အများကြီးကို အသုံးပြုခဲ့တယ်။ မေတ္တာဟာ မုန်းတီးမှုအပေါ် ဒီလိုအောင်ပွဲခံသွားတာကို ကျွန်မတစ်သက်ဖြင့် မေ့လို့ရမှာမဟုတ်တော့ပါဘူး။”
လူတို့သည် တစ်ဦးနှင့်တစ်ဦးချစ်ခင်ဖို့ သင်ယူနိုင်ကြသည်မှာ သံသယဖြစ်စရာမလိုချေ။ ယခင်က ရန်သူများဖြစ်ခဲ့ကြသူ—ဟူတူနှင့် တွတ်စီ၊ ဂျူးနှင့် အာရပ်၊ အာမီးနီးယန်းနှင့် တူရကီ၊ ဂျပန်နှင့် အမေရိကန်၊ ဂျာမန်နှင့် ရုရှား၊ ပရိုတက်စတင့်နှင့် ကက်သလစ်—အားလုံးသည် သမ္မာကျမ်းစာ အမှန်တရားကြောင့် စည်းလုံးနေကြလေပြီ!
သန်းနှင့်ချီသောသူတို့သည် ယခင်က ရန်ငြိုးထား၍ မုန်းတီးနေကြသော်လည်း ယခု တစ်ဦးကိုတစ်ဦးချစ်ခင်နေကြခြင်းက ကမ္ဘာတစ်ဝန်းရှိလူတို့ ဤသို့ဖြစ်နိုင်ကြောင်း သေချာပါသည်။ သို့သော် ဝန်ခံရမည်မှာ လူခပ်သိမ်းတို့ တစ်ဦးကိုတစ်ဦး ချစ်ခင်ကြလိုလျှင် ကမ္ဘာချီ၍အလွန်တရာမှ ပြောင်းလဲမှုလိုအပ်ပေလိမ့်မည်။ အဆိုပါပြောင်းလဲမှုမှာ မည်သို့ ဖြစ်လာလိမ့်မည်နည်း။
[စာမျက်နှာ ၇ ပါ ရုပ်ပုံ]
တောင်အာဖရိကတွင် လူဖြူနှင့် လူမည်း
အဂျူးနှင့် အာရပ်
ဟူတူနှင့် တွတ်စီ
ပုံဆောင်သဘောအရ သက်သေခံတို့သည် သူတို့၏ဓားလက်နက်များကို ထွန်သွားဖြစ်စေကြ