ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်လော့
ကျွန်ုပ်တို့ခေတ်အတွက် ဘုရားသခင့် ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်လော့
“အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ်[အဆင်းအာရုံ]သည် အမှုကုန်ရသော [“ဆုံးခန်း၊” ကဘ] ကာလနှင့်ဆိုင်သည်။” —ဒံယေလ ၈:၁၇။
၁။ ယေဟောဝါသည် ကျွန်ုပ်တို့၏ခေတ်နှင့်ပတ်သက်၍ လူသားအားလုံးကို အဘယ်အရာသိစေလိုသနည်း။
ယေဟောဝါသည် အနာဂတ်ဖြစ်ရပ်များဆိုင်ရာအသိပညာကို မိမိတစ်ဦးတည်းသိစေသည်မဟုတ်ပါ။ ယင်းအစား ကိုယ်တော်သည် လျှို့ဝှက်ချက်များကို ဖော်ပြတော်မူသောအရှင်ဖြစ်၏။ အမှန်မှာ၊ ကျွန်ုပ်တို့သည် “ဆုံးခန်းကာလ” ၏အဆုံးပိုင်းတွင်ရောက်နေကြောင်း အားလုံးကိုသိစေလိုသည်။ ယင်းသည် ယခု မြေကြီးပေါ်တွင် အသက်ရှင်နေကြသည့် လူသန်းခြောက်ထောင်အတွက် တကယ်အရေးပါသည့်သတင်းတစ်ရပ်ပင်တည်း!
၂။ လူ့အနာဂတ်နှင့်ပတ်သက်၍ လူတို့အဘယ်ကြောင့်စိုးရိမ်မကင်းဖြစ်နေကြသနည်း။
၂ ဤလောက၏အဆုံးနီးနေခြင်းသည် အံ့ဩစရာလော။ လူသည် လကမ္ဘာပေါ်တွင် လမ်းလျှောက်နိုင်သော်လည်း ဤကမ္ဘာဂြိုဟ်၏နေရာဒေသများစွာရှိလမ်းများပေါ်တွင် ကြောက်စရာမလိုဘဲ လမ်းလျှောက်မသွားနိုင်ပါ။ အိမ်တစ်လုံးကို ခေတ်မီပစ္စည်းကိရိယာများနှင့် အပြည့်ထားနိုင်သော်လည်း ပြိုကွဲနေသည့်မိသားစုတိုးများလာနေခြင်းကို မဟန့်တားနိုင်ပါ။ သတင်းစုံရနိုင်သောခေတ်ကို ဖြစ်ပေါ်စေနိုင်သော်လည်း ငြိမ်းချမ်းစွာအတူတကွနေထိုင်တတ်ရန် သင်ကြားမပေးနိုင်ပါ။ ဤအထမမြောက်မှုများက ကျွန်ုပ်တို့သည် ဆုံးခန်းကာလတွင် အသက်ရှင်နေကြသည်ဟူသော ကျမ်းဆိုင်ရာအထောက်အထားများစွာကို ထောက်ခံပါသည်။
၃။ မည်သည့်အချိန်က “ဆုံးခန်းကာလ” ဟူသည့်စကားလုံးများကို မြေကြီးပေါ်တွင် ဦးဆုံးအသုံးပြုခဲ့သနည်း။
၃ ထူးခြားသည့်ဤစကားလုံးများ—“ဆုံးခန်းကာလ”—ကိုလွန်ခဲ့သည့်နှစ်ပေါင်း ၂,၆၀၀ ခန့်က ကောင်းကင်တမန်ဂါဗြေလသည် မြေကြီးပေါ်တွင် ဦးဆုံးအသုံးပြုခဲ့သည်။ အထိတ်တလန့်ဖြစ်နေသည့် ဘုရားသခင့်ပရောဖက်တစ်ပါးသည် ဂါဗြေလကဤသို့ပြောသည်ကို ကြားခဲ့ရသည်– “အချင်းလူသား၊ နားလည်လော့။ ဤဗျာဒိတ် [အဆင်းအာရုံ] သည် အမှုကုန်ရသော [“ဆုံးခန်း၊” ကဘ] ကာလနှင့်ဆိုင်သည်။”—ဒံယေလ ၈:၁၇။
“ဆုံးခန်းကာလ” သည် ယခုအချိန်ပင်ဖြစ်!
၄။ သမ္မာကျမ်းစာသည် ဆုံးခန်းကာလကို အခြားမည်သည့်နည်းများဖြင့်ရည်ညွှန်းသနည်း။
၄ “ဆုံးခန်းကာလ” နှင့် “ချိန်းချက်ထားသောဆုံးခန်းကာလ” ဟူသည့်အသုံးအနှုန်းများသည် ဒံယေလကျမ်းတွင် ခြောက်ကြိမ်ပါသည်။ (ဒံယေလ ၈:၁၇၊ ၁၉; ၁၁:၃၅၊ ၄၀; ၁၂:၄၊ ၉) ယင်းတို့သည် တမန်တော်ပေါလုကြိုပြောခဲ့သည့် “နောက်ဆုံးကာလ” နှင့်ဆက်စပ်နေသည်။ (၂ တိမောသေ ၃:၁-၅) ယေရှုခရစ်က ယင်းကာလကို ကောင်းကင်တွင်နန်းထိုင်ဘုရင်အနေနှင့် မိမိ “ရောက်ရှိခြင်း” အဖြစ်ရည်ညွှန်းခဲ့သည်။—မဿဲ ၂၄:၃၇-၃၉၊ ကဘ။
၅၊ ၆။ မည်သူတို့သည် ဆုံးခန်းကာလအတွင်း “ကြည့်ရှု” ခဲ့ကြပြီး ရလဒ်ကားအဘယ်နည်း။
၅ ဒံယေလ ၁၂:၄ ကဤသို့ဖော်ပြသည်– “သင်ဒံယေလမူကား၊ အမှုကုန်ရသည် [“ဆုံးခန်း၊” ကဘ] ကာလတိုင်အောင် ဤစကားတော်တို့ကိုပိတ်၍ စာစောင်ကိုတံဆိပ်ခတ်ထားလော့။ အများသောသူတို့သည် ထိုစာကိုကြည့်ရှုသောအားဖြင့် ပညာတိုးပွားလိမ့်မည်။” ဒံယေလရေးခဲ့သည့်အရာများစွာကို လူတို့နားမလည်စေရန် နှစ်ရာစုများစွာ လျှို့ဝှက်ပြီး တံဆိပ်ခတ်ထားခဲ့သည်။ သို့သော် ယနေ့ကော။
၆ ဤဆုံးခန်းကာလတွင် သစ္စာရှိခရစ်ယာန်များစွာသည် ဘုရားသခင့်နှုတ်မြွက်စကားတော်ဖြစ်သည့် သမ္မာကျမ်းစာကို “ကြည့်ရှု” ခဲ့ကြပြီဖြစ်သည်။ ရလဒ်ကားအဘယ်နည်း။ သူတို့၏ကြိုးစားမှုများကို ယေဟောဝါကောင်းချီးပေးခြင်းကြောင့် စစ်မှန်သောအသိပညာ တိုးပွားလာလေပြီ။ ဥပမာအနေနှင့် ယေရှုခရစ်သည် ၁၉၁၄ ခုနှစ်တွင် ကောင်းကင်ဘုရင်ဖြစ်လာကြောင်း ထိုးထွင်းသိမြင်နားလည်မှုဖြင့် ဘိသိက်ခံယေဟောဝါသက်သေများ ကောင်းချီးခံစားခဲ့ရသည်။ ၂ ပေတရု ၁:၁၉-၂၁ တွင်မှတ်တမ်းတင်ထားသည့် တမန်တော်၏စကားများနှင့်အညီ ထိုဘိသိက်ခံများနှင့် သူတို့၏သစ္စာရှိအပေါင်းပါများသည် ‘ပရောဖက်ပြုချက်စကားတော်ကိုအာရုံစိုက်’ နေကြပြီး ဆုံးခန်းကာလသည် ယခုအချိန်ပင်ဖြစ်ကြောင်း လုံးဝယုံကြည်စိတ်ချကြသည်။
၇။ ဒံယေလကျမ်းကိုထူးခြားစေသည့် အကြောင်းအချို့ကားအဘယ်နည်း။
၇ ဒံယေလကျမ်းသည် နည်းများစွာဖြင့်ထူးခြား၏။ ထိုကျမ်းတွင် ဘုရင်တစ်ပါးသည် နားလည်ရခက်သည့်မိမိ၏အိပ်မက်အနက်ကို သူ၏ပညာရှိများမဖော်ပြနိုင်ခြင်းကြောင့် ၎င်းတို့ကိုကွပ်မျက်မည်ဟု ခြိမ်းခြောက်ခဲ့သည်၊ သို့သော် ဘုရားသခင့်ပရောဖက်က ဖော်ပြနိုင်ခဲ့သည်။ မိုးထိုးနေသည့်ရုပ်ကို ဝတ်ပြုရန်ငြင်းဆိုခဲ့သောလူငယ်သုံးဦးသည် အလွန်ပူပြင်းသည့်မီးဖိုထဲ ပစ်ချခံခဲ့ရသော်လည်း မီးဘေးမှ သူတို့လွတ်မြောက်ခဲ့သည်။ ပွဲတော်တည်ခင်းနေချိန်တွင် လက်တစ်ချောင်းသည် နန်းတော်နံရံပေါ်၌ နားလည်ရခက်သည့်စကားလုံးများရေးနေသည်ကို လူရာနှင့်ချီ တွေ့ မြင်ခဲ့ကြရသည်။ မကောင်းကြံစည်သူများသည် အသက်ကြီးသူတစ်ဦးကို ခြင်္သေ့တွင်းထဲပစ်ချခဲ့ကြသော်လည်း သူသည် ထိခိုက်ပွန်းပဲ့မှုလုံးဝမရှိဘဲ ထွက်လာခဲ့သည်။ အဆင်းအာရုံတစ်ခုတွင် သားရဲလေးကောင်ကိုမြင်တွေ့ရပြီး ၎င်းတို့သည် ဆုံးခန်းကာလအထိသက်ဆိုင်သည့် ထူးခြားသောပရောဖက်ပြုချက်ဖြစ်ကြောင်းသိရှိရသည်။
၈၊ ၉။ ဒံယေလကျမ်းသည် အထူးသဖြင့် ဤဆုံးခန်းကာလဖြစ်သည့် ယခုအချိန်တွင် ကျွန်ုပ်တို့ကို မည်သို့အကျိုးပြုနိုင်သနည်း။
၈ ဒံယေလကျမ်းတွင် အလွန်ခြားနားသည့်အကြောင်းနှစ်ခုပါသည်မှာ ရှင်းနေသည်။ တစ်ခုမှာ ဇာတ်ကြောင်းဖော်ပြချက်ဖြစ်ပြီး အခြားတစ်ခုမှာ ပရောဖက်ပြုချက်ဖြစ်သည်။ နှစ်ခုစလုံးသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို တည်ဆောက်ပေးနိုင်သည်။ ယေဟောဝါဘုရားသခင်အပေါ်သမာဓိစောင့်သိသူများကို ကိုယ်တော်ကောင်းချီးပေးတော်မူကြောင်း ဇာတ်ကြောင်းဖော်ပြချက်များက တင်ပြသည်။ ယေဟောဝါသည် သမိုင်းကြောင်းကို နှစ်ရာစုပေါင်းများစွာ—နှစ်ထောင်ချီ၍ပင်—ကြိုသိကြောင်း ပရောဖက်ပြုချက်အပိုင်းများကဖော်ပြခြင်းဖြင့် ယုံကြည်ခြင်းကို တည်ဆောက်ပေးသည်။
၉ ဒံယေလမှတ်တမ်းတင်ခဲ့သည့် ပရောဖက်ပြုချက်အသီးသီးက ဘုရားသခင့်နိုင်ငံတော်ကို အာရုံစိုက်စေသည်။ ထိုပရောဖက်ပြုချက်များပြည့်စုံလာသည်ကို ကျွန်ုပ်တို့သတိပြုစဉ် ကျွန်ုပ်တို့၏ယုံကြည်ခြင်းနှင့် ဆုံးခန်းကာလတွင် ကျွန်ုပ်တို့အသက်ရှင်နေရသည်ဟူသော ခံယူချက်ပါ ခိုင်ခံ့လာသည်။ သို့သော် ဝေဖန်သူအချို့က ဒံယေလကို ပြစ်တင်ရှုတ်ချကြပြီး သူ့အမည်တပ်ထားသည့်ကျမ်းစာစောင်ပါ ပရောဖက်ပြုချက်များသည် အမှန်မှာ ၎င်းတို့ကိုပြည့်စုံစေပုံရှိသည့် အဖြစ်အပျက်များဖြစ်ပျက်ပြီးနောက်မှ ရေးသားခဲ့ခြင်းဖြစ်၏ဟု ပြောဆိုကြသည်။ ထိုအဆိုများမှန်ပါက ဆုံးခန်းကာလအကြောင်း ဒံယေလကျမ်းက ကြိုပြောခဲ့သည့်အရာများနှင့်စပ်လျဉ်း၍ အရေးကြီးသည့်မေးခွန်းများ ပေါ်ပေါက်ပါလိမ့်မည်။ သံသယဖြစ်သူတို့ကလည်း ထိုကျမ်း၏ဇာတ်ကြောင်းဖော်ပြချက်များကို စောဒကတက်ကြသည်။ ထို့ကြောင့် စုံစမ်းစစ်ဆေးကြည့်ကြစို့။
အမှုစစ်ဆေးခြင်း!
၁၀။ ဒံယေလကျမ်းသည် အဘယ်သဘောဖြင့် စွပ်စွဲခံရသနည်း။
၁၀ တရားရုံးတစ်ခုတွင် အမှုတစ်ခုစစ်ဆေးချိန်၌ သင်ရောက်နေသည်ဟု စိတ်ကူးကြည့်ပါ။ အစိုးရရှေ့နေက တရားခံသည် လိမ်လည်သည့်အပြစ်ရှိ၏ဟု အခိုင်အမာပြောဆိုသည်။ ဒံယေလကျမ်းသည်လည်း ဘီ.စီ.အီး. ခုနစ်နှင့် ခြောက်ရာစုများအတွင်းအသက်ရှင်ခဲ့သော ဟေဗြဲပရောဖက်တစ်ပါးရေးသားခဲ့သည့် ကျမ်းစစ်ကျမ်းမှန်ဖြစ်သည်ဟု ထိုကျမ်းကိုယ်နှိုက်ကဖော်ပြသည်။ သို့သော် ဝေဖန်သူများက ဤကျမ်းသည် လိမ်လည်မှုတစ်ခုဖြစ်သည်ဟု အခိုင်အမာဆိုကြသည်။ ထို့ကြောင့် ဤကျမ်း၏ဇာတ်ကြောင်းဖော်ပြချက်အပိုင်းသည် သမိုင်းဝင်ဖြစ်ရပ်မှန်နှင့် ညီညွတ်မှုရှိမရှိ ဦးဆုံးကြည့်ကြစို့။
၁၁၊ ၁၂။ ဗေလရှာဇာသည် လုပ်ကြံထားသောဇာတ်ကောင်တစ်ဦးမျှသာဖြစ်သည်ဟူသောစွဲချက်သည် မည်သို့ဖြစ်သွားသနည်း။
၁၁ ပျောက်နေသည့်ဧကရာဇ်ဘုရင်၏အမှုဟု ခေါ်ဆိုနိုင်သည့်အမှုကို ကျွန်ုပ်တို့စစ်ဆေးနေသည်ဆိုကြပါစို့။ ဘီ.စီ.အီး. ၅၃၉ တွင် ဗာဗုလုန်ဒံယေလ အခန်းကြီး ၅ ကဖော်ပြသည်။ ဗေလရှာဇာ၏နာမည်ကို ကျမ်းစာအပြင် အခြားအဘယ်နေရာ၌မျှ မတွေ့ရသောကြောင့် ဝေဖန်ရေးသမားများက ဤအချက်ကို စောဒကတက်ခဲ့ကြသည်။ ရှေးသမိုင်းပညာရှင်များက နဗိုနိုက်ဒတ်စ်သည် နောက်ဆုံးဗာဗုလုန်ရှင်ဘုရင်ဖြစ်၏ဟု ဖော်ပြခဲ့ကြသည်။
မြို့ကျဆုံးချိန်၌ ဗေလရှာဇာသည် ၎င်းမြို့တွင် ဘုရင်အဖြစ်အုပ်စိုးနေသည်ဟု၁၂ သို့သော် ၁၈၅၄ ခုနှစ်တွင် လက်ရှိအီရတ်နိုင်ငံရှိ ရှေးဗာဗုလုန်နိုင်ငံမှဥရမြို့၏ အပျက်အယွင်းများတွင် တလိမ့်ပုံရွှံ့တုံးငယ် အချို့ကို တူးဖော်ရရှိခဲ့သည်။ ဤမြားသွားပုံကျောက်စာ မှတ်တမ်းမှတ်ရာများတွင် ဘုရင်နဗိုနိုက်ဒတ်စ်က “ကျွန်ုပ်၏အကြီးဆုံးသား၊ ဘဲ-စာ-အပ်စာရ်” ဟူ၍ရည်ညွှန်းထားသည့် ဆုတောင်းချက်တစ်ခုပါရှိသည်။ ဤသူသည် ဒံယေလကျမ်းတွင်ပါရှိသည့် ဗေလရှာဇာပင်ဖြစ်သည်ဟူ၍ ဝေဖန်ရေးသမားများကပင် လက်ခံခဲ့ကြရသည်။ ထို့ကြောင့် ပျောက်နေသည့်ဧကရာဇ်ဘုရင်သည် တကယ်ပျောက်နေခြင်းမဟုတ်ဘဲ လောကစာပေများတွင် မတွေ့ရှိရသေးခြင်းမျှသာဖြစ်သည်။ ဤအချက်က ဒံယေလ၏ရေးသားချက်များသည် အမှန်တကယ်ပင် ကျမ်းစစ်ကျမ်းမှန်ဖြစ်သည်ဟူသော အထောက်အထားများစွာထဲမှ တစ်ခုသာဖြစ်သည်။ ထိုအထောက်အထားက ဒံယေလကျမ်းသည် ယခုအချိန်ဖြစ်သည့် ဆုံးခန်းကာလတွင် ကျွန်ုပ်တို့အသေအချာဂရုပြုသင့်သည့် ဘုရားသခင့်နှုတ်မြွက်စကားတော်၏အစိတ်အပိုင်း အမှန်ပင်ဖြစ်ကြောင်းဖော်ပြသည်။
၁၃၊ ၁၄။ နေဗုခဒ်နေဇာကား မည်သူနည်း၊ သူသည် . . . အဘယ်ဘုရားကို အထူးသဖြင့်ဝတ်ပြုခဲ့သနည်း။
၁၃ ဒံယေလကျမ်း၏ပင်မအပိုင်းထဲတွင် ချီတက်လာနေသည့်ကမ္ဘာ့အာဏာစက်များနှင့် ၎င်းတို့၏အုပ်စိုးရှင်အချို့၏လုပ်ဆောင်မှုများနှင့်ပတ်သက်သည့် ပရောဖက်ပြုချက်များပါဝင်သည်။ ၎င်းအုပ်စိုးရှင်များထဲမှတစ်ဦးကို အင်ပါယာတစ်ခုတည်ထောင်ခဲ့သည့် စစ်သည်ဟူ၍ ခေါ်နိုင်သည်။ ဗာဗုလုန်နိုင်ငံ၏အိမ်ရှေ့မင်းသားအနေနှင့် သူနှင့်သူ့စစ်တပ်သည် အီဂျစ်ဘုရင် ဖာရောနေခေါ ၏တပ်များကို ခါခေမိတ်မြို့တွင် အစိတ်စိတ်အမြွှာမြွှာပြိုကွဲစေခဲ့သည်။ သို့သော် သတင်းတစ်ခုကြောင့် အောင်ပွဲရဗာဗုလုန်မင်းသားသည် သုတ်သင်ချေမှုန်းရေးများကို သူ၏စစ်ဗိုလ်ချုပ်ကြီးများအား တာဝန်လွှဲအပ်ခဲ့ရသည်။ သူ၏ခမည်းတော် နဗိုပိုလေဇာ ကွယ်လွန်သွားပြီကိုသိသည်နှင့် ဤလူငယ်နေဗုခဒ်နေဇာ သည် ဘီ.စီ.အီး. ၆၂၄ ခုနှစ်တွင် ထီးနန်းကိုသိမ်းပိုက်ခဲ့သည်။ သူအုပ်စိုးသည့် ၄၃ သုံးနှစ်တာကာလအတွင်း၌ တစ်ချိန်ကအဆီးရီးယားသိမ်းပိုက်ထားသည့် နယ်မြေများပါအကျုံးဝင်သည့် အင်ပါယာတစ်ခုကို တည်ထောင်ခဲ့ပြီး သူ၏ပိုင်နက်ကို ဆီးရီးယားနှင့် ပါလက်စတိုင်းမှစပြီး အီဂျစ်နယ်စပ်အထိ တိုးချဲ့ခဲ့သည်။
၁၄ နေဗုခဒ်နေဇာသည် ဗာဗုလုန်၏အဓိကဘုရား မာဒုရ ကို အထူးသဖြင့်ဝတ်ပြုခဲ့သည်။ ဘုရင်က မိမိ၏အောင်မြင်မှုမှန်သမျှသည် မာဒုရကြောင့်ဖြစ်သည်ဟု ယုံကြည်ခဲ့သည်။ နေဗုခဒ်နေဇာသည် ဗာဗုလုန်တွင် မာဒုရနှင့် အခြားဗာဗုလုန်နတ်ဘုရားများစွာ၏ဗိမာန်များကို ဆောက်လုပ်အလှဆင်ခဲ့သည်။ ဒုရလွင်ပြင်တွင် ဤဗာဗုလုန်ရှင်ဘုရင်တည်ခဲ့သည့် ရွှေရုပ်တုသည် မာဒုရကို ရည်စူးထုလုပ်ခဲ့ခြင်းဖြစ်နိုင်သည်။ (ဒံယေလ ၃:၁၊ ၂) ထို့အပြင် နေဗုခဒ်နေဇာသည် သူ၏စစ်ရေးလှုပ်ရှားမှုများကိုစီစဉ်ရာတွင် နိမိတ်ဖတ်ကြားခြင်းအပေါ် များစွာအားကိုးခဲ့ပုံရသည်။
၁၅၊ ၁၆။ နေဗုခဒ်နေဇာသည် ဗာဗုလုန်အတွက် အဘယ်အရာပြုလုပ်ခဲ့သနည်း၊ ၎င်း၏ကြီးမားမှုအကြောင်း သူကြွားလုံးထုတ်သည့်အခါ မည်သို့ဖြစ်သွားသနည်း။
၁၅ နေဗုခဒ်နေဇာသည် ခမည်းတော်စဆောက်ခဲ့သည့် ဗာဗုလုန်၏ထုထည်ကြီးမားသည့် နှစ်ထပ်မြို့ရိုးများကို လက်စသတ်ခြင်းအားဖြင့် မြို့တော်ကိုဖြိုဖျက်၍မရနိုင်ပုံပေါက်စေခဲ့သည်။ နေဗုခဒ်နေဇာသည် မိမိ၏မွေးရပ်ဌာနေမှ တောင်ကုန်းများနှင့်သစ်တောများကို လွမ်းဆွတ်တသခဲ့သည့် သူ့မေဒိမိဖုရား၏လိုဘပြည့်စေရန် ရှေးကမ္ဘာ့အံ့ဖွယ်ခုနစ်ခုထဲမှတစ်ခုဖြစ်သည့် မိုးပျံဥယျာဉ်ကိုတည်ဆောက်ခဲ့သည်ဟုဆိုခဲ့ကြ၏။ သူသည် ဗာဗုလုန်ကို ထိုအချိန်က အကြီးမားဆုံးမြို့ရိုးရှိသည့်မြို့ဖြစ်စေခဲ့သည်။ မှားယွင်းသောဝတ်ပြုရေးအခြေစိုက်ရာ ထိုမြို့တော်ကို သူဂုဏ်ယူလိုက်သည်ဖြစ်ခြင်း!
၁၆ “ဤမြို့ကား၊ . . . ငါတည်လုပ်သော ဗာဗုလုန်မြို့ကြီးမဟုတ်လော” ဟုတစ်နေ့တွင် နေဗုခဒ်နေဇာကြွားလုံးထုတ်ခဲ့သည်။ သို့သော် ဒံယေလ ၄:၃၀-၃၆ အရ “ထိုစကားကိုမြွက်ဆိုစဉ်” တွင်ပင် သူရူးသွပ်သွားသည်။ ထိုအခါ ဒံယေလကြိုပြောခဲ့သည့်အတိုင်း ခုနစ်နှစ်တိုင် မအုပ်စိုးနိုင်ဘဲ အသီးအရွက်ကိုစားခဲ့ရသည်။ ထို့နောက် သူ၏နိုင်ငံကို ပြန်ရရှိခဲ့သည်။ ယင်းတို့အားလုံး၏ ပရောဖက်ပြုချက်ဆိုင်ရာထူးခြားချက်ကို သင်သိပါသလော။ ၎င်း၏အဓိကပြည့်စုံချက်သည် ဤဆုံးခန်းကာလအထိတိုင် မည်သို့ရောက်ရှိစေသည်ကို သင်ရှင်းပြနိုင်သလော။
ပရောဖက်ပြုချက်မျှင်တန်းများကို ကောက်ယူခြင်း
၁၇။ ကမ္ဘာ့အုပ်စိုးရှင်အနေနှင့် သူအုပ်စိုးသည့်ဒုတိယမြောက်နှစ်တွင် နေဗုခဒ်နေဇာအား ဘုရားသခင်မြင်မက်စေခဲ့သည့် ပရောဖက်ပြုချက်ဆိုင်ရာအိပ်မက်ကို သင်မည်သို့ဖော်ပြမည်နည်း။
၁၇ ယခု ဒံယေလကျမ်းပါ ပရောဖက်ပြုချက်မျှင်တန်းအချို့ကို ကောက်ယူကြည့်ကြစို့။ ကျမ်းစာပရောဖက်ပြုချက်အတိုင်း ကမ္ဘာ့အုပ်ဒံယေလ အခန်းကြီး ၂ အရ ထိုအိပ်မက်သည် ရွှေဦးခေါင်း၊ ငွေရင်ဘတ်နှင့်လက်နှစ်ဖက်၊ ကြေးဝါဝမ်းဗိုက်နှင့် ပေါင်နှစ်ဖက်၊ သံခြေထောက်များ၊ သံနှင့်ရွှံ့ရောထားသည့် ခြေဖဝါးနှင့်ဖမိုး တို့ရှိသည့် ဧရာမရုပ်တုကြီးတစ်ခုအကြောင်းဖြစ်သည်။ ရုပ်တု၏အစိတ်အပိုင်းအသီးသီးက မည်သည့်အရာများကို ကိုယ်စားပြုသနည်း။
စိုးရှင်အနေနှင့် နေဗုခဒ်နေဇာအုပ်စိုးသည့် ဒုတိယမြောက်နှစ် (ဘီ.စီ.အီး. ၆၀၆/၆၀၅) အတွင်းတွင် ဘုရားသခင်သည် နေဗုခဒ်နေဇာကို ကြောက်စရာကောင်းသည့် အိပ်မက်တစ်ခုမြင်မက်စေခဲ့သည်။၁၈။ အိပ်မက်ထဲမှရုပ်တု၏ရွှေဦးခေါင်း၊ ငွေဖြစ်သည့်ရင်ဘတ်နှင့်လက်နှစ်ဖက်၊ ကြေးဝါဝမ်းဗိုက်နှင့်ပေါင်နှစ်ဖက်တို့သည် မည်သည့်အရာကို ကိုယ်စားပြုသနည်း။
၁၈ ဘုရားသခင့်ပရောဖက်က နေဗုခဒ်နေဇာအား “အရှင်မင်းကြီး၊ . . . ကိုယ်တော်သည် ရုပ်တု၏ရွှေဦးခေါင်းဖြစ်တော်မူ၏” ဟုပြောခဲ့သည်။ (ဒံယေလ ၂:၃၇၊ ၃၈) နေဗုခဒ်နေဇာသည် ဗာဗုလုန်အင်ပါယာကိုအုပ်ချုပ်သည့် မင်းဆက်ကို ဦးဆောင်ခဲ့သည်။ ၎င်းသည် ရုပ်တု၏ငွေဖြစ်သည့် ရင်ဘတ်နှင့်လက်နှစ်ဖက်တို့နှင့် ကိုယ်စားပြုခံရသည့် မီဒို-ပါးရှား အားဖြင့် ကျဆုံးခဲ့ရသည်။ ထို့နောက် ကြေးဝါဝမ်းဗိုက်နှင့်ပေါင်နှစ်ဖက် အမှတ်သညာပြုသည့် ဂရိအင်ပါယာပေါ်လာသည်။ ထိုကမ္ဘာ့အာဏာစက်သည် မည်သို့စတင်ဖြစ်ပေါ်ခဲ့သနည်း။
၁၉၊ ၂၀။ မဟာအလက်ဇန္ဒားကား မည်သူနည်း၊ သူသည် ဂရိ ကို ကမ္ဘာ့အာဏာစက်တစ်ခုဖြစ်စေရာတွင် မည်သည့်အခန်းကဏ္ဍမှပါဝင်ခဲ့သနည်း။
၁၉ ဘီ.စီ.အီး. လေးရာစုတွင် လူငယ်တစ်ဦးသည် ဒံယေလပရောဖက်ပြုချက်၏ပြည့်စုံချက်တွင် အရေးပါသောအခန်းကဏ္ဍမှပါဝင်ခဲ့သည်။ သူသည် ဘီ.စီ.အီး. ၃၅၆ တွင်မွေးပြီး ကမ္ဘာက သူ့ကို မဟာအလက်ဇန္ဒား ဟုခေါ်ခဲ့ကြရသည်။ ဘီ.စီ.အီး. ၃၃၆ တွင် သူ၏ခမည်းတော် ဖိလစ် လုပ်ကြံခံရသည့်အခါ အသက် ၂၀ ရှိသည့် အလက်ဇန္ဒား သည် မက်စီဒိုးနီးယားထီးနန်းအမွေကို ဆက်ခံခဲ့သည်။
၂၀ ဘီ.စီ.အီး. ၃၃၄ မေလအစောပိုင်းတွင် အလက်ဇန္ဒားသည် အောင်ပွဲရစစ်ဆင်ရေးတစ်ခုကို စတင်ဆင်နွှဲခဲ့သည်။ ခြေလျင်စစ်သည် ၃၀,၀၀၀ နှင့်မြင်းစီးသူရဲ ၅,၀၀၀ ရှိသူ၏တပ်သည် အင်အားနည်းသော်လည်း အစွမ်းအစရှိသည်။ ဘီ.စီ.အီး. ၃၃၄ တွင် အာရှမိုင်းနား (ယခု၊ တူရကီ) အနောက်မြောက်ဘက်ရှိ ဂရန်းနီကပ်စ်မြစ်၌ အလက်ဇန္ဒားသည် ပါရှန်းလူမျိုးတို့ကို ပထမဆုံးတိုက်ပွဲနိုင်ခဲ့သည်။ ဘီ.စီ.အီး. ၃၂၆ တွင်ဤညှာတာမှုကင်းသည့်အောင်နိုင်သူသည် ပါရှန်းတို့ကိုနှိမ်နင်းခဲ့ရာ မျက်မှောက်ခေတ် ပါကစ္စတန်နိုင်ငံ တွင်တည်ရှိသည့် အရှေ့ဘက် အင်းန်ဒတ်စ် မြစ်အထိ ရောက်ရှိခဲ့သည်။ သို့သော် အလက်ဇန္ဒားသည် ဗာဗုလုန်၌ရှိနေစဉ် သူ၏ နောက်ဆုံးတိုက်ပွဲရှုံးခဲ့သည်။ အသက် ၃၂ နှစ်နှင့် ၈ လသာအသက်ရှင်ခဲ့ပြီးနောက် ဘီ.စီ.အီး. ၃၂၃ ခုနှစ်၊ ဇွန်လ ၁၃ ရက်တွင် အလက်ဇန္ဒားသည် ကြောက်စရာအကောင်းဆုံးရန်သူ၊ သေမင်းကိုအရှုံးပေးခဲ့ရသည်။ (၁ ကောရိန္သု ၁၅:၅၅) သို့သော် သူ၏အောင်ပွဲများအားဖြင့် ဂရိသည် ဒံယေလပရောဖက်ပြုချက်တွင် ကြိုပြောထားသည့်အတိုင်း ကမ္ဘာ့အာဏာစက်တစ်ခုဖြစ်လာခဲ့သည်။
၂၁။ ရောမအင်ပါယာအပြင် အခြားမည်သည့်ကမ္ဘာ့အာဏာစက်ကို အိပ်မက်ထဲမှရုပ်တု၏သံခြေထောက်များက ပုံဆောင်သနည်း။
၂၁ ရုပ်တုကြီး၏သံခြေထောက်များသည် မည်သည့်အရာကိုကိုယ်စားပြုသနည်း။ ယင်းသည် ဂရိအင်ပါယာကို အစိတ်စိတ်အမြွှာမြွှာပြိုကွဲစေခဲ့သည့် သံနှင့်တူသောရောမနိုင်ငံပင်ဖြစ်သည်။ ယေရှုခရစ်ကြေညာခဲ့သည့် ဘုရားသခင့်နိုင်ငံတော်ကို လေးစားမှုလုံးဝမပြဘဲ ရောမတို့သည် စီ.အီး. ၃၃ ခုနှစ်တွင် ယေရှုကို ညှဉ်းဆဲရာနှက်တိုင်ပေါ် တင်သတ်ခဲ့သည်။ စစ်မှန်သည့်ခရစ်ယာန်ဘာသာကို ဖရိုဖရဲပြိုကွဲစေဖို့ကြိုးပမ်းရာတွင် ရောမသည် ယေရှု၏တပည့်များကို နှိပ်စက်ညှဉ်းပန်းခဲ့သည်။ သို့သော် နေဗုခဒ်နေဇာ၏အိပ်မက်ထဲမှ ရုပ်တု၏သံခြေထောက်များသည် ရောမအင်ပါယာကိုသာမက ၎င်း၏နိုင်ငံရေးအညှောင့်အတက်—အင်္ဂလို-အမေရိကန်ကမ္ဘာ့အာဏာစက်—ကိုလည်းပုံဆောင်သည်။
၂၂။ ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏အဆုံးပိုင်းတွင် ရောက်နေသည်ကိုသိမြင်ရန် အိပ်မက်ထဲမှရုပ်တုက မည်သို့ကူညီပေးသနည်း။
၂၂ အိပ်မက်ထဲမှ သံနှင့်ရွှံ့ရောသည့် ရုပ်တု၏ခြေဖဝါးနှင့်ဖမိုးအပိုင်းသို့ ရောက်ရှိနေကြပြီဖြစ်ရာ ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏အဆုံးပိုင်းတွင်ရောက်ရှိနေကြောင်း ဂရုတစိုက်လေ့လာမှုက သက်သေထူသည်။ မျက်မှောက်ခေတ်အစိုးရအချို့သည် သံကဲ့သို့ သို့မဟုတ် အာဏာရှင်ဆန်ဆန်ဖြစ်သည်၊ အခြားတို့မှာမူ ရွှံ့ကဲ့သို့ဖြစ်သည်။ ‘လူသားမျိုးနွယ်’ ကိုပြုလုပ်ထားရာဖြစ်သောရွှံ့သည် ကျိုးပဲ့လွယ်သောသဘောသဘာဝရှိငြား သံကဲ့သို့သောအုပ်ချုပ်ရေးများသည် သာမန်လူတို့အား သူတို့ကိုအုပ်ချုပ်နေသည့်အစိုးရအဖွဲ့များတွင် တာဝန်အရ အတော်အတန်ပြောခွင့်ဆိုခွင့်ပြုထားသည်။ (ဒံယေလ ၂:၄၃; ယောဘ ၁၀:၉) သို့သော် အာဏာရှင်ဆန်သောအုပ်ချုပ်ရေးနှင့် သာမန်လူတို့သည် သံနှင့်ရွှံ့ပေါင်းစပ်ခြင်းနှင့်ထူးမခြားနားပါ။ သို့သော် ဘုရားသခင့်နိုင်ငံတော်သည် နိုင်ငံရေးအရအစိတ်စိတ်အမြွှာမြွှာဖြစ်နေသော ဤလောကကို မကြာမီအဆုံးတိုင်စေမည်ဖြစ်သည်။—ဒံယေလ ၂:၄၄၊ ၄၅။
၂၃။ ဗေလရှာဇာအုပ်စိုးသည့်ပထမနှစ်တွင် ဒံယေလရရှိခဲ့သည့် အိပ်မက်နှင့်အဆင်းအာရုံများကို သင်မည်သို့ဖော်ပြမည်နည်း။
၂၃ ဒံယေလ၏အာရုံကိုဖမ်းစားထားနိုင်သည့် ပရောဖက်ပြုချက် ၇ ကြိမ်မြောက် အခန်းကြီးကလည်း ကျွန်ုပ်တို့ကို ဆုံးခန်းကာလထဲသို့ရောက်ရှိစေသည်။ ယင်းက ဗာဗုလုန်ရှင်ဘုရင်ဗေလရှာဇာနန်းစံပထမနှစ်က အဖြစ်အပျက်တစ်ခုကို ပြောပြသည်။ ထိုအချိန်က သူ၏အသက် ၇၀ ပိုင်းတွင် ဒံယေလသည် ‘သာလွန်ပေါ်၌ အိပ်မက်နှင့် [အဆင်းအာရုံ] ကိုမြင်’ ခဲ့သည်။ ထိုအဆင်းအာရုံသည် သူ့ကို မည်မျှထိတ်လန့်စေမည်တကား! ‘ထိုတွင်ကြည့်လော့!’ ဟုသူဟစ်ကြွေးလိုက်သည်။ “မိုးကောင်းကင်လေးမျက်နှာ၌ လေတို့သည် မဟာသမုဒ္ဒရာပေါ်မှာ အချင်းချင်းတိုက်ကြလျှင်၊ သဏ္ဌာန်ချင်းမတူသောသားရဲလေးကောင်တို့သည် သမုဒ္ဒရာထဲကထွက်လာကြ၏။” (ဒံယေလ ၇:၁-၈၊ ၁၅) တကယ့်ထူးခြားသည့်သားရဲများပါတကား! ပထမသားရဲသည် အတောင်ရှိသည့်ခြင်္သေ့ဖြစ်ပြီး ဒုတိယသားရဲသည် ဝက်ဝံနှင့်တူ၏။ နောက်သား ရဲသည် အတောင်လေးခုနှင့် ခေါင်းလေးလုံးပါသည့် ကျားသစ်ဖြစ်သည်! အလွန့်အလွန်သန်စွမ်းသည့် စတုတ္ထမြောက်သားရဲသည် ကြီးမားသည့်သံသွားများနှင့် ချိုဆယ်ချောင်းရှိသည်။ ၎င်းချိုဆယ်ချောင်းအလယ်တွင် “လူမျက်စိကဲ့သို့သောမျက်စိ” နှင့် “ကြီးစွာသောစကားကိုပြောတတ်သောနှုတ်” ရှိသည့် ချို “ငယ်တစ်ချောင်း” ပေါက်နေသည်။ တကယ်ဆန်းပြားသည့်သတ္တဝါများပါတကား!
၂၄။ ဒံယေလ ၇:၉-၁၄ အရ ဒံယေလသည် ကောင်းကင်တွင်အဘယ်အရာကိုမြင်ရသနည်း၊ ဤအဆင်းအာရုံက အဘယ်အရာကိုညွှန်ပြသနည်း။
၂၄ ဒံယေလ၏အဆင်းအာရုံများသည် ကောင်းကင်ဘက်သို့ လှည့်သွားပြန်သည်။ (ဒံယေလ ၇:၉-၁၄) “အသက်ကြီးသောသူ၊” ယေဟောဝါဘုရားသခင်သည် တရားသူကြီးအဖြစ် ဘုန်းကျက်သရေရှိစွာထိုင်နေသည်ကို တွေ့ရသည်။ ‘အတိုင်းမသိများစွာသောသူတို့သည် အမှုတော်ကိုဆောင်ရွက်ပြီး ကုဋေသင်္ချေမကသောသူတို့သည် ရှေ့တော်၌ခစားနေကြသည်။’ ဘုရားသခင်သည် သားရဲများကို ပြစ်ဒဏ်စီရင်ပြီး ၎င်းတို့ထံမှ အုပ်ချုပ်မှုကိုနုတ်ယူကာ စတုတ္ထသားရဲကို ဖျက်ဆီးပစ်လိုက်သည်။ “အသီးသီးအခြားခြားသောဘာသာစကားကို ပြောသောလူမျိုးတကာတို့” အပေါ် တည်မြဲသည့်အုပ်ချုပ်မှုကို “လူသားနှင့်တူသောသူတစ်ဦး” အားပေးအပ်ခဲ့သည်။ ယင်းက ဆုံးခန်းကာလနှင့် ၁၉၁၄ ခုနှစ်တွင် လူသားယေရှုခရစ်နန်းတင်ခံရခြင်းတို့ကို ညွှန်ပြသည်။
၂၅၊ ၂၆။ ဒံယေလကျမ်းကို ကျွန်ုပ်တို့ဖတ်သည့်အခါ အဘယ်မေးခွန်းများပေါ်ပေါက်နိုင်သနည်း၊ အဘယ်စာအုပ်က ယင်းတို့ကိုဖြေဆိုရန် ကူညီနိုင်သနည်း။
၂၅ ဒံယေလကျမ်းကိုဖတ်ရှုသူများသည် မေးခွန်းများမေးဖို့ရှိနေသည်မှာ သေချာသည်။ ဥပမာ၊ ဒံယေလ အခန်းကြီး ၇ တွင်ပါသည့် သားရဲလေးကောင်သည် မည်သည့်အရာကိုကိုယ်စားပြုသနည်း။ ဒံယေလ ၉:၂၄-၂၇ တွင်ပါသည့် ပရောဖက်ပြုချက်ဆိုင်ရာ “သတင်းခုနစ်ဆယ်” ၏ရှင်းလင်းချက်ကား အဘယ်နည်း။ ဒံယေလ အခန်းကြီး ၁၁ နှင့် “မြောက်ရှင်ဘုရင်” နှင့် “တောင်ရှင်ဘုရင်” တို့၏ပရောဖက်ပြုချက်ဆိုင်ရာပဋိပက္ခကောအသို့နည်း။ ဆုံးခန်းကာလတွင် ၎င်းဘုရင်များနှင့်ပတ်သက်ပြီး ကျွန်ုပ်တို့ဘာမျှော်လင့်နိုင်သနည်း။
၂၆ ယေဟောဝါသည် ဒံယေလ ၇:၁၈ တွင် “အမြင့်ဆုံးသောဘုရား[သခင်]၏သန့်ရှင်းသူတို့” ဟုခေါ်ဆိုထားသည့် မြေကြီးပေါ်ရှိ မိမိ၏ဘိသိက်ခံကျေးကျွန်များအား ထိုအကြောင်းအရာများအပေါ် ထိုးထွင်းသိမြင်နိုင်သည့်ဉာဏ်ကိုပေးခဲ့သည်။ ထို့အပြင် “သစ္စာနှင့်သတိပညာရှိသောကျွန်” ကပရောဖက်ဒံယေလ၏မှုတ်သွင်းခံကျမ်းစောင်အပေါ် ထပ်ဆင့်ထိုးထွင်းသိမြင်သည့်ဉာဏ်ကို ကျွန်ုပ်တို့ရရှိရန်အတွက် စီစဉ်ပေးပါသည်။ (မဿဲ ၂၄:၄၅၊ သမ) ယခုဆိုလျှင် မကြာသေးမီကထုတ်ဝေလိုက်သည့် ဒံယေလပရောဖက်ပြုချက်ကို အာရုံစူးစိုက်လော့! ဟူသည့်စာအုပ်မှတစ်ဆင့် ယင်းထိုးထွင်းသိမြင်ဉာဏ်ကိုရရှိနိုင်ပြီဖြစ်သည်။ လှပသည့်ရုပ်ပုံများပါပြီး စာမျက်နှာ ၃၂၀ ရှိသောဤစာအုပ်သည် ဒံယေလကျမ်း၏အစိတ်အပိုင်းအသီးသီးကို ငုံမိသည်။ ၎င်းစာအုပ်သည် ယုံကြည်ခြင်းကိုတည်ဆောက်ပေးသည့် ပရောဖက်ပြုချက်တစ်ခုစီနှင့် ချစ်အပ်သောသူ ပရောဖက်ဒံယေလမှတ်တမ်းတင်ခဲ့သည့် ဇာတ်ကြောင်းဖော်ပြချက်အသီးသီးတို့ကို ဆွေးနွေးသုံးသပ်ထားသည်။
ကျွန်ုပ်တို့ခေတ်အတွက် အဓိပ္ပာယ်မှန်
၂၇၊ ၂၈။ (က) ဒံယေလကျမ်းပါ ပရောဖက်ပြုချက်များ၏ပြည့်စုံချက်နှင့်ပတ်သက်သည့် အမှန်တရားကားအဘယ်နည်း။ (ခ) မည်သည့်အချိန်ပိုင်းတွင် ကျွန်ုပ်တို့အသက်ရှင်နေကြသနည်း၊ ကျွန်ုပ်တို့အဘယ်အရာပြုလုပ်သင့်သနည်း။
၂၇ ဤထူးခြားချက်ကို သုံးသပ်ပါ– အသေးစိတ်အချက်အလက်အနည်းအကျဉ်းကလွဲ၍ ဒံယေလကျမ်းပါ ပရောဖက်ပြုချက်အားလုံးသည် ပြည့်စုံခဲ့ပြီဖြစ်သည်။ ဥပမာ၊ ဒံယေလ အခန်းကြီး ၂ ပါအိပ်မက်ထဲမှရုပ်တု၏ ခြေဖဝါးအားဖြင့် သရုပ်ဖော်ထားသည့် ကမ္ဘာ့အခြေအနေကို ကျွန်ုပ်တို့ယခုတွေ့ မြင်နေရကြပြီဖြစ်သည်။ ၁၉၁၄ ခုနှစ်တွင် မေရှိယဘုရင်ယေရှုခရစ်နန်းထိုင်ခြင်းအားဖြင့် ဒံယေလ အခန်းကြီး ၄ ပါသစ်ငုတ်သည် ချည်ထားရာမှပြေသွားခဲ့သည်။ မှန်ပါသည်၊ ဒံယေလ အခန်းကြီး ၇ တွင်ကြိုပြောထားသည့်အတိုင်း ထိုအချိန်တွင် အသက်ကြီးသူသည် လူသားကို အုပ်ချုပ်ခွင့်ပေးအပ်ခဲ့သည်။—ဒံယေလ ၇:၁၃၊ ၁၄; မဿဲ ၁၆:၂၇–၁၇:၉။
၂၈ ဒံယေလ အခန်းကြီး ၈ ပါရက်ပေါင်း ၂,၃၀၀ အပြင် ဒံယေလ အခန်းကြီး ၁၂ ပါရက်ပေါင်း ၁,၂၉၀ နှင့်ရက်ပေါင်း ၁,၃၃၅ တို့အားလုံးသည် ကျော်လွန်လာခဲ့ပြီ—ကာလရေစီးကြောင်းတွင် ကျန်ရစ်ခဲ့ပြီဖြစ်သည်။ ဒံယေလအခန်းကြီး ၁၁ ကိုလေ့လာခြင်းက “မြောက်ရှင်ဘုရင်” နှင့် “တောင်ရှင်ဘုရင်” တို့စပ်ကြားပဋိပက္ခသည် နောက်ဆုံးအဆင့်သို့ ရောက်နေပြီဖြစ်ကြောင်းဖော်ပြသည်။ ယင်းတို့အားလုံးက ယခု ကျွန်ုပ်တို့သည် ဆုံးခန်းကာလ၏အဆုံးပိုင်းတွင် ရောက်ရှိနေကြောင်း ကျမ်းဆိုင်ရာအထောက်အထားကို ထပ်ဆင့်ပေးသည်။ ကာလရေစီးကြောင်းတွင် ကျွန်ုပ်တို့၏ထူးခြားလှသည့်နေရာကို သုံးသပ်စဉ်းစားနေရင်း ကျွန်ုပ်တို့အဘယ်အရာကိုလုပ်ဖို့ သန္နိဋ္ဌာန်ချသင့်သနည်း။ ယေဟောဝါဘုရားသခင်၏ပရောဖက်ပြုချက်စကားတော်ကို အာရုံစိုက်သင့်သည်မှာ ယုံမှားဖွယ်မရှိချေ။
သင်မည်သို့ဖြေဆိုမည်နည်း
• ဘုရားသခင်သည် ကျွန်ုပ်တို့၏ခေတ်နှင့်ပတ်သက်၍ လူသားအားလုံးကို အဘယ်အရာသိစေလိုသနည်း။
• ဒံယေလကျမ်းသည် ကျွန်ုပ်တို့၏ယုံကြည်ခြင်းကို မည်သို့တည်ဆောက်ပေးနိုင်သနည်း။
• နေဗုခဒ်နေဇာ၏အိပ်မက်ထဲမှရုပ်တုတွင် အဘယ်အသွင်အပြင်များပါသနည်း၊ ယင်းတို့သည် မည်သည့်အရာများကို ပုံဆောင်သနည်း။
• ဒံယေလကျမ်းတွင်တွေ့ရသည့် ပရောဖက်ပြုချက်များ၏ပြည့်စုံချက်နှင့်ပတ်သက်၍ မှတ်သားဖွယ်ရာကားအဘယ်နည်း။
[လေ့လာရန်မေးခွန်းများ]