စာရှုသူများထံမှမေးခွန်းလွှာ
စာရှုသူများထံမှမေးခွန်းလွှာ
ယေဟောဝါသက်သေများသည် သွေးမှထုတ်လုပ်သည့် ဆေးဝါးပစ္စည်းများကို လက်ခံကြသလော။
အခြေခံကျသောအဖြေမှာ ယေဟောဝါသက်သေများသည် သွေးကိုလက်မခံကြပါ။ သွေးနှင့်ပတ်သက်သော ဘုရားသခင်၏ပညတ်သည် ပြောင်းလဲနေသောယူဆချက်များနှင့်အညီ ပြောင်းလဲမှုမရှိသည်ကို ကျွန်ုပ်တို့အခိုင်အမာယုံကြည်ကြသည်။ သို့သော် ယခု သွေးကို အဓိကအပိုင်းလေးပိုင်းနှင့် ထိုအပိုင်းများ၏အစိတ်အပိုင်းများအဖြစ် တာရှည်ခံစေရန် စီမံထားနိုင်သောကြောင့် ဆွေးနွေးစရာအကြောင်းသစ်များ ပေါ်ပေါက်လာသည်။ ခရစ်ယာန်တစ်ဦးသည် ၎င်းတို့ကို လက်ခံမည်၊ လက်မခံမည်ကို ဆုံးဖြတ်ချက်ချရာ၌ ဖြစ်နိုင်ခြေရှိ ဆေးဘက်ဆိုင်ရာ ကောင်းကျိုးများနှင့် ဆိုးကျိုးများကို ကျော်လွန်၍ကြည့်မြင်သင့်သည်။ စိုးရိမ်သင့်ရာမှာ သမ္မာကျမ်းစာပြောဆိုထားရာများနှင့် တန်ခိုးရှင်ဘုရားသခင်နှင့်သူ၏ဆက်ဆံရေးအပေါ် ဖြစ်ပေါ်လာနိုင်သော အကျိုးသက်ရောက်မှုတို့ဖြစ်သည်။
အဓိကအရေးကိစ္စများမှာ ရိုးရိုးလေးသာဖြစ်သည်။ ထိုသို့အဘယ်ကြောင့်ဖြစ်ရကြောင်းကို သိမြင်ရန် ကျမ်းဆိုင်ရာ၊ သမိုင်းဆိုင်ရာနှင့် ဆေးဘက်ဆိုင်ရာ နောက်ခံအချို့ကို သုံးသပ်ကြည့်ပါ။
သွေးကိုအထူးအရာတစ်ခုအဖြစ် သဘောထားရမည်ဟု ကျွန်ုပ်တို့အားလုံး၏ဘိုးဘေးနောဧကို ယေဟောဝါဘုရားသခင် မိန့်ဆိုခဲ့သည်။ (ကမ္ဘာဦး ၉:၃၊ ၄) နောက်ပိုင်းတွင် ဣသရေလလူမျိုးကိုပေးသော ဘုရားသခင့်ပညတ်များသည် သွေး၏မြင့်မြတ်မှုကို ဤသို့ထင်ဟပ်ခဲ့သည်– “ဣသရေလအမျိုးသားများမှစ၍ . . . တစ်ပါးအမျိုးသားတစ်စုံတစ်ယောက်သည် အသွေးတစ်မျိုးမျိုးကိုစားလျှင်၊ ထိုသူကို ငါသည်မျက်နှာထား၍ သူ၏အမျိုးမှပယ်ရှင်းမည်။” ဘုရားသခင်၏ပညတ်ကို ငြင်းပယ်ခြင်းဖြင့် ဣသရေလတစ်ဦးသည် အခြားသူများကို ညစ်ညမ်းစေနိုင်သည်; သို့ဖြင့် “သူ၏အမျိုးမှပယ်ရှင်းမည်” ဟုဘုရားသခင်မိန့်ဆိုခဲ့ခြင်းဖြစ်သည်။ (ဝတ်ပြုရာ ၁၇:၁၀) နောက်ပိုင်း၌ ယေရုရှလင်အစည်းအဝေးတစ်ခုတွင် တမန်တော်များနှင့် အကြီးအကဲများသည် “အသွေးကို . . . ကြဉ်ရှောင်ရမည်” ဟုထုတ်ပြန်ခဲ့သည်။ ထိုသို့ကြဉ်ရှောင်ခြင်းသည် လိင်အကျင့်ယိုယွင်းမှုနှင့် ရုပ်ပုံကိုးကွယ်မှုကို ကြဉ်ရှောင်ခြင်းတမျှ အရေးကြီးသည်။—တမန်တော် ၁၅:၂၈၊ ၂၉။
ထိုအချိန်က “ကြဉ်ရှောင်ခြင်း” အဓိပ္ပာယ်မှာ မည်သို့ဖြစ်ခဲ့မည်နည်း။ ခရစ်ယာန်များသည် လတ်ဆတ်သောသွေး သို့မဟုတ် သွေးခဲများကို မစားသုံးခဲ့ကြချေ; အသွေးမထုတ်ထားသောအသားကိုလည်း သူတို့ မစားသုံးခဲ့ကြချေ။ ထို့ပြင် သွေးဝက်အူချောင်းကဲ့သို့သော သွေးပါသည့်အစားအစာများကိုလည်း စားကြမည်မဟုတ်ပါ။ ထိုနည်းများဖြင့် သွေးကိုစားသုံးခြင်းသည် ဘုရားသခင်၏ပညတ်တော်ကို ချိုးဖောက်ရာရောက်မည်ဖြစ်သည်။—၁ ဓမ္မရာဇဝင် ၁၄:၃၂၊ ၃၃။
တာတူလျန် (စီ.အီး. ဒုတိယနှင့်တတိယရာစုများ) ၏စာပေတွင် ကျွန်ုပ်တို့တွေ့နိုင်သည့်အတိုင်း ရှေးအချိန်မှ လူအများစုသည် သွေးစားသုံးခြင်းနှင့်ပတ်သက်၍ ပူပင်မှုရှိမည်မဟုတ်ချေ။ ခရစ်ယာန်များသည် သွေးစားသုံးသည်ဟု မှားယွင်းသောစွဲချက်ကို ချေပသည့်အနေဖြင့် တာတူလျန်သည် သွေးသောက်၍ သစ္စာဆိုကြသည့် လူမျိုးနွယ်စုများအကြောင်း ဖော်ပြခဲ့သည်။ “ကွင်းအတွင်း တိုက်ခိုက်ပွဲပြီးသောအခါ အာသာငမ်းငမ်းဖြစ်နေသူအချို့သည် သူတို့၏ဝက်ရူးပြန်ရောဂါကို ကုသရန်အတွက် အသတ်ခံရသူ၏အစိမ်းလတ်လတ်အသွေးကို . . . ခံယူခဲ့ကြသည်” ဟူ၍လည်း သူဖော်ပြခဲ့၏။
အဆိုပါအပြုအမူများသည် (ရောမအချို့သည် ကျန်းမာရေးအကြောင်းပြပြီး ယင်းတို့ကို အသုံးပြုလျှင်ပင်) ခရစ်ယာန်များအတွက် မှားယွင်း၏– “ကျွန်ုပ်တို့၏သဘာဝအစာတွင် တိရစ္ဆာန်အသွေးပင် လုံးဝမပါ” ဟုတာတူလျန်ရေးခဲ့သည်။ ရောမများသည် ခရစ်ယာန်စစ်များ၏သမာဓိကို စမ်းသပ်သည့်အနေဖြင့် သွေးထည့်ထားသောအစာများကို အသုံးပြုခဲ့သည်။ တာတူလျန်က ဤသို့ထပ်ဆင့်သည်– “[ခရစ်ယာန်များသည်] တိရစ္ဆာန်သွေးကို ရွံရှာကြောင်း တပ်အပ်သိထားလျက်နှင့် လူ့အသွေးကို သူတို့ငမ်းငမ်းတက်မည်ဟု သင်အထင်ရှိခြင်းကား အသို့နည်းဟု ယခု သင့်ကိုမေးမည်။”
ယနေ့ ဆရာဝန်တစ်ဦးက သွေးသွင်းရန် အကြံပြုသောအခါ တန်ခိုးရှင်ဘုရားသခင်၏ ပညတ်တော်များကို ငြင်းပယ်ရာကျသည်ဟု စဉ်းစားကြမည့်သူ မရှိသလောက်ပင်။ ယေဟောဝါသက်သေများသည် အမှန်ပင် အသက်ရှင်လိုကြသော်လည်း သွေးနှင့်ပတ်သက်သော ယေဟောဝါ၏ပညတ်တော်ကို ကျွန်ုပ်တို့နာခံကြရန် တာဝန်ရှိသည်။ ၎င်းသည် လက်ရှိဆေးကုသနည်းသစ်၏ရှုထောင့်မှ အဘယ်အဓိပ္ပာယ်ရှိသနည်း။
ဒုတိယကမ္ဘာစစ်ပြီးနောက် ပကတိသွေးသွင်းခြင်းသည် အစဉ်အလာဖြစ်လာသော်လည်း ၎င်းသည် ဘုရားသခင့်ပညတ်ကို ဆန့်ကျင်ကြောင်း ယေဟောဝါသက်သေများ သိမြင်ခဲ့ကြပြီး ယခုအထိ ထိုအတိုင်းကျွန်ုပ်တို့ယုံကြည်နေဆဲပင်ဖြစ်သည်။ သို့ရာတွင် အတန်ကြာလေသော် ဆေးပညာသည် ပြောင်းလဲလာခဲ့ပြီ။ ယနေ့ ပကတိသွေးကို အများအားဖြင့်မသွင်းတော့ဘဲ ယင်း၏အဓိကအစိတ်အပိုင်းတစ်ခုခု (၁) သွေးနီဥများ; (၂) သွေးဖြူဥများ; (၃) သွေးဥမွှားများ; (၄) ပလာစမာ (သွေးရည်ကြည်)၊ အရည်ပိုင်းတို့ကို သွင်းလေ့ရှိသည်။ လူနာ၏အခြေအနေအပေါ်မူတည်၍ ဆရာဝန်များသည် သွေးနီဥများ၊ သွေးဖြူဥများ၊ သွေးဥမွှားများ၊ သို့မဟုတ် ပလာစမာကိုညွှန်ကြားပေးပေမည်။ ဤအဓိကအစိတ်အပိုင်းများကို သွင်းခြင်းဖြင့် သွေးယူနစ်တစ်ယူနစ်ကို လူနာအများကမျှဝေသုံးစွဲနိုင်စေသည်။ ပကတိသွေးဖြစ်စေ၊ အဆိုပါမည်သည့်အဓိကအစိတ်အပိုင်းလေးပိုင်းကိုဖြစ်စေ သွင်းခြင်းတို့သည် ဘုရားသခင်၏ပညတ်ကို ချိုးဖောက်ရာရောက်သည်ဟု ယေဟောဝါသက်သေများက ခံယူကြသည်။ ဤကျမ်းစာအခြေပြု အနေအထားကိုခံယူခြင်းသည် သွေးမှကူးစက်နိုင်သော အသည်းရောင်ရောဂါနှင့် အေအိုင်ဒီအက်စ်စသည့် ရောဂါများအပါအဝင် ဘေးအန္တရာယ်များစွာမှ ကာကွယ်ပေးခဲ့သည်မှာ ထင်ရှားပါသည်။
သို့သော် သွေးကို အဆိုပါအဓိကအစိတ်အပိုင်းများထက်မက အဆင့်ဆင့်ပြုပြင်စီမံနိုင်သောကြောင့် ထိုအဓိကသွေးအစိတ်အပိုင်းများမှရရှိသည့် အပိုင်းအစငယ်များနှင့်ပတ်သက်၍ မေးခွန်းများပေါ်ပေါက်လာသည်။ ဤအပိုင်းအစငယ်များကို
မည်သို့အသုံးပြုကြပြီး ယင်းတို့နှင့်စပ်လျဉ်း၍ ဆုံးဖြတ်ချက်ချသောအခါ ခရစ်ယာန်တစ်ဦးသည် အဘယ်အရာများကို ထည့်သုံးသပ်သင့်သနည်း။သွေးသည် အစိတ်အပိုင်းများစွာဖြင့်ဖွဲ့စည်းထား၏။ ရေ ၉၀ ရာခိုင်နှုန်းဖြစ်သည့် ပလာစမာ၌ပင်လျှင် သတ္တုဓာတ်များနှင့် သကြားဓာတ်အပါအဝင် ဟော်မုန်းအများအပြား၊ အဇီဝမူလဆားများ၊ အင်ဇိုင်းများနှင့် အာဟာရဓာတ်များပါရှိသည်။ ပလာစမာတွင် အယ်လဗျူမင်၊ သွေးခဲစေသည့်ပစ္စည်းများကဲ့သို့သောပရိုတင်းများနှင့် ရောဂါများကို တိုက်ထုတ်ပေးသောပဋိပစ္စည်းများပါဝင်၏။ ပညာရှင်များသည် ပလာစမာပရိုတင်းများစွာကို သီးသန့်ခွဲခြားထုတ်ယူကာ အသုံးပြုကြသည်။ ဥပမာ၊ အဋ္ဌမသွေးခဲစေသည့်ပစ္စည်းကို အလွယ်တကူသွေးထွက်တတ်သည့် သွေးမတိတ်ရောဂါသည်များကို သွင်းပေးလေ့ရှိသည်။ သို့မဟုတ် တစ်ဦးတစ်ယောက်သည် အချို့သောရောဂါများ ဖြစ်မည်ဆိုလျှင် ဆရာဝန်များသည် ရောဂါပြီးသူတို့၏ သွေးပလာစမာမှ ထုတ်ယူထားသော ဂမ္မာဂလိုဗျူလင် ကိုထိုးရန် ညွှန်ကြားမည်ဖြစ်သည်။ ဆေးပညာအရ အခြားပလာစမာပရိုတင်းများကို အသုံးပြုတတ်ကြသော်လည်း အဓိကသွေးအစိတ်အပိုင်း (ပလာစမာ) ကိုပြုပြင်စီမံခြင်းဖြင့် ၎င်းမှအပိုင်းအစငယ်များရရှိနိုင်ပုံကို အထက်ပါဥပမာက ဖော်ပြသည်။ *
သွေးပလာစမာမှ အပိုင်းအစငယ်များအသီးသီးထုတ်ယူနိုင်သကဲ့သို့ အခြားအဓိကအစိတ်အပိုင်းများ (သွေးနီဥများ၊ သွေးဖြူဥများ၊ သွေးဥမွှားများ) မှလည်း အစိတ်အပိုင်းလေးများကို သီးခြားခွဲထုတ်နိုင်၏။ ဥပမာ၊ သွေးဖြူဥများသည် ဗိုင်းရတ်ကူးစက်ရောဂါများနှင့် ကင်ဆာရောဂါအချို့တို့ကို ကုသရန်အသုံးပြုခဲ့သော ပဋိဗိုင်းရတ်ပရိုတိန်းများနှင့် ပဋိသွေးဆဲလ်ဖြူဓာတ်တို့၏ ရင်းမြစ်တစ်ခုဖြစ်ပေမည်။ သွေးဥမွှားများကို ဒဏ်ရာပျောက်စေသောဆေးထုတ်လုပ်ရန် ပြုပြင်စီမံနိုင်သည်။ ထို့ပြင် သွေးအစိတ်အပိုင်းများမှ (အနည်းဆုံးအစပိုင်းတွင်) ထုတ်ယူထားခြင်းပါဝင်သည့် အခြားဆေးဝါးများလည်းပေါ်လာပါပြီ။ ဤသို့သောကုသနည်းများသည် အဆိုပါအဓိကအစိတ်အပိုင်းများကို သွင်းခြင်းမဟုတ်; ၎င်းတို့မှ အပိုင်းအစငယ်သာ ပါဝင်လေ့ရှိသည်။ ခရစ်ယာန်များသည် ဆေးကုသခံယူရာတွင် ယင်းအပိုင်းအစငယ်များကို လက်ခံသင့်သလော။ ကျွန်ုပ်တို့မပြောနိုင်ပါ။ သမ္မာကျမ်းစာတွင် အသေးစိတ်မပြောထားသောကြောင့် ခရစ်ယာန်တစ်ဦးသည် ဘုရားသခင်ရှေ့တွင် ကိုယ်ပိုင်အသိစိတ်ရှိရှိ ဆုံးဖြတ်ရမည်ဖြစ်သည်။
အချို့သည် သွေးမှထုတ်ယူထားသော မည်သည့်အရာကိုမဆို (ယာယီအားမထုတ်ရောဂါပြီးစေရန် ရည်ရွယ်ထားသောအပိုင်းအစလေးများကိုပင်) ငြင်းပယ်ကြမည်ဖြစ်သည်။ ‘အသွေးကို ကြဉ်ရှောင်ရမည်’ ဟူသော ဘုရားသခင်၏ပညတ်ချက်ကို ထိုအတိုင်း သူတို့နားလည်သဘောပေါက်ကြ၏။ သတ္တဝါတစ်ကောင်မှ ထုတ်လိုက်သည့်သွေးကို “မြေပေါ်မှာသွန်ရမည်” ဟုဣသရေလလူမျိုးကို ကိုယ်တော့်ပညတ်တော်က တောင်းဆိုထားကြောင်းကိုလည်း သူတို့ကျိုးကြောင်းဆင်ခြင်သည်။ (တရားဟောရာ ၁၂:၂၂-၂၄) ယင်းသည် အဘယ်ကြောင့်ဆက်စပ်နေသနည်း။ ဂမ္မာဂလိုဗျူလင်၊ သွေးအခြေပြု သွေးခဲစေသည့်ပစ္စည်းများစသည်တို့ကို ဖော်စပ်ရန်အတွက် သွေးကိုစုဆောင်းကာ တာရှည်ခံစေရန်စီမံဖို့လိုသည်။ ထို့ကြောင့် ခရစ်ယာန်အချို့သည် ပကတိသွေး သို့မဟုတ် သွေး၏အဓိကအစိတ်အပိုင်းလေးပိုင်းကို သွင်းရန်ငြင်းပယ်ကြသကဲ့သို့ ဤသို့သောဆေးဝါးများကိုလည်း ငြင်းပယ်ကြသည်။ စိတ်ရိုးမှန်ဖြင့် အသိစိတ်ရှိရှိ သူတို့၏ရပ်တည်မှုကို လေးစားသင့်သည်။
အခြားခရစ်ယာန်များသည် ထိုသို့ဆုံးဖြတ်ချက်မချကြချေ။ သူတို့လည်း ပကတိသွေး၊ သွေးနီဥများ၊ သွေးဖြူဥများ၊ သွေးဥမွှားများ သို့မဟုတ် ပလာစမာ သွင်းခြင်းကိုငြင်းပယ်ကြ၏။ သို့သော် သွေး၏အဓိကအစိတ်အပိုင်းများမှ ထုတ်ယူထားသောအပိုင်းအစလေးများနှင့် ဆရာဝန်အား ကုသစေပေမည်။ ဤတွင်ပင် ကွာခြားကြပေမည်။ ခရစ်ယာန်တစ်ဦးသည် ဂမ္မာဂလိုဗျူလင်ထိုးဆေးကို လက်ခံကောင်းလက်ခံမည်ဖြစ်သော်လည်း သွေးနီဥများ သို့မဟုတ် သွေးဖြူဥများမှ ထုတ်ယူထားသောအရာတစ်ခုခုပါရှိသည့် ထိုးဆေးကိုမူ လက်ခံကောင်းလက်ခံမည် သို့မဟုတ် လက်မခံဘဲလည်းဖြစ်နိုင်သည်။ သို့သော် အားလုံးကိုခြုံကြည့်လျှင် သွေးအပိုင်းအစငယ်များကို လက်ခံနိုင်သည်ဟု သဘောပိုက်ရန် ခရစ်ယာန်အချို့ကို မည်သည့်အရာကဆုံးဖြတ်စေနိုင်သနည်း။
စာရှုသူများထံမှမေးခွန်းလွှာ” တွင်ဖော်ပြခဲ့သည်။ သို့ဖြင့် မိခင်သည် သူ၏ကလေးထံ ရောဂါပြီးဂလိုဗျူလင်ကို လက်ဆင့်ကမ်းပေးခြင်းဖြင့် အရေးပါသောရောဂါပြီးခြင်းကိုဖြစ်စေသည်။ သီးခြားအနေနှင့် သန္ဓေသား၏သွေးနီဥများသည် ယင်း၏ပုံမှန်သက်တမ်းပြည့်သွားစဉ် ၎င်းတို့၏အောက်ဆီဂျင်သယ်ဆောင်ပေးသော အပိုင်းမှာပြုပြင်စီမံခံရသည်။ ယင်း၏အပိုင်းအချို့သည် ဗီလီရူဗင်ဖြစ်လာပြီး အချင်းမှတစ်ဆင့် မိခင်ထဲရောက်သွားရာ သူ၏ကိုယ်ခန္ဓာစွန့်ပစ်ပစ္စည်းများနှင့်အတူ ပါသွားဖယ်ထုတ်ပစ်သည်။ သွေးအပိုင်းအစငယ်များကို ဤသဘာဝနည်းဖြင့် အခြားသူတစ်ဦးထံ ကမ်းပေးနိုင်သောကြောင့် သွေးပလာစမာ သို့မဟုတ် ဆဲလ်များမှ ထုတ်ယူထားသည့် သွေးအပိုင်းအစငယ်တစ်ခုခုကို လက်ခံနိုင်သည်ဟု ခရစ်ယာန်အချို့က ကောက်ချက်ချပေမည်။
ပလာစမာပရိုတင်းများ (အပိုင်းအစငယ်များ) သည် ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦး၏သွေးမှ သူ၏သန္ဓေသား၏ သီးခြားသွေးစနစ်ထဲသို့ ကူးပြောင်းသွားကြောင်းကို ၁၉၉၀၊ ဇွန် ၁ ကင်းမျှော်စင် [လိပ်] မှ “ထင်မြင်ယူဆချက်များနှင့် အသိစိတ်ရှိရှိဖြင့်ပြုသော ဆုံးဖြတ်ချက်များ ကွဲပြားလိမ့်မည်ဟူသည့်အချက်က ယင်းကိစ္စသည် အရေးမကြီးပါဟု အဓိပ္ပာယ်သက်ရောက်သလော။ မသက်ရောက်ပါ၊ အရေးကြီးပါသည်။ သို့ရာတွင် အခြေခံကျသောရိုးရှင်းသည့်အချက်တစ်ခုရှိသည်။ ယေဟောဝါသက်သေများသည် ပကတိသွေးနှင့် ၎င်း၏အဓိကသွေးအစိတ်အပိုင်းများကိုပါ သွင်းခြင်းကိုငြင်းပယ်ကြသည်ဟု အထက်ပါအကြောင်းအရာက ဖော်ပြနေပါသည်။ ‘. . . ရှေ့မှာ ပူဇော်သောယဇ်ကောင်ကိုလည်းကောင်း၊ အသွေးကိုလည်းကောင်း၊ မတရားသောမေထုန်ကိုလည်းကောင်း ကြဉ်ရှောင်’ ရန်ခရစ်ယာန်များကို ကျမ်းစာကမိန့်ကြားသည်။ (တမန်တော် ၁၅:၂၈၊ ၂၉) ယင်းထက်ကျော်လွန်၍ အဓိကအစိတ်အပိုင်းများမှ အပိုင်းအစငယ်များနှင့်ပတ်သက်လာလျှင်မူ သေချာစွာဆုတောင်း၍ ဆင်ခြင်တွေးတောပြီးနောက် ခရစ်ယာန်တစ်ဦးချင်းစီအနေဖြင့် မိမိဘာသာ အသိစိတ်ရှိရှိ ဆုံးဖြတ်ချက်ချရပေမည်။
သွေးနှင့်ဆိုင်သောပစ္စည်းများသည် ကျန်းမာရေးထိခိုက်ကြောင်းကို လူအများသိရှိလျက်ပင် ချက်ချင်းအကျိုးပြုနိုင်ဖွယ်ရှိသော မည်သည့်ကုထုံးကိုမဆို တလိုတလားလက်ခံကြပေမည်။ စိတ်ရင်းမှန်သောခရစ်ယာန်မူကား ကာယရေးရှုထောင့်ထက်မက ပို၍မျှတသောအမြင်ကျယ်ရန် ကြိုးစားသည်။ ယေဟောဝါသက်သေများသည် အရည်အသွေးရှိရှိဆေးကုသပေးရန် ကြိုးစားအားထုတ်မှုများကို လေးမြတ်တန်ဖိုးထားကြပြီး မည်သည့်ကုထုံးမဆို၏ ဆိုးကျိုး/ကောင်းကျိုး အချိုးအစားကို ကောင်းစွာဆင်ခြင်သုံးသပ်ကြသည်။ သို့တိုင် သွေးမှထုတ်လုပ်ထားသော ပစ္စည်းများနှင့်ပတ်သက်လာလျှင် သူတို့သည် ဘုရားသခင်၏မိန့်မှာချက်များနှင့်၊ အသက်ပေးပိုင်ရှင်နှင့် မိမိတို့၏နှစ်ကိုယ်ကြားဆက်ဆံရေးကို အသေအချာဂရုစိုက်ကြ၏။—ဆာလံ ၃၆:၉။
“ထာဝရအရှင်ဘုရားသခင်သည် နေလည်းဖြစ်တော်မူ၏။ အကွယ်အကာလည်းဖြစ်တော်မူ၏။ ထာဝရဘုရားသည် ကျေးဇူးတော်နှင့် ဘုန်းအသရေကိုပေးတော်မူ၏။ ဖြောင့်မတ်စွာကျင့်သောသူတို့အား ကောင်းသောအရာကိုငြင်းပယ်တော်မမူ။ . . . အရှင်ထာဝရဘုရား၊ ကိုယ်တော်ကို ခိုလှုံသောသူသည် မင်္ဂလာရှိပါ၏” ဟုရေးသားခဲ့သော ဆာလံဆရာနည်းတူ ယုံကြည်စိတ်ချမှုရှိခြင်းသည် ခရစ်ယာန်တစ်ဦးအတွက် တကယ့်ကောင်းချီးတစ်ရပ်ပါတကား!—ဆာလံ ၈၄:၁၁၊ ၁၂။
[အောက်ခြေမှတ်ချက်များ]
^ အပိုဒ်၊ 12 ၁၉၇၈၊ ဇွန် ၁၅ ရက် [လိပ်] နှင့် ၁၉၉၄၊ အောက်တိုဘာ ၁ ကင်းမျှော်စင်မှ “စာရှုသူများထံမှမေးခွန်းလွှာ” ရှု။ သွေးမှထုတ်ယူထားခြင်းမဟုတ်ဘဲ တစ်ချိန်က အသုံးပြုခဲ့သော အချို့သွေးအပိုင်းအစငယ်များအစား အသုံးပြုနိုင်သည့် ဓာတုနည်းဖြင့် ဖော်စပ်ထားသောဆေးများကို ဆေးကုမ္ပဏီများက ထုတ်လုပ်ခဲ့ပြီ။
[စာမျက်နှာ ၃၀ ပါ လေးထောင့်ကွက်]
ဆရာဝန်ကိုမေးရန် အကြံပြုထားသည့်မေးခွန်းများ
အကယ်၍ သင်သည် သွေးပစ္စည်းပါရှိသည့် ခွဲစိတ်ကုသမှု သို့မဟုတ် ဆေးကုသမှုနှင့် ကြုံရလျှင် ဤသို့မေးပါ–
ယေဟောဝါသက်သေတစ်ဦးအနေနှင့် မည်သည့်အခြေအနေ၌မျှ သွေး (ပကတိအသွေး၊ သွေးနီဥများ၊ သွေးဖြူဥများ၊ သွေးဥမွှားများ၊ သို့မဟုတ် သွေးပလာစမာ) ကိုကျွန်ုပ်အား မသွင်းပေးရန် ကျွန်ုပ်မှာကြားထားသည်ကို ပါဝင်ပတ်သက်နေသူ ဆေးဘက်ဆိုင်ရာ ဝန်ထမ်းအားလုံး သိကြပါသလော။
သွေးပလာစမာ၊ သွေးနီဥများ သို့မဟုတ် သွေးဖြူဥများ၊ သို့မဟုတ် သွေးဥမွှားများမှ ထုတ်လုပ်ထားသည့် မည်သည့်ဆေးကိုမဆို ဆေးညွှန်ပေးထားလျှင် ဤသို့မေးပါ–
ဤဆေးသည် အဓိကသွေးအစိတ်အပိုင်းလေးပိုင်းက တစ်ပိုင်းမှထုတ်ထားသလော။ ထိုသို့ဖြစ်လျှင် ၎င်းတွင်ပါရှိရာကို ရှင်းပြပေးနိုင်မည်လော။
သွေးမှထုတ်လုပ်ထားသော အဆိုပါဆေးကို မည်မျှပေးမည်နည်း၊ မည်သည့်နည်းဖြင့် ပေးမည်နည်း။
ဤအပိုင်းအစငယ်ကို လက်ခံရန် ကျွန်ုပ်၏ကိုယ်ကိုကိုယ်သိသောစိတ်က ခွင့်ပြုလျှင် ဆေး၏အကျိုးဆက်များကား အဘယ်နည်း။
ကျွန်ုပ်၏ကိုယ်ကိုကိုယ်သိသောစိတ်က ယင်းအပိုင်းအစငယ်ကို ငြင်းပယ်စေလျှင် အခြားမည်သည့်ကုသနည်းကို အသုံးပြုလိမ့်မည်နည်း။
ဤကိစ္စကို နောက်ထပ်စဉ်းစားသုံးသပ်ပြီးနောက် ကျွန်ုပ်၏ဆုံးဖြတ်ချက်ကို သင့်အား အဘယ်အချိန်တွင် သိစေနိုင်မည်နည်း။