သင်၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို တောက်ပနေစေလော့!
သင်၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို တောက်ပနေစေလော့!
“ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို . . . ဝတ်ဆောင်ကြကုန်အံ့။”—၁ သက်သာလောနိတ် ၅:၈။
၁။ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ က ခံနိုင်ရည်ရှိခြင်းငှာ မည်သို့ကူညီပေးသနည်း။
အဆိုးဝါးဆုံးအခြေအနေများ၌ပင်လျှင် ကယ်တင်ခံရမည်ဟူသည့် မျှော်လင့်ချက်သည် လက်မလျှော့ဖို့ကူညီပေးနိုင်၏။ သင်္ဘောပျက်ခြင်းဘေးကိုကြုံတွေ့ရ၍ ဖောင်ပေါ်တွင်မျောနေသောသူတစ်ဦးသည် အကူအညီရခါနီးပြီဟုသိရှိပါက ဆက်ခံရပ်နိုင်၏။ အလားတူပင် ‘ယေဟောဝါ၏ကယ်တင်တော်မူခြင်း’ မျှော်လင့်ချက်က ယုံကြည်ခြင်းရှိအမျိုးသား၊ အမျိုးသမီးတို့ကို အကျပ်အတည်းကာလများ၌ နှစ်ပေါင်းထောင်နှင့်ချီ၍ ခံနိုင်ရည်ရှိစေခဲ့ပြီး ဤမျှော်လင့်ချက်သည် ဘယ်သောအခါမျှ စိတ်မပျက်စေခဲ့ချေ။ (ထွက်မြောက်ရာ ၁၄:၁၃; ဆာလံ ၃:၈; ရောမ ၅:၅; ၉:၃၃) တမန်တော်ပေါလုက “ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်း” ကို ခရစ်ယာန်တစ်ဦး၏ဝိညာဉ်ရေးချပ်ဝတ်တန်ဆာမှ “သံခမောက်လုံး” နှင့်ပုံခိုင်းထားသည်။ (၁ သက်သာလောနိတ် ၅:၈၊ ဧဖက် ၆:၁၇) မှန်ပါသည်၊ ဘုရားသခင်ကယ်တင်လိမ့်မည်ဟူ၍ ကျွန်ုပ်တို့ယုံကြည်စိတ်ချနေခြင်းက ကျွန်ုပ်တို့၏စဉ်းစားတွေးခေါ်မှုစွမ်းရည်ကို ကာကွယ်ပေးပြီး ဆင်းရဲကျပ်တည်းမှု၊ အတိုက်အခံပြုမှုနှင့် စုံစမ်းသွေးဆောင်မှုများကြား ဆက်လက်၍သတိရှိရန် ကူညီပေးသည်။
၂။ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ သည် အဘယ်နည်းများဖြင့် စစ်မှန်သောဝတ်ပြုရေး၏အခြေခံဖြစ်သနည်း။
၂ “အနာဂတ်နှင့်စပ်လျဉ်း၍ မျှော်လင့်ခြင်းသည်” ပထမရာစုခရစ်ယာန်ဧဖက် ၂:၁၂; ၁ သက်သာလောနိတ် ၄:၁၃) သို့တိုင် “ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်း” သည် စစ်မှန်သောဝတ်ပြုရေး၏ အခြေခံကျသောအရာဖြစ်သည်။ မည်သို့နည်း။ ဦးစွာ၊ ယေဟောဝါကျေးကျွန်တို့၏ ကယ်တင်ခြင်းသည် ဘုရားသခင်ကိုယ်တော်တိုင်၏နာမတော်နှင့် ဆက်နွှယ်လျက်ရှိသည်။ ဆာလံဆရာအာသက ဤသို့ဆုတောင်းခဲ့သည်– “ကယ်တင်တော်မူသောဘုရား[သခင်]၊ နာမတော်၏ဂုဏ်ကိုထောက်၍ အကျွန်ုပ်တို့ကိုမစတော်မူပါ။ နာမတော်အတွက်ကြောင့်၊ အကျွန်ုပ်တို့ကိုနုတ်ယူ၍ အပြစ်များကိုဖြေရှင်းတော်မူပါ။” (ဆာလံ ၇၉:၉; ယေဇကျေလ ၂၀:၉) ထိုထက်ကား ယေဟောဝါကတိထားရာကောင်းချီးများကို ယုံကြည်စိတ်ချခြင်းသည် ကိုယ်တော်နှင့် ရင်းနှီးသောဆက်ဆံရေးရှိရန် မရှိမဖြစ်လိုအပ်ရာဖြစ်သည်။ ပေါလုက ယင်းကို ဤသို့ဖော်ပြသည်– “ယုံကြည်ခြင်းမရှိလျှင်၊ ဘုရားသခင်၏စိတ်တော်နှင့်မတွေ့နိုင်။ အကြောင်းမူကား၊ ဘုရားသခင့်အထံတော်သို့ချဉ်းကပ်သောသူသည်၊ ဘုရားသခင်ရှိတော်မူသည်ကိုလည်းကောင်း၊ ကိုယ်တော်ကိုရှာသောသူအား အကျိုးပေးတော်မူသည်ကိုလည်းကောင်း ယုံကြည်ရမည်။” (ဟေဗြဲ ၁၁:၆) ထို့ပြင် ယေရှုမြေကြီးပေါ်လာရသည့် အဓိကအကြောင်းတစ်ခုမှာ နောင်တရသူတို့၏ကယ်တင်ခြင်းအတွက်ဖြစ်ကြောင်း ပေါလုကရှင်းပြခဲ့သည်။ သူက ဤသို့ဖော်ပြသည်– “ယေရှုခရစ်သည် အပြစ်ရှိသောသူတို့ကိုကယ်တင်ခြင်းငှာ၊ ဤလောကသို့ ကြွလာတော်မူသည်ဟူသောစကားသည် သစ္စာစကားဖြစ်၏။ အကြွင်းမဲ့ခံယူအပ်သောစကားလည်းဖြစ်၏။” (၁ တိမောသေ ၁:၁၅) ထို့အပြင် တမန်တော်ပေတရုက ကယ်တင်ခြင်းကို “ယုံကြည်ခြင်း၏အကျိုး [သို့မဟုတ် အဆုံးရလဒ်]” အဖြစ်ရည်ညွှန်းခဲ့သည်။ (၁ ပေတရု ၁:၉) ရှင်းနေသည် ကား ကယ်တင်ခြင်းကိုမျှော်လင့်ခြင်းသည် လျောက်ပတ်ပေ၏။ သို့သော် ကယ်တင်ခြင်းဟူသည် အမှန်တကယ်တွင် အဘယ်နည်း။ ယင်းကိုရရှိဖို့ အဘယ်အရာလိုအပ်သနည်း။
များနှင့် တစ်ခေတ်တည်းသားလောကဖြစ်သော “အယူမှားလောက၏ အင်္ဂါရပ်တစ်ခုမဟုတ်ချေ” ဟူ၍ နိုင်ငံတကာ စံတင်ကျမ်းစာစွယ်စုံကျမ်းကဖော်ပြသည်။ (ကယ်တင်ခြင်းကား အဘယ်နည်း
၃။ ရှေးအချိန်၌ ယေဟောဝါ၏ကျေးကျွန်များသည် မည်သည့်ကယ်တင်ခြင်းမျိုး ကြုံတွေ့ခဲ့ကြရသနည်း။
၃ ဟေဗြဲကျမ်းစောင်များ၌ “ကယ်တင်ခြင်း” ကို ဖိနှိပ်မှု သို့မဟုတ် အသေဆိုးနှင့် မသေသင့်ဘဲသေခြင်းမှကယ်ဆယ်ခြင်းကို အများအားဖြင့်ဆိုလိုသည်။ ဥပမာ၊ ယေဟောဝါကို “ကယ်လွှတ်သောသခင်” ဟုခေါ်ဆိုလျက် ဒါဝိဒ်က ဤသို့ဆိုသည်– “ထာဝရဘုရားသည် ငါ၏ကျောက်၊ . . . ငါခိုလှုံရာ၊ ငါ့ကိုကယ်တင်သောအရှင်ဖြစ်တော်မူ၏။ ကိုယ်တော်သည် ညှဉ်းဆဲခြင်းထဲက အကျွန်ုပ်ကို ကယ်လွှတ်တော်မူ၏။ ချီးမွမ်းအပ်သောထာဝရဘုရားကို ငါတောင်းလျှောက်၍၊ ရန်သူတို့လက်မှကယ်တင်ခြင်းသို့ရောက်၏။” (၂ ဓမ္မရာဇဝင် ၂၂:၂-၄) ယေဟောဝါ၏သစ္စာရှိကျေးကျွန်များ အကူအညီတောင်းခံသောအခါ ကိုယ်တော်နားထောင်တော်မူကြောင်း ဒါဝိဒ်သိထားသည်။—ဆာလံ ၃၁:၂၂၊ ၂၃; ၁၄၅:၁၉။
၄။ ခရစ်ယာန်ခေတ်မတိုင်မီက ယေဟောဝါ၏ကျေးကျွန်များသည် အနာဂတ်အသက်တာနှင့်ပတ်သက်၍ အဘယ်မျှော်လင့်ချက်ရှိခဲ့သနည်း။
၄ ခရစ်ယာန်ခေတ်မတိုင်မီက ယေဟောဝါ၏ကျေးကျွန်များသည် အနာဂတ်အသက်တာမျှော်လင့်ချက်ကိုလည်း စွဲကိုင်ထားခဲ့ကြသည်။ (ယောဘ ၁၄:၁၃-၁၅; ဟေရှာယ ၂၅:၈; ဒံယေလ ၁၂:၁၃) အမှန်မှာ၊ ဟေဗြဲကျမ်းစာစောင်များတွင်တွေ့ရှိခဲ့ရသော ကယ်လွှတ်ခြင်းဆိုင်ရာကတိတော်အများမှာ ထာဝရအသက်သို့ဦးတည်စေသော သာ၍ကြီးမားသည့်ကယ်တင်ခြင်းနှင့်ဆိုင်သော ပရောဖက်ပြုချက်ဖြစ်သည်။ (ဟေရှာယ ၄၉:၆၊ ၈; တမန်တော် ၁၃:၄၇; ၂ ကောရိန္သု ၆:၂) ယေရှုခေတ်က ဂျူးများစွာသည် ထာဝရအသက်ရဖို့မျှော်လင့်ခဲ့သော်လည်း သူတို့၏မျှော်လင့်ချက်ကို ဖြည့်စွက်ပေးမည့်သော့ချက်မှာ ယေရှုဖြစ်ကြောင်း သူတို့လက်မခံလိုကြပါ။ ယေရှုခေတ်မှ ဘာသာရေးခေါင်းဆောင်များကို ကိုယ်တော်က ဤသို့မိန့်တော်မူသည်– “ကျမ်းစာအားဖြင့် ထာဝရအသက်ကိုရမည်ဟုစိတ်ထင်နှင့် သင်တို့သည်ကျမ်းစာကို စေ့စေ့ကြည့်ရှုကြ၏။ ထိုကျမ်းစာပင် ငါ၏သက်သေဖြစ်၏။”—ယောဟန် ၅:၃၉။
၅။ အပြီးသတ်ကယ်တင်ခြင်းကား အဘယ်အရာကိုဆိုလိုသနည်း။
၅ ဘုရားသခင်သည် ယေရှုမှတစ်ဆင့် ကယ်တင်ခြင်း၏ဆိုလိုရင်း အပြည့်အစုံကို ဖော်ပြပေးခဲ့သည်။ ၎င်းတွင် အပြစ်၏ချုပ်ကိုင်မှု၊ မှားသောဘာသာရေး၏နှောင်ကြိုး၊ စာတန်ထိန်းချုပ်ထားသောလောက၊ လူကိုကြောက်ရွံ့ခြင်းနှင့် သေခြင်းကိုကြောက်ရွံ့ခြင်းတို့မှ လွတ်မြောက်စေခြင်းပါဝင်သည်။ (ယောဟန် ၁၇:၁၆; ရောမ ၈:၂; ကောလောသဲ ၁:၁၃; ဗျာဒိတ် ၁၈:၂၊ ၄) အပြီးသတ်တွင် ဘုရားသခင့်သစ္စာရှိကျေးကျွန်များအတွက် ဘုရားသခင်အားဖြင့်ကယ်တင်ခြင်းသည် ဖိနှိပ်မှုနှင့်ဝမ်းနည်းကြေကွဲမှုမှ လွတ်မြောက်ခြင်းသာမက ထာဝရအသက်ရရန် အခွင့်အလမ်းလည်းရရှိခြင်းဖြစ်၏။ (ယောဟန် ၆:၄၀; ၁၇:၃) “သိုးစုငယ်” တစ်စုအတွက် ကယ်တင်ခြင်းဟူသည် ခရစ်တော်နှင့်အတူ ဘုရားသခင့်နိုင်ငံတော်ကိုအုပ်ချုပ်မှုတွင်ပါဝင်ရန် ကောင်းကင်အသက်တာသို့ ရှင်ပြန်ထမြောက်ခြင်းကိုဆိုလိုကြောင်း ယေရှုသွန်သင်ခဲ့သည်။ (လုကာ ၁၂:၃၂) ကျန်လူသားထုအတွက် ကယ်တင်ခြင်းဟူသည် စုံလင်သောလူ့အသက်တာနှင့် အပြစ်မပြုမီက ဧဒင်ဥယျာဉ်၌ အာဒံနှင့် ဧဝတို့မွေ့လျော်ခဲ့ကြသည့် ဘုရားသခင်နှင့်ဆက်ဆံရေး ပြန်လည်တည်ထောင်ခြင်းကို ဆိုလိုသည်။ (တမန်တော် ၃:၂၁; ဧဖက် ၁:၁၀) ထိုသို့သောပရဒိသုအခြေအနေမျိုးအောက်တွင် ထာဝစဉ်အသက်ရှင်ခြင်းသည် လူသားထုအတွက် ဘုရားသခင်၏မူလရည်ရွယ်တော်မူချက်ဖြစ်သည်။ (ကမ္ဘာဦး ၁:၂၈; မာကု ၁၀:၃၀) သို့သော် ထိုအခြေအနေမျိုး မည်သို့ပြန်လည်ထူထောင်လာမည်နည်း။
ကယ်တင်ခြင်းအတွက် အခြေခံ—ရွေးနုတ်ဖိုးပူဇော်သကာ
၆၊ ၇။ ကျွန်ုပ်တို့ကယ်တင်ခြင်းတွင် ယေရှု၏အခန်းကဏ္ဍကား အဘယ်နည်း။
၆ ခရစ်တော်၏ ရွေးနုတ်ဖိုးပူဇော်သကာအားဖြင့်သာ ထာဝရကယ်တင်ခြင်းရရှိနိုင်သည်။ အဘယ်ကြောင့်နည်း။ အာဒံအပြစ်ပြုသောအခါ သူသည် မိမိကိုယ်နှိုက်နှင့် ကျွန်ုပ်တို့အပါအဝင် သူ၏အနာဂတ်မျိုးနွယ်အားလုံးကို အပြစ်သို့ ‘ရောင်းချခဲ့’ ရာ လူသားသည် တရားဝင်မျှော်လင့်ချက်ရှိရန် ရွေးနုတ်ဖိုးပူဇော်သကာတစ်ခု လိုအပ်လာကြောင်း သမ္မာကျမ်းစာကရှင်းပြသည်။ (ရောမ ၅:၁၄၊ ၁၅; ၇:၁၄) ဘုရားသခင်သည် လူသားထုတစ်ရပ်လုံးအတွက် ရွေးနုတ်ဖိုးစီစဉ်ပေးမည့်အကြောင်း မောရှေပညတ်အောက်ရှိ တိရစ္ဆာန်ပူဇော်သကာများက ကြိုတင်ဖော်ပြခဲ့သည်။ (ဟေဗြဲ ၁၀:၁-၁၀; ၁ ယောဟန် ၂:၂) ၎င်းပရောဖက်ပြုချက်ဆိုင်ရာပုံဆောင်ချက်များကို ပြည့်စုံစေသည့်ပူဇော်သကာမှာ ယေရှုဖြစ်သည်။ ယေရှုမမွေးမီ ယေဟောဝါ၏ကောင်းကင်တမန်က ဤသို့ကြေညာခဲ့သည်– “ထိုသားသည် မိမိလူတို့ကို အပြစ်မှကယ်ချွတ်မည့်သူဖြစ် . . . ၏။”—မဿဲ ၁:၂၁; ဟေဗြဲ ၂:၁၀။
၇ ယေရှုသည် အပျိုကညာမာရိမှ အံ့ဖွယ်နည်းဖြင့်ဖွားမြင်ခဲ့၏၊ ကိုယ်တော်သည် ဘုရားသခင့်သားတော်အနေနှင့် အာဒံထံမှ သေခြင်းကို အမွေမခံခဲ့ရချေ။ ဤအချက်နှင့်အတူ ကိုယ်တော်၏စုံလင်၍သစ္စာရှိသောလမ်းစဉ်က ကိုယ်တော်၏အသက်ကို လူသားတစ်ရပ်လုံးအား အပြစ်နှင့် သေခြင်းမှပြန်လည်ဝယ်ယူရန် လိုအပ်သည့်တန်ဖိုးရှိစေသည်။ (ယောဟန် ၈:၃၆; ၁ ကောရိန္သု ၁၅:၂၂) အခြားသူအားလုံးတို့နှင့်မတူဘဲ ယေရှုသည် အပြစ်၏သေခြင်းဒဏ်ကိုမခံရချေ။ ကိုယ်တော်သည် “မိမိအသက်ကိုစွန့်၍ လူများကိုရွေးခြင်းငှာ” မြေကြီးပေါ်သို့ တမင်ကြွလာတော်မူ၏။ (မဿဲ ၂၀:၂၈) ထိုသို့ပြုပြီးခဲ့ရာ ယခု ရှင်ပြန်ထမြောက်၍ နန်းထိုင်နေတော်မူသော ယေရှုသည် ဘုရားသခင့်တောင်းဆိုချက်များနှင့်အညီ အသက်ရှင်သူမှန်သမျှကို ကယ်တင်နိုင်သည့် အခြေအနေတွင်ရှိနေပါသည်။—ဗျာဒိတ် ၁၂:၁၀။
ကယ်တင်ခြင်းရရန် အဘယ်အရာလိုအပ်သနည်း
၈၊ ၉။ (က) ကယ်တင်ခြင်းအကြောင်း သူကြွယ်အရာရှိငယ်တစ်ဦး၏မေးခွန်းကို ယေရှုမည်သို့ဖြေကြားတော်မူသနည်း။ (ခ) မိမိ၏တပည့်တော်များအား သွန်သင်ပေးရန် ဤအခါသမယကို ယေရှုမည်သို့အသုံးပြုခဲ့သနည်း။
၈ တစ်ခါက ဣသရေလအရာရှိငယ်တစ်ဦးသည် ယေရှုအား ဤသို့မေးမြန်းခဲ့သည်– “ထာဝရအသက်ကို အမွေခံရအံ့သောငှာ အကျွန်ုပ်သည် အဘယ်အမှုကို ပြုရပါမည်နည်း။” (မာကု ၁၀:၁၇) သူ၏မေးခွန်းက ထိုအချိန်၌ ခေတ်စားနေသော ဂျူးအတွေးအခေါ်ဖြစ်သည့် ဘုရားသခင်သည် တစ်စုံတစ်ရာသောကောင်းမှုပြုရန် တောင်းဆိုပြီး ထိုအမှုများကို တစ်ဦးတစ်ယောက်သည် အလုံအလောက်ပြုလုပ်ခြင်းဖြင့် ဘုရားသခင်ထံမှ ကယ်တင်ခြင်းရနိုင်၏ဟူသောအယူအဆကို ထင်ဟပ်စေ၏။ သို့သော် ထိုသို့သောသမားရိုးကျဆက်ကပ်ဝတ်ပြုမှုမျိုးသည် ကိုယ်ကျိုးရှာခြင်းမှ ပေါက်ဖွားလာနိုင်သည်။ မစုံလင်သူတစ်ဦးတစ်ယောက်မျှ ဘုရားသခင့်စံနှုန်းကို အမှန်တကယ်မမီနိုင်ခြင်းကြောင့် ထိုသို့သောလုပ်ရပ်များသည် ကယ်တင်ခြင်းမျှော်လင့်ချက်အစစ်အမှန်မရှိချေ။
၉ ထိုသူ၏မေးခွန်းကိုအဖြေပေးရာ၌ ယေရှုက ဘုရားသခင့်ပညတ်တော်များကို လိုက်နာသင့်ကြောင်း သူ့အား ရိုးရိုးလေးသတိပေးခဲ့သည်။ ငယ်စဉ်ကတည်းက ယင်းတို့ကို စောင့်ရှောက်ခဲ့ကြောင်း ယေရှုကို အရာရှိငယ်က လျင်မြန်စွာအဖြေပေး၏။ သူ၏တုံ့ပြန်မှုက ယေရှုအား သူ့ကိုချစ်စိတ်ပေါ်ထွက်စေ၏။ ထိုအခါယေရှုက သူ့အား ဤသို့မိန့်တော်မူသည်– “သင်သည်တစ်ခုလိုသေး၏။ သွားလော့။ ကိုယ်ဥစ္စာရှိသမျှကိုရောင်း၍ ဆင်းရဲသောသူတို့အားပေးလော့။ ထိုသို့ပြုလျှင်၊ ကောင်းကင်ဘုံ၌ဘဏ္ဍာကိုရလိမ့်မည်။ သို့ပြီးမှလာ၍ လက်ဝါးကပ်တိုင်ကိုထမ်းလျက် ငါ့နောက်သို့လိုက်လော့။” သို့သော် ထိုလူငယ်သည် “များစွာသောဥစ္စာကိုရတတ်သောသူဖြစ်၍” ဝမ်းနည်းစွာ ထွက်သွားခဲ့သည်။ ထို့နောက် ယေရှုက လောကစည်းစိမ်ကို အလွန်အကျွံစွဲလမ်းခြင်းက ကယ်တင်ခြင်းရရေးအတွက် အတားအဆီးဖြစ်သည်ဟု မိမိ၏တပည့်တော်များအား အလေးအနက်ဖော်ပြခဲ့သည်။ ကိုယ်ပိုင်အားထုတ်မှုဖြင့် မည်သူမျှ ကယ်တင်ခြင်းမရနိုင်ကြောင်း ကိုယ်တော်ကဆက်၍ဖော်ပြသည်။ သို့သော် သူတို့ကို ယေရှုက ဤသို့ ဆက်လက်အာမခံခဲ့သည်– “ဤအမှုကိုလူမတတ်နိုင်သော်လည်း . . . ဘုရားသခင်သည် ခပ်သိမ်းသောအမှုတို့ကို တတ်နိုင်တော်မူသည်။” (မာကု ၁၀:၁၈-၂၇; လုကာ ၁၈:၁၈-၂၃) ကယ်တင်ခြင်း မည်သို့ရနိုင်မည်နည်း။
၁၀။ ကယ်တင်ခြင်းရဖို့ အဘယ်အခြေအနေများကို ကျွန်ုပ်တို့ ပြည့်မီကြရမည်နည်း။
၁၀ ကယ်တင်ခြင်းသည် ဘုရားသခင့်ထံမှ ဆုကျေးဇူးတစ်ခုဖြစ်သော်လည်း အလိုအလျောက်ရရှိသည်မဟုတ်။ (ရောမ ၆:၂၃) တစ်ဦးချင်းစီအနေနှင့် အဆိုပါဆုကျေးဇူးကိုရဖို့အတွက် အရည်အချင်းပြည့်မီရန် အခြေခံသတ်မှတ်ချက်အချို့ရှိသည်။ ယေရှုက ဤသို့မိန့်တော်မူသည်– “ဘုရားသခင်၏သားတော်ကို ယုံကြည်သောသူအပေါင်းတို့သည် ပျက်စီးခြင်းသို့မရောက်၊ ထာဝရအသက်ကိုရစေခြင်းငှာ၊ ဘုရားသခင်သည် မိမိ၌တစ်ပါးတည်းသောသားတော်ကို စွန့်တော်မူသည်တိုင်အောင် လော[က]သားတို့ကိုချစ်တော်မူ၏။” ထို့အပြင် တမန်တော်ယောဟန်က ဤသို့ဆက်ပြောသည်– “သားတော်ကိုယုံကြည်သောသူသည် ထာဝရအသက်ကိုရ၏။ သားတော်ကိုပယ်သောသူမူကား အသက်ကိုမတွေ့ရ။” (ယောဟန် ၃:၁၆၊ ၃၆) ရှင်းနေသည်ကား ထာဝရကယ်တင်ခြင်းရရှိရန်မျှော်လင့်သူ တစ်ဦးချင်းစီထံမှ ဘုရားသခင်သည် ယုံကြည်ခြင်းနှင့် နာခံမှုကိုတောင်းဆိုသည်။ တစ်ဦးချင်းစီသည် ရွေးနုတ်ဖိုးကိုလက်ခံ၍ ယေရှု၏ခြေရာကိုလိုက်လျှောက်ရန် ဆုံးဖြတ်ချက်ချရမည်ဖြစ်သည်။
၁၁။ မစုံလင်သူတစ်ဦးသည် ယေဟောဝါ၏မျက်နှာသာတော်ကို မည်သို့ရရှိနိုင်မည်နည်း။
၁၁ ကျွန်ုပ်တို့သည် မစုံလင်ကြသောကြောင့် နာခံမှုရှိခြင်းမှာ ကျွန်ုပ်တို့၏ပင်ကိုစိတ်မဟုတ်သကဲ့သို့ တစ်သဝေမတိမ်းနာခံရန် မဖြစ်နိုင်ချေ။ ထို့ကြောင့် ယေဟောဝါသည် ကျွန်ုပ်တို့၏အပြစ်များကို ဖုံးအုပ်ပစ်ရန် ရွေးနုတ်ဖိုးကိုစီစဉ်ပေးရခြင်းဖြစ်သည်။ မည်သို့ပင်ဖြစ်စေ ဘုရားသခင့်နည်းလမ်းများအတိုင်း နေထိုင်ရန် ကျွန်ုပ်တို့ဆက်၍ကြိုးစားနေကြရမည်။ သူကြွယ်အရာရှိငယ်ကို ယေရှုပြောသကဲ့သို့ ဘုရားသခင်၏ပညတ်တော်များကို ကျွန်ုပ်တို့ဆက်၍စောင့်ရှောက်ကြရမည်ဖြစ်သည်။ ထိုသို့ပြုခြင်းဖြင့် ဘုရားသခင့်မျက်နှာသာတော်ကိုရရှိရုံမက “ပညတ်တော်တို့ကို စောင့်ခဲသည်မဟုတ်” သောကြောင့် ကြီးစွာသောရွှင်လန်းမှုကိုလည်း ဖြစ်စေကာ ယင်းတို့သည် “အားသန်” စေသည့်အကြောင်းဖြစ်၏။ (၁ ယောဟန် ၅:၃; သု. ၃:၁၊ ၈) သို့တိုင် ကယ်တင်ခြင်းမျှော်လင့်ချက်ကို စွဲကိုင်ထားရန် မလွယ်ကူချေ။
“ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်”
၁၂။ အကျင့်ယိုယွင်းစေသောသွေးဆောင်မှုများကို တွန်းလှန်ရန် ကယ်တင်ခြင်းမျှော်လင့်ချက်က ခရစ်ယာန်တစ်ဦးကို မည်သို့ခွန်အားရှိစေသနည်း။
၁၂ တပည့်တော်ယုဒသည် ရှေးခရစ်ယာန်များထံ “[သူတို့ကိုင်စွဲထားသော] ကယ်တင်ခြင်းအကြောင်း” ရေးသားလိုခဲ့သည်။ သို့သော် အကျင့်ယိုယွင်းစေသည့်အခြေအနေက “ယုံကြည်ခြင်းတရားဘက်မှာ . . . ကြိုးစား၍တိုက်လှန်” ကြဖို့ မိမိ၏ညီအစ်ကိုများအား ဆုံးမပေးရန်လိုအပ်ခဲ့သည်။ မှန်ပါသည်၊ ကယ်တင်ခြင်းရရန် ယုံကြည်ခြင်းရှိရုံ၊ စစ်မှန်သောခရစ်ယာန်ယုံကြည်ခြင်း၌ စွဲမြဲနေရုံနှင့် အရာရာအဆင်ပြေချောမွေ့နေသည့်အခါ နာခံရုံမျှနှင့် မလုံလောက်ချေ။ ယေဟောဝါအား ကျွန်ုပ်တို့၏အကြွင်းမဲ့အပ်နှံမှုက စုံစမ်းသွေးဆောင်မှုများနှင့် အကျင့်ယိုယွင်းစေသည့် ဩဇာလွှမ်းမိုးမှုများကို တွန်းလှန်နိုင်သည့်အထိသန်စွမ်းစေရန် ကူညီပေးမည်ဖြစ်သည်။ သို့တိုင် လိင်ဖောက်ပြန်မှုများနှင့် အကျင့်ပျက်ခြင်း၊ အာဏာပိုင်ကိုမလေးစားခြင်း၊ သင်းခွဲခြင်းနှင့် သံသယရှိခြင်းသည် ပထမရာစုခေတ်အသင်းတော်၏စိတ်ဓာတ်ကို လွှမ်းမိုးလျက်ရှိခဲ့သည်။ ယင်းသို့သောယိမ်းယိုင်ခြင်းများကို ဆိုင်ပြိုင်တွန်းလှန်နိုင်ဖို့ သူတို့ကိုကူညီပေးရန် ယုဒက ခရစ်ယာန်ချင်းတို့အား သူတို့၏ရည်ယုဒ ၃၊ ၄၊ ၈၊ ၁၉-၂၁) ကယ်တင်ခြင်းရရှိရန်မျှော်လင့်ချက်က အကျင့်မပျက်သန့်ရှင်းစွာနေဖို့ ဆိုင်ပြိုင်တိုက်လှန်ရာတွင် ခွန်အားရှိစေနိုင်သည်။
ရွယ်ချက်ကို စိတ်တွင်ရှင်းလင်းစွာထားရှိရန် ဤသို့တိုက်တွန်းခဲ့သည်– “ချစ်သူတို့၊ သင်တို့သည် မိမိတို့အလွန်သန့်ရှင်းသောယုံကြည်ခြင်းအပေါ်မှာ မိမိတို့ကိုတည်ဆောက်လျက်၊ သန့်ရှင်းသောဝိညာဉ်တော်အားဖြင့် ဆုတောင်း . . . လျက်၊ ဘုရားသခင်ကိုချစ်ခြင်းမေတ္တာ၌ ကိုယ်ကိုကိုယ်စောင့်ရှောက်၍၊ ထာဝရအသက်အလိုငှာ၊ ငါတို့သခင်ယေရှုခရစ်၏ကရုဏာကို မျှော်လင့်၍နေကြလော့။” (၁၃။ ဘုရားသခင်၏ မခံစားထိုက်သောကျေးဇူးတော်ကို ကျွန်ုပ်တို့အကျိုးမဲ့မခံခဲ့ကြောင်း မည်သို့ပြသနိုင်ကြသနည်း။
၁၃ ယေဟောဝါဘုရားသခင်သည် မိမိကယ်တင်မည့်သူတို့တွင် စံတင်အပ်သော အမူအကျင့်ရှိရန် မျှော်လင့်တော်မူ၏။ (၁ ကောရိန္သု ၆:၉၊ ၁၀) သို့သော် ဘုရားသခင်၏ကျင့်ဝတ်စံနှုန်းများကို ကိုင်စွဲထားခြင်းက အခြားသူတို့အား တရားစီရင်ခြင်းကိုမဆိုလိုပါ။ ကျွန်ုပ်တို့သည် လူသားအချင်းချင်း၏ ထာဝရနောင်ရေးကို ဆုံးဖြတ်ကြရမည့်သူများမဟုတ်ချေ။ ယင်းအစား အာသင်မြို့ရှိ ဂရိများကို ပေါလုက ဤသို့ပြောခဲ့သကဲ့သို့ ဘုရားသခင်သာ ထိုသို့ပြုလုပ်ပေမည်– “ခန့်ထားတော်မူသောသူ [ယေရှုခရစ်] အားဖြင့် လော[က]သားတို့ကို ဖြောင့်မတ်ခြင်းတရားနှင့်ညီလျော်စွာ စစ်ကြောစီရင်မည့်နေ့ရက်ကို ချိန်းချက်တော်မူပြီ။” (တမန်တော် ၁၇:၃၁; ယောဟန် ၅:၂၃) ယေရှု၏ရွေးနုတ်ဖိုးပူဇော်သကာနှင့်အညီ ကျွန်ုပ်တို့အသက်ရှင်ကြမည်ဆိုလျှင် ရောက်လာမည့်တရားစီရင်ရာနေ့ကို ကျွန်ုပ်တို့ကြောက်စရာမလိုချေ။ (ဟေဗြဲ ၁၀:၃၈၊ ၃၉) အရေးကြီးသည်မှာ မှားယွင်းသောအတွေးအခေါ်နှင့် အမူအကျင့်ကိုပြုရန် သွေးဆောင်ခံခွင့်ပြုခြင်းဖြင့် ‘ဘုရားသခင်၏မခံစားထိုက်သောကျေးဇူးတော် [ရွေးနုတ်ဖိုးအားဖြင့် ကိုယ်တော်နှင့်မိတ်သဟာယဖွဲ့မှု] ကို’ ဘယ်သောအခါမျှ “အကျိုးမဲ့မခံကြ” ဖို့ဖြစ်သည်။ (၂ ကောရိန္သု ၆:၁) ထို့အပြင် အခြားသူတို့ကို ကယ်တင်ခြင်းရစေရန် ကူညီခြင်းအားဖြင့် ဘုရားသခင်၏ကရုဏာတော်ကို ကျွန်ုပ်တို့သည် အကျိုးမဲ့မဖြစ်စေကြောင်း ပြသကြ၏။ သူတို့ကို မည်သို့ကူညီနိုင်မည်နည်း။
ကယ်တင်ခြင်းမျှော်လင့်ချက်ကို ဝေမျှပေးခြင်း
၁၄၊ ၁၅။ ကယ်တင်ခြင်းသတင်းကို ဖြန့်ချိရန် မည်သူတို့ကို ယေရှုတာဝန်ပေးခဲ့သနည်း။
၁၄ ပရောဖက်ယောလစကားကို ကိုးကား၍ တမန်တော်ပေါလုက ဤသို့ရေးသားခဲ့သည်– “ယေဟောဝါ၏နာမတော်ကို [ဆုတောင်း]သောသူရှိသမျှတို့သည် ကယ်တင်တော်မူခြင်းသို့ ရောက်ကြလတ္တံ့။” ထို့နောက် သူကဤသို့ဆက်ဆိုသည်– “သို့ရာတွင်၊ မယုံကြည်လျှင် အဘယ်သို့[ဆုတောင်း]နိုင်မည်နည်း။ သတင်းမကြားလျှင် အဘယ်သို့ယုံကြည်နိုင်မည်နည်း။ ဟောပြောသောသူမရှိလျှင် အဘယ်သို့ကြားနိုင်မည်နည်း။” ထို့နောက် အခန်းငယ်အနည်းငယ်တွင် ပေါလုက ယုံကြည်ခြင်းသည် အလိုအလျောက်ဖြစ်လာသည်မဟုတ်; ယင်းအစား “ခရစ်တော်၏စကားတော်” ကို “ကြားနာခြင်းအားဖြင့်ဖြစ်” ကြောင်းညွှန်ပြသည်။—ရောမ ၁၀:၁၃၊ ၁၄၊ ၁၇၊ ကဘ; ယောလ ၂:၃၂။
၁၅ လူမျိုးအပေါင်းထံ “ခရစ်တော်စကားတော်” ကိုမည်သူတို့ သယ်ဆောင်ကြမည်နည်း။ “စကားတော်” ကိုသင်ကြားခံခဲ့ရပြီးသော ယေရှု၏တပည့်တော်များအား ၎င်းတာဝန်ကို ကိုယ်တော်အပ်နှင်းခဲ့သည်။ (မဿဲ ၂၄:၁၄; ၂၈:၁၉၊ ၂၀; ယောဟန် ၁၇:၂၀) ဘုရားသခင့်နိုင်ငံတော်ဟောပြောခြင်းနှင့် တပည့်ဖြစ်စေခြင်းလုပ်ငန်း၌ ကျွန်ုပ်တို့ပါဝင်ကြသောအခါ ဤတစ်ကြိမ်တွင် ဟေရှာယစကားကိုကိုးကားပြီး တမန်တော်ပေါလုရေးသားခဲ့ရာကို ကျွန်ုပ်တို့ပြုလုပ်နေကြခြင်းဖြစ်သည်– “ကောင်းကျိုးချမ်းသာ၏ဝမ်းမြောက်စရာသတင်းကို ကြားပြောသောသူ၏ခြေတို့သည် အလွန်တင့်တယ်စွတကား။” ကျွန်ုပ်တို့သယ်ဆောင်သောသတင်းကောင်းကို လူအများလက်မခံကြလျှင်ပင် ကျွန်ုပ်တို့၏ခြေတို့သည် ယေဟောဝါရှေ့ “တင့်တယ်” လျက်ပင်။—ရောမ ၁၀:၁၅; ဟေရှာယ ၅၂:၇။
၁၆၊ ၁၇။ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းက အဘယ်ရည်ရွယ်ချက်နှစ်မျိုးကို ပြီးမြောက်စေသနည်း။
၁၆ ဤတာဝန်ကိုကျေပွန်ခြင်းဖြင့် အရေးကြီးသည့်ရည်ရွယ်ချက်နှစ်ရပ်ကိုပြီးမြောက်စေ၏။ ပထမအနေနှင့် ဘုရားသခင့်နာမတော်ကိုထင်ရှားစေကာ ကယ်တင်ခြင်းရလိုသူတို့သည် မည်သည့်နေရာသို့သွားရမည်ကိုသိစေခြင်းငှာ သတင်းကောင်းကို ဟောပြောကြရမည်။ ပေါလုသည် ဤတာဝန်ပိုင်းကို နားလည်ခဲ့သည်။ သူက ဤသို့ဆိုသည်– “မှာတော်မူသောဗျာဒိတ်တော်အချက်ကား၊ ‘သင်သည်မြေကြီးစွန်းတိုင်အောင် ကယ်တင်ခြင်း[ဖြစ်]စိမ့်သောငှာ၊ သင့်ကိုတစ်ပါးအမျိုးသားတို့ လင်းစရာဖို့ငါခန့်ထား၏’ ဟုဗျာဒိတ်တော်ရှိ [ဆို] သည်။” သို့ဖြစ်၍ ခရစ်တော်၏တပည့်တော်များအဖြစ် ကျွန်ုပ်တို့တစ်ယောက်စီသည် လူတို့ထံ ကယ်တင်ခြင်းသတင်းကို ပို့ဆောင်ကြရမည်ဖြစ်သည်။—တမန်တော် ၁၃:၄၇; ဟေရှာယ ၄၉:၆။
၁၇ ဒုတိယအနေနှင့် သတင်းကောင်းဟောပြောခြင်းသည် ဘုရားသခင်၏ဖြောင့်မတ်သော တရားစီရင်ချက်အတွက် အုတ်မြစ်ချခြင်းဖြစ်သည်။ ယင်းတရားစီချက်နှင့်ပတ်သက်၍ ယေရှုက ဤသို့မိန့်တော်မူမဿဲ ၂၅:၃၁-၄၆။
သည်– “လူသားသည် မိမိဘုန်းအာနုဘော် ကိုဆောင်လျက်၊ သန့်ရှင်းသောကောင်းကင်တမန်များ အခြံအရံနှင့်တကွကြွလာတော်မူသောအခါ ဘုန်းရှိသောပလ္လင်တော်ပေါ်မှာထိုင်၍၊ ရှေ့တော်၌ လူမျိုးအပေါင်းတို့ကို စုဝေးစေသဖြင့်၊ သိုးထိန်းသည် သိုးနှင့်ဆိတ်တို့ကို တခြားစီခွဲထားသကဲ့သို့၊ လူအပေါင်းတို့ကို အသီးအခြားခွဲ . . . တော်မူလတ္တံ့။” ထိုတရားစီရင်ခြင်းနှင့် ခွဲခြားခြင်းကို “လူသားသည် မိမိဘုန်း . . . ကိုဆောင်လျက် . . . ကြွလာတော်မူသောအခါ” ၌ပြုမည်ဖြစ်သော်လည်း ယနေ့ ဟောပြောခြင်းလုပ်ငန်းသည် လူတို့ကို ခရစ်တော်၏ဝိညာဉ်ရေးညီတော်များအား သိမှတ်ခြင်းအခွင့်အလမ်းကိုပေး၍ သူတို့၏ထာဝရကယ်တင်ခြင်းရရေးအတွက် သူတို့ကို ရိုင်းပင်းကူညီထောက်ပံ့ပေးလျက်ရှိသည်။—“ယုံမှားခြင်းနှင့် ကင်းသောမျှော်လင့်ခြင်း” ကို ထိန်းသိမ်းထားပါ
၁၈။ ကျွန်ုပ်တို့၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို မည်သို့ဆက်၍တောက်ပစေနိုင်သနည်း။
၁၈ ဟောပြောခြင်းလုပ်ငန်း၌ တက်တက်ကြွကြွပါဝင်ခြင်းက ကျွန်ုပ်တို့၏မျှော်လင့်ခြင်းကို ဆက်လက်တောက်ပစေသည့်နည်းလမ်းဖြစ်သည်။ ပေါလုက ဤသို့ရေးသားခဲ့သည်– “ထိုသို့သောလုံ့လဝီရိယကိုထုတ်၍၊ အဆုံးတိုင်အောင် ယုံမှားခြင်းနှင့်ကင်းသော မျှော်လင့်ခြင်းနှင့်ပြည့်စုံစေခြင်းငှာ ငါတို့သည်အလိုရှိကြ၏။” (ဟေဗြဲ ၆:၁၂) ထို့ကြောင့် ကျွန်ုပ်တို့တစ်ယောက်စီသည် “ကယ်တင်ခြင်းသို့ရောက်မည်ဟု မျှော်လင့်ခြင်းတည်းဟူသော သံခမောက်လုံးကို” ဝတ်ဆင်ကာ “အမျက်တော်ကိုခံစေခြင်းငှာ ဘုရားသခင်သည်ငါတို့ကိုခန့်ထားတော်မူသည်မဟုတ်။ ငါတို့သခင်ယေရှုခရစ်အားဖြင့် ကယ်တင်ခြင်းကိုပိုင်ရစေခြင်းငှာ ခန့်ထားတော်မူ” ကြောင်းကို အောက်မေ့ကြပါစို့။ (၁ သက်သာလောနိတ် ၅:၈၊ ၉) ပေတရု၏ ဤနှိုးဆော်ချက်ကိုလည်း ကျွန်ုပ်တို့နှလုံးမှတ်ကျုံးကြစို့– “သင်တို့စိတ်နှလုံးကိုခါးပန်းစည်း၍ [ကောင်းသော]သတိရှိကြလော့။ ယေရှုခရစ်ပေါ်ထွန်းတော်မူသောအခါ၊ သင်တို့ဆီသို့ရောက်လတ္တံ့သောဆုကျေးဇူးကို အဆုံးတိုင်အောင်မျှော်လင့်ကြလော့။” (၁ ပေတရု ၁:၁၃) ထိုသို့ပြုလုပ်သူအားလုံးသည် မိမိတို့၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ လုံးဝပြည့်စုံသည်ကို တွေ့မြင်ကြရလိမ့်မည်တည်း!
၁၉။ နောက်ဆောင်းပါးတွင် အဘယ်အရာကို ကျွန်ုပ်တို့သုံးသပ်ကြမည်နည်း။
၁၉ တစ်ချိန်တည်းတွင် ဤစနစ်အတွက်ကျန်ကြွင်းချိန်နှင့်ပတ်သက်၍ ကျွန်ုပ်တို့၏ရှုမြင်ပုံကား မည်သို့ဖြစ်သင့်သနည်း။ ကျွန်ုပ်တို့ကိုယ်တိုင်နှင့် အခြားသူတို့ပါ ကယ်တင်ခြင်းရရှိရန် ထိုအချိန်ကို မည်သို့အသုံးပြုနိုင်သနည်း။ နောက်ဆောင်းပါးတွင် ဤမေးခွန်းများကို ကျွန်ုပ်တို့သုံးသပ်ကြပါလိမ့်မည်။
သင်ရှင်းပြနိုင်ပါသလော
• ကျွန်ုပ်တို့၏ ‘ကယ်တင်ခြင်းမျှော်လင့်ချက်’ ကို အဘယ်ကြောင့် ဆက်၍တောက်ပနေစေရမည်နည်း။
• ကယ်တင်ခြင်းတွင် အဘယ်အရာပါဝင်သနည်း။
• ကယ်တင်ခြင်းဆုကျေးဇူးရရန် ကျွန်ုပ်တို့ အဘယ်အရာပြုလုပ်ကြရမည်နည်း။
• ဘုရားသခင့်ရည်ရွယ်တော်မူချက်နှင့်အညီ ကျွန်ုပ်တို့၏ဟောပြောခြင်းလုပ်ငန်းက အဘယ်အရာကိုပြီးမြောက်စေသနည်း။
[လေ့လာရန်မေးခွန်းများ]
[စာမျက်နှာ ၁၀ ပါ ရုပ်ပုံ]
ကယ်တင်ခြင်းဟူသည် ဖျက်ဆီးခံရခြင်းမှ လွတ်မြောက်ရုံမျှသာမက ပို၍အဓိပ္ပာယ်ရှိ